အထက၂ တောင်ငူ အာစရိယပူဇော်ပွဲကျင်းပရေး ကော်မတီ

  • Home
  • Myanmar
  • Taungoo
  • အထက၂ တောင်ငူ အာစရိယပူဇော်ပွဲကျင်းပရေး ကော်မတီ

အထက၂ တောင်ငူ အာစရိယပူဇော်ပွဲကျင်းပရေး ကော်မတီ တောင်ငူမြို့ အထက ၂ ကျောင်းသားကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီအသိအမှတ်ပြုစာမျက်နှာ

26/01/2026

၂၀၂၅ ဒီဇင်ဘာ ၂၁ (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သော ၃၄ ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီးအား ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင်အောင်မှ မှတ်တမ်းဗီဒီယိုအဖြစ် ရိုက်ကူးတည်းဖြတ်ပေးထားခြင်းပဲဖြစ်ပါတယ် ...

အမှတ်တရလှုပ်ရှားမှုများအတွက် အကူအညီပေးခဲ့သူ ကိုအောင်အောင်ကိုရော၊ မှတ်တမ်းဓာတ်ပုံများရိုက်ကူးပေးရန်စီစဉ်ပေးသူ ကိုဘန်ဟိုးကိုရော၊ ဓာတ်ပုံရိုက်ကူးပေးခဲ့သူ ကိုပွားလေးကိုပါ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားဖော်ပြလိုပါတယ်ခင်ဗျာ ...

၃၄ ကြိမ်‌မြောက် အာစရိယပူဇော်ပွဲမှာ ကင်မရာနှစ်လုံးနဲ့ ပုံပေါင်းငါးရာခြောက်ရာလောက် ရိုက်ကူးရရှိခဲ့ပါတယ် ...မှောင်လွန်း၊ လင...
26/01/2026

၃၄ ကြိမ်‌မြောက် အာစရိယပူဇော်ပွဲမှာ ကင်မရာနှစ်လုံးနဲ့ ပုံပေါင်းငါးရာခြောက်ရာလောက် ရိုက်ကူးရရှိခဲ့ပါတယ် ...

မှောင်လွန်း၊ လင်းလွန်း အစရှိတဲ့ ဆိုးရွားတဲ့ပုံများမှလွဲ၍ ရှိသမျှ ဝေမျှခဲ့တာ အခုက နောက်ဆုံး post ပါ ... ဝေမျှတဲ့အထဲမှာ ပုံတွေ ထပ်နေတာတွေလည်း ပါဝင်ပါတယ် ... (တစ်ယောက်က မျက်နှာအနေအထားမှန်ပေမယ့် နောက်တစ်ယောက်က ဟိုကြည့်ဒီကြည့်ဖြစ်နေတာမျိုး၊ အနေအထားမမှန်တဲ့တစ်ယောက်က နောက်တစ်ပုံမှာ အဆင်ပြေနေတာမျိုးတွေ တွေ့ရတာကြောင့် ပုံတွေထပ်နေပေမယ့်လည်း ရောပြီးတင်ပေးထားပါတယ်)

ရှေ့ကပုံတွေ မကြည့်ရသေးရင် အခု page (ကော်မတီစာမျက်နှာ)ထဲမှာ ဝင်ရောက်ကြည့်ရှုလို့ရပါတယ် ...

