Mulberry Academia Hub

Mulberry Academia Hub "လူငယ်များအတွက် မီးပြတိုက်လေးတခု"
အခြေခံ A1 မှ C1 အထိ ဂျာမန်ဘာသာစကားနှင့် Goethe Exam Preparation အတန်းများစုံစမ်းနိုင်ပါတယ်။

𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ခရီးဝေးသလား ... ? ကျွန်တော်တို့တနေ့က Ads Video တစ်ခု ကြည့်မိလိုက်ပါရဲ့ ဥရောပကျောင်းကြော်ငြာတခု အောက်က Commen...
17/08/2026

𝐒𝐜𝐡𝐨𝐥𝐚𝐫𝐬𝐡𝐢𝐩 ခရီးဝေးသလား ... ?
ကျွန်တော်တို့တနေ့က Ads Video တစ်ခု ကြည့်မိလိုက်ပါရဲ့ ဥရောပကျောင်းကြော်ငြာတခု အောက်က Comment တွေမှာ "ငွေကြေး မတတ်နိုင်ဘူး" ဆိုတဲ့ မှတ်ချက်တွေ အတော်များများ‌ တွေ့ခဲ့လို့ ဒီစာကို ရေးဖို့ စိတ်ကူးရခဲ့တာပါ။

ပညာသင်ယူဖို့ ခရီးလမ်းမှာ ငွေကြေးဆိုတဲ့ စိန်ခေါ်မှုကြောင့် ဝေးကွာနေသလို ထင်ရပေမဲ့ ကြိုးစားချင်စိတ်ရှိပြီး အသင့်အတင့် ထူးချွန်တဲ့ လူငယ်တွေအတွက်တော့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။

ဒါကြောင့် ဥရောပကောင်စီ (European Council) နဲ့ ဂျာမနီအစိုးရက မြန်မာကျောင်းသားတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ပံ့ပိုးပေးထားတဲ့ ပညာသင်ဆု အစီအစဉ်တွေကို လက်လှမ်းမှီသလောက် ဖော်ပြပေးလိုက်ပါတယ်။

1️⃣ EU Mobility Programme for Myanmar (EMPM)
အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရေး ရပ်တန့်ခဲ့ရတဲ့ မြန်မာကျောင်းသား/သူများ ပညာဆက်လက်သင်ယူနိုင်ဖို့ EU (ဥရောပသမဂ္ဂ) က ပေးအပ်တဲ့ ပညာသင်ဆု အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ဥရောပ၏ ထိပ်တန်း ပညာရေးအဖွဲ့အစည်း ၃ ခုဖြစ်တဲ့ DAAD (ဂျာမနီ)၊ Campus France (ပြင်သစ်) နဲ့ Nuffic (နယ်သာလန်) တို့က ပူးပေါင်းစီမံခန့်ခွဲပေးနေတာပါ။
(မှတ်ချက် - ပြင်သစ်နဲ့ နယ်သာလန် ပညာသင်ထောက်ပံ့ရေးအစီအစဉ်ကို စိတ်ဝင်စားရင် အဆိုပါ အဖွဲ့အစည်းနှစ်ခုရဲ့ Website ‌မှာ သွားရောက် စုံစမ်းနိုင်ပါတယ်။)

📌 ထောက်ပံ့ပေးသည့် လမ်းကြောင်း (Mobility) ၂ မျိုး:
* European Partner Institutions: ဥရောပရှိ မိတ်ဖက်တက္ကသိုလ်များသို့ သွားရောက်သင်ယူစေခြင်း
* Regional Transfers: ဒေသတွင်းနိုင်ငံတက္ကသိုလ်များသို့ ပြောင်းရွှေ့သင်ယူခြင်း

📌 Eligibility Requirements (အရည်အချင်းသတ်မှတ်ချက်များ):
* နိုင်ငံသား: မြန်မာနိုင်ငံသား ဖြစ်ရပါမယ်။
* Undergraduate (ဘွဲ့ကြို): တက္ကသိုလ် နောက်ဆုံးနှစ် (Final Year) သင်ယူနေသူ သို့မဟုတ် ၂၀၂၀ မတ်လနောက်ပိုင်း ပညာရေး ရပ်တန့်ခဲ့ရသူများ။
* Master's (မဟာဘွဲ့): မိမိ၏ Home University တွင် အနည်းဆုံး ၁ နှစ် (Master's Coursework/Year 1) ပြီးမြောက်ထားသူများ။
* Language Proficiency: သင်ကြားမည့် ဘာသာစကား (အဓိကအားဖြင့် English) ကို ကျွမ်းကျင်စွာ ပြောဆို/ရေးသားနိုင်ရပါမယ်။ (English Proficiency Certificate ပြသနိုင်ရပါမယ်။)
* အခြား Scholarship မရှိရခြင်း: လျှောက်ထားစဉ် အခြားသော ပညာသင်ဆု/ထောက်ပံ့ကြေးများ ရရှိထားသူ မဖြစ်ရပါ။

📌 ၂၀၂၈ ပညာသင်နှစ်အတွက်ကတော့ ၂၀၂၇ မှာ ပြန်ကြေညာဖို့ များပါတယ်။ (European Council ပညာသင်အစီအစဉ် ကြေညာမယ့် Webpage Link ကိုတော့ Comment Section မှာ ရေးပေးထားပါတယ်)

