Cherry Myay College Alumni Network

Cherry Myay College Alumni Network To improve our networking among Cherry Myay Alumni

✅MCC PRESIDENTS’ TALK ✅ချစ်ရတဲ့ MCC ကျောင်းတော်ကြီးများ ရဲ့ လက်ရှိအခြေအနေ၊ တိုးတက်ပြောင်းလဲမှုများနှင့် ကျောင်းတော်ကြီး ...
11/08/2026

✅MCC PRESIDENTS’ TALK

✅ချစ်ရတဲ့ MCC ကျောင်းတော်ကြီးများ ရဲ့ လက်ရှိအခြေအနေ၊ တိုးတက်ပြောင်းလဲမှုများနှင့် ကျောင်းတော်ကြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားဟောင်းများ ပါဝင်သွားနိုင်မယ့်
အခွင့်အလမ်းများနှင့် လမ်းကြောင်း (Pathways) များကို MCC Colleges ၄ ခု၏ ကျောင်းအုပ်ကြီးများ နှင့် ရင်းနှီးပွင့်လင်းစွာ ပြန်လည်တွေ့ဆုံ စကားစမြည်ပြောဆိုနိုင်မည့် အထူးအစီအစဉ်သို့ လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါတယ်နော်...

📅 အစီအစဉ်အသေးစိတ်
ကျင်းပမည့်ရက် ၁၄.၈.၂၀၂၆ (သောကြာနေ့)
အချိန် ည ၇:၀၀ နာရီ (MMT)
Host Alumni Office
နေရာ Online (Zoom / Virtual Meeting)
ပါဝင်တက်ရောက်ရန် စာရင်းသွင်းရန် https://forms.gle/yr9c4utFtXE1VbNw6

"ချစ်ရသော ကျောင်းအုပ်ကြီးများနှင့် ပြန်လည်ဆုံစည်းရင်း ကျောင်းတော်ကြီးရဲ့ မနက်ဖြန်ကိုအတူပုံဖော်ကြစို့" 🤝
သောကြာနေ့ညမှာ ဆုံကြမယ်နော်…

📢Upcoming Information session of Undergraduate Diploma Program"Undergraduate Diploma Program" အကြောင်း စိတ်ဝင်စားသူများအ...
14/07/2026

📢Upcoming Information session of Undergraduate Diploma Program

"Undergraduate Diploma Program" အကြောင်း စိတ်ဝင်စားသူများအတွက် ပရိုဂရမ်နဲ့ ပတ်သက်တဲ့ အချက်အလက်များကို အသေးစိတ် ရှင်းပြပေးမည့် အပြင် Program Coordinator နှင့် တိုက်ရိုက်ဆွေးနွေးပြီး သင့်အနေဖြင့် သိလိုသမျှကိုလည်း Q&A ကဏ္ဍ မှတစ်ဆင့် မေးမြန်းနိုင်မည်ဖြစ်ပါသည်။

Date: July 20, 2026 (Monday)
Time: 7:00 PM MMT
Platform: Zoom

သင့်ရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ ဒီ Session လေးကို လက်လွတ်မခံဘဲ Join ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Zoom Join Link:
https://us06web.zoom.us/j/86094159911?pwd=xwAIvBzEOABTdahPr4gwgWlbOqIa5m.1

🎓MCC Alumni များအတွက် အထူးအခွင့်အရေး🎓အလုပ်မပျက်ဘဲ မိမိရဲ့ ပညာရေးကို တိုးမြှင့်ချင်ပါသလား? သင်ဟာ MCC ကျောင်းသားဟောင်းတစ်ယ...
13/07/2026

🎓MCC Alumni များအတွက် အထူးအခွင့်အရေး🎓

အလုပ်မပျက်ဘဲ မိမိရဲ့ ပညာရေးကို တိုးမြှင့်ချင်ပါသလား? သင်ဟာ MCC ကျောင်းသားဟောင်းတစ်ယောက်ဆိုရင်တော့ ဒီအခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့။

"Undergraduate Diploma in Community Development" online program အတွက် အခုပဲ စတင်လျှောက်ထားနိုင်ပါပြီ။

