13/06/2026
ART ဆေးကို တစ်ရက်သောက်ဖို့မေ့ခဲ့ရင် ဘာလုပ်သင့်လဲ?
ART ဆေးသောက်နေသူတိုင်း တစ်ခါတလေ ဆေးသောက်ဖို့ မေ့သွားတာမျိုး ဖြစ်နိုင်ပါတယ်။
✅ သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်ပါ။ ✅ နောက်တစ်ကြိမ် သောက်ရမယ့်အချိန်နီးနေပြီဆိုရင် ပုံမှန်အချိန်အတိုင်း ဆက်သောက်ပါ။ ❌ မေ့သွားတဲ့ဆေးအတွက် ဆေးနှစ်လုံးတစ်ခါတည်း မသောက်ပါနဲ့။
ART ဆေးကို ပုံမှန်သောက်ခြင်းက Viral Load ကို ထိန်းထားနိုင်ဖို့နဲ့ ကျန်းမာတဲ့ဘဝကို ဆက်လက်နေထိုင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။
ART, PEP နှင့် HIV ဆိုင်ရာ သိလိုသည်များကို 09764224628 ကိုခေါ်ဆို၍ဖြစ်စေ page messengerမှာလည်းလာရောက်မေးမြန်းနိုင်ပါတယ်။