Inlihtan Peninsula Tenasserim - IPT

Inlihtan Peninsula Tenasserim - IPT Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inlihtan Peninsula Tenasserim - IPT, Nonprofit Organization, Dawei, Tanintharyi Region.

“Inlihtan Peninsula Tenasserim” သည် ဥာဏ်အမျှော်အမြင်ကို အခြေပြု၍ လွတ်လပ်ခွင့် တရားမျှတခွင့်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အပြည့်အဝယုံကြည်သော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် အတွက် မျှော်ရည်ကာ တနင်္သာရီဒေသအတွင်းရှိ ဖက်ဒရယ်နှင့် ဒေသအရေးကိစ္စ များတွင် ပါဝင်ဆောင်ရွက်လျှက်ရှိသော လူငယ်တစ်စုမှ စတင်တည်ထောင်ခဲ့သည်။

အာဏာသိမ်းကာလ အလွန်၊ ၂၀၂၁ အစောပိုင်းကာလများမှ စတင်ကာ တနင်္သာရီဒေသအတွင်း ဖက်ဒရယ်ဆိုင်ရာ

အသိပညာပေးခြင်း၊ ပညာရေးအင်အားစုများ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ချိတ်ဆက်ကူညီပေးခြင်း၊ အသွင်အကူးပြောင်းကာလ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ရှေးရှုသော အတွေးအခေါ်နှင့် လှုပ်ရှားမှုများကို အောက်ခြေလူမှုရပ်ဝန်း မှ တည်ဆောက်ရေးဆီသို့ တစ်စိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်လျှက်ရှိသော အစုအဖွဲ့များဆီသို့ စီးဆင်းပြန့်နှံ့စေရန်ဆောင်ရွက်လျှက်ရှိသည်။

ဖက်ဒရယ်နှင့် ၎င်း၏အနှစ်သာရကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်ကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအတွက် အလွှာပေါင်းစုံမှ အဓိပ္ပာယ်ရှိစွာ ပါဝင်ဆွေးနွေးဆုံးဖြတ် ပုံဖော်နိုင်သည် အခင်းအကျင်းအပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏က...
17/10/2024

ဗုဒ္ဓဘာသာတို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ

မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး လုံခြုံဘေးကင်း သောကငြိမ်းကြပါစေ။ပြည်သူပြည်သားတို့ ဘေးဥပဒ် အန္တရာယ်ခပ်သိမ်းအပေါင်းမှကင်းဝေးပြီး ကိလေသာအပူမီးတို့ငြိမ်းသက်ကာ ကိုယ်စိတ်နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ အေးချမ်းသာယာ၊ လုံခြုံဘေးကင်း၍တရားမျှတမှုရှိသောပြည်တော်သစ်ဆီကိုလည်းအမြန်ဆုံးရောက်ရှိနိုင်ပါစေကြောင်း Inlihtan Peninsula Tenasserim မှ
ဆုမွန်ကောင်းတောင်းချွေအပ်ပါတယ် ခင်ဗျာ။

'စုပေါင်းခေါင်းဆောင်မှုအကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ' စကားဝိုင်းအစီအစဥ်ကို မေလ ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထု...
06/05/2024

'စုပေါင်းခေါင်းဆောင်မှုအကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ' စကားဝိုင်းအစီအစဥ်ကို မေလ ၇ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထုတ်လွှင့်တင်ဆက်ပါမည်။

❝ စုပေါင်းခေါင်းဆောင်မှုအကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ ❞

