Su See Yar

Su See Yar First Crowdfunding Platform in Myanmar

စုစည်းရာကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည်။ မူရင်း ကုမ္ဗဏီမှာ Aluto Benli ဂျပန်ကုမ္ဗဏီ ဖြစ်သည်။စုစည်းရာသည် မြန်မာနိုင်ငံအတွက် ရည်ရွယ်သည့် Crowdfunding platform တစ်ခုဖြစ်ပြီး လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း၏ စိတ်ကူးဖန်တီးမှု၊ အကြောင်းအရာ နှင့် ပရဟိတ အသင်းအဖွဲ့စသည့်အတွက် ရန်ပုံငွေမြှင့်တင်ရန် ရည်ရွယ်လုပ်ဆောင်သည့် Platform တစ်ခုဖြစ်သည်။ လုပ်ငန်းသေးဖြစ်စေ၊ လုပ်ငန်းကြီးဖြစ်စေ၊

ကမ္ဘာကိုပြောင်းလဲရန် သို့မဟုတ် သူတပါးကို ကူညီပံ့ပိုးရန် စိတ်ကူးရှိလျှင် ကျွန်ုပ်တို့ဘက်မှ ကူညီထောက်ပံ့ပေးနိုင်သည်။ မိတ်ဆွေ၏လုပ်ငန်းတွင် လိုအပ်သော အရင်းအနှီးများကို စုစည်းရာတွင် မိတ်ဆွေလုပ်ငန်း၏လုပ်ဆောင်ချက်များ၊ စီမံကိန်းများကို ဖော်ပြပြီးရှာဖွေနိုင်ရန် ကျွန်ုပ်တို့ဘက်မှ ကူညီပေးနိုင်ပါသည်။ တစ်စုံတစ်ဦးကို ကူညီထောက်ပံ့ပေးရန် စိတ်ကူးရှိသူများလည်း ကျွန်ုပ်တို့ စုစည်းရာတွင် ဖော်ပြထားသော စီမံကိန်းများ၊ လုပ်ငန်းများကို ရွေးချယ်ပံ့ပိုး၍ ကူညီပေးနိုင်သည်။ ထို့ကြောင့် စုစည်းရာသည် မိတ်ဆွေတို့၏ ရင်းနှီးငွေမြှင့်တင်ရန် လိုအပ်သော အဖွဲ့အစည်း သို့မဟုတ် တစ်ဦးချင်း နှင့် ငွေကြေးဆိုင်ရာ ကူညီပံ့ပိုးလိုသူတို့ကို တွေ့ဆုံပေးစေမည့် မြန်မာနိုင်ငံတွင်း ပထမဦးဆုံးသော Crowdfunding ပလက်ဖောင်း တစ်ခုဖြစ်ပါသည်။

https://suseeyar.com/Do You Want to Make a Change?We created a place where anyone can bring ideas, be recognized, be sup...
30/01/2024

https://suseeyar.com/
Do You Want to Make a Change?

We created a place where anyone can bring ideas, be recognized, be supported, and realize the idea.

GO to suseeyar.com/ to take the first step towards transforming dreams into reality.
Your ideas deserve to shine, and we're here to make it happen.
-----------------------------------------------------

If you have any ideas or dreams that you really want to realize, you can contact us anytime!

-----------------------------------------------------

We are providing the first ever Crowdfunding Platform to the Burmese people.
We offer a place where all aspiring people can realize their dreams.
We are Su See Yar.

Su See Yar offers a wide range of lucrative arts and creative projects and programs our platform can provide financing for travel and community-based business projects and various businesses

We are urgently looking for Business Development Executive(2 Posts).***Job Description***-       Can support both custom...
02/09/2023

We are urgently looking for Business Development Executive(2 Posts).
***Job Description***
- Can support both customer and client company to create campaigns on website
- Can support to success campaigns
- Can create plans for making website more successful
- Can write good contents for blogs and social media
- Can negotiate and work with popular social infulencers
- Can be patient and expert in Problem solving skill
- Can assist to admin role for both facebook and website
- Can perform administrative, reconciliation and customer service duties
- Can Build a strong relationship with client companies
When you send the resume, please write why do u apply this position in email.
***Job Requirement***
- Expert in sales and negotiations
- A Person who interested in trending technologies and website management
- A person who enjoy to work in entrepreneur business and selling new products
- Any Bachelor Degree Holder
- Have proficiency in Microsoft Office and use effectively
Working Days - Mon To Fri
Working Location - Yangon
If you are interest to apply this position, please send your resumes to [email protected].

