02/09/2026
ရန်ကုန်မှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိ
၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်ကို ကိုးကားပြီး ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရဲ့ ART ဆေးဝါးတွေဖြန့်ဖြူးမှုနဲ့ ပတ်သက်လို့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဒီကိန်းဂဏန်းကို ထည့်ပြောခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - Getty Images (ပုံဟောင်း)
သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/crp3kjpvjjzqt
#ဘီဘီစီမြန်မာပိုင်း #မြန်မာ ေး