2️⃣ Erasmus Mundus Joint Master Degrees (EMJM)
သူကတော့ ဥရောပသမဂ္ဂ (EU) က ရာနှုန်းပြည့် ထောက်ပံ့ပေးတဲ့ Full Scholarship မဟာဘွဲ့ အစီအစဉ်တစ်ခုပါ။
ဒီပညာသင်ဆု၏ အဓိက ထူးခြားချက်က "Joint Degree" ဖြစ်တဲ့အတွက် မဟာဘွဲ့ ၂ နှစ် သင်ယူစဉ်အတွင်း အနည်းဆုံး ဥရောပနိုင်ငံ ၂ နိုင်ငံမှာရှိတဲ့ မိတ်ဖက်တက္ကသိုလ်တွေမှာ သွားရောက် ပညာသင်ယူရမှာ ဖြစ်ပါတယ်။

📌 ရရှိနိုင်မည့် အကျိုးခံစားခွင့်များ (Scholarship Coverage)
EMJM က ကုန်ကျစရိတ် အားလုံးကို အပြည့်အဝ စိုက်ထုတ်ပေးသော ပညာသင်ဆုဖြစ်ပါတယ်။
* Tuition Fees: ကျောင်းလခ ၁၀၀% ကင်းလွတ်ခွင့်။
* Monthly Stipend: နေထိုင်/စားသောက်စရိတ်အတွက် တစ်လလျှင် €1,400 (ယူရို ၁,၄၀၀) ဝန်းကျင် (၂ နှစ်စာ)။
* Travel & Installation Costs: လေယာဉ်လက်မှတ်ခ၊ ဗီဇာကြေးနှင့် စတင်အခြေချစရိတ်များ။
* Insurance: ဥရောပတွင် နေထိုင်စဉ် ကျန်းမာရေးအာမခံ အပြည့်အဝ ရရှိပါမယ်။

📌 ဝင်ခွင့် လိုအပ်ချက်များ (Eligibility Requirements)
* Bachelor's Degree: သက်ဆိုင်ရာ ဘာသာရပ် သို့မဟုတ် ၎င်းနှင့် ဆက်စပ်သော ဘာသာရပ်ဖြင့် ဘွဲ့တစ်ခုခု ရရှိထားသူ ဖြစ်ရပါမယ်။ (သို့မဟုတ် ဘွဲ့လွန် မပြီးမီ နောက်ဆုံးနှစ် ရောက်ရှိနေသူ)
* English Language Proficiency: IELTS (အနည်းဆုံး ၆.၅ သို့မဟုတ် ၇.၀) သို့မဟုတ် TOEFL ရမှတ် လိုအပ်ပါသည်။
* Academic Record: ယခင် ဘွဲ့ကြိုတန်း ရမှတ်များ (GPA) ကောင်းမွန်ရန် လိုအပ်ပါသည်။
* အတွေ့အကြုံ/လှုပ်ရှားမှုများ: Scholarship ပေးအပ်ဖို့ ရွေးချယ်တဲ့အခါမှာ ဘာသာရပ်နဲ့ ဆက်စပ်တဲ့ အလုပ်အတွေ့အကြုံ၊ သုတေသန (Research) သို့မဟုတ် လူမှုရေး လုပ်အားပေးမှု (Volunteering) များကိုလည်း ထည့်သွင်းစဉ်းစားမှာပါ။

📌 လျှောက်ထားမှု လမ်းကြောင်း:
* တိုက်ရိုက် လျှောက်ထားရခြင်း: မိမိတက်ရောက်လိုတဲ့ EMJM Course ကို Web Page တွင် တိုက်ရိုက် Online Application တင်ရမှာ ဖြစ်ပါတယ်။ (Link ကို Comment Section မှာ ရေးပေးထားပါတယ်)
* Deadlines: နှစ်စဉ် အောက်တိုဘာ/နိုဝင်ဘာလများတွင် လျှောက်လွှာ စတင်ခေါ်ယူပြီး ဒီဇင်ဘာ မှ ဇန်နဝါရီ/ဖေဖော်ဝါရီလအတွင်း လျှောက်လွှာ ပိတ်လေ့ရှိသည်။
* လျှောက်ထားနိုင်သည့် အရေအတွက်: မိမိနှင့် ကိုက်ညီတဲ့ မဟာဘွဲ့ Program ၃ ခုအထိ တစ်ပြိုင်နက် လျှောက်ထားခွင့် ရှိပါတယ်။

3️⃣ DAAD VORsprung
ဂျာမနီနိုင်ငံမှာ MINT (STEM - သင်္ချာ၊ ကွန်ပျူတာသိပ္ပံ၊ သဘာဝသိပ္ပံ၊ အင်ဂျင်နီယာ/နည်းပညာ) ဘာသာရပ်တွေနဲ့ ဘွဲ့ကြို (Bachelor's Degree) တက်ရောက်လိုတဲ့ အထက်တန်းပြီးစနိုင်ငံတကာကျောင်းသားတွေအတွက် အခမဲ့ Online Preparatory Program (အွန်လိုင်း ပေါင်းကူးပြင်ဆင်ရေး အစီအစဉ်) ဖြစ်ပါတယ်။

📌 VORsprung Program ရဲ့ အဓိက ရည်ရွယ်ချက်
ဂျာမနီကို လူကိုယ်တိုင် သွားရောက်ပြီး Studienkolleg (၁ နှစ် ပေါင်းကူး) တက်ရောက်ရန် မလိုအပ်သေးဘဲ မိခင်နိုင်ငံမှနေပြီး အွန်လိုင်းမှတစ်ဆင့် ဂျာမန်တက္ကသိုလ် ဝင်ခွင့်အတွက် လိုအပ်သော ဘာသာရပ်ဆိုင်ရာ အရည်အချင်းနှင့် ဂျာမန်ဘာသာစကားကို ၆ လမှ ၈ လအထိ ပြင်ဆင်‌ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