Potential Benefits for investorရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ဘာတွေ အကျိုးကျေးဇူးရနိုင်မလဲ??1. မတူတူတဲ့ လုပ်ငန်းတွေက...
12/06/2023

Potential Benefits for investor

ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ ဘာတွေ အကျိုးကျေးဇူးရနိုင်မလဲ??

1. မတူတူတဲ့ လုပ်ငန်းတွေကို invest လုပ်နိုင်တာကြောင့် ရင်းနှီးနိုင်တဲ့ နယ်ပယ် ကျယ်ပြန့်လာခြင်း

2. Crowdfunding တွေက များသောအားဖြင့် စွန့်ဦးတီထွင်သူများကို ရည်ရွယ်တာကြောင့် ထိုလုပ်ငန်းတွေမှာ အစောပိုင်း မ တည်ငွေမြှုပ်နှံသူတစ်ယောက်ဖြစ်နိုင်ခြင်း

3. သမာရိုးကျ မဟုတ်တဲ့ ပိုမိုဆန်းသစ်တဲ့ နည်းလမ်းနဲ့ ရင်းနှီးမြှုပ်နှံနိုင်ခြင်း

4. လူမှုရေး၊ စီးပွားရေးအဖွဲ့အစည်းများနှင့် အချိတ်အဆက်ရှိလာနိုင်ခြင်း

5. ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းကို crowdfunding မှတစ်ဆင် ရှင်းရှင်း လင်းလင်းသိမြင်နိုင်ခြင်း

6. Crowdfunding တွေမှာ တီထွင်ဖန်တီးမှုရှိသူတွေကိုမွေးထုတ်ပေးလျက်ရှိသောကြောင့် ခေတ်နှင့် အညီ သင်ယူလေ့လာနိုင်တဲ့ အခွင့်အလမ်းများရှိခြင်း တွေပဲဖြစ်ပါတယ်

Su See Yar အနေနဲ့ မြန်မာနိုင်ငံအတွက် ပထမဆုံး ဖြစ်တာနှင့် အညီ investor တွေကို လက်ကမ်းကြိုဆိုလျက်ရှိပါတယ်

World Food Safety Day 🌍🌎🌏ဒီနေ့ကတော့ World Food Safety Day ပဲဖြစ်ပါတယ် လူဦးရေ ၁၀ ယောက်မှာ တစ်ယောက်က မသန့်ရှင်းမှုနဲ့ bact...
07/06/2023

World Food Safety Day 🌍🌎🌏
ဒီနေ့ကတော့ World Food Safety Day ပဲဖြစ်ပါတယ်
လူဦးရေ ၁၀ ယောက်မှာ တစ်ယောက်က မသန့်ရှင်းမှုနဲ့ bacteria တွေကြောင့် အစာအဆိပ်သင်မှု ဖြစ်ပွားလျက်ရှိပါတယ်

Challenges of Crowdfunding 🏃🏃သင့်လုပ်ငန်းကို crowdfunding မှာတင်တော့မယ်ဆို အရေးကြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်  ငွေကြေးအ...
05/06/2023

Challenges of Crowdfunding 🏃🏃
သင့်လုပ်ငန်းကို crowdfunding မှာတင်တော့မယ်ဆို အရေးကြီး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်

ငွေကြေးအရင်းအနှီးကို အလွယ်တကူ ရှာဖွေလို့ရတယ်ဆိုတာ Crowdfunding ရဲ့ အဓိက အားသာချက်တစ်ခုပါ ✨✨
ဒါပေမဲ့ အောင်မြင်တဲ့ project တစ်ခုအတွက် အနောက်မှာ ကြိုးစားအားထုတ်‌မှုတွေ အများအပြားရှိနေမှု နဲ့ ပြသနိုင်မှုက အလွန်အရေးကြီးပါတယ်။ သင့်တင့်မျှတတဲ့ အကျိုးအမြတ်တစ်စုံတစ်ရာ reward အနေနဲ့ ပြန်ရနိုင်မှ ရန်ပုံ‌ငွေထည့်ဝင်သူတစ်ယောက် အနေနဲ့ စိတ်ဝင်စားနိုင်မယ် မဟုတ်လား 💯💯

ခိုင်မာတဲ့ marketing effort တစ်ခုရှိခြင်း၊ ယုံကြည်စိတ်ချရခြင်းနဲ့ ကုန်ပစ္စည်းရဲ့ အရေအသွေးက Reward Base Crowdfunding ရဲ့ အဓိက သော့ချက်တွေပဲဖြစ်ပါတယ် 🗝️🗝️

