We Are One-WAO

We Are One-WAO To Support LGBTQIA+ and People who were discrimination against

ဒစ်ဂျစ်တယ်ခေတ်မှာ အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ဖို့ လိုအပ်တဲ့ Skills တွေကို လေ့လာဖို့ အဆင်သင့်ဖြစ်ပြီလား? 👀We Are One ...
15/06/2026

ဒစ်ဂျစ်တယ်ခေတ်မှာ အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်ဖို့ လိုအပ်တဲ့ Skills တွေကို လေ့လာဖို့ အဆင်သင့်ဖြစ်ပြီလား? 👀

We Are One အနေဖြင့် Community Partner အဖြစ် လက်တွဲထားတဲ့ NaviGo ကနေပြီး စီစဉ်ကျင်းပမည့် Find Your Digital Path Workshop မှာ လူငယ်များအတွက် အရေးကြီးသော ခေါင်းစဉ် (၂) ခုကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

📱 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟏: 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐋𝐢𝐭𝐞𝐫𝐚𝐜𝐲
✅ Digital Literacy ဆိုတာ ဘာလဲ?
✅ နေ့စဉ်ဘဝနဲ့ အလုပ်အကိုင်အတွက် အသုံးဝင်တဲ့ Apps & Tools များ
✅ Digital Safety & Security
✅ လက်ရှိ Tech Trends များ
✅ Telegram Bot မိတ်ဆက်နှင့် လက်တွေ့အသုံးပြုနည်း

📰 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝟐: 𝐌𝐢𝐬𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 & 𝐃𝐢𝐬𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
✅ သတင်းမှားများကို ခွဲခြားသိမြင်နိုင်ခြင်း
✅ Fact-checking အခြေခံနည်းလမ်းများ
✅ Digital Platform များပေါ်တွင် သတင်းအချက်အလက်များကို မှန်ကန်စွာအသုံးပြုနိုင်ေစရန် စသဖြင့်ပါဝင်ပါတယ်ခင်ဗျာ!

📅 Date: 20 June 2026
⏰ Time: 9:00 am to 4:30 pm
📍 Venue: The Moon Gallery Café & Bistro, No.187, 2nd Floor, The Regency Offices, Pyay Road, Kamayut Township, Yangon

🎁 ပါဝင်သူများအတွက်
🍽️ Lunch Provided
☕ Tea Break & Refreshments
🚕 Travel Allowance Provided
📜 Certificate of Participation

👥 အသက် (18 - 35) နှစ်အတွင်း လူငယ်များ လျှောက်ထားနိုင်ပါသည်။

✨ Digital Skills တွေ မြှင့်တင်ပြီး သတင်းအချက်အလက်တွေကို ဝေဖန်စဉ်းစားတတ်တဲ့ Digital Citizen တစ်ယောက်ဖြစ်လာဖို့ အခွင့်အရေးကို လက်မလွှတ်ပါနဲ့!

📝 Register Here:

https://forms.gle/GK3YF5muPPYsCpRE8

📌 Seats are limited. Register early to secure your spot!







📢 လမ်းပျောက်နေတယ်လို့ ခံစားရဖူးလား?အလုပ်အကိုင်ရှာဖွေရေး၊ သင်တန်းအခွင့်အလမ်းများ၊ CV ပြင်ဆင်ရေးနဲ့ Career လမ်းကြောင်းရွေး...
07/06/2026

📢 လမ်းပျောက်နေတယ်လို့ ခံစားရဖူးလား?

အလုပ်အကိုင်ရှာဖွေရေး၊ သင်တန်းအခွင့်အလမ်းများ၊ CV ပြင်ဆင်ရေးနဲ့ Career လမ်းကြောင်းရွေးချယ်မှုတွေကြားမှာ ဘယ်ကစရမလဲ မသိဖြစ်နေသူတွေအတွက် စိတ်ဝင်စားစရာ Project တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ✨

💙 NaviGo ဟာ လူငယ်များ၊ ရွှေ့ပြောင်းနေထိုင်သူများနဲ့ အခွင့်အလမ်းရှာဖွေနေသူများအတွက် လိုအပ်တဲ့ Resources တွေကို တစ်နေရာတည်းမှာ အလွယ်တကူ ရှာဖွေနိုင်စေဖို့ ဖန်တီးနေတဲ့ Telegram Bot Project တစ်ခု ဖြစ်ပါတယ်။

🤝 Youth Network တစ်ခုဖြစ်တဲ့ We Are One အနေနဲ့လည်း ဒီ project လေးရဲ့ community partner အဖြစ် ပါဝင်ပေးသွားပါမှာဖြစ်ပါတယ်။

📌 NaviGo မှာ ဘာတွေ ရနိုင်မလဲ?