“ထုဆစ်မျှော်ရည် တနင်္သာရီ” အစီအစဉ်ရဲ့ လစဉ်ထုတ်လွှင့်နေကျ စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ဟာ ယခု ဆိုရင် တတိယအကြိမ် ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ယနေ့တော်လှန်ရေးမှာ တော်လှန်ရေးတပ်ဦးဖြစ်တဲ့ NUCC အပါအဝင် တနင်္သာရီဒေသဖက်က နိုင်ငံရေးအင်အားစုတွေ၊ အခြား ဒေသတွေက အင်အားစု၊ အဖွဲ့အစည်းတွေ ကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုတစ်ခု အကြောင်းကို ဆွေးနွေး အဖြေရှာကြ မှာဖြစ်ပါတယ်။ ဖက်ဒရယ်လို့ဆိုလိုက်တာနဲ့ စုပေါင်းခေါင်းဆောင်မှု၊ အားလုံးပါဝင်မှု အပေါ်မူတည်ပြီးတော့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ရပါတယ်။ ယနေ့နိုင်ငံရေး အခင်းအကျင်းကို ပြန်ကြည့်ပြန်တော့လည်း အစုအဖွဲ့အသီးသီးဟာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရာမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ ဒီစကားဝိုင်းကနေတစ်ဆင့် နိုင်ငံရေး ဖြစ်စဉ်တွေမှာ တောက်လျှောက်ပါဝင်နေကြတဲ့ လူငယ်၊ အမျိုးသမီးတွေဟာ “စုပေါင်းခေါင်းဆောင်မှု အကြပ်အတည်း ဘယ်လိုဖောက်ထွက်ကြမလဲ” ဆိုတာ နှင့်ပတ်သက်ပြီးတော့ ရှူထောင့်ပေါင်းစုံကနေ အဖြေရှာဆွေနွေးကြမှာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကနေတဆင့် ပြည်သူလူထု အရိုးရှင်းဆုံး နားလည်နိုင်အောင်၊ မိမိဒေသ တည်ဆောက်ရေး အတွက် အတွေးအခေါ် ၊ အမြင်သစ်တွေ ကျယ်ပြန့်လာဖို့ ရည်ရွယ်ပါတယ်။ အဲဒီကနေ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ အခင်းအကျင်းကို ဖော်ဆောင်ရာမှာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို မေလ (၇)ရက်၊ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ထုဆစ် မျှော်ရည် တနင်္သာရီ အစီအစဉ်ရဲ့ လူမှုကွန်ရက်စာမျက်နှာအပြင် သတင်းမီဒီယာတွေကနေတဆင့် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေး‌ကြမယ့်သူတွေကတော့
◆ မငြိမ်းငြိမ်းပြည့် (Advocate for Intersectional Equity)
◆ Z Nang Raw ( အမျိုးသမီးမဟာမိတ်အဖွဲ့ - မြန်မာ၊ NUCC ကောင်စီဝင်)
◆ ခွန်ဦး (ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ - PNFC)
◆ နော်ထီးခူ (Tanawthari Karen United for Liberation and Equality)
တို့ကပါဝင်ဆွေးနွေးသွားပြီးတော့ Tes (MAGGA Initiative) က Moderator အဖြစ်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။

#ထုဆစ်မျှော်ရည်တနင်္သာရီ #စကားဝိုင်းအစီအစဉ် #စုပေါင်းခေါင်းဆောင်မှု (Collective Leadership)

⁨“ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အပေါ် ထုဆစ်မျှော်ရည် တနင်္သာရီ စကားဝိုင်းအစီအစဉ်မှ အဓိပ္ပာယ်ဖွ...
09/04/2024

⁨“ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” အပေါ် ထုဆစ်မျှော်ရည် တနင်္သာရီ စကားဝိုင်းအစီအစဉ်မှ အဓိပ္ပာယ်ဖွင့်ဆိုမှု အနှစ်ချုပ်ဖော်ပြချက်။
-------------------+++++++----------------------------------------

ဤအသိပညာမြှင့်တင်ရေးစာတမ်းသည် ထုဆစ်မျှော်ရည် တနင်္သာရီ စကားဝိုင်းအစီအစဉ်ရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဘာလဲ? ဆိုတဲ့ ခေါင်းစဉ်နှင့် စကားဝိုင်းမှ ဆွေးနွေးချက်များကို ပြည်သူလူထု ရိုးရှင်းစွာ နားလည်သဘောပေါက်စေရန် အနှစ်ချုပ် သုံးသပ်ထားခြင်း ဖြစ်ပါတယ်။ ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီရဲ့ စံနှုန်း သဘောတရားတွေကို ပြည်သူလူထု အရိုးရှင်းဆုံးနားလည်အောင် စကားဝိုင်းဆွေးနွေးပွဲများမှတဆင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