✅ ဘာတွေရရှိမလဲ?
Associate Degree အတွက် Credits တွေ ရရှိမှာဖြစ်ပြီး Bachelor Degree ဆက်တက်ဖို့အတွက်လည်း အထောက်အကူပြုပါသည်။

✅ဘာတွေသင်ရမလဲ?
Community Development (CD) နယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်လာစေရန် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ် (Foundation Courses) ၅ ခု (စုစုပေါင်း ၁၅ Credit) ကိုသင်ယူရမည်ဖြစ်ပါသည်။
​သင်ယူရမည့် ဘာသာရပ်များ:
1.​Introduction to Sociology
2.​Community Development Theory
3.​Deep Ecology
4.​Social Entrepreneurship
5.​Research Methodology

⌛Timeline:
လျှောက်ထားနိုင်သည့်ကာလ - July 13 မှ July 30 အတွင်းဖြစ်ပြီး
သင်တန်းကာလ - August 2026 မှ December 2026 ထိ ဖြစ်ပါသည်။

​✅ဘာတွေလိုအပ်မလဲ?
​သင်တန်းတက်ရောက်ရန်အတွက် Intermediate English Level ရှိရန် လိုအပ်ပါတယ်။
လျှောက်ထားသူများသည် English Level Test ကို ဖြေဆိုရမည်ဖြစ်ပြီး၊ သတ်မှတ်အဆင့် မအောင်မြင်ပါက English Course ကို ထပ်မံတက်ရောက်ရန် လိုအပ်မည်ဖြစ်ပါသည်။
​မှတ်ချက်: စာရင်းပေးသွင်းရန်အတွက် English Level Test ဖြေဆိုပြီးနောက် ရလဒ်ကို Screenshot ရိုက်ထားဖို့ မမေ့ပါနဲ့နော်။

✅သင်တန်းကြေး ဘယ်လောက်လဲ?
သင်တန်းကြေးမှာ တစ်ဘာသာလျှင် ၂ သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ဘာသာရပ် ၅ ခုအတွက် ၁၀ သိန်းကျပ် ဖြစ်ပါသည်။
သင်တန်းကြေးကို ၂ ​​​ကြိမ် အရစ်ကျ ပေးချေနိုင်ပြီး ပေးချေမှုဆိုင်ရာ လမ်းညွှန်ချက်များကို လျှောက်လွှာတင်ပြီးပါက ဆက်လက်အကြောင်းကြားပေးပါမည်။

📌​Application & Test Links:
​English level test:
British Council Mock Test (Link - https://englishonline.britishcouncil.org/free-english.../ )

​Online Application form:
https://forms.gle/JjzBSiZE5wPXh377A

⚠️သင်တန်းသား (၃၀) ဦးသာ လက်ခံမှာဖြစ်သည့်အတွက် အမြန်ဆုံး စာရင်းပေးသွင်းရန် တိုက်တွန်းအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09-896130903 ဆက်သွယ်နိုင်သလို Viber account မှတစ်ဆင့်လည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သင့်ရဲ့ အနာဂတ် ရည်မှန်းချက်တွေနဲ့ ကိုက်ညီမယ့် Higher Education လမ်းကြောင်းတွေကို ရှာဖွေနေပါသလား?မြန်မာနိုင်ငံရဲ့ ထိပ်တန်...
06/07/2026

သင့်ရဲ့ အနာဂတ် ရည်မှန်းချက်တွေနဲ့ ကိုက်ညီမယ့် Higher Education လမ်းကြောင်းတွေကို ရှာဖွေနေပါသလား?
မြန်မာနိုင်ငံရဲ့ ထိပ်တန်းကျောင်းတစ်ခုဖြစ်တဲ့ Myanmar Institute of Theology (MIT) ရဲ့ ပညာရေးစနစ်အောက်မှာ စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့လူ့အဖွဲ့အစည်းအတွက် တကယ်အကျိုးပြုမယ့် Bachelor's & Master's Degrees များနှင့် Entrance Exam အစီအစဉ်များအကြောင်း အသေးစိတ် လေ့လာခွင့်ရမယ့်INFO SESSION ကို ဖိတ်ခေါ်လိုက်ပါတယ်နော် 🌟
ပရိုဂရမ်တွေကတော့
📚 Master’s Programs Offered (မဟာဘွဲ့ သင်တန်းများ):
• MAID: Master of Arts in Interfaith Dialogue
• MACD: Master of Arts in Community Development
• MAGS: Master of Arts in Gender Studies
• MAPS: Master of Arts in Peace Studies
• MBA & MM: Master of Business Administration / Master of Management
• MSS: Master of Social Science
🎓 Bachelor’s Degrees Offered (BA & BSc ဘွဲ့ကြို မေဂျာများ):
1. Business Management (စီးပွားရေးစီမံခန့်ခွဲမှု)
2. Computer Sciences (ကွန်ပျူတာသိပ္ပံ)
3. English (အင်္ဂလိပ်စာ)
4. Music (ဂီတပညာ)
5. Religion (ဘာသာရေးလေ့လာမှု)
6. Social Sciences (လူမှုသိပ္ပံ)

