10/03/2025
[Burmese Text Below]
What is Digital Cleanup Day?🧐
In our fast-paced digital world, trash is everywhere - junk mail, forgotten files, and duplicate photos create a significant amount of digital waste. “Digital trash” leads to digital pollution, large energy consumption and creates a large digital carbon footprint in terms of CO2 emissions. In fact, the internet generates 900 million tons of CO2 each year, more than the annual output of Germany!😱
But don’t worry - Digital Cleanup Day is here to help! Celebrated on the second Saturday of March, the next campaign is on March 15, 2025. Launched in 2020 by Let’s Do It World, this global initiative aims to combat the energy consumption and CO2 emissions caused by wasteful digital practices.🤗
In 2023, over 380,000 participants from 105 countries deleted an incredible 12.7 million GB of digital clutter, preventing at least 1,742 tons of CO2 from entering the atmosphere. The results for 2024 are still being counted, but every action counts!🤩
Join us for Digital Cleanup Day organized by Parami University and help make a significant impact on our digital environment for a cleaner, greener future!💪🤩
—-—-—-
Digital Cleanup Dayဆိုတာ ဘာလဲ🧐
မြန်ဆန်တိကျတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ မလိုအပ်တဲ့ Emailတွေ၊ မသုံးဖြစ်တော့တဲ့ Fileတွေနဲ့ ပုံထပ်နေတဲ့ ဓာတ်ပုံတွေ စတဲ့ Deviceတိုင်းမှာရှိနေတဲ့ အမှိုက်တွေဟာ များပြားလှတဲ့ ဒစ်ဂျစ်တယ်စွန့်ပစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။ ဒီ ဒစ်ဂျစ်တယ်စွန့်ပစ်ပစ္စည်းတွေဟာဆိုရင် ဒစ်ဂျစ်တယ်ညစ်ညမ်းမှု၊ စွမ်းအင်ကုန်ဆုံးမှု နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ဖြစ်စေပါတယ်။ တကယ်တမ်းတော့ အင်တာနက်မှ နှစ်စဉ် ကာဗွန်တန်ချိန် သန်း၉၀၀ ထုတ်လွှတ်နေပြီး ဒီပမာဏဟာဆိုရင် ဂျာမနီနိုင်ငံရဲ့ နှစ်စဉ်ထုတ်လွှတ်မှုထက် များစွာပိုနေပါတယ်။😱
ဒါပေမယ့် အဲ့လိုပြောလိုက်လို့ စိတ်ပူမသွားပါနဲ့နော်။ တူတူဖြေရှင်းလို့ရမယ့် Digital Cleanup Dayလာပါပြီနော်။ မတ်လတတိယပတ် စနေနေ့မှာ ကျင်းပမယ့် Digital Cleanup Day ကမ်ပိန်းလေးရှိပါတယ်ရှင့်။ Let’s Do It World အဖွဲ့အစည်းက ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီကမ်ပိန်းဟာဆိုရင် အမှိုက်သရိုက်အပြည့်နဲ့ ဒစ်ဂျစ်တယ်အလေ့အထတွေက ဖန်တီးတဲ့ စွမ်းအင်ကုန်ဆုံးမှုနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တားဆီးဖို့ ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုပဲဖြစ်ပါတယ်။🤗
၂၀၂၃ခုနှစ်တွင် နိုင်ငံ ၁၀၅ နိုင်ငံမှာ ပါဝင်သူ ၃ သိန်း ၈ သောင်းကျော်ဟာ ဒီဂျစ်တယ်စွန့်ပစ်ပစ္စည်း ၁၂ ဒသမ ၇ သန်းကို ဖျက်ပစ်နိုင်ခဲ့ပါတယ်။ ဒီပမာဏဟာဆိုရင် လေထုထဲရှိ ကာဗွန် အနည်းဆုံး ၁၇၄၂ တန်ကို ကာကွယ်ပြီးသားဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ပမာဏကိုတော့ တက်ကြွလှုပ်ရှားမှုတစ်ခုစီအလိုက် ရေတွက်နေဆဲဖြစ်ပါတယ်။🤩
သင်ကိုယ်တိုင်လည်း ပါရမီတက္ကသိုလ်မှ ဦးဆောင်ကျင်းပတဲ့ Digital Cleanup Dayကိုပါဝင်ပြီး ပိုမို သန့်ရှင်းစိမ်းလန်းတဲ့ အနာဂတ်အတွက် ကျွန်ုပ်တို့ ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့အကျိုးရလဒ်တွေ တူတူဖန်တီးကြပါစို့💪🤩