🔘 အောက်ပါလင့်ခ်တွင် PDF ဖိုင်ကို Download ရယူနိုင်ပါတယ်။
https://drive.google.com/file/d/1NXQerMmoNOadEevXRvTclUtHmYOB0mnS/view?usp=sharing

#ကိုယ့်ကြမ္မာ_ကိုယ်ဖန်တီးခွင့်_ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဘာလဲ?
#ထုဆစ်မျှော်ရည်တနင်္သာရီ #ဆွေးနွေးမှုအနှစ်ချုပ်⁩

❝ ကိုယ်ပိုင်စီမံဆုံးဖြတ်မှုမှသည် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းဆီသို့ ❞စကားဝိုင်းရဲ့ ပထမအစီအစဉ်မှာ “ကိုယ့်ကြမ္မာ ကိုယ်ဖန်...
05/04/2024

❝ ကိုယ်ပိုင်စီမံဆုံးဖြတ်မှုမှသည် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းဆီသို့ ❞

စကားဝိုင်းရဲ့ ပထမအစီအစဉ်မှာ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဋ္ဌာန်းခွင့်” ဆိုတာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတာကို နားထောင်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ တော်လှန်ပြည်သူလူထုအတွက် ဖက်ဒရယ်ရဲ့ အဓိကအနှစ်သာရတစ်ခုဖြစ်တဲ့ “ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့် (Self-Governance)” ဆိုတဲ့အကြောင်းအရာကို ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ဆိုတာ ဘာလဲ၊ သူ့ရဲ့ ဝိသေသလက္ခဏာတွေက ဘာလဲ၊ ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ကို အကောင်အထည်ဖော်ဖို့ အတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြေပြင်မှာ လက်တွေ့ အကောင်အထည်ဖော်နေကြတဲ့ အတွေ့အကြုံရှိတဲ့ လူငယ်ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေဟာ သူတို့ရဲ့ အတွေ့အကြုံ၊ သီအိုရီပိုင်းဆိုင်ရာ အမြင်တွေကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲတွေကနေတဆင့် ပြည်သူလူထု အရိုးရှင်းဆုံး နားလည်နိုင်အောင်၊ မိမိဒေသ တည်ဆောက်ရေး အတွက် အတွေးအခေါ် ၊ အမြင်သစ်တွေ ကျယ်ပြန့်လာဖို့ ရည်ရွယ်ပါတယ်။ အဲဒီကနေ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ အခင်းအကျင်းကို ဖော်ဆောင်ရာမှာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဧပြီလ (၇)ရက်၊ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ထုဆစ် မျှော်ရည် တနင်္သာရီ အစီအစဉ်ရဲ့ လူမှုကွန်ရက်စာမျက်နှာအပြင် သတင်းမီဒီယာတွေကနေတဆင့် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေး‌ကြမယ့်သူတွေကတော့
◆ ဇူးပဒုမ္မာ - အတွင်းရေးမှူး (၁) - ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)
◆ နိုင်ပညာမာန် - ကောင်စီဝင်၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
◆ ခွန်ဒီရို - လူငယ်သုတေသီ - (Synergic Wave)
တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

#ထုဆစ်မျှော်ရည်တနင်္သာရီ #စကားဝိုင်းအစီအစဉ် #ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်(Self-Governance)

❝ ကိုယ်ပိုင်စီမံဆုံးဖြတ်မှုမှသည် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းဆီသို့ ❞