🔍 အလုပ်အကိုင်ရှာဖွေရန် အသုံးဝင်သော Job Finder Websites နှင့် Resources တွေ

🎓 သင်တန်းတွေ၊ Vocational Skills နှင့် Skill Development အချက်အလက်တွေ

📝 CV Writing နှင့် Career Preparation Resources

🛡 Scam Jobs (အလုပ်အကိုင်နဲ့ပက်သက်ပြီး လိမ်လည်မှုတွေ) အကြောင်း သတိပေး အချက်အလက်တွေ

🧭 ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေမယ့် Self-Navigation Guidance စသဖြင့် စုံစုံလင်လင်ပါဝင်သွားမှာဖြစ်ပါတယ်။

💡 NaviGo ဘယ်လိုဖြစ်လာခဲ့တာလဲ?

NaviGo ကို Young City Shapers Programme Cohort 17 ရဲ့ Capstone Project အဖြစ် အဖွဲဝင် (၆) ယောက်ကနေ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။

လူငယ်တွေအတွက် အခွင့်အလမ်းတွေကို ပိုမိုလက်လှမ်းမီစေဖို၊ အနာဂတ်အတွက် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ရရှိစေဖို ရည်ရွယ်ပြီး ဒီ Project ကို စတင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တိုရဲ့ Telegram Bot လေးကို

📅 June လ တတိယအပတ်မှာ NaviGo ကို စတင် Launch လုပ်သွားမှာ ဖြစ်ပါတယ်။

Launch နဲ့အတူ လူငယ်တွေအတွက် အသုံးဝင်မယ့်

💻 Digital Literacy

🔎 Disinformation & Misinformation Awareness

Workshop များကို Online နှင့် Offline ပုံစံများဖြင့် ရန်ကုန်မြိုတစ်နေရာမှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

Project လေးအကြောင်း ထပ်ပြီးသိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်လေးကတစ်ဆင့် ဆက်လက်စောင့်ကြည့်လို့ရပါတယ်ခင်ဗျာ။ ⏬

https://www.facebook.com/share/p/1BVt4iNcC8/?mibextid=wwXIfr


Pride Month 2026 ကို ဂုဏ်ပြုသည့် ဤအချိန်အခါတွင် ကျွန်ုပ်တို့ We Are One အနေဖြင့် LGBTQ+ များ၏ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ၊...
02/06/2026

Pride Month 2026 ကို ဂုဏ်ပြုသည့် ဤအချိန်အခါတွင် ကျွန်ုပ်တို့ We Are One အနေဖြင့် LGBTQ+ များ၏ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာ၊ လုံခြုံရေးနှင့် တန်းတူညီမျှမှုတို့အတွက် ကျွန်ုပ်တို့၏ ရပ်တည်ချက်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။

လူသားတိုင်း တန်းတူညီသော အခွင့်အရေးများ၊ အကာအကွယ်များနှင့် ဂုဏ်သိက္ခာကိုသာ ပြည့်မှီရမည်ဖြစ်ပါသည်။

ဤလှုပ်ရှားမှုသည် LGBTQ+ အသိုင်းအဝိုင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ လူတိုင်းအတွက် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များကို ထောက်ခံအားပေးကြသည့် မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများအနေဖြင့် ဤအသံတွင် ပါဝင်ပူးပေါင်း၍ အတူတကွ ရပ်တည်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ ရပ်တည်လိုပါက ဤပို့စ်ကို Share လုပ်ပေးခြင်းဖြင့်သော်လည်းကောင်း၊ Comment တွင် ပူးပေါင်းကြောင်း ဖော်ပြပေးခြင်းဖြင့်သော်လည်းကောင်း ပါဝင်ပေးနိုင်ပါသည်။

“Until every LGBTQ+ person can live safely, participate equally, and enjoy their rights without fear, our collective responsibility remains unfinished.”