What MIT Will Cover in this session
• Exam Day Logistics: Arrival times, identification requirements, and permitted items.
• Center Guidelines: Security protocols, dress code, and exam room regulations.
• Q&A Session: Get live answers to your specific questions from our center coordinators.
မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် Major တွေကို ရွေးချယ်ပြီး အနာဂတ် ပညာရေးအိပ်မက်တွေကို MIT နဲ့အတူ အကောင်အထည်ဖော်ဖို့ အခုပဲ Register လုပ်လိုက်ရအောင်။ 🔗

📢 Upcoming Entrance Exam Information Session

Myanmar Institute of Theology, Liberal Arts Program is organizing an Information Session for MIT Entrance Examination.

During this session, we will cover critical logistics, rules, and strategies to help you navigate exam day with confidence.

Event Details:

Date: 7th July 2026

Time: 1:00 PM to 3 PM

What We Will Cover:

Exam Day Logistics: Arrival times, identification requirements, and permitted items.

Center Guidelines: Security protocols, dress code, and exam room regulations.

Q&A Session: Get live answers to your specific questions from our center coordinators.

MCC ချယ်ရီမြေကောလိပ်မိသားစုဝင်များအားလုံး မင်္ဂလာပါ...နိုင်ငံရပ်ခြားတွေမှာ အဆင့်မြှင့်ပညာရေးကို ဆက်လက်ဆည်းပူးဖို့ စိတ်အာ...
09/06/2026

MCC ချယ်ရီမြေကောလိပ်မိသားစုဝင်များအားလုံး မင်္ဂလာပါ...

နိုင်ငံရပ်ခြားတွေမှာ အဆင့်မြှင့်ပညာရေးကို ဆက်လက်ဆည်းပူးဖို့ စိတ်အားထက်သက်ပြီး ပြင်ဆင်နေတဲ့ကျွန်တော်တို့ MCC ပညာ့တံခါးမိသားစုဝင်များအတွက် အကျိုးရှိစေမယ့် Annual Event တစ်ခုပြန်လည်ယူဆောင်လာပါပြီ..

ကျောင်းသူကျောင်းသားဟောင်းများ၊ လက်ရှိတက်ရောက်နေသော ကျောင်းသားများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော မိသားစုဝင်များအတွက် ပညာသင်ဆုဆိုင်ရာ အခွင့်အရေးများရရှိစေရန် Myanmar Study Abroad Team နှင့်အတူ MCC Colleges ၄ခုတို့အတူ ပူးပေါင်းစီစဉ်ဆောင်ရွက်သော တစ်နှစ်တစ်ကြိမ်ပြုလုပ်သည့် “ပညာသင်ဆုအခွင့်အလမ်းများအကြောင်းမျှဝေခြင်း အစီအစဉ်ကိုအောက်ပါအတိုင်း ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်းကို သတင်းကောင်းပါးအပ်လိုက်ပါတယ်။

“ဆွေးနွေးပွဲ ရည်ရွယ်ချက်”

မြန်မာပြည်ဒေသအသီးသီးရှိ ကျောင်းသူ၊ကျောင်းသားလူငယ်များအား တက္ကသိုလ်ပညာသင်ဆုများနှင့် ပတ်သက်သော သတင်း အချက်အလက်များကို မျှဝေပေးပြီး ယင်းမှတဆင့် ပညာသင်ဆုနှင့်သော်လည်းကောင်း၊ မိမိအစီအစဉ်နှင့်သော်လည်းကောင်း နိုင်ငံခြားကျောင်းတက်ရန် ရည်ရွယ်ထားသူများအား ကူညီပံ့ပိုးရန်ဖြစ်သည်။