စကားဝိုင်းရဲ့ ပထမအစီအစဉ်မှာ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဋ္ဌာန်းခွင့်” ဆိုတာနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတာကို နားထောင်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ တော်လှန်ပြည်သူလူထုအတွက် ဖက်ဒရယ်ရဲ့ အဓိကအနှစ်သာရတစ်ခုဖြစ်တဲ့ “ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့် (Self-Governance)” ဆိုတဲ့အကြောင်းအရာကို ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ဆိုတာ ဘာလဲ၊ သူ့ရဲ့ ဝိသေသလက္ခဏာတွေက ဘာလဲ၊ ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ကို အကောင်အထည်ဖော်ဖို့ အတွက် ဘယ်လိုပြင်ဆင်ကြမလဲ ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြေပြင်မှာ လက်တွေ့ အကောင် အထည်ဖော်နေကြတဲ့ အတွေ့အကြုံရှိတဲ့ လူငယ်ခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သုတေသီတွေဟာ သူတို့ရဲ့ အတွေ့အကြုံ၊ သီအိုရီပိုင်းဆိုင်ရာ အမြင်တွေကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲတွေကနေတဆင့် ပြည်သူလူထု အရိုးရှင်းဆုံး နားလည်နိုင်အောင်၊ မိမိဒေသ တည်ဆောက်ရေး အတွက် အတွေးအခေါ် ၊ အမြင်သစ်တွေ ကျယ်ပြန့်လာဖို့ ရည်ရွယ်ပါတယ်။ အဲဒီကနေ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ အခင်းအကျင်းကို ဖော်ဆောင်ရာမှာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဧပြီလ (၇)ရက်၊ မြန်မာစံတော်ချိန် ည (၇) နာရီမှာ ထုဆစ် မျှော်ရည် တနင်္သာရီ အစီအစဉ်ရဲ့ လူမှုကွန်ရက်စာမျက်နှာအပြင် သတင်းမီဒီယာတွေကနေတဆင့် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေး‌ကြမယ့်သူတွေကတော့
◆ ဇူးပဒုမ္မာ - အတွင်းရေးမှူး (၁) - ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)
◆ နိုင်ပညာမာန် - ကောင်စီဝင် - မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
◆ ခွန်ဒီရို - လူငယ်သုတေသီ - (Synergic Wave)
တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

#ထုဆစ်မျှော်ရည်တနင်္သာရီ #စကားဝိုင်းအစီအစဉ် #ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်(Self-Governance)

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ စကားဝိုင်းအစီအစဉ် ဧပြီ ၇ ရက်နေ့ ပြုလုပ်မည်-------------------‘ထုဆစ်မျှော်ရည် တနင်္သာရီ’ စကားဝ...
05/04/2024

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ စကားဝိုင်းအစီအစဉ် ဧပြီ ၇ ရက်နေ့ ပြုလုပ်မည်

-------------------

‘ထုဆစ်မျှော်ရည် တနင်္သာရီ’ စကားဝိုင်းအစီအစဉ်၏ ‘ကိုယ်ပိုင်စီမံဆုံးဖြတ်မှုမှသည် သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းဆီသို့’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ဧပြီလ ၇ ရက်နေ့ ည ၇ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုမှ ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းဖျောက်၍ တပ်မတော်နေ့ဟု သတ်မှတ် ဝါဒဖြန့်မှုအပေါ်  မွန် - တနင်္သာရီ လူငယ်အ...
26/03/2024

အကြမ်းဖက်စစ်အုပ်စုမှ ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းဖျောက်၍ တပ်မတော်နေ့ဟု သတ်မှတ် ဝါဒဖြန့်မှုအပေါ် မွန် - တနင်္သာရီ လူငယ်အင်အားစုများ ပူးပေါင်းသဘောထား ထုတ်ပြန်ချက်