"ဘာလို့ ငါပဲ ဒီလိုဖြစ်နေရတာလဲ?" "ငါ့ကို ဘယ်သူမှ နားမလည်ဘူး" "ငါ မကောင်းလို့ပဲလား?"ဒီစကားလုံးတွေက LGBTQ+ တစ်ယောက်အနေနဲ့ လ...
16/03/2026

"ဘာလို့ ငါပဲ ဒီလိုဖြစ်နေရတာလဲ?" "ငါ့ကို ဘယ်သူမှ နားမလည်ဘူး" "ငါ မကောင်းလို့ပဲလား?"

ဒီစကားလုံးတွေက LGBTQ+ တစ်ယောက်အနေနဲ့ လူမှုပတ်ဝန်းကျင်ကြားမှာ ရပ်တည်ရင်း ကိုယ့်ကိုယ်ကို ပြန်ပတ်နေတဲ့ Drama Triangle (သံသရာ) ရဲ့ အစပဲ။ စိတ်ဖိစီးမှုဆိုတာ အပြင်ကလာတာထက်၊ ကိုယ့်အတွင်းစိတ်က အဖြစ်အပျက်တွေကို ဘယ်လိုအဓိပ္ပာယ်ဖွင့် (Perception) လိုက်လဲဆိုတာပေါ်မှာ အများကြီး မူတည်နေပါတယ်။

ကိုယ့်ကိုယ်ကို တကယ်ချစ်တယ်ဆိုတာ ဈေးဝယ်ထွက်တာ၊ အလှပြင်တာထက် ပိုနက်ရှိုင်းပါတယ်။ အဲ့ဒါကတော့ ကိုယ့်စိတ်ထဲက တဖွဖွပြောနေတဲ့ Judgement (အပြစ်တင်ဝေဖန်မှု) တွေကို ရပ်တန့်ပြီး၊ အရှိကိုအရှိအတိုင်း Observation (စောင့်ကြည့်ခြင်း) အဖြစ် ပြောင်းလဲနိုင်ဖို့ပါ။

ဒီ ၃ ရက်တာ သင်တန်းမှာ ကျွန်တော်တို့ ဒါတွေကို လက်တွေ့ လုပ်ဆောင်သွားမှာပါ -

Perspective Shift: စိတ်ဖိစီးမှုကို ရန်သူလိုမမြင်ဘဲ ဘဝကို အလှည့်အပြောင်း (Shift) လုပ်မယ့် အခွင့်အရေးအဖြစ် ပြောင်းလဲကြည့်ခြင်း။

Breaking the Drama Triangle: ကိုယ့်ကိုယ်ကို သနားနေတဲ့ Victim စိတ်၊ သူတစ်ပါးကို အပြစ်တင်တဲ့ Persecutor စိတ်တွေထဲကနေ ဘယ်လိုရုန်းထွက်မလဲ။

Emotional Mastery: ရင်ထဲက ပေါက်ကွဲလုမတတ် ပြင်းထန်တဲ့ ခံစားချက်တွေကို အသိဉာဏ်နဲ့ ဘယ်လို ထိန်းကျောင်းမလဲ။

ဒါက ရိုးရိုး Stress Management မဟုတ်ပါဘူး။ အသက်အရွယ် ကန့်သတ်ချက်မရှိ၊ မိမိရဲ့ Identity ကို ဂုဏ်ယူပြီး စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု ရှာချင်သူ LGBTQ+ တိုင်းအတွက် ရည်ရွယ်ပါတယ်။

အသိတစ်ခု၊ ဉာဏ်တစ်ခုနဲ့ ဘဝကို အမှန်တကယ် ပြောင်းလဲပစ်ချင်တယ်ဆိုရင်တော့... ခုပဲ စာရင်းသွင်းလိုက်ပါ။

လျောက်လွှာဖြည့်ရန် - https://forms.gle/JAeo7UsvdnRroGqK9
ရွေးချယ်ခံရသူများကို email ဖြင့် ၁၈ ရက်နေ့တွင် အကြောင်းကြားပေးမည်ဖြစ်သည်။

သင်တန်းကို Online Platform (Zoom) မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

📅 Training Date
• 19 – 20 March 2026 | 7:00 PM – 9:30 PM
• 21 March 2026 | 9:30 AM – 12:30 PM