Reward Base Crowdfunding အနေနဲ့ Campaignတစ်ခုစတော့မယ်ဆိုရင် ဒီအချက်တွေကို သတိပြုမိအောင် ဖော်ပြပေးလိုက်ပါတယ် 👇👇👇

1. မိမိ product နဲ့ ပတ်သက်ပြီး ဘယ်လို marketing strategy တွေအသုံးပြုရင် ကုန်ကျစားရိတ် သက်သာနိုင်မလဲ?
2. မိမိ product ရဲ့ ဝန်ဆောက်မှု နဲ့ အရည်အသွေးက ဘယ်လို လူမျိုးတွေအတွက် ရည်ရွယ် ထုတ်လုပ်မှာလဲ
3. ရန်ပုံ‌ငွေထည့်ဝင်သူထံ ပြန်လည်တုန့်ပြန်မည့် Reward ကို ကြိုတင် စီမံထားရမည်
4. ဘယ်လိုနည်းလမ်းတွေက အကောင်းဆုံးနဲ့ မိမိ လုပ်ငန်းနဲ့ ကိုက်ညီတဲ့ reward ဖြစ်မလဲ
5. မိမိရဲ့ campaign ကို ဘယ်လို တစ်မူထူးခြားအောင် ဖန်တီးမလဲ ဆိုတာတွေက အောင်မြင်တဲ့ campaignတစ်ခုဖြစ်ဖို့ key point တွေပဲ

ဒါဆို Donate Type Crowdfunding ကရော ?
Donate Crowdfunding ကနေနဲ့လည်း လူအများအလှူ‌ငွေထည့်ဝင်မည့် ထိုအဖွဲ့အစည်းက ယုံကြည်ရရဲ့လား ? 👍👍
အကူအညီလိုအပ်နေသူတွေအတွက် အမှန်တကယ် အထောက်အကူဖြစ်ရဲ့လား ?...
ဆိုတဲ့ အချက်အလက်တွေက အင်မတန် အရေးကြီးပါတယ် ။

Advantages of Crowdfunding 🤔🤔Crowdfunding တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတစ်ခုနှင့် ပုံမှန် သမာရိုးကျ လုပ်ငန်းတွေနဲ့ မတ...
02/06/2023

Advantages of Crowdfunding 🤔🤔

Crowdfunding တစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ လုပ်ငန်းတစ်ခုနှင့် ပုံမှန် သမာရိုးကျ လုပ်ငန်းတွေနဲ့ မတူညီတဲ့ အကျိုးရလဒ်တွေကဘာ‌တွေလဲ ❔❔

1. ရင်းနှီး မ တည်ငွေ နှင့်ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှု လျော့ကျနိုင်ခြင်း 💰💰

သမာရိုးကျလုပ်ငန်းတွေကဲ့သို့ ဘဏ်ချေးငွေ ၊ စွန်းစားရတဲ့ မ တည်ငွေ အမြောက်အမြားထည့်သွင်းစရာ မလိုအပ်သလို၊ campaign မအောင်မြင်သည်ရှိခဲ့သော် ငွေကြွေးအများအပြားဆပ်စရာ မလိုအပ်ပါဘူး

2. ဈေးကွက်‌ရှာဖွေရန် အကောင်းဆုံးနည်းလမ်းဖြစ်ခြင်း ‼️

လူအများက သင့်လုပ်ငန်းကို ရင်းနီးမြှုပ်နှံဖို့ ရည်ရွယ်ချက်ရှိနေမယ်ဆိုရင် ဒါဟာ မိမိလုပ်ငန်းရဲ့ ဝယ်လိုအားကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပဲဖြစ်ပါတယ်
သင့် campaign အောင်မြင်သွားတဲ့အခါမှာ သင်ထုတ်လုပ်သော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုအတွက် ဈေးကွက်မှာ နေရာတစ်ခုရှိကြောင်း သက်သေပြပြီးသား ဖြစ်သွားပါလိမ့်မယ်