မတ်လ (၂၇)ရက်နေ့သည် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုမှ ဖက်ဆစ်တော်လှန်ရေးနေ့ သမိုင်းဖျောက်ဖျက်ရန် ရည်ရွယ်ကာ တပ်မတော်နေ့ဟု နှစ်ပေါင်းများစွာ ဝါဒမှိုင်းသွင်းကာ သတ်မှတ်ခဲ့သည်မှာ ယနေ့ထိနှစ်ပေါင်း (၇၀) ကျော်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သမိုင်းကြောင်းအရ ဖက်ဆစ်တော်လှန်ရေး စတင်ပြုလုပ်ခဲ့သည်နေ့ရက်ကို အကြမ်းဖက်စစ်အုပ်စုမှ တပ်မတော်နေ့ဟု သတ်မှတ်ခဲ့ခြင်းအပေါ် မွန်-တနင်္သာရီ လူငယ်အင်အားစုများမှ မည်သည့်အခါမှ အသိမှတ်ပြု လက်ခံခြင်းမရှိခဲ့သလို ယခုကဲ့သို့ တပ်မတော်နေ့ဟု ခေါ်ဝေါ်သုံးစွဲမှုအပေါ် ကျွန်ုပ်တို့လူငယ်အင်အားစုများ ပူးပေါင်းအားဖြင့် ဆန့်ကျင် ကန့်ကွက်ပါသည်။

သမိုင်းကိုဖျောက်၍ တပ်မတော်နေ့ဟု ဝါဒမှိုင်းသွင်းသတ်မှတ်ခံခဲ့ရသော မတ်လ(၂၇)ရက်နေ့သည် ဖက်ဆစ်တော်လှန်ရေးနေ့ဖြစ်ပြီး ယခုကျရောက်မည့် မတ်လ (၂၇)ရက်နေ့သည် (၇၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပါသည်။ ဖက်ဆစ်သဖွယ်ပြုမှုသော အကြမ်းဖက်စစ်အုပ်စု နှင့် ၎င်း၏ လက်ပါးစေများ၏ နိုင်ငံတစ်ဝှမ်း ပြည်သူလူထုအား မတရား ဖမ်းဆီးညှင်းပန်းနှိပ်စက်မှုများနှင့် လူမဆန်စွာ သတ်ဖြတ်မှုများအား မွန်-တနင်္သာရီ လူငယ်များ၏ စုပေါင်းအင်အားဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါသည်။

မွန် နှင့် တနင်္သာရီသည် နယ်နိမိတ်အားဖြင့် ထိစပ်နေပြီး ပထဝီအနေအထားနှင့် စစ်ရေးအရ အရေးပါသော ဒေသများဖြစ်ကြသည်။ (၂၀၂၄) ခုနှစ်၊ မတ်လ (၁၉ )ရက် နှင့် (၂၃) ရက်နေ့တွင် မွန် နှင့် တနင်္သာရီရှိ မဟာမိတ်ပူးပေါင်းတပ်များမှ ရေး-ထားဝယ် လမ်းပိုင်း မလွဲတောင်နှင့် ကလိန်အောင်အကြား ပူးပေါင်းတိုက်ခိုက်မှု နှင့် ရေဖြူမြို့နယ်၊ မင်းသားကျေးရွာ ပျူစောထီးစခန်းကို ပူးပေါင်း စစ်ဆင်ရေးဖြင့် တိုက်ခိုက်သိမ်းပိုက်မှု လုပ်ဆောင်နိုင်ခဲ့ကြသည်ကို ကြိုဆိုပါသည်။ အကြမ်းဖက်စစ်အုပ်စုအား အမြစ်ပြတ်ခြေမှုန်းရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ယခုကဲ့သို့ နယ်နမိတ်အားဖြင့် ထိစပ်နေသော ဒေသများအကြား ဗျူဟာကျသည့် စစ်ရေးအရ ပူးပေါင်းဖော်ဆောင်မှုများ ထပ်မံတိုးမြှင့်လာစေရန်လည်း တိုက်တွန်းလိုသည်။

ထို့အပြင် (၂၀၂၁) စစ်အာဏာသိမ်းကြိုးပမ်းမှုကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်မှုများနှင့် လူမျိုးစု အားလုံး မျှော်ရည်သော ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ အုပ်ချုပ်စီမံပိုင်ခွင့်အတွက် အသီးသီး ရုန်းကန်နေကြရသည့် ကာလဖြစ်သည့်နည်းတူ ဒေသအတွင်း တော်လှန်ရေးအင်အားစုများအကြား စုပေါင်းခေါင်းဆောင်မှုဖြင့် ညီညွတ်ရေးကို အပူတပြင်း ဆောင်ရွက်ရန်အရေးကြီးသည့် အချိန်အခါဖြစ်သည်။ ထိုနည်းတူပင် နယ်နမိတ်အားဖြင့် ဆက်စပ်နေသော ဒေသများအကြား နိုင်ငံရေးနှင့် စစ်ရေးအားဖြင့် ပူးပေါင်းညှိ့နှိုင်း ဆောင်ရွက်မှုများ ဖြစ်ပေါ်လာရန် အရေးကြီးသည်။

အဆိုပါ လူမျိုးစုအသီးသီးမျှော်ရည်သော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးအတွက် ဒေသအတွင်း စုပေါင်းခေါင်းဆောင်မှု၊ ညီညွတ်မှု တည်ဆောက်ခြင်းဖြင့် ဆက်စပ်ဒေသများနှင့်လည်း နိုင်ငံရေးနှင့် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို ဆောင်ရွက်မှသာလျှင် မတူညီကွဲပြားသော လူမျိုးစု အသီးသီးကြား ငြိမ်းချမ်း၍ သဟဇာတဖြစ်သော လူမှုအသိုက်အဝန်းကို ဖန်တီး ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ရင်း မွန်-တနင်္သာရီ လူငယ်အင်အားစုများ၏ ပူးပေါင်းသဘောထားကို ထုတ်ပြန်လိုက်သည်။

ပါဝင်သည့် မွန်-တနင်္သာရီဒေသတွင်း လူငယ်အင်အားစုများ
New Rehmonnya Federated Force – NRFF
MAGGA Initiative – MI
Tenasserim Student Unions’ Network – TSUN
Tanintharyi Nationalities Congress - TNC
Inlihtan Peninsula Tenasserim – IPT
Dawna Tenasserim – IDPs Supply Force
ထုဆစ် မျှော်ရည် တနင်္သာရီ
အဝေးရောက်သွေးချင်းများကွန်ယက်
ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ

ဆက်သွယ်ရန်
ကိုသူရိန် +66954454093 (signal) ၊ ရန်ဂီဆု +66935622700 (signal)
မအိအိလင်း +66947181214 (signal)၊ နိုင်ပညာမာန် +66989694043 (signal)

❝ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဋ္ဌာန်းခွင့် ဆိုတာဘာလဲ ❞ဖက်ဒရယ်လို့ပြောလိုက်တာနဲ့ ဝိသေသလက္ခဏာတွေ၊ စကားလုံးဝေါဟာရတွေ တသီ...
06/03/2024

❝ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဋ္ဌာန်းခွင့် ဆိုတာဘာလဲ ❞

ဖက်ဒရယ်လို့ပြောလိုက်တာနဲ့ ဝိသေသလက္ခဏာတွေ၊ စကားလုံးဝေါဟာရတွေ တသီတသန်းတည်းပါလာ တာကိုတွေ့ရမှာပါ။ “ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပြဋ္ဌာန်းခွင့်” ဆိုတဲ့စကားလုံးဟာလည်း တော်လှန်ရေး အင်အားစုများအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုတာကိုတွေ့ရမှာဖြစ်ပြီးတော့ လူမျိုးစုအသီးသီးက လည်း အဲ့ဒီ ပြဋ္ဌာန်းခွင့်အတွက် နှစ်ပေါင်းများစွာတိုက်ပွဲဝင်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီဝေါဟာရကို နေ့တဓူဝ သွားလာလှုပ်ရှား၊ ရုန်းကန်နေကြရတဲ့ သာမန်ပြည်သူလူထုနားလည်အောင် ဘယ်လိုမျိုးချဉ်းကပ်ကြမလဲ၊ ရှင်းပြဆွေးနွေးကြမလဲ ဆိုတာကို ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ် ကနေတဆင့် တင်ဆက် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ ဆွေးနွေးတင်ဆက်မဲ့ပုဂ္ဂိုလ်တွေဟာ နယ်ပယ် ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ပါဝင်တော်လှန်လှုပ်ရှားနေကြတဲ့ ပညာရှင်များ၊ သုတေသီများ၊ ပြည်နယ်အရေး ဆိုင်ရာလှုပ်ရှားနေသော အစုအဖွဲ့များမှ ခေါင်းဆောင်များနှင့် တက်ကြွ လှုပ်ရှားသူလူငယ်တွေ ဖြစ်ပါတယ်။ ထိုသူတွေကနေတဆင့် ပြည်သူလူထုဆီ အရိုးရှင်းဆုံး နားလည်နိုင်အောင်၊ မိမိဒေသ တည်ဆောက်ရေး ဆိုင်ရာ အတွေ့အကြုံ၊ ဖြတ်သန်းမှုနှင့် ယူဆချက် အတွေးအခေါ် ၊ အမြင်သစ်တွေ မျှဝေနိုင်ဖို့ ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီကနေတဆင့် လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ အခင်းအကျင်းကို ဖော်ဆောင်ရာမှာ အထောက်အပံ့ ဖြစ်စေမှာဖြစ်ပါတယ်။