📌 အစီအစဉ်၏ ပါဝင်မှုများနှင့် အကျိုးခံစားခွင့်များ
* အခမဲ့ တက်ရောက်ခွင့်: အစီအစဉ်တွင် ပါဝင်ခွင့်ရရှိပါက Course Fee လုံးဝ ပေးရန်မလိုပါ။
* MINT Specialization: Mathematics, Physics, Chemistry နှင့် Computer Science ဘာသာရပ်များကို ဂျာမန်တက္ကသိုလ် Studienkolleg စံနှုန်းအတိုင်း သင်ကြားပေးမှာပါ။
* Language & Test Preparation: ဂျာမန်ဘာသာစကားကို TestDaF စာမေးပွဲ အဆင့်ထိ တက်ရောက်နိုင်ရန် ပြင်ဆင်ပေးပြီး TestAS စာမေးပွဲအတွက်ပါ သင်ကြားပေးမှာပါ။
* Digital Format & Support: Deutsch-Uni Online (DUO) မှတစ်ဆင့် တက်ရောက်ရမည်ဖြစ်ပြီး Online Tutors များ၏ အကူအညီနှင့် လမ်းညွှန်မှုများကို ရရှိမှာဖြစ်ပါတယ်။
* Direct Progression: Program အောင်မြင်ပြီးပါက ပူးပေါင်းပါဝင်ထားသော ဂျာမန် Partner Universities (e.g., Uni Wuppertal, Uni Bielefeld) များတွင် MINT Bachelor Degree တက်ရောက်ရန် လမ်းကြောင်းပွင့်သွားမှာပါ။

📌 Bewerbung (လျှောက်ထားရန် လိုအပ်ချက်များ)
အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရန် အဓိက လိုအပ်တဲ့ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
* German Language Requirement: အနည်းဆုံး Goethe / TELC / ÖSD B1.2 level (သို့မဟုတ် B2) အဆင့် ရှိထားရပါမယ်။
* Academic Qualification: ဂျာမနီတွင် ဘွဲ့တက်ရောက်ရန် Indirect University Entrance Qualification (မြန်မာနိုင်ငံမှ High School / Grade 12 သို့မဟုတ် တက္ကသိုလ် အမှတ်စာရွက်များ) ရှိထားသူ ဖြစ်ရပါမယ်။
* Field of Study: ဂျာမနီတွင် MINT (STEM) ဘာသာရပ်တစ်ခုခုကို အမှန်တကယ် တက်ရောက်ရန် ဆန္ဒရှိသူ ဖြစ်ရပါမယ်။

📌 လျှောက်ထားပုံ စနစ်
* Online Application Submission: DAAD ၏ တရားဝင် Bewerbungsportal Link မှတစ်ဆင့် စာရွက်စာတမ်းများ (High School Diploma, Transcripts, German Language Certificate B1/B2, CV, Motivation Letter) တင်သွင်းရပါမယ်။
* Online Portal: DAAD VORsprung Application Portal တွင် လျှောက်လွှာ ခေါ်ယူတဲ့ မှာ Direct Application တင်ရမှာဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေမှာ ပညာသင်ယူဖို့ဆိုတာ အခက်အခဲတွေ ရှိနိုင်ပေမဲ့ သတင်းအချက်အလက် အမှန်အပေါ်အခြေခံပြီး နည်းလမ်းမှန်မှန်နဲ့ ပြင်ဆင်မယ်ဆိုရင် မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။

မိမိနဲ့ ကိုက်ညီမယ့် ပညာသင်ဆု အစီအစဉ်တွေကို သေချာလေ့လာပြီး လိုအပ်တဲ့ အရည်အချင်းနဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။

အထက်ပါ ပညာသင်ဆုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာနိုင်ဖို့ တရားဝင် Website Link တွေကိုတော့ Comment Section မှာ ထည့်ပေးထားပါတယ်။ အားလုံးပဲ မျှော်လင့်ထားတဲ့ ပညာရေးအိမ်မက်တွေ အမြန်ဆုံး အကောင်အထည်ပေါ်နိုင်ကြပါစေ။ ✨🇲🇲🇪🇺

viel Glück !

#ဂျာမန်စာသင်တန်း

🇩🇪 𝐆𝐞𝐫𝐦𝐚𝐧-𝐭𝐚𝐮𝐠𝐡𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 တက်ဖို့ ဘယ်လို 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 အမျိုးအစား လိုမလဲ .. ?ဂျာမနီမှာ ပညာသင်ဖို့ ပြင်ဆင်နေတဲ့ ကျေ...
10/08/2026

🇩🇪 𝐆𝐞𝐫𝐦𝐚𝐧-𝐭𝐚𝐮𝐠𝐡𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 တက်ဖို့ ဘယ်လို 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 အမျိုးအစား လိုမလဲ .. ?

