14/05/2026
စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် စစ်အာဏာရှင်ဖက်ဆစ်စနစ်ဆန့်ကျင်ရေးတိုက်ပွဲအတွင်း ( 27.4.2026 ) ရက်နေ့တွင် ဝင်းတာပန်ရှေ့တန်းစစ်ဆင်ရေးတစ်နေရာ၌ ရဲရင့်မြင့်မြတ်စွာ အသက်ပေးလှူသွားပါသော ရဲဘော်ဒဲ့ပီ(ခ)ဆရာကျောင်း ၊ ရဲဘော်ရွှေအ ၊ ရဲဘော်ပေါက်ကြီး ၊ ရဲဘော်ကျောက်ဘီလူး ၊ (29.4.2026) ရက်နေ့တွင် ဝင်းတာပန်ရှေ့တန်းစစ်ဆင်ရေးတစ်နေရာ၌ ရဲရင့်မြင့်မြတ်စွာ အသက်ပေးလှူသွားပါသော ရဲဘော်ဘစိုင်း နှင့် (4.5.2026) ရက်နေ့တွင် ဖာပွန်စစ်ဆင်ရေးနယ်မြေတစ်နရာ၌ ရဲရင့်မြင့်မြတ်စွာ အသက်ပေးလှူသွားသော ရဲဘော်စောအိုက်ဇက် တို့သည် ကျွန်တော်တို့ တော်လှန်ရေး၏ မမှေးမှိန်နိုင်သော ကြယ်ပွင့်များ ဖြစ်ပါသည်။
ရဲဘော်တို့ ပေးဆပ်ခဲ့သည့် သွေး၊ ချွေး နှင့် ရဲဘော်တို့ ယုံကြည်ခဲ့သည့် စစ်အာဏာရှင်စနစ်အပြီးတိုင်ကျဆုံးရေးအတွက် ကျွန်ုပ်တို့ ရဲဘော်ရဲဘက်များက ပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပါသည်။
- P27802(သထုံခရိုင်အမှတ်7802တပ်ရင်း)
Rest In Power Comrades