ဤစကားဝိုင်းအစီအစဉ်ကို မတ်လ (၇)ရက်၊ မြန်မာစံတော်ချိန် ည (၇) နာရီတွင် ထုဆစ်မျှော်ရည် တနင်္သာရီ အစီအစဉ် ရဲ့ လူမှုကွန်ရက်စာမျက်နှာအပြင် သတင်းမီဒီယာများမှနေတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေး‌ကြမယ့်သူတွေကတော့
◆ ယိင်းလောဝ် (ညွှန်ကြားရေးမှူး၊ Salween ပြည်သူ့ရေးရာ မူဝါဒများလေ့လာရေးအဖွဲ့)
◆ ဆရာမ ထိပ်ထား (CDM ပညာရေးဝန်ထမ်း)
◆ ကိုမောင်တူး (အဖွဲ့ဝင် - ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ - ထားဝယ်ခရိုင်)
တို့ကပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

#ထုဆစ်မျှော်ရည်တနင်္သာရီ #စကားဝိုင်းအစီအစဉ် #အစီအစဉ်_၂

ထုဆစ် မျှော်ရည်_တနင်္သာရီ | Talk Seriesအစီအစဉ်နောက်ခံမိတ်ဆက်အားလုံးပဲ မင်္ဂလာပါ။ ပထမဦးစွာ ထုဆစ် မျှော်ရည်_တနင်္သာရီ ဆိုတ...
19/02/2024

ထုဆစ် မျှော်ရည်_တနင်္သာရီ | Talk Series

အစီအစဉ်နောက်ခံမိတ်ဆက်

အားလုံးပဲ မင်္ဂလာပါ။
ပထမဦးစွာ ထုဆစ် မျှော်ရည်_တနင်္သာရီ ဆိုတဲ့ အစီအစဉ်ရဲ့နောက်ခံသမိုင်းကို မိတ်ဆက်ပေးပါရစေ။ ဒီအစီအစဉ် ကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှ စတင်ကာ တနင်္သာရီဒေသအခြေစိုက်အဖွဲ့အစည်းတွေဖြစ်တဲ့ Tenasserim Student Unions’ Network – TSUN၊ Tanintharyi Nationalities Congress – TNC၊ Inlihtan Peninsula Tenasserim - IPT၊ MAGGA Initiative – MI တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တနင်္သာရီဒေသရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စစ်ဘေးရှောင်အရေး၊ ပညာရေး၊ နိစ္စဓူဝ တော်လှန်ရေးနဲ့ ကြံ့ကြံ့ခံနိုင်မှု၊ ရွှေ့ပြောင်းအရေး ကိစ္စတွေကို ဒေသအတွင်း အစုအဖွဲ့တွေ နဲ့ ကဏ္ဍအသီးသီးမှ လူငယ်ခေါင်းဆောင်တွေရဲ့ ပံ့ပိုးပါဝင်မှုနဲ့ မီဒီယာများ မှတဆင့် စတင် ဆောင်ရွက်ခဲ့ပါတယ်။ လူအဖွဲ့အစည်းအတွင်း လွတ်လပ်စွာ ဆွေးနွေးငြင်းခုံတာတွေ၊ မတူညီတဲ့ အယူအဆတွေကို လက်ခံဆွေးနွေးတာတွေ၊ အချက်အလက်ကို အခြေခံပြီးတော့ ဆွေးနွေး ငြင်းခုံခြင်းကနေ ပြဿနာကို ပြေလည်စေတဲ့ အဖြေရှာခြင်း ကိုရဖို့ ဦးတည်ပါတယ်။ ပြီးတော့ လူထုအကြား ကွဲပြားတဲ့ စဉ်းစားချက်တွေ၊ အတွေးအခေါ်တွေနဲ့ အသိပညာတွေ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။