ဂျာမနီမှာ ပညာသင်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းသားတွေကြားထဲမှာ "ဘယ် 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 ယူရမလဲ" ဆိုတာ အမြဲတမ်း စိတ်ရှုပ်ရတဲ့ မေးခွန်းတစ်ခုပါ။

ဂျာမန်တက္ကသိုလ်‌တွေက အောက်ပါ လက်မှတ် (၄) မျိုးကို အဓိက အသိအမှတ်ပြုကြပါတယ် 👇
1️⃣ Goethe-Zertifikat C1
2️⃣ TestDaF (TDN 4)
3️⃣ telc C1 Hochschule
4️⃣ DSH-2

ဒါပေမဲ့ စာမေးပွဲပုံစံနဲ့ ရည်ရွယ်ချက် ကွာခြားမှုတွေကြောင့် ကျောင်းနဲ့ မေဂျာအလိုက် သီးသန့် သတ်မှတ်ချက်လေးတွေတော့ ရှိတတ်ပါတယ်။ တစ်ခုချင်းစီ အသေးစိတ် ကြည့်ကြည့်ရအောင် 👇

📌 1. Goethe-Zertifikat C1
ဂျာမန်တက္ကသိုလ် အများစုမှာ လက်ခံပါတယ်။
ဒါပေမဲ့ စာမေးပွဲပုံစံက 𝐅𝐮𝐥𝐥𝐲 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐅𝐨𝐜𝐮𝐬 မဟုတ်တဲ့အတွက် အချို့တက္ကသိုလ်တွေနဲ့ ဥပဒေနဲ့ဆေးပညာ မေဂျာအချို့မှာ TestDaF (TDN 4)၊ telc C1 Hochschule တို့ကို လက်ခံပေမယ့် Goethe C2 တောင်းဆိုတာ သို့မဟုတ် Goethe C1 အမှတ်ရာခိုင်နှုန်း မြင့်မှ လက်ခံတာမျိုး ရှိတတ်ပါတယ်။

📌 2. TestDaF
Graph Analysis, Academic Writing နဲ့ Lecture စာတမ်းတွေကို အဓိက စစ်ဆေးတာမလို့ Academic အတွက် ပိုမို အခွင့်သာပါတယ်။
အရေး၊ အဖတ်၊ ‌အ‌ပြော၊ အကြား ကျွမ်းကျင်မှု (၄) မျိုးလုံးကို 𝐓𝐃𝐍 𝟑, 𝟒, 𝟓 ဆိုပြီး အဆင့် (၃) ဆင့် ခွဲခြားထားပါတယ်။
ပုံမှန် အားဖြင့် 𝐓𝐃𝐍 𝟒 (𝟒𝐱𝟒) ရမှ တက္ကသိုလ်အများစုကို တိုက်ရိုက်ဝင်ခွင့် ရပါမယ်။ Goethe လို ကျွမ်းကျင်မှု တစ်ခုချင်း ခွဲဖြေလို့ မရပါဘူး။
💡 ဘာသာတစ်ခုမှာ 3 ဖြစ်သွားပေမဲ့ ကျန်တာတွေ 4/5 ရလို့ စုစုပေါင်း ၁၆ မှတ် ပြည့်ရင် 𝐒𝐓𝐄𝐌 / 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 မေဂျာအချို့မှာ လျှောက်ခွင့်ရနိုင်ခြေရှိပါသေးတယ်။

📌 3. telc C1 Hochschule
သတိထားရမှာက 𝐭𝐞𝐥𝐜 𝐃𝐞𝐮𝐭𝐬𝐜𝐡 𝐂𝟏 (𝐆𝐞𝐧𝐞𝐫𝐚𝐥) နဲ့ မတူပါဘူး။ ... ! General က နေ့စဉ်သုံးနဲ့ လုပ်ငန်းခွင်အတွက်သာ ဖြစ်လို့ တိုက်ရိုက်တက္ကသိုလ်ဝင်ခွင့် လျှောက်လို့ မရပါဘူး။

𝐭𝐞𝐥𝐜 𝐂𝟏 𝐇𝐨𝐜𝐡𝐬𝐜𝐡𝐮𝐥𝐞 ကတော့ ဘွဲ့ကြို (Bachelor) ဒါမှမဟုတ် မဟာတန်း (Master) တက်ရောက်မယ့် နိုင်ငံတကာ ကျောင်းသားများအတွက် သီးသန့် ရေးဆွဲထားတဲ့ Academic အထူးပြုစာမေးပွဲ ဖြစ်ပြီး အမှတ်ပေါင်းရာခိုင်နှုန်း ၆၀% ရရုံနဲ့ Pass ဖြစ်တယ်၊ ကျောင်းအများစု လျှောက်လို့ရမှာဖြစ်‌ပေမယ့် မေဂျာအချို့မှာ ရေးဖြေ/နှုတ်ဖြေ အနည်းဆုံး (၇၅% - ၈၀%) အထက် ရရမယ်ဆိုတဲ့ တောင်းဆိုမှုမျိုး ရှိတတ်ပါတယ်။
ကျောင်းသားကန့်သတ်ထားတဲ့ မေဂျာတွေ (𝐍𝐂-𝐒𝐭𝐮𝐝𝐢𝐞𝐧𝐠ä𝐧𝐠𝐞) လျှောက်ရင် အောင်ရုံအမှတ်ထက် Score အမြင့် ရထားမှ ဝင်ခွင့်ရဖို့ သေချာမှာပါ။