3. Product နဲ့ ပတ်သက်ပြီး ကျော်ကြားမှု (သို့) Branding တည်ဆောက်ဖို့အတွက် အထောက်အကူပြုခြင်း ⛳⛳

အများက ယုံကြည်စွာ ရင်းနှီးမြှုပ်နှံထားသောကြောင့် သင့်ကုမ္ပဏီရဲ့ အကြောင်းကို ထိုလူတွေသိပြီးသားဖြစ်နေပါလိမ့်မယ်
အဲ့နောက်မှာ သင်ပြန်ပေးတဲ့ reward က အရည်အသွေး သင့်တင့်မှုရှိတယ်ဆိုရင် ထို့လူ‌တွေနဲ့ သူတို့ပတ်ဝန်းကျင်ကနေတစ်ဆင့် သင့်ကုမ္ပဏီရဲ့ Branding ကို တည်ဆောက်လာ
နိုင်ပါလိမ့်မယ်

4. မ တည်ငွေ တိုးပွားလာဖို့ လွယ်ကူမြန်ဆန်ခြင်း 📊📊

ကယ် ...သင်ဟာ Branding တည်ဆောက်နိုင်သွားပြီဆိုရင်တော့ သင့်လုပ်ငန်း တိုးချဲ့ဖို့ ရင်းနှီးမြှုပ်နှံငွေကို Crowdfunding platform မှာ ထပ်မံရှာဖွေနိုင်ပြီပဲဖြစ်ပါတယ် 👏👏

နောက်ဆုံးအချက်ကတော့ ...
5. အလားအလာရှိတဲ့ Partner တွေ Client တွေ နဲ့ အဆက်အသွယ်ရှိလာနိုင်ခြင်း 🤝🤝

ဟုတ်ပါတယ် ... သင့်လုပ်ငန်းအနေနဲ့ လူတွေနဲ့ ချိတ်ဆက်မိရင်း အနာဂတ်မှာ ပိုကောင်းတဲ့ product တွေကို ဖန်တီးဖို့ အခွင့်အလမ်းများရလာနိုင်ပါတယ်

Su See Yar အနေနဲ့ နိုင်ငံတကာ Crowdfunding များကဲ့သို့ နည်းစနစ်တကျ စည်းမျဉ်းများနဲ့အညီ လုပ်ဆောင်ထားပြီး မြန်မာနိုင်ငံရဲ့ ငွေကြေးအရင်းအနှီး လိုအပ်သူ လုပ်ငန်းရှင်များ အတွက် ရည်ရွယ်ထားတဲ့ Platform ဖြစ်တာကြောင့် လက်ကမ်းကြိုဆိုလျက်ရှိပါတယ် 💜💜💜

သက်သက်လွတ်‌ကို အရသာရှိရှိစားသုံးနိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ အသင့်စားဂျပန်ခေါက်ဆွဲဖြစ်ပါတယ် 🍜🍜🍜ဟင်းသီးဟင်းရွက်အဆီအနှစ်တွ...
19/05/2023

သက်သက်လွတ်‌ကို အရသာရှိရှိစားသုံးနိုင်ဖို့ အထူးထုတ်လုပ်ထားတဲ့ အသင့်စားဂျပန်ခေါက်ဆွဲဖြစ်ပါတယ် 🍜🍜🍜

ဟင်းသီးဟင်းရွက်အဆီအနှစ်တွေကို အခြေခံပြီး ပျစ်ပျစ်နှစ်နှစ် အသားပြုတ်ရည်အရသာ ဖြစ်အောင် စီမံဖော်စပ်ထားတဲ့ Japanese quality သက်သက်လွတ်ခေါက်ဆွဲကို မြန်မာနိုင်ငံတွင် တိုက်ရိုက်တင်သွင်းမှာပဲဖြစ်ပါတယ် 🫢🫢

Suseeyar ရဲ့ Reward Crowdfunding နှင့်အတူ ရင်းနှီး‌မြှုပ်နှံသူများကို ဖိတ်ခေါ်လိုက်ပါတယ်

အသေးစိတ်အချက်အလက်တွေကိုတော့
အောက်ကလင့်မှာ ကြည့်ရှုလိုက်ပါ 👇👇👇

နောက်ထပ် အခြားသော project တွေကိုလည်း website မှာ တင်‌ပေးထားမှာဖြစ်လို့
Suseeyar website ( suseeyar.com ) မှာစောင့်ကြည့်ပေးပါဦးနော် ❤️❤️

သက်သက်လွတ်စားသုံးသူတို့အတွက် အရေအသွေးမြင့် အနံ့အရသာပြည့်စုံသော အသင့်စားဂျပန် Ramen ကို မြန်မာနိုင်ငံတွင်

စွန့်ဦးတီထွင်သူများအတွက် Crowdfundingအနောက်နိုင်ငံအများစုမှာငွေကြေးပြည့်စုံတဲ့သူတွေက အရည် အချင်းရှိပြီးလုပ်နိုင်စွမ်းရှိ...
18/05/2023