Scholarship Information Sharing Session (ပညာသင်ဆုအခွင့်အလမ်းများအကြောင်းမျှဝေခြင်း)

နေ့ရက် - ၁၂.၆.၂၀၂၆ စနေနေ့

အချိန် - (7:00-8:30pm)

နေရာ - Zoom Video Conferencing Platform

ပညာသင်ဆုအခွင့်အလမ်းများအကြောင်းမျှဝေခြင်းအစီအစဉ်တက်ရောက်ရန် အမည်စာရင်းပေးသွင်းရမည့် လင့်ခ် Link

https://forms.gle/dQ3pVay6dXXMaBr4A



Registration ပြုလုပ်ပြီးပါက Register ပြုလုပ်ထားသည့် Email လိပ်စာသို့ Zoom Link နှင့် Password ကို ယခု Sharing Session မစတင်မှီပေးပို့ပေးသွားမှာဖြစ်ပါတယ်။

"အတွေးတွေရဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေသလို ခံစားဖူးပါသလား။" 🕸️💭"ငါတော့ မလုပ်နိုင်တော့ပါဘူး"၊ "အရာရာက အဆင်မပြေတော့ဘူး" ဆို...
03/06/2026

"အတွေးတွေရဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေသလို ခံစားဖူးပါသလား။" 🕸️💭
"ငါတော့ မလုပ်နိုင်တော့ပါဘူး"၊ "အရာရာက အဆင်မပြေတော့ဘူး" ဆိုတဲ့ စိတ်ပျက်စရာ၊ စိုးရိမ်စရာ အတွေးတွေ၊ ခံစားချက်တွေ ဝင်လာတဲ့အခါ... ငါးမျှားချိတ်မှာ ငါးမိသလိုမျိုး အဲဒီအတွေးတွေနောက်ကို စိတ်က ပါသွားပြီး လက်ရှိလုပ်စရာရှိတာတွေ မလုပ်နိုင်ဘဲ စိတ်မောဖူးကြမှာပါ။
ဒါကို စိတ်ပညာအရ "Hooked" (ချိတ်မိသွားခြင်း) လို့ ခေါ်ပါတယ်။
ဒီလို ခက်ခဲပင်ပန်းရတဲ့ အတွေးတွေ၊ ခံစားချက်တွေရဲ့ လွှမ်းမိုးမှုအောက်ကနေ သတိကပ်လျက် ရုန်းထွက်နိုင်ဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တည်ဆောက်နိုင်ဖို့အတွက် "Unhooking from Difficult Thoughts and Feelings" Psychoeducational Webinar Series - June လ လေးကို ဖိတ်ခေါ်ပါရစေ။ 🌿

ဒီ (၂) နာရီတာ Workshop မှာ ကျွန်တော်တို့ တူတူဘာတွေလုပ်ကြမလဲ❓
✨ Keywords Explanation: ခက်ခဲတဲ့ အတွေး၊ ခံစားချက်တွေမှ ရုန်းထွက်ခြင်းရဲ့ စိတ်ပညာသဘောတရားကို နားလည်ခြင်း။
✨ Self-Reflection Space: လမ်းညွှန်ချက်အတိုင်း မိမိရဲ့ လက်ရှိစိတ်ခံစားချက်တွေကို အေးအေးလူလူ ပြန်လည်ဆန်းစစ်ခြင်း။
✨ 4-Step Unhooking Skills: လက်တွေ့ဘဝမှာ ချက်ချင်းအသုံးချလို့ရမယ့် အဆင့် (၄) ဆင့်ကို သင်ယူခြင်း။
✨ Guided Practice & Sharing: လမ်းညွှန်မှုနဲ့အတူ ကိုယ်တိုင်လက်တွေ့လေ့ကျင့်ပြီး စိတ်ပေါ့ပါးသွားစေမယ့် Safe Space တစ်ခုမှာ အပြန်အလှန် ဝေမျှခြင်း။