📌 4. DSH (Deutsche Sprachprüfung für den Hochschulzugang)
သက်ဆိုင်ရာဂျာမန်တက္ကသိုလ်က ကျင်းပတဲ့ အရည်အချင်းစစ် စာမေးပွဲပါ။
ပညာအရည်အချင်း ပြည့်မီပေမဲ့ ဘာသာစကားအရည်အချင်း လိုအပ်ချက် အနည်းငယ်ကွာဟနေသူတွေအတွက် တက္ကသိုလ်က ထုတ်ပေးတဲ့ အခြေအနေအလိုက် ကျောင်းဝင်ခွင့် (Bedingte Zulassung) ရထားသူတွေ ဒါမှမဟုတ် စာမေးပွဲဖြေဆိုဖို့ ဖိတ်ခေါ်စာ (Einladung zurDSH-Prüfung) ရရှိထားသူတွေ ဖြေဆိုခွင့်ရတာ ဖြစ်ပါတယ်။ (ဥပမာ ... Telc C1 General ဖြစ်နေတာ၊ TestDaf ရမှတ်နည်းနေတာ)
သီးသန့် 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 အတွက် 𝐋𝐞𝐢𝐛𝐧𝐢𝐳 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐇𝐚𝐧𝐧𝐨𝐯𝐞𝐫 နဲ့ 𝐅𝐇 𝐀𝐚𝐜𝐡𝐞𝐧 - 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐒𝐜𝐢𝐞𝐧𝐜𝐞𝐬 တို့မှာ ပြင်ပ‌ဖြေအနေနဲ့ ဖြေဆိုနိုင်ပါတယ်။
ဖြေဆိုပြီး 𝐃𝐒𝐇-𝟐 အဆင့်ဖြင့်အောင်မြင်ပါက ၎င်း 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 နှင့် တက္ကသိုလ်အများစုအတွက် တိုက်ရိုက်တက်ရောက်ခွင့်လျှောက်ထားနိုင်ပါတယ်။

💡 အနှစ်ချုပ်အနေနဲ့
ကိုယ်ရရှိထားတဲ့ လက်မှတ်နဲ့ ရမှတ်အခြေအနေဟာ ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်/မေဂျာနဲ့ ကိုက်ညီမှု ရှိ/မရှိကို မလျှောက်မီ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞 (𝐀𝐤𝐚𝐝𝐞𝐦𝐢𝐬𝐜𝐡𝐞𝐬 𝐀𝐮𝐬𝐥𝐚𝐧𝐝𝐬𝐚𝐦𝐭) ဒါမှမဟုတ် 𝐂𝐨𝐮𝐫𝐬𝐞 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 စာမျက်နှာမှာ သေချာ တိုက်ဆိုင်စစ်ဆေးကြဖို့ အကြံပြုချင်ပါတယ်။

အားလုံးပဲ ဂျာမနီ ပညာရေးခရီးလမ်း ဖြောင့်ဖြူးကြပါစေ! 🇩🇪✨

#ဂျာမန်စာ

🇩🇪 ဂျာမန်ဘာသာစကား B1 ရောက်ဖို့ အချိန်ဘယ်လောက် ပေးရမလဲ။ ... ? "ဂျာမန်စာ B1 ရောက်ဖို့ အချိန်ဘယ်လောက် ကြာမလဲ" ဆိုတဲ့ မေးခွန...
07/08/2026

🇩🇪 ဂျာမန်ဘာသာစကား B1 ရောက်ဖို့ အချိန်ဘယ်လောက် ပေးရမလဲ။ ... ?
"ဂျာမန်စာ B1 ရောက်ဖို့ အချိန်ဘယ်လောက် ကြာမလဲ" ဆိုတဲ့ မေးခွန်းအတွက် သေချာတာတစ်ခုကတော့ "တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး" ဆိုတာပါပဲ။
ဘာကြောင့်လဲဆိုတော့ သင်ယူမှုနှုန်းထားဆိုတာ အောက်ပါအချက်တွေပေါ်မှာ မူတည်နေလို့ပါ။

⏱️ မိမိကိုယ်တိုင် ပေးနိုင်တဲ့ အချိန်နှင့် ကြိုးစားအားထုတ်မှု
📚 စာသင်ခန်းပြင်ပ အပိုထပ်ဆောင်း လေ့ကျင့်နိုင်မှု
🌐 အခြား ဘာသာစကားတစ်ခုခုကို လေ့လာဖူးသည့် အတွေ့အကြုံ
🇩🇪 ဂျာမနီစကားပြော ပတ်ဝန်းကျင်မှာ ထိတွေ့သင်ယူခွင့်ရခြင်း အစရှိတာတွေမှာပါ။

📊 "Goethe-Institut" ရဲ့ သတ်မှတ်ချက်အရ အဆင့်တစ်ခုစီအတွက် လိုအပ်တဲ့ ခန့်မှန်း စာသင်ကြားချိန် (Guided Learning Hours) များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
🟢 A1 Level: နာရီ ၆၀ - ၁၅၀ ဝန်းကျင်
🔵 A2 Level: နာရီ ၁၅၀ - ၂၆၀ ဝန်းကျင်
🟣 B1 Level: နာရီ ၂၆၀ - ၄၉၀ ဝန်းကျင်

⚠️ သတိပြုရန် - တရားဝင်သင်ကြားသည့်ကျောင်းချင်းအချိန်ယူပုံမတူညီကြပါ။
"BAMF" (ဖက်ဒရယ် ရွှေ့ပြောင်းနေထိုင်ရေးနှင့် ဒုက္ခသည်များဆိုင်ရာရုံး) ၏ သက်မှတ်ချက်အရ A1.1 level* တခုတည်းအတွက်ပင် (၇၅) နာရီ အချိန်ယူသင်ယူရမှာဖြစ်ပြီး "Goethe Institute" မှာတော့ (၇၂) နာရီ သင်ကြားပေးပါတယ်။
တဖန် ဂျာမနီရှိအချို့သော ကျောင်းများမှာ (၄၈) နာရီ သင်ကြားပေးပြီး၊ စာအုပ်ထုတ်ဝေရေး "Hueber publishing" က အကြံပြုသည့် စာသင်ကြားချိန်မှာ (၄၅) နာရီဖြစ်နေတတ်ပါတယ်။