ဆွေးနွေးခြင်း၊ ငြင်းခုံခြင်းနဲ့ အသိပညာပေးတာတွေကို ဒေသအတွင်းနဲ့ ဒေသပြင်ပမှ လူငယ်တွေ အပါအဝင် ကျွမ်းကျင်ပညာရှင်တွေ၊ ဒေသခံအစုအဖွဲ့တွေမှ ကိုယ်စားလှယ်များနဲ့ တက်ကြွလှုပ်ရှားသူတွေ စတဲ့ အလွှာ အသီးသီးရဲ့ အသံတွေ၊ အတွေးအမြင် အယူအဆတွေကို ဆွေးနွေးနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီကနေတဆင့် လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ အခင်းအကျင်းကို ဖော်ဆောင်ရာမှာ အထောက်အပံ့ ဖြစ်စေမှာဖြစ်ပါတယ်။

ဒီရည်ရွယ်ချက် ဖြစ်မြောက်ဖို့အတွက် နောင်လာမယ့် ထုဆစ် မျှော်ရည်_တနင်္သာရီ အစီအစဉ်ကို Tanintharyi Nationalities Congress - TNC Inlihtan Peninsula Tenasserim - IPT MAGGA Initiative တို့က ဆက်လက်ပူးပေါင်း တင်ဆက်သွားမှာဖြစ်ပါတယ်။ ထုဆစ် မျှော်ရည်_တနင်္သာရီ စကားဝိုင်း အစီအစဉ်တွေကို တနင်္သာရီဒေသမှာရှိတဲ့ တော်လှန်ပြည်သူလူထုဆီ ရောက်နိုင်ရန်အတွက် ယခုဖွင့်လှစ်လိုက်တဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မကြာမီ အချိန်အတွင်း အစဉ်တစိုက် တင်ဆက်သွားမည်ဖြစ်ပါတယ်။

#ထုဆစ်မျှော်ရည် တနင်္သာရီ စကားဝိုင်း

🔲 ထုဆစ် မျှော်ရည် တနင်္သာရီ လူငယ်စကားဝိုင်း ဆွေးနွေးမှုအစီအစဉ်များ ရှေ့ဆက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အတွက် (...
24/01/2024

🔲 ထုဆစ် မျှော်ရည် တနင်္သာရီ လူငယ်စကားဝိုင်း ဆွေးနွေးမှုအစီအစဉ်များ ရှေ့ဆက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် အတွက် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလအတွင်း တနင်္သာရီဒေသတွင်းအစုအဖွဲ့များနှင့် ပြည်သူလူထုထံမှ ကောက်ခံရရှိသော အကြံပြုချက်များနှင့် အမြင်သဘောထားများကို စကားဝိုင်းအစီအစဉ်ဝိုင်းတော်သားများမှ အနှစ်ချုပ်ပြန်လည် စုစည်းကာ ဖော်ပြလိုက်ရပါသည်။

#ထုဆစ်_မျှော်ရည်_တနင်္သာရီ_လူငယ်စကားဝိုင်းအစီအစဉ်

Address

Dawei
Tanintharyi Region
14011

Website

Alerts

Be the first to know and let us send you an email when Inlihtan Peninsula Tenasserim - IPT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Inlihtan Peninsula Tenasserim - IPT:

Share