📅 နေ့ရက် - ၆ ရက်၊ ဇွန်လ၊ ၂၀၂၆ (စနေနေ့)
⏰ အချိန် - ညနေ ၇:၀၀ နာရီ (မြန်မာစံတော်ချိန်) / ည ၇:၃၀ နာရီ (ဘန်ကောက်စံတော်ချိန်)
⏳ ကြာမြင့်ချိန် - ၂ နာရီ
✏️ ပါဝင်ရန် - ကိုယ်တိုင်ရေးသားဆန်းစစ်ရမယ့် Activity လေးတွေ ရှိတာမို့ စာအုပ်နဲ့ ဘောပင်လေး အဆင်သင့် ပြင်ထားပေးနော်။

မိမိဘဝကို မိမိစိတ်ကြိုက် ပြန်လည်မောင်းနှင်နိုင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။ 📥
https://forms.gle/6SdMgbn7nfLqQoGB6

ဒီ Session လေးဟာ Alumni အချင်းချင်း ပြန်လည်ဆုံစည်းရင်း စိတ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ စုပေါင်းဆွေးနွေးကြမယ့် အခွင့်အရေးလေးလဲဖြစ်လို့ MCC မိသားစုဝင်များအားလုံးကို တက်ရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်။

MAY | series
https://www.facebook.com/share/p/1945S3K34p/


Europe ရဲ့ နှလုံးသား ဂျာမနီမြေပေါ်မှာဖြစ်စေ၊ မိမိတို့ ဒေသတွင်း Global South နိုင်ငံတွေမှာ ဖြစ်စေ Master သို့မဟုတ် PhD တက...
27/05/2026

Europe ရဲ့ နှလုံးသား ဂျာမနီမြေပေါ်မှာဖြစ်စေ၊ မိမိတို့ ဒေသတွင်း Global South နိုင်ငံတွေမှာ ဖြစ်စေ Master သို့မဟုတ် PhD တက်ရောက်ဖို့ မျှော်လင့်ပြင်ဆင်နေသူတွေအတွက်..." 🎓
ဂျာမနီအခြေစိုက် Bread for the World (Brot für die Welt) ပညာသင်ဆု အစီအစဉ်
လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်နေပြီး မိမိရဲ့ အရည်အချင်းကို ဥရောပရဲ့ ထိပ်တန်းပညာရေးစနစ်နဲ့ဖြစ်စေ၊ ဒေသတွင်း နိုင်ငံတကာတက္ကသိုလ်တွေမှာဖြစ်စေ မြှင့်တင်ချင်တဲ့ လူငယ်တွေအတွက် ဂျာမနီနိုင်ငံရဲ့ နာမည်ကျော် Bread for the World (Brot für die Welt) Full Scholarship အကြောင်း အသေးစိတ် သိရှိနိုင်မယ့် အခွင့်အရေး လာပါပြီ။
🎯ဝေမျှမှုမှာ ဘယ်အကြောင်းအရာတွေကို ဖော်ပြသွားမှာလဲ?
အောက်ဖော်ပြပါ ပညာသင်ဆုအမျိုးအစားများကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
• General information on the Bread for the World scholarship program
• The “Leadership for Change” program for studies in Germany
• Scholarship opportunities for refugees under the “Commitment for Change” program
• Opportunities related to local Fachkräfte within scholarship projects in the Global South, including CPCS
🌟 Webinar Details:
🗓 Date: 29.5.2026 (Friday)
⏰ Time: 2:00 PM (MMT)
💻 Platform: Zoom
ဂျာမနီနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ပညာသင်ဆုနဲ့ ကျောင်းတက်ချင်သူတွေ၊ အရည်အချင်းပြည့်မီဖို့ ဘာတွေပြင်ဆင်ရမလဲ သိချင်သူတွေအနေနဲ့ လုံးဝ (လုံးဝ) မလွတ်တမ်း တက်ရောက်သင့်တဲ့ ပွဲလေးဖြစ်လို့ အခုပဲ Schedule ထဲမှာ မှတ်သားထားလိုက်တော့နော်။ 🥰
တက်ရောက်လိုသူများ https://forms.gle/z4fFxizgZJzLz39t8 တွင် စာရင်းပေးသွင်းနိုင်ပါသည်။ Webinar မစတင်မှီ စာရင်းပေးသွင်းထားသည့် email address များကို Zoom Link information ပေးပို့လာမှာ ဖြစ်ပါတယ်…

ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ရိုးရာဟင်းတစ်ခွက်ကနေ ခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာ သင်သ...
20/05/2026

ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ ရိုးရာဟင်းတစ်ခွက်ကနေ ခေတ်မီတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာ သင်သိပါသလား?"

