Southern Shan State Red Cross Supervisory Committee Office

Southern Shan State Red Cross Supervisory Committee Office Humanitarian Organization

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားပြုလုပ်၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်=====================...
15/09/2025

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားပြုလုပ်၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်
===========================================

၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးညီညီက ၂၀၂၅ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။
ထို့နောက် ဘက်စုံစွမ်းဆောင်ရည်ဆု(မိုင်းရှူးမြို့နယ်)၊ အရေးပေါ်လူနာတင်ယာဉ်လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစွမ်းဆောင်ရည်ဆု(ဆီဆိုင်မြို့နယ်)၊ သွေးလှူရှင်စုဆောင်းခြင်းနှင့် သွေးလှူဒါန်းခြင်းလုပ်ငန်းစွမ်းဆောင်ရည်ဆု(လင်းခေးမြို့နယ်)၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုစွမ်းဆောင်ရည်ဆုများ(ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်၊ ပင်လောင်းမြို့နယ်)၊ ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီဂုဏ်ပြုဆုများ၊ ရှေးဦးပြုစုခြင်းပညာပြန့်ပွားရေးစွမ်းဆောင်ရည်ဆု၊ လူမှုကရုဏာလုပ်ငန်းများအတွက် လှူဒါန်းသည့် အလှူရှင်များအားဂုဏ်ပြုခြင်း၊ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးလုပ်ငန်းတွင်ပါဝင်ကူညီခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအားဂုဏ်ပြုခြင်း၊ ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းဗီဒီယို တင်ဆက်ပြသခြင်း၊ ပြခန်းခင်းကျင်းပြသသည့် စီမံကိန်း/ စီမံချက်(၃)ခုအား ဂုဏ်ပြုခြင်း၊ ၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း၊ စီမံချက်တို့၏ လုပ်ငန်းဆောင်ရွက်ချက်များ မှတ်တမ်းဗီဒီယို တင်ဆက်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက်လာသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပြီး ခင်းကျင်းပြသထားသော အထိမ်းအမှတ်ပြခန်းငယ်များနှင့် ခင်းကျင်းပြသထားသည့် ပစ္စည်းများအား လှည့်လှည် ကြည့်ရှုအားပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌနှင့် ကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ခံများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ခရိုင်/ တက္ကသိုလ်/ ကောလိပ်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ စီမံကိန်း/ စီမံချက်တို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။


#ဥတုဖောက်ပြန်သဘာဝဘေးရန်ရှေးဦးပြုစုခြင်းဖြင့်တို့တုံ့ပြန်

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်ပို့ချခြင်း။-------------------------------------------------(၁၈.၆.၂၀၂၅)ရက်နေ့မှ...
15/07/2025

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်ပို့ချခြင်း။
-------------------------------------------------
(၁၈.၆.၂၀၂၅)ရက်နေ့မှ (၂၀.၆.၂၀၂၅)ရက်နေ့အထိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို တောင်ကြီးမြို့၊ Community Center ၌ ကျင်းပပြုလုပ်ခဲ့ရာ တောင်ကြီး၊ ရွှေညောင်၊ အေးသာယာတို့ရှိ လူမှုရေးအသင်းအဖွဲ့ (၁၁)သင်းမှ သင်တန်းသား/ သူ (၂၉)ဦးတက်ရောက်ခဲ့ကြပါသည်။
သင်တန်းဆင်းပွဲ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ သင်တန်းတက်ရောက်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့(၁၁)သင်းအား တစ်သင်းလျှင် Oxygen Cylinder (၁)လုံး၊ Infrared Thermometer (၁)လုံး၊ BP Cuff (၁)လုံး၊ Oximeter (၁)လုံး၊ Hand Speaker (၁)လုံး၊ Face Shield (၁၀၀)၊ PPE (၅၀၀)၊ Hand Gel (၁၀)ဗူးစီတို့ကိုလည်းကောင်း သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား(၂၉)ဦးအား Small First Aid Kit (၁)လုံးစီဖြင့် (၂၉)လုံးကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



Address

Southern Shan State Red Cross Supervisory Committee Office, Kyaunggyisu Quarter, West Circular Road
Taunggyi
06021

Website

Alerts

Be the first to know and let us send you an email when Southern Shan State Red Cross Supervisory Committee Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share