💡 ဒီအချက်အလက်ကို သိရှိပြီးသွားရင်တော့ သင်တန်းတခု ရွေးချယ်တဲ့အခါ နှိုင်းယှဉ်ဖို့ စံနှုန်းတခုရလာပါလိမ့်မယ်။
ကျောင်းတစ်ကျောင်းရဲ့ စာသင်ကြားချိန်ဟာ "BAMF" က သက်မှတ်သလို (၇၅) နာရီ သင်သလား၊ "Goethe" လို (၇၂) နာရီလား၊ မဟုတ်လည်း "Hueber" က အကြံပြုလေ့ရှိတဲ့ (၄၅) နာရီလား ဆိုတာကို မိမိအနေနဲ့ ချိန်ထိုးစဉ်းစားရပါမယ်။

⚠️ နောက်ထပ်သတိပြုရမှာက "Cost per hour" တစ်နာရီစာ ကုန်ကျစရိတ်ပါ။
မြန်မာပြည် "Goethe" မှာ A1.1 level တခုအတွက် ကုန်ကျစရိတ်က (၆၅၀,၀၀၀) ကျပ် ဖြစ်ပေမယ့် စာသင်ချိန် (၇၂) နာရီဖြစ်တဲ့အတွက် တစ်နာရီမှာဆို (၉,၀၀၀) ကျပ်လောက်ပဲ ကျပါမယ်။ ဒါဟာအိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တောင် သက်သာတဲ့ နှုန်းထားပါ။ တချို့သော သင်တန်းတွေ သက်သာတယ်လို့ ထင်ရပေမယ့် စာသင်ချိန်နည်းပြီး "Cost per hour" ပိုများနေတာမျိုးရှိတဲ့ အတွက် ဂရုပြုပါ။

✨ ကဲ ... ဒီလောက်ဆို "B1" ရောက်ဖို့ အချိန်ဘယ်လောက်လိုမလဲ နားလည်ရုံသာမက သင်တန်းရွေးချယ်တဲ့ အခါမှာ လည်း စာသင်ကြားချိန်၊ "Cost per hour" တို့ကို သိရှိနားလည်ပြီး ကိုယ်နဲ့ အကိုက်ညီဆုံးကို ရွေးချယ်နိုင်ပြီး ဂျာမန်စာသင်ယူမှု ခရီးလမ်းဖြောင့်ဖြူးပြီး လိုရာပန်းတိုင်သို့ အချိန်တိုတိုနဲ့ ရောက်ဖို့ ဆုတောင်းပေးပါတယ်။
တခြားပြောလိုတာ ရှိရင်လည်း Comment ပေးခဲ့ပါဦး။

Vielen Dank 🤗

#ဂျာမန်ဘာသာစကား #ဂျာမန်စာသင်တန်း

31/07/2026

🤗 ဂျာမနီနိုင်ငံပြင်ပကနေ လျှောက်ထားနိုင်တယ့် EU ရဲ့ Study, fellowship and scholarship program တွေအကြောင်း တရက် ရေးပေးချင်ပါသေးတယ်။

30/07/2026

Hallo ...
A1.1 (ဂျာမန်စာကို အခုမှ စတင်သင်ယူမည့်သူများအတွက်)၊ A1.2 နဲ့ B1 Sprechen အတန်းတွေကို ဩဂုတ်လအတွင်းမှာ စတင်ဖွင့်လှစ်သွားတော့မှာဖြစ်ပြီး အစမ်းတက်ရောက်လိုသူများ အနေနဲ့ မေးမြန်းစုံစမ်းနိုင်ပါပြီ။

အဲ့မတိုင်ခင်တော့ ဒီဗီဒီယိုလေးကြည့်ပြီး အောက်က " Quizz " လေးကိုအဖြေရှာရအောင်ပါ။

Für welche Zielgruppe ist das Fahrrad laut der Sprecherin besonders gut geeignet ?

A) Für professionelle Radrennfahrer.
B) Für Kinder unter sechs Jahren.
C) Für Studierende, Schüler und junge Berufstätige mit langem Pendelweg.
D) Für Senioren, die lange Strecken auf dem Land fahren.

အဖြေကို comment မှာပဲ ‌ရေးပေးထားခဲ့ပါ။ ဝင်ရောက် သရုပ်ဆောင်ပေးတဲ့ Tr.Felix ကိုလည်း ကျေးဇူးတင်ပါတယ်။

Danke 🤗

#ဂျာမန်စာဂျာမန်စကား #ဂျာမန်စာသင်တန်း

📚 ဂျာမန်ဘာသာစကား စတင်သင်ယူမယ့်သူတိုင်း သိထားသင့်တဲ့ " CEFR " စံနှုန်း စနစ်။ဂျာမန်စာကို စတင်လေ့လာမယ်ဆိုရင် ပထမဆုံး သိထားသ...
28/07/2026

📚 ဂျာမန်ဘာသာစကား စတင်သင်ယူမယ့်သူတိုင်း သိထားသင့်တဲ့ " CEFR " စံနှုန်း စနစ်။

ဂျာမန်စာကို စတင်လေ့လာမယ်ဆိုရင် ပထမဆုံး သိထားသင့်တဲ့ ​ဥရောပဘာသာစကားကျွမ်းကျင်မှုကို အကဲဖြတ်ရာမှာ စံနှုန်းအဖြစ် အသုံးပြုတဲ့
" CEFR (Common European Framework of Reference for Languages) " စနစ် အကြောင်း အနည်းငယ်ပြောချင်ပါတယ်။