၂၁ ဒီဇင်ဘာ ၂၀၂၅ ၃၄ ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီး မကျင်းပမီ နံနက် ၆ နာရီအချိန်တွင် သံဃာငါးပါးပင့်ကာ အရုဏ်ဆွမ်းနဲ့ လှူဖွ...
26/01/2026

၂၁ ဒီဇင်ဘာ ၂၀၂၅
၃၄ ကြိမ်မြောက် အာစရိယပူဇော်ပွဲကြီး မကျင်းပမီ နံနက် ၆ နာရီအချိန်တွင် သံဃာငါးပါးပင့်ကာ အရုဏ်ဆွမ်းနဲ့ လှူဖွယ်ရာများအားဆက်ကပ်၍ တရားနာခဲ့ကြပါသည်။

ထို့နောက် ကွယ်လွန်သွားခဲ့ကြတဲ့ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ‌များ၊ ဝန်ထမ်းများ နှင့် ဝေနေယျသတ္တဝါအပေါင်းတို့အား ကုသိုလ်အမျှ ပေးဝေခဲ့ကြပါသည်။

စတုတ္ထပိုင်း (နောက်ဆုံးအပိုင်းပါ)
26/01/2026

စတုတ္ထပိုင်း (နောက်ဆုံးအပိုင်းပါ)

ပူဇော်ပွဲကြီးသို့ အပူဇော်ခံယူရန်လာကြသော အာစရိယအနွယ်ဝင် ဆရာ/ဆရာမများရဲ့ အမှတ်တရပုံရိပ်တွေရယ်၊ အာစရိယဂုဏ်ကို မမေ့မလျော့ဘဲ ...
26/01/2026

ပူဇော်ပွဲကြီးသို့ အပူဇော်ခံယူရန်လာကြသော အာစရိယအနွယ်ဝင် ဆရာ/ဆရာမများရဲ့ အမှတ်တရပုံရိပ်တွေရယ်၊ အာစရိယဂုဏ်ကို မမေ့မလျော့ဘဲ ပူဇော်ရန်တက်ရောက်ကြကုန်သော ကျောင်းသား/သူ ဧည့်သည်တော်များရဲ့ ပုံ‌ရိပ်တွေရယ်ပဲ ဖြစ်ပါတယ် ...

တတိယပိုင်း ပုံရှစ်ဆယ်ပါ

အဝေးရောက်နေကြသူများ အလွမ်းပြေနိုင်စေရန် ရသမျှဓာတ်ပုံအကုန်တင်နေတာမို့ ထပ်နေတာတွေ၊ ကျန်ခဲ့တာတွေဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ ..

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်ပါတယ် ...

🙏 ဆရာကြီး/ဆရာမကြီးများရဲ့နာမည်တွေ ပြောပေးကြပါဦး 🙏

Facebook က ပုံရှစ်ဆယ်ပဲလက်ခံသေးတာမို့ အခုက အပိုင်း ၃ အဖြစ် တင်ပေးလိုက်ပါတယ် ...

ပူဇော်ပွဲကြီးသို့ အပူဇော်ခံယူရန်လာကြသော အာစရိယအနွယ်ဝင် ဆရာ/ဆရာမများရဲ့ အမှတ်တရပုံရိပ်တွေရယ်၊ အာစရိယဂုဏ်ကို မမေ့မလျော့ဘဲ ...
26/01/2026

ပူဇော်ပွဲကြီးသို့ အပူဇော်ခံယူရန်လာကြသော အာစရိယအနွယ်ဝင် ဆရာ/ဆရာမများရဲ့ အမှတ်တရပုံရိပ်တွေရယ်၊ အာစရိယဂုဏ်ကို မမေ့မလျော့ဘဲ ပူဇော်ရန်တက်ရောက်ကြကုန်သော ကျောင်းသား/သူ ဧည့်သည်တော်များရဲ့ ပုံ‌ရိပ်တွေရယ်ပဲ ဖြစ်ပါတယ် ...

ဒုတိယပိုင်းပါ

အဝေးရောက်နေကြသူများ အလွမ်းပြေနိုင်စေရန် ရသမျှဓာတ်ပုံအကုန်တင်နေတာမို့ ထပ်နေတာတွေ၊ ကျန်ခဲ့တာတွေဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ ..

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်ပါတယ် ...