MCC Family Special Webinar| Social Enterprise Spotlight

ဒီတစ်ခါမှာတော့ ကျွန်တော်တို့ရဲ့ ညီနောင်ကျောင်းတော်ကြီးဖြစ်တဲ့ Tounge La'Yat Community College မှ ဂုဏ်ယူစွာ ထွက်ပေါ်လာတဲ့ လုပ်ငန်းရှင်တစ်ဦး၊ "ထူရု ကရင်တာလပေါ့" ရဲ့ ပဲ့ကိုင်ရှင် Naw Wah Khu Say က စိတ်ဝင်စားဖွယ် ဝေမျှပေးသွားမှာပါ။

✨ ဘာတွေအကြောင်း ဆွေးနွေးသွားမလဲ?

Naw Wah Khu Say ဟာ ကရင်ရိုးရာ တာလပေါ့ဟင်းကို အိမ်တွင်းချက် သာမန်ဟင်းတစ်ခွက်အဆင့်ကနေ ဆန်းသစ်တဲ့ Packaging Design၊ ခေတ်မီစနစ်တွေနဲ့ ပေါင်းစပ်ပြီး ဈေးကွက်ဝင် ထုတ်ကုန်တစ်ခုဖြစ်အောင် ဘယ်လိုပုံဖော်ခဲ့သလဲ?

ရိုးရာကိုလည်း ထိန်းသိမ်းရင်း ဒေသခံတောင်သူတွေနဲ့ အမျိုးသမီးတွေအတွက် ရေရှည်တည်တံ့တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုဖန်တီးပေးနေသလဲ? ဆိုတဲ့ "ရိုးရာကို ခေတ်မီအောင် ဖန်တီးနည်း" နဲ့ "ခိုင်မာတဲ့ လူမှုစီးပွားပုံစံ (Social Enterprise) တည်ဆောက်နည်း" တို့ကို

ကိုယ်ပိုင် လုပ်ငန်းစတင်လာခဲ့တဲ့တစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများအပေါ်အခြေခံပြီးတော့ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

📅 ကျင်းပမည့် အစီအစဉ်

• နေ့ရက်: ၂၂ ရက်၊ မေလ၊ ၂၀၂၆ (သောကြာနေ့)

• အချိန်: ညနေ ၇:၀၀ နာရီ (မြန်မာစံတော်ချိန်)

• နေရာ: Zoom Meeting

Register လုပ်ရန် နှင့် Zoom Link ရယူရန်

( https://docs.google.com/forms/d/e/1FAIpQLSf_pAVcgPzVCcKcvmrpaFm-rZXyqtHjeo4N6e_ZWUNd-gXPVw/viewform?usp=sharing&ouid=109721985334414797717)

Session မတိုင်ခင် Zoom Link ကို Registration ပြုလုပ်ထားတဲ့ Email ကနေတစ်ဆင့် ပို့လာဖို့ရှိပါမယ်နော်…

"ရိုးရာကို အခြေခံပြီး လူမှုပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မယ့် စီးပွားရေးလုပ်ငန်းတစ်ခု ဘယ်လိုစတင်မလဲ" ဆိုတာကို သိရှိနိုင်ဖို့ MCC မိသားစုဝင်များအားလုံး တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။

ချစ်ရတဲ့သူတွေနဲ့အတူရှိနေရင်း "အိုးမကွာ အိမ်မကွာ" ဘွဲ့ယူကြမယ် 🏠🎓✨ချစ်ရတဲ့ မိသားစုနဲ့ ဝေးဝေးသွားစရာမလိုဘဲ အိမ်မှာနေရင်း ပည...
05/05/2026

