Arakan Election Monitoring And Observation Consortium

Arakan Election Monitoring And Observation Consortium To enable citizens in Arakan State to become more active and informed participants in their country?

18/08/2025

လူသန်းချီ နေရပ်စွန့်ခွာနေရပြီး ငလျင်ဒဏ်မပြုပြင်နိုင်သေးသော်လည်း ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ တွင် ပြုလုပ်မည်ဟု စစ်အုပ်စုဆို

ဂျူချန်း

မဇ္ဈိမ။ ။ စစ်ဘေးကြောင့် လူသန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ဖျက်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးပင် ပြည့်ပြည့်ဝဝ မလုပ်နိုင်သေးသော်လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်ကို စစ်အုပ်စုက ယနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် ထုတ်ပြန်လာသည်။

စစ်အုပ်စု၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ယနေ့ ကြေညာချက်တွင် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်” ဟုလည်း ပါရှိသည်။

စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၊ တော်လှန်ရေးတပ်များ စိုးမိုးထိန်းချုပ်ထားသည့် မြို့နယ်များနှင့် ရွေးကောက်ပွဲအစဉ်အဆက် မကျင်းပနိုင်ခဲ့သည့် မြို့နယ်များအပါအဝင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ ခုလုံးကို ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာထားသည်။

ထိုရွေးကောက်ပွဲနှင့်ပတ်သက်၍ အာရက္ခတပ်တော် AA၊ ကရင်နီတပ်မတော် KA၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး KNU စသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်မပြုကြောင်း အသီးသီး ထုတ်ဖော်ပြဆိုထားသည်။

စစ်ကော်မရှင်ပြုလုပ်မည့် ထို ရွေးကောက်ပွဲသည် "အတုအယောင်"ရွေးကောက်ပွဲသာဖြစ်ပြီး လက်မခံကြောင်းနှင့် ရွေးကောက်ပွဲတွင် မပူးပေါင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုထားသည်။

ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မည်ဖြစ်ပြီး အနည်းဆုံး ကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်း လွှတ်တော်တက်ရောက်နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း စစ်ကော်မရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁၂ ကပြုလုပ်သည့် အစည်းအဝေးတွင်ပြောဆိုခဲ့သည်။

စစ်ကော်မရှင်လက်အောက်ခံ UEC က ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေများ ဩဂုတ် ၁၅ ရက်က သတ်မှတ်ကြေညာရာတွင် မဲအများဆုံးရယူ အနိုင်ယူစနစ် (FPTP)ဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် FPTP မဲဆန္ဒနယ် ၈၄ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များတွင် FPTP မဲဆန္ဒနယ် ၃၂၂ နယ်နှင့် PR ၄၂ နယ်၊ တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်ရှိကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ဇူလိုင်လအထိ UNHCR နှင့် OCHA တို့၏ အချက်အလက်များအရ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (IDPs) အရေအတွက် ၃ ဒသမ ၅ သန်းကျော်ရှိနေသည်။ စစ်အာဏာမသိမ်းမီ ကာလက ဒုက္ခသည်များကိုပါ ထည့်တွက်ပါက လက်ရှိမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ စုစုပေါင်း ၄ ဒသမ ၃ သန်းကျော် ရှိနေကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်း ငလျင်ကြောင့် လူပေါင်းထောင်ချီသေဆုံးခဲ့ရသလို နေအိမ်ပေါင်း ၅၂,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း UNICEF က ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

စာတည်း။ ။ နောင်နောင်

ဓာတ်ပုံ- အီလက်ထရောနစ် မဲပေးခြင်း စမ်းသပ်နေမှုကို စစ်ခေါင်းဆောင် ကြည့်ရှုစစ်ဆေးစဉ်။ (စစ်ကောင်စီ)

#ဒီဇင်ဘာ
#ရွေးကောက်ပွဲ
#စစ်အုပ်စု

Address

Shwe Tha Road
Sittwe
07011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959252912876

Alerts

Be the first to know and let us send you an email when Arakan Election Monitoring And Observation Consortium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Arakan Election Monitoring And Observation Consortium:

Share