🙏 ဆရာကြီး/ဆရာမကြီးများရဲ့နာမည်တွေ ပြောပေးကြပါဦး 🙏

Facebook က ပုံရှစ်ဆယ်ပဲလက်ခံသေးတာမို့ အခုက အပိုင်း 2 အဖြစ် တင်ပေးလိုက်ပါတယ် ...

ပူဇော်ပွဲကြီးသို့ အပူဇော်ခံယူရန်လာကြသော အာစရိယအနွယ်ဝင် ဆရာ/ဆရာမများရဲ့ အမှတ်တရပုံရိပ်တွေရယ်၊ အာစရိယဂုဏ်ကို မမေ့မလျော့ဘဲ ...
21/01/2026

ပူဇော်ပွဲကြီးသို့ အပူဇော်ခံယူရန်လာကြသော အာစရိယအနွယ်ဝင် ဆရာ/ဆရာမများရဲ့ အမှတ်တရပုံရိပ်တွေရယ်၊ အာစရိယဂုဏ်ကို မမေ့မလျော့ဘဲ ပူဇော်ရန်တက်ရောက်ကြကုန်သော ကျောင်းသား/သူ ဧည့်သည်တော်များရဲ့ ပုံ‌ရိပ်တွေရယ်ပဲ ဖြစ်ပါတယ် ...

အဝေးရောက်နေကြသူများ အလွမ်းပြေနိုင်စေရန် ရသမျှဓာတ်ပုံအကုန်တင်နေတာမို့ ထပ်နေတာတွေ၊ ကျန်ခဲ့တာတွေဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ ..

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်ပါတယ် ...

🙏 ဆရာကြီး/ဆရာမကြီးများရဲ့နာမည်တွေ ပြောပေးကြပါဦး 🙏

Facebook က ပုံရှစ်ဆယ်ပဲလက်ခံသေးတာမို့ အခုက အပိုင်း ၁ အဖြစ် တင်ပေးလိုက်ပါတယ် ...

ပူဇော်ပွဲခန်းမအတွင်းကပုံတွေပါ၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်...
20/01/2026

ပူဇော်ပွဲခန်းမအတွင်းကပုံတွေပါ

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်ပါတယ် ...

တပည့်များရဲ့ ပူဇော်ပွဲသို့ တကူးတကကြွရောက်လာခဲ့ကြတဲ့ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား မှတ်တမ်းဓာတ်ပုံ ရသလောက်ထပ်တင်ပေးထားပါတယ် ...
🙏 ဆရာကြီး/ဆရာမကြီးများရဲ့နာမည်တွေ ပြောပေးကြပါဦး 🙏

နောက်ပို့စ်မှာကတော့ ကျောင်းသား‌တွေရဲ့ပုံတွေ ထပ်တင်ပေးပါမယ်

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်ပါတယ် ...တပည့်များရဲ့ ပူဇော်ပ...
19/01/2026

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးက ပုံတွေပဲဖြစ်ပါတယ် ...

တပည့်များရဲ့ ပူဇော်ပွဲသို့ တကူးတကကြွရောက်လာခဲ့ကြတဲ့ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများအား မှတ်တမ်းဓာတ်ပုံ ရသလောက်ထပ်တင်ပေးထားပါတယ် ...
🙏 ဆရာကြီး/ဆရာမကြီးများရဲ့နာမည်တွေ ပြောပေးကြပါဦး 🙏

နောက်ပို့စ်မှာကတော့ ပူဇော်ခန်းမအတွင်းကပုံများ တင်ပေးပါမယ်

"ဟာ ... ကျောင်းနောက်ကျနေပြီ !မီအောင် ပြေးမှပဲ ... "ဟုတ်ပါသည်။ငယ်ငယ်ကတည်းက ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ် ...ကြီးလာတော့လည်း အိပ်...
07/01/2026

"ဟာ ... ကျောင်းနောက်ကျနေပြီ !

မီအောင် ပြေးမှပဲ ... "

ဟုတ်ပါသည်။

ငယ်ငယ်ကတည်းက ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ် ...

ကြီးလာတော့လည်း အိပ်မက်တွေထဲ တခါတရံ နေရာယူ၍ ရောက်လာခဲ့ဖူးတဲ့ အဖြစ်အပျက် ...

ကျွန်တော်တို့ရဲ့ ငယ်ဘဝ - မူလတန်း အလယ်တန်း အထက်တန်းကျောင်းသားဘဝတို့၌ စိတ်ထဲစွဲနေသည့် ဖြစ်ရပ်များစွာ ရှိခဲ့ဖူးပါသည်။

ကျွန်တော်တို့ရဲ့ သူငယ်ချင်းများ၊ ဆရာများသည်လည်း စိတ်ကူးယဉ်မဟုတ်လှစွာသော ကျွန်တော်တို့ငယ်ဘဝတွင် အမှန်တကယ်တည်ရှိခဲ့ပါသည်။

ဆရာသမားများရဲ့ အာစရိယဂုဏ်ကို ပူဇော်ရင်း ထိုသူများနှင့် တစ်နှစ်မှာတစ်ကြိမ်၊ တစ်ကြိမ်မှာတခဏဆိုသလို ဆုံတွေ့ခွင့်ရရှိစေရန်၊ မိတ်ဆွေဟောင်းများပြန်တွေ့ပြီး မိတ်ဆွေသစ်များတိုးပွားစေရန် အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ နှစ်တိုင်းလိုလို ကြံဆောင်၍ ဆောင်ရွက်ခဲ့ကြပါသည်။

ပွဲတစ်ပွဲဖြစ်မြောက်ဖို့ရာ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ မဖြစ်မြောက်နိုင်ပါဘူး ... တစ်ယောက်ထဲက ဆူပါမန်းလိုတော်နေရင်တောင် ကိစ္စရပ်တွေ မပြီးမြောက်နိုင်ပါဘူး ...

၂၁ ဒီဇင်ဘာ ၂၀၂၅ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သော ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီးအထမြောက်စေရေးအတွက် ကော်မတီဟာ ၂၀၂၅ ဩဂုတ်လမှစတင်ကာ အစည်းအဝေးများကျင်းပပြီး မန်ဘာဝင်များရဲ့ သဘောတူညီချက်ကိုရယူ၍ ဆုံးဖြတ်ချက်ပေါင်းများစွာချမှတ်ရယူရပါသည်။

ထို့နောက် ဆပ်ကော်မတီများခွဲကာ သက်ဆိုင်ရာကော်မတီများမှ မန်ဘာဝင်များက လှုပ်ရှားဆောင်ရွက်ရပါသည်။ ၁၁ လပိုင်းမတိုင်မီအထိ အလှူငွေကောက်ခံသူများမှအပ ဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဌာရေးမှူးများ၊ ပြန်ကြားရေးဆပ်ကော်မတီနှင့် အချို့မန်ဘာဝင်များ၏ လုပ်ဆောင်ချက်သာရှိကြပါသည်။ ၁၂လပိုင်းအစမှစတင်၍ ကျန်ရစ်သောဆပ်ကော်မတီဝင်များ၏ ကဏ္ဍများ ပါဝင်လာကြပါပြီ။

ဒီတော့ ၃၄ ကြိမ်မြောက်အာစရိယပူဇော်ပွဲကြီး အောင်အောင်မြင်မြင် ဖြစ်မြောက်စေရန်အတွက် အလှူရှင်တွေအပြင် နောက်ကွယ်တမျိုး၊ ရှေ့တွင်တဖုံ ကာယ ဉာဏအားဖြင့် ကူညီဆောင်ရွက်ပေးကြသော ညီအစ်ကို မောင်နှမများကို ဖော်ပြအပ်ပါတယ် ...