ချစ်ရတဲ့သူတွေနဲ့အတူရှိနေရင်း "အိုးမကွာ အိမ်မကွာ" ဘွဲ့ယူကြမယ် 🏠🎓✨

ချစ်ရတဲ့ မိသားစုနဲ့ ဝေးဝေးသွားစရာမလိုဘဲ အိမ်မှာနေရင်း ပညာသင်ယူနိုင်မယ့် "အိုးမကွာ အိမ်မကွာ" အခွင့်အရေးကြီး ရောက်ရှိလို့လာပါပြီ။

Prospect Burma ကနေ ပေးအပ်မယ့် Online Scholarship အကြောင်းကို သေချာနားလည်ပြီး အတူတူ ပြင်ဆင်နိုင်ဖို့အတွက် MCC မှ Webinar တစ်ခု Host လုပ်ပေးသွားဖို့ ရှိပါတယ်နော်…

📅 Date: 6th May 2026 (Wednesday)
⏰ Time: 6:00 PM (MMT)
📍 Platform: Zoom
Register လုပ်ရန် နှင့် Zoom Link ရယူရန် https://forms.gle/e7aPrB1onSmYpsbg9
Session မတိုင်ခင် Zoom Link ကို Registration ပြုလုပ်ထားတဲ့ Email ကနေတစ်ဆင့် ပို့လာဖို့ရှိပါမယ်
#အိုးမကွာအိမ်မကွာ

🟦 Australia Awards Scholarships experience Sharing Sessionအားလုံးပဲ မင်္ဂလာပါ.....🟦 နိုင်ငံရပ်ခြားမှာ ပညာလေ့လာဆည်းပူးဖို...
02/03/2026

🟦 Australia Awards Scholarships experience Sharing Session

အားလုံးပဲ မင်္ဂလာပါ.....
🟦 နိုင်ငံရပ်ခြားမှာ ပညာလေ့လာဆည်းပူးဖို့၊ ပညာသင်ဆုလျှောက်ထားဖို့ ပြင်ဆင်နေတဲ့၊ MCCမိသားစုဝင်များနဲ့ ပညာသင်ဆုအကြောင်းစိတ်ဝင်စားသူများအတွက် ယခု ဖေဖော်ဝါရီလမှာ ခေါ်ယူနေတဲ့Australia Awards Scholarships နဲ့ပက်သက်ပြီး experience Sharing Session တစ်ခု ကို MCC alumni Office နှင့် Lan Forward တို့ပူးပေါင်းပြီး ပြုလုပ်ပေးသွားဖို့ရှိပါတယ်…
ဒီအစီအစဉ်မှာတော့ Australia Scholarship Awardee များမှ scholarship အတွေ့အကြုံများအပေါ် အခြေခံပြီး ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

🟦 ဘယ်သူတွေ တက်ရောက်လို့ရလဲ?
🔷 MCC မိသားစုဝင်များ
🔷 Scholarship အကြောင်းသိရှိလိုသူတွေ၊ အဓိအားဖြင့် Australia Awards Scholarshipကိုလျှောက်ထားဖို့စိတ်အားထက်သန်သူတွေ၊ ပြင်ဆင်နေတဲ့သူတွေအတွက် မိမိတို့ ပညာသင်ဆုလျှောက်ဖို့ အထောက်အကူရနိုင်မယ့် အကျိုးရှိတဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့အတွက် စာရင်းပေးတက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

🟦 Webinar Details
📆 Date – 07.03.2026 (Saturday)
🕡 Time - 3:00 PM- (Myanmar Time)
▶️ Place - (Zoom)

Registration ပြုလုပ်ရန် link

https://docs.google.com/forms/d/e/1FAIpQLScZGQX2S-I-xDLQmZuDQqZSFlFky5chOIUyVLePZol0U0FHgw/viewform

Registration ပြုလုပ်ပြီးပါက Online အတွက် Register ပြုလုပ်ထားသည့် Email လိပ်စာသို့ Zoom Link နှင့် Password ကို ယခု Sharing Session မစတင်မှီပေးပို့ပေးသွားမှာဖြစ်ပါသည်။

Address

No(1/63), Pan Tin Road, Phayar Phyu Quarter
Taunggyi
06011

Telephone

+959452352091

Website

Alerts

Be the first to know and let us send you an email when Cherry Myay College Alumni Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cherry Myay College Alumni Network:

Shortcuts

Share