CEFR မှာ ဘာသာစကားတတ်မြောက်မှုကို အောက်ပါအတိုင်း အဆင့်လိုက်ခွဲခြားသတ်မှတ်ထားပါတယ်။

✅ A1 → A2 → B1 → B2 → C1 → C2

A1 ကိုယ်တိုင်က အခြေခံ (Basic) အဆင့်ဖြစ်ပြီးသင်ကြားရလွယ်ကူစေဖို့ " Level " တစ်ခုချင်းစီကို " Sub-level " တွေအဖြစ် ထပ်မံခွဲခြမ်းထားပါတယ်။

• A1 → A1.1 / A1.2
• A2 → A2.1 / A2.2
• B1 → B1.1 / B1.2
• B2 → B2.1 / B2.2

A1.1 ကတော့ " ABCD " ဂျာမန် အက္ခရာတွေကနေ စတင်သင်ယူရမယ့် အခြေခံအကျဆုံး (Beginner) အဆင့်ပါ။

တချို့သင်တန်းတွေမှာတော့ " Sub-level " ကို ၃ ပိုင်း အထိ ခွဲပြီး သင်ကြားတာမျိုးလည်း တွေ့ရပါတယ်။ သို့သော် Goethe-Institut နဲ့ VHS တို့မှာ လက်ရှိအသုံးပြုနေတဲ့ သင်ရိုးစာအုပ်တွေမှာတော့ " Level " တစ်ခုစီကို " 1.1 / 1.2 " ဆိုပြီး ၂ ပိုင်းသာ ခွဲပါတယ်။

ဒါကြောင့် A1.1 ဟာ အက္ခရာကနေ စတင်သင်ယူတဲ့ အခြေခံ အဆင့်ဖြစ်ပြီး A1.1 အပြင် A1.2 ကိုပါ ပြီးမြောက်မှ A1 Level ပြီးဆုံးတယ်လို့ သတ်မှတ်ပါတယ်။

📝 စာမေးပွဲဖြေဆိုရာမှာတော့ A1.1၊ A1.2 စသဖြင့် " Sub-level " အလိုက် ဖြေဆိုရတာမဟုတ်ဘဲ၊ မိမိဖြေဆိုလိုတဲ့ " Level (A1, A2, B1...) " ကို တိုက်ရိုက် ရွေးချယ်ဖြေဆိုနိုင်ပါတယ်။

⏰ သင်ကြားချိန် (Learning Hours)
ဘယ်လောက်ရှိသင့်တယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်။
သာမန်အားဖြင့် —

• A1.1 — အနည်းဆုံး ၄၅ နာရီ
• A1 (A1.1 + A1.2) — အနည်းဆုံး ၉၀ နာရီ

ဖြည့်ပြောလိုတာကတော့ " CEFR " က သင်ယူချိန် (Hours) ကို အဓိကထား သတ်မှတ်ထားတာမဟုတ်ပါဘူး။ ကျောင်းသားတစ်ယောက်နဲ့ တစ်ယောက် သင်ယူနိုင်စွမ်း မတူညီတဲ့အတွက် ပြီးမြောက်ရမယ့် " Competencies (Learning Outcomes) " ကိုသာ အဓိကထား သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် A1.1 အတွက် အနည်းဆုံး ၄၅ နာရီ ဆိုတာကတော့ " CEFR " စံနှုန်းအတိုင်း သင်ကြားတဲ့ ကျောင်းအများစုက သာမန်ကျောင်းသားတစ်ယောက်အတွက် လိုအပ်တဲ့ သင်ကြားချိန်အဖြစ် လက်ခံအသုံးပြုနေတဲ့ စာသင်ချိန်ဖြစ်ပါတယ်။

📈 နောက်ထပ် သတိပြုသင့်တာက " Level " မြင့်လေ၊ သင်ယူရမယ့် အကြောင်းအရာတွေ ပိုမိုခက်ခဲလာပြီး လိုအပ်တဲ့ သင်ကြားချိန်တွေလည်း ပိုမိုများပြားလာလေ ဆိုတာပါ။

ဂျာမန်စာ စတင်လေ့လာမယ့်သူတွေအတွက် ဒီအချက်တွေကို သိထားမယ်ဆိုရင် ကိုယ့်ရဲ့ Learning Journey ကို ပိုမိုရှင်းလင်းစွာ စီစဉ်နိုင်ပါလိမ့်မယ်။

Danke fürs Lesen 😊

#ဂျာမန်ဘာသာစကား

ကျွန်တော်တို့ မိတ်ဆွေရဲ့ Deutsch speaking club အကြောင်းပါ။🇩🇪 Sprachkaffee မှာ ကျွန်တော်တို့ ဘာတွေလုပ်ကြလဲ ? ☕️ဂျာမန်စာ စ...
25/07/2026

ကျွန်တော်တို့ မိတ်ဆွေရဲ့ Deutsch speaking club အကြောင်းပါ။

🇩🇪 Sprachkaffee မှာ ကျွန်တော်တို့ ဘာတွေလုပ်ကြလဲ ? ☕️

ဂျာမန်စာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေသူတွေ၊ ခရီးသွားဖို့နဲ့ အလုပ်အကိုင်အတွက် လိုအပ်နေတဲ့ ဂျာမန်စာလေ့လာနေသူတိုင်းအတွက် " Sprachkaffee " မှာ စနစ်တကျ Conversation practice လုပ်လို့ရမယ့် အခွင့်အရေး ရှိနေပါပြီ။

💡 Sprachkaffee မှာ ဘာတွေ လေ့ကျင့်ရမလဲ ?