💻 Platform – Zoom




Stress Management Online Training 🍀လက်ရှိကာလ ပဋိပက္ခတွေ ၊ လူမှုရေးဖိအားတွေ နှင့်အကျပ်အတည်းတွေကြောင့် လူငယ်တွေဟာ စိတ်ဖိစီ...
12/03/2026

Stress Management Online Training 🍀

လက်ရှိကာလ ပဋိပက္ခတွေ ၊ လူမှုရေးဖိအားတွေ နှင့်အကျပ်အတည်းတွေကြောင့် လူငယ်တွေဟာ စိတ်ဖိစီးမှုတိုးလာနေကြရပါတယ် .... စိတ်ဖိစီးမှုအကြောင်းအရာများကို သိရှိနားလည်နိုင်စေရန်နှင့် မိမိကိုယ်ကို ထိန်းညှိနိုင်စွမ်းများ တိုးတက်လာစေရန်အတွက် We Are One မှ Stress Management Online Training ကို စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်

• စိတ်ဖိစီးမှု ဖြစ်ပေါ်လာသည့် အကြောင်းရင်းများကို နားလည်နိုင်စေရန်
• စိတ်ဖိစီးမှုကို စီမံခန့်ခွဲနိုင်သည့် နည်းလမ်းများကို လေ့လာနိုင်စေရန်
• အရေးပေါ်အခြေအနေများတွင် မိမိကိုယ်ကို ကာကွယ်ထိန်းသိမ်းနိုင်စေရန်
• စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်စေရန် ဖြစ်ပါသည်။

We Are One အနေဖြင့် အဆိုပါ Online Training ကို ၃ ရက်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး စိတ်ဖိစီးမှု၏ အကြောင်းရင်းများ၊ စိတ်ဖိစီးမှုကို စီမံခန့်ခွဲနိုင်သည့် နည်းလမ်းများနှင့် Self-care နှင့် Mental Well-being ဆိုင်ရာ အခြေခံအချက်များကို မျှဝေဆွေးနွေးသွားမည်ဖြစ်ပါသည်။

သင်တန်းအတွင်း ပါဝင်သူများ၏ ကိုယ်ရေးကိုယ်တာအခြေအနေများကို လေးစားကာ Online Platform (Zoom) မှတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

📅 Training Date
• 19 – 20 March 2026 | 7:00 PM – 9:30 PM
• 21 March 2026 | 9:30 AM – 12:30 PM

💻 Platform – Zoom

လျောက်လွှာဖြည့်ရန် - https://forms.gle/JAeo7UsvdnRroGqK9

ရွေးချယ်ခံရသူများကို email ဖြင့် ၁၈ ရက်နေ့တွင် အကြောင်းကြားပေးမည်ဖြစ်သည်။








စကားပြောရုံတင်မဟုတ်ဘဲ အလုပ်ဖြစ်အောင် ဘယ်လိုတွန်းအားပေးမလဲ? 🤔📢ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပြောင်းလဲစေချင်တဲ့အရာတွေ၊ မမျှတ...
01/03/2026

စကားပြောရုံတင်မဟုတ်ဘဲ အလုပ်ဖြစ်အောင် ဘယ်လိုတွန်းအားပေးမလဲ? 🤔📢

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ပြောင်းလဲစေချင်တဲ့အရာတွေ၊ မမျှတတာတွေကို တွေ့တဲ့အခါ "ပြောရုံပဲ ပြောနေရတာ၊ ဘာမှထူးမလာဘူး" လို့ ခံစားရဖူးပါသလား?

တကယ်တော့ Advocacy (ရှေ့ရပ်တည်ပြောဆိုခြင်း) ဆိုတာ အသံထွက်ရုံတင်မဟုတ်ဘဲ အမှန်တကယ် အကျိုးသက်ရောက်မှု (Impact) ရှိလာအောင် စနစ်တကျ လုပ်ဆောင်ရတဲ့ အတတ်ပညာတစ်ခုပါ။

ဒါကြောင့် "We Are ONE" ကနေပြီးတော့ သင့်ရဲ့အသံကို ပိုမိုအားကောင်းလာစေဖို့နဲ့ ထိရောက်တဲ့ ပူးပေါင်းပါဝင်မှုတွေ ဖော်ဆောင်နိုင်ဖို့ "Advocacy 101: Art of Participation!" Webinar လေးကို ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

