12/06/2026
#အမေရိကန်ပြည်ထောင်စု_နယူးယောက်ပြည်နယ်နေ_ဒေါ်သိန်းခင်၏
#အသက်၈၀ပြည့်_ဝိဇာတမွေးနေ့မင်္ဂလာ 🎂🎂🎂
"ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစွာဖြင့် သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။" 🙏🙏🙏
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမေရိကန်ပြည်ထောင်စု၊နယူးယောက်ပြည်နယ်နေ
#ဒေါ်သိန်းခင် ၏ (၁၂.၆.၂၀၂၆)နေ့တွင် ကျရောက်သော အသက်(၈၀)ပြည့် မွေးနေ့ရတုအခါသမယမှာ ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ရွှေကရုဏာ ဖောင်ဒေးရှင်း ၊ ရွှေကရုဏာစေတနာဆေးခန်းသို့
ဇီဝိတဒါန ဆေးပဒေသာပင်အလှူငွေ
✨️✨ ️ #၁၅၀၀၀၀၀ိ / ✨️✨️
✨ #တစ်ဆယ့်ငါးသိန်းကျပ်✨️ ကို သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပေးပါသော အလှူရှင်ကြီး မိသားစုအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏🙏🙏
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️
ဤသို့သော မြတ်လှစွာသော မွေးနေ့ကုသိုလ်ကံ စေတနာတို့ကြောင့်
#ကျန်းမာခြင်းအရာမှာ -
ဝေဒနာအပေါင်းမှ ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် အနာရောဂါကင်းရှင်းပါစေ။ 🙏
#သက်ရှည်ခြင်းအရာမှာ -
မိသားစု၊ သားသမီး၊ မြေးမြစ်များနှင့်တကွ နှစ်ပေါင်းများစွာတိုင် သက်တော်ရာကျော် ရှည်ပါစေ။ 🙏
#ချမ်းသာခြင်းအရာမှာ -
ရရှိထားသော ဓနဥစ္စာများ ယခုထက်မက တိုးပွားပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်စုံပါစေ။ 🙏
~~~~~~~~~~~~~~~~~~~~~~~~~~~
ရွှေကရုဏာ ဖောင်ဒေးရှင်း စေတနာဆေးခန်း မိသားစု၏ ကန်တော့စကားနှင့် ဆုတောင်း 🙏🙏🙏
" #အလှူရှင်ကြီး_ဒေါ်သိန်းခင် လှူဒါန်းလိုက်သော အလှူငွေများသည် နွမ်းပါးသော လူနာပေါင်းများစွာ၏ အသက်နှင့် ကျန်းမာရေးအတွက် အလွန်ပင် တန်ဖိုးရှိလှပါသည်။
ဤကောင်းမှုကုသိုလ်ကြောင့်
#အလှူရှင်ကြီး_ဒေါ်သိန်းခင်နှင့်မိသားစုအားလုံးသည်လည်း သက်ဆုံးတိုင် ဘေးဥပဒ်အန္တရာယ် ကင်းဝေးပြီး ငြိမ်းချမ်းသာယာသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ရိုသေစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။"
(ရွှေကရုဏာဖောင်ဒေးရှင်း - စစ်တွေမြို့ )
~~~~~~~~~~~~~~~~~~~~~~~~~~~
📞အလှူရှင်များဆက်သွယ်ရန်
U Mg San Shwe
Viber/K pay 09 421742424
U Aung Kyaw Won
Viber/K pay 09 5140215