Speaking Exam Practice
Goethe (B1 Sprechen Module) နဲ့ Telc (B1 Sprechen Teil 2) လို စာမေးပွဲ ပုံစံတွေကို B1 level သို့မဟုတ် အဲ့အထက်ရှိတဲ့ အခြား သင်တန်းသား/သူတွေနဲ့အတူ စနစ်တကျ လေ့ကျင့်နိုင်မှာပါ။

Academic & Work Topics
Vocabulary တိုးတက်စေဖို့ အလုပ်အကိုင်၊ ပညာရေးနဲ့ စာမေးပွဲဆိုင်ရာ အကြောင်းအရာ ခေါင်းစဉ်တွေကို ဆွေးနွေးကြမှာပါ။

Relaxed Practice
Memes တွေ၊ ရယ်ရွှင်ဖွယ် ကိစ္စ‌တွေကို ဆွေးနွေးရင်း ပေါ့ပေါ့ပါးပါး ပြောဆိုလေ့ကျင့်နိုင်ပါတယ်။

Quizzes & Grammar
Kahoot အစရှိတဲ့ Quizzes ဂိမ်းတွေနဲ့ Grammar ပိုင်းကိုလည်း ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဦးမှာပါ။

📌 ပါဝင်တက်ရောက်ရန် လိုအပ်ချက်များ
German level အနည်းဆုံး B1 ရှိဖို့လိုပါတယ်။
English level အနည်းဆုံး B2 ရှိဖို့လိုပါတယ်။

📌 သိရှိရန်လိုအပ်သည်များ
Speaking club ဖြစ်သည့်အတွက် စာသင်ပေးမည် မဟုတ်ပါ။

မည်သည့်အဖိုးအခမှ ပေးရန်မလိုပါ။

လက်တလော ၁ ‌နေရာသာရပါဦးမယ်။

Social project တခုဖြစ်လို့ လူစိစစ်ပြီးသာ လက်ခံသွားမှာဖြစ်ပါတယ်။‌

စိတ်ဝင်စားသူများ chatbox မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

#ဂျာမန်စာဂျာမန်စကား

ဂျာမန်စာလုံးတွေ မှတ်ရခက် မေ့ရလွယ်ဖြစ်လို့ စိတ်ညစ်နေပြီလား ? 😓တကယ်တော့ အထပ်ထပ်လေ့ကျင့်ကျက်မှတ်တာက လိုအပ်ပေမယ့် နိစ္စဒူဝအလ...
23/07/2026

ဂျာမန်စာလုံးတွေ မှတ်ရခက် မေ့ရလွယ်ဖြစ်လို့ စိတ်ညစ်နေပြီလား ? 😓

တကယ်တော့ အထပ်ထပ်လေ့ကျင့်ကျက်မှတ်တာက လိုအပ်ပေမယ့် နိစ္စဒူဝအလုပ်ကိစ္စတဖက်နဲ့ ဂျာမန်စာလေ့လာနေရသူတွေအတွက် စာတစ်လုံးတည်းကို A4 စာမျက်နှာ အပြည့်‌ရေးတာကတော့ ပင်ပန်းလွန်းလှပါတယ်။

ဒါကြောင့် အခေါက်အခေါက်အခါခါ ကျက်မှတ်တာကို အစားထိုးတာမဟုတ်ဘဲ တွဲဖက်အသုံးပြုလို့ရတဲ့ နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။

💡 Association Method (ချိတ်ဆက်မှတ်သားနည်း)

ကိုယ့်စိတ်ထဲ စွဲထင်ပြီးဖြစ်တဲ့...
😂 Meme တစ်ခု
🎬 ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခန်း
🎵 သီချင်းစာသားတစ်ကြောင်း
📖 စာအုပ်နာမည်တစ်ခု
💬 ဒါမှမဟုတ် အမြဲအမှတ်ရနေတဲ့ စကားတစ်ခွန်း

အဲဒီအရာတွေကို ဂျာမန်စကားလုံး၊ စကားစုတွေနဲ့ အစားထိုးပြီး မှတ်သားကြည့်ပါ။

ဥပမာ...

📖 "သူမင်းကို ဘယ်တော့မှ" ဆိုတဲ့ စာအုပ်နာမည်ကို မှတ်မိနေတယ်ဆိုရင်...

🇩🇪 အနီးစပ်ဆုံး "Sie wird niemals" ဆိုတဲ့ ဂျာမန်စကားစုနဲ့ အသံထွက်ပါ ချိတ်ဆက်မှတ်သားနိုင်ပါတယ်။

ဒီလိုချိတ်ဆက်မှတ်သားခြင်းက စကားလုံးကို အတင်းကျက်ထားတာထက် ပိုပြီး ကြာရှည်မှတ်မိစေမှာပါ။

🧠 မှတ်ဉာဏ်ကောင်းဖို့ထက် မှတ်မိလွယ်တဲ့ ချိတ်ဆက်မှု (Association) ဖန်တီးတတ်ဖို့က ပိုအရေးကြီးပါတယ်။

စာဖတ်သူတွေ အနေနဲ့ရော ဂျာမန်စကားလုံးတွေကို မှတ်မိဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုလေ့ရှိလဲ ဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦး။

#ဂျာမန်ဘာသာစကား

Address

No. 26 (3rd Floor), East Horse Racing Course Street
Tamwe

Website

Alerts

Be the first to know and let us send you an email when Mulberry Academia Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share