✨ ဒီ Webinar မှာ ဘာတွေဆွေးနွေးမလဲ?
• စကားပြောရုံတင်မကဘဲ လက်တွေ့အလုပ်ဖြစ်စေမယ့် Advocacy နည်းလမ်းများ။
• မိမိတို့ဖြစ်စေချင်တဲ့ အပြောင်းအလဲအတွက် လူထုနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဘယ်လိုစည်းရုံးမလဲ။
• ပူးပေါင်းပါဝင်မှုအနုပညာ (Art of Participation) ကို အသုံးချပြီး အားလုံးအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနည်း။

📅 အစီအစဉ်အသေးစိတ်
• နေ့ရက်: မတ်လ ၅ ရက် (မတ်လ ၅ ရက်နေ့)
• အချိန်: မနက် ၉:၀၀ နာရီ မှ နေ့လည် ၁၂:၀၀ နာရီအထိ
• နေရာ: Online (Zoom)

🔗 စာရင်းပေးသွင်းရန်:

https://forms.gle/Eg5qKgxKUW5wjbL97

(လူဦးရေအကန့်အသတ်ရှိလို့ အခုပဲ Register လုပ်ထားဖို့ တိုက်တွန်းပါရစေ။)

💡 "ပြောင်းလဲမှုတိုင်းက သင့်ရဲ့ ထိရောက်တဲ့ အသံကနေ စတင်ပါတယ်။"

အသေးစိတ်သိရှိလိုပါက [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

From Rainbow Six ☕️ From Beans to Dreams 🏳️‍🌈Rainbow Six မှ Transgender Man များအတွက် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်း တို...
09/02/2026

From Rainbow Six

☕️ From Beans to Dreams 🏳️‍🌈

Rainbow Six မှ Transgender Man များအတွက် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်း တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ “Barista & Hand Brew Coffee Training Program” ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ကော်ဖီလုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးစတင်လိုသူများ၊ Coffee Shop တွင် အလုပ်လုပ်လိုသူများအတွက် လက်တွေ့အခြေခံသင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။

📌 သင်ကြားပေးမည့် အကြောင်းအရာများ
• Street Coffee Shop စတင်ဖွင့်လှစ်နည်း
• Business & Basic Legal Knowledge
• Marketing & Customer Service
• Coffee Selection
• Moka Pot, V60, French Press စသည့် Hand Brew Techniques
• Hot / Iced / Fruit Coffee Menu Preparation

📅 သင်တန်းကာလ – 19.02.2026 - 25.02.2026
🕒 အချိန် – 10:00 A.M. - 1:00 P.M.
📍 နေရာ – Yangon (နေရာ အသေးစိတ်ကို ရွေးချယ်ခံရသူများထံသို့ ပြန်လည် အကြောင်းကြားပေးမှာ ဖြစ်ပါတယ်)

👤 တက်ရောက်နိုင်သူများ
- အမျိုးသမီးမှ အမျိုးသားကဲ့သို့ ပြုမူနေထိုင်သူ Transgender Man များ
- ဂျန်ဒါခံယူမှုကွဲပြားသူများ
အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အခက်အခဲရှိသူLGBTQများ
- နေရပ်ပြောင်းရွေ့ပြီး သက်မွေးဝမ်းကျောင်းပညာသင်ယူရန် အခက်အခဲရှိသူLGBTQ+များ
- Coffee လုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ပြီး သင်တန်းကာလ (၇) ရက်ကို ပြီးဆုံးအောင် တက်ရောက်နိုင်မည်။

သင်တန်းကြေး – Rainbow Six မှ အပြည့်အဝ ထောက်ပံ့ပေးမည်

📜 သင်တန်းပြီးဆုံးပါက Certificate ချီးမြှင့်မည်

📋 စာရင်းပေးသွင်းရန် 👉 https://forms.gle/tSsLFwdtu5i7MZ3K7

လူဦးရေကန့်သတ်ထားသောကြောင့် စိတ်ဝင်စားသူများအနေဖြင့် အချိန်မီ စာရင်းပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လျှောက်လွာပိတ်မည်ဖြစ်ပြီး ပထမအဆင့်ရွေးချယ်ခံရသူများကို ၁၅ ရက်နေ့တွင် အကြောင်းကြားမည်ဖြစ်ပါသည်။

၁၆ ရက်နေ့တွင် အွန်လိုင်းမှ အင်တာဗျုးမေးမြန်းမည်ဖြစ်ပြီး ၁၇ ရက်နေ့တွင် ရွေးချယ်ခံရသူများကို အကြောင်းကြားပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ ။Rainbow Six မှ သင်တန်းကြေး အပြည့်အဝကိုသာ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး လမ်းစာရိတ်နှင့် စားစာရိတ်များကို ထောက်ပံ့ပေးမည်မဟုတ်ပါ။





☕️ From Beans to Dreams 🏳️‍🌈

Rainbow Six မှ Transgender Man များအတွက် အသက်မွေးဝမ်းကြောင်းအခွင့်အလမ်း တိုးမြှင့်နိုင်ရန် ရည်ရွယ်၍ “Barista & Hand Brew Coffee Training Program” ကို ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

ကော်ဖီလုပ်ငန်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးစတင်လိုသူများ၊ Coffee Shop တွင် အလုပ်လုပ်လိုသူများအတွက် လက်တွေ့အခြေခံသင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။

📌 သင်ကြားပေးမည့် အကြောင်းအရာများ
• Street Coffee Shop စတင်ဖွင့်လှစ်နည်း
• Business & Basic Legal Knowledge
• Marketing & Customer Service
• Coffee Selection
• Moka Pot, V60, French Press စသည့် Hand Brew Techniques
• Hot / Iced / Fruit Coffee Menu Preparation

📅 သင်တန်းကာလ – 19.02.2026 - 25.02.2026
🕒 အချိန် – 10:00 A.M. - 1:00 P.M.
📍 နေရာ – Yangon (နေရာ အသေးစိတ်ကို ရွေးချယ်ခံရသူများထံသို့ ပြန်လည် အကြောင်းကြားပေးမှာ ဖြစ်ပါတယ်)

👤 တက်ရောက်နိုင်သူများ
- အမျိုးသမီးမှ အမျိုးသားကဲ့သို့ ပြုမူနေထိုင်သူ Transgender Man များ
- ဂျန်ဒါခံယူမှုကွဲပြားသူများ
အလုပ်အကိုင်အခွင့်အလမ်းရရှိရန် အခက်အခဲရှိသူLGBTQများ
- နေရပ်ပြောင်းရွေ့ပြီး သက်မွေးဝမ်းကျောင်းပညာသင်ယူရန် အခက်အခဲရှိသူLGBTQ+များ
- Coffee လုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ပြီး သင်တန်းကာလ (၇) ရက်ကို ပြီးဆုံးအောင် တက်ရောက်နိုင်မည်။

သင်တန်းကြေး – Rainbow Six မှ အပြည့်အဝ ထောက်ပံ့ပေးမည်

📜 သင်တန်းပြီးဆုံးပါက Certificate ချီးမြှင့်မည်

📋 စာရင်းပေးသွင်းရန် 👉 https://forms.gle/tSsLFwdtu5i7MZ3K7

လူဦးရေကန့်သတ်ထားသောကြောင့် စိတ်ဝင်စားသူများအနေဖြင့် အချိန်မီ စာရင်းပေးသွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် လျှောက်လွာပိတ်မည်ဖြစ်ပြီး ပထမအဆင့်ရွေးချယ်ခံရသူများကို ၁၅ ရက်နေ့တွင် အကြောင်းကြားမည်ဖြစ်ပါသည်။

၁၆ ရက်နေ့တွင် အွန်လိုင်းမှ အင်တာဗျုးမေးမြန်းမည်ဖြစ်ပြီး ၁၇ ရက်နေ့တွင် ရွေးချယ်ခံရသူများကို အကြောင်းကြားပေးမည်ဖြစ်ပါသည်။

မှတ်ချက်။ ။Rainbow Six မှ သင်တန်းကြေး အပြည့်အဝကိုသာ ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး လမ်းစာရိတ်နှင့် စားစာရိတ်များကို ထောက်ပံ့ပေးမည်မဟုတ်ပါ။





Address

Hsat Roe Kya Ward
Sittwe

Telephone

+959894956365

Website

Alerts

Be the first to know and let us send you an email when We Are One-WAO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to We Are One-WAO:

Shortcuts

Share