မှတ်ချက် ။
မှတ်တမ်းတင်ဓာတ်ပုံများထဲမှာ ကျန်ခဲ့သူများရှိနေပါသေးတယ်၊ တင်ပေးဖို့ရာ ဆရာများ၏ဓာတ်ပုံ၊ ဧည့်သည်တော်များ၏ဓာတ်ပုံများလည်း အများကြီးရှိပါသေးတယ်၊ ကြားထဲမှာ အလုပ်များနေတာကြောင့် ပုံတွေဆက်တင်ပေးဖို့ ကျန့်ကြာသွားတာ ခွင့်လွှတ်ပေးပါ၊ လုံးဝမပါခဲ့သည်များရှိသော် ကျွန်တော်တို့ မှတ်တမ်းတင်အဖွဲ့အား ဆက်လက်ခွင့်လွှတ်ပေးကြပါဦးခင်ဗျာ ...

၃၅ ကြိမ်မြောက် ကျောက်စိမ်းရတု မှစ၍ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား ပန်ကြားလွှာ___အ.ထ.က၂ အမျိုးသားကျောင်းတွင် ပညာသင်ကြာ...
07/01/2026

၃၅ ကြိမ်မြောက် ကျောက်စိမ်းရတု မှစ၍ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား ပန်ကြားလွှာ
___
အ.ထ.က၂ အမျိုးသားကျောင်းတွင် ပညာသင်ကြားပေးကြကုန်သော အာစရိယဂုဏ်ဆောင် သက်ပြည့်အငြိမ်းစားပြီး အထက ၂ ကျောင်း၌ လုပ်သက် ၅ နှစ်ကျော် ဆရာ/မကြီးတို့ခင်ဗျား။
အာစရိယဂုဏ်ကို ပူဇော်ခံယူနိုင်ရန်အတွက် ယခုနှစ်မှစ၍ အငြိမ်းစားယူပြီးကြကုန်သောဆရာ/မကြီးတို့အနေဖြင့် ထပ်တိုးထည့်ပေးနိုင်ပါရန်အတွက် ပူးပေါင်းကူညီဖြည့်စွက်ပြီး ကော်မတီသို့ဆက်သွယ်ပေးနိုင်ရေးနှိုးဆော်ပါသည်။
ဆက်သွယ်အပူဇော်ခံတို့အနေဖြင့် ပူဇော်ပွဲသို့ အမှန်တကယ် မကျန်းမာ၍မတက်နိုင်သူမှအပ နေကောင်းကျန်းမာသူများမပျက်မကွက်တက်ရောက်ပေးကြပါရန်နှိုးဆော်အပ်ပါသည်။

မှတ်ချက်
ကိုယ်ရေးမှတ်တမ်းပေးပို့ရန် -
၁။ ဦးမောင်မောင်လွင် (ဥက္ကဌ) - 09885350602
၂။ ဦးသန့်ဇော် (အတွင်းရေးမှူး) - 09254358484
၃။ ဦးခင်မောင်ဆွေ (ဘဏ္ဍာရေးမှူး) - 095350240

သူ ပြန်ချစ်မှာလား - တစ်ပွင့်သူ ပြန်မချစ်ဘူးလား - ရော့ နောက်တစ်ပွင့်သူ ပြန်ချစ်မှာလား - အင့် နောက်တစ်ပွင့်.....(ချစ်ခင်စရ...
30/12/2025

သူ ပြန်ချစ်မှာလား - တစ်ပွင့်
သူ ပြန်မချစ်ဘူးလား - ရော့ နောက်တစ်ပွင့်
သူ ပြန်ချစ်မှာလား - အင့် နောက်တစ်ပွင့်.....
(ချစ်ခင်စရာကောင်းတဲ့ ကော်မတီ ဥက္ကဌကြီးကို စ,တာပါ)
😁😁😁

Address

Bohmue Phoe Kun Street
Taungoo
08101

Alerts

Be the first to know and let us send you an email when အထက၂ တောင်ငူ အာစရိယပူဇော်ပွဲကျင်းပရေး ကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share