စွန့်ဦးတီထွင်သူများအတွက် Crowdfunding

အနောက်နိုင်ငံအများစုမှာငွေကြေးပြည့်စုံတဲ့သူတွေက အရည် အချင်းရှိပြီးလုပ်နိုင်စွမ်းရှိတဲ့ တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတွေရဲ့ လိုအပ်နေတဲ့ငွေကြေးအရင်းအနှီးကို Crowdfunding မှတစ်ဆင့် ကူညီထောက်ပံ့မတည်ပေးလာကြပါတယ် 🤝🤝🤝

ဒါကြောင့် ရင်ဆိုင်နေရတဲ့ ငွေကြေးအခက်အခဲ တွေကို အလွယ်တကူကျော်ဖြတ်နိုင်ပြီး တိုင်းပြည်အတွင်းစီးပွားရေးကိုလည်းပိုမိုကောင်းမွန်စေနိုင်ပါတယ် 📊📊📊

နိုင်ငံတစ်နိုင်ငံဖွင့်ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းငယ်လေးတွေ ကလည်းတစ်ထောင့်တစ်နေရာက ပါဝင်နေတယ် ဆိုတာ ငြင်းဆိုလို့လည်းမရနိုင်ပါဘူး။

Crowdfunding ဆိုတာကတော့ အရှိန်အဟုန်တိုးတက်နေတဲ့ Online Industry တစ်ခု ဖြစ်ပါတယ်။
အင်တာနက်ပလက်ဖောင်းတစ်ခုခုကို အသုံးပြုပြီး တစ်ဦးတည်း အလုပ်လုပ်တဲ့သူတွေ၊ Startup လုပ်ငန်းတွေ ဒါမှမဟုတ် စွန့်ဦးတီထွင်သူတွေ သူတို့ရဲ့ Project ကိုစတင်ဖို့ ရန်ပုံငွေရှာဖွေတဲ့ နေရာဖြစ်ပါတယ် 🎯🎯🎯

လူငယ်တွေ အတွက် သူတို့ရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်တည်ဆောက်နိုင်ဖို့ ငွေကြေးအရင်းအနှီးကို Crowdfunding က Fund ငွေစုဆောင်းပေးနိုင်ပါတယ်။

ဒါဆို Reward-Base Crowdfunding ဆိုတာကရော ဘာလဲ ??? 🤔🤔

♦️ရင်းနှီးမြုပ်နှံသူတွေကမည်သည့် ငွေကြေးတစ်စုံတစ်ရာမှ မမျှော်လင့်ထားဘဲကူညီထောက်ပံ့ပေးပါတယ်။

♦️ဒါပေမယ့် သင့်လုပ်ငန်းက ပြောင်းလဲမှု တစ်စုံ တစ်ရာ၊ ဖန်တီးမှု့တစ်စုံတစ်ရာကို လုပ်နိုင်တယ်ဆိုရင် ထောက်ပံ့ပေးတဲ့သူတွေကို ပြန်လည်ဆုချတဲ့အနေနဲ့ (ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု) ကိုပြန်လည်ပေးအပ်ရမှာပဲဖြစ်ပါတယ်

♦️ရန်ပုံငွေထည့်ဝင်သူရော အိမ်မက်တွေကို အကောင်အထည်ဖော်လိုသူရော အတွက် Win Win Situation ပဲဖြစ်ပါတယ်

📌📌 ဒီလိုရင်းနှီးမြှုပ်နှံမှုများကို ယခင်က နိုင်ငံခြား website များမှာသာ ရင်းနှီးလုပ်ဆောင်နိုင်ပြီး ယခုအခါမှာတော့ suseeyar.net ဆိုသော crowdfunding platform ပေါ်ပေါက်လာ တာကြောင့် မြန်မာနိုင်ငံမှာလည်း အလွယ်တကူရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် အခွင့်အလမ်းတိုးပွားလာတာလည်းဖြစ်ပါတယ်။

Hello 📢📢Su See Yar ကနေပြန်လည်ကြိုဆိုပါတယ်အကြောင်းတစ်စုံတစ်ရာကြောင့် Page လေးကဒီလတွေအတွင်း Active သိပ်မဖြစ်ခဲ့ပေမယ့်  အခု...
12/05/2023

Hello 📢📢
Su See Yar ကနေပြန်လည်ကြိုဆိုပါတယ်

အကြောင်းတစ်စုံတစ်ရာကြောