22/03/2025
အသက် ၃၀ နှစ်ရောက်ရင် ဘဝအတွေ့အကြုံအရ အောက်က အချက်တွေ ကျင့်သားရနေသင့်ပြီ။ မရသေးရင်လည်း ကျင့်ထားပါ။
၁။ တခါတခါ ပါးစပ်ပိတ်ဖို့ လိုမှန်းသိရင် ပိတ်ထားဖို့၊ အရာရာတိုင်း ကိုယ်ဝင်ပြောဖို့ မလိုဘူး လောက်တော့ သိသင့်နေပြီ။
၂။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့လူနဲ့ တွေ့တဲ့အခါ ကိုယ်သိကိုယ်တတ် အတင်းလိုက်မပြိုင်မဆိုင်ဖို့၊ ပြိင်ဆိုင်ချင်စိတ်ဟာ ကိုယ့်အားနည်းချက် ဖြစ်တတ်တာလည်း သိထားသင့်ပြီ။
၃။ ကိုယ်တည်ဆောက်မည့် မိသားစုဟာ ကိုယ်
ဆင်းသက်လာတဲ့ မိသားစုထက် ပိုအရေးကြီးကြောင်းလည်း သိသင့်ပါပြီ။
၄။ ကိုယ့်ပျော်ရွှင်မှုကို မုဒိတာပွါးတဲ့ သူငယ်ချင်းတယောက် ဟာ ကိုယ့်အပေါ်နှစ်လိုမှုမရှိတဲ့ ပါးစပ်မိတ်ဆွေတွေထက် ပိုအရေးကြီးတဲယ်ဆိုတဲ့ အနှစ်သာရလည်း ရပြီးရောပေါ့။
၅။ ကိုယ်ရရှိတဲ့ဘဝအပေါ် မကျေနပ်စိတ်နဲ့ မိဘတွေကြောင့်လို့ လွှဲချတာတွေ ဆက်မလုပ်ဖို့၊ မိဘတွေကို ခွင့်လွှတ်နားလည်ဖို့ လောက်တော့ အသိရှိသင့်နေပြီ။
၆။ ကိုယ်ပိုင်မိသားစု ထူထောင်ဖို့ကြိုးစားလာမည် အရင်ကထက် ပိုပြီး ကြိုးစာရမည်အချိန်ဖြစ်လာပါမည်။
၇။ ကိုယ်ဖတ်ခဲ့တဲ့တက်ကျမ်းတွေကိုမေ့လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စည်းစနစ်ကျ အလုပ်လုပ်နိုင်အောင်တည်ဆောက်တတ်ဖို့လည်း သိပြီးရောပေါ့။
အားလုံးပြောင်းလဲနိုင်မည်ဟုထင်ပါသည်။
Though are food for the Brain 🧠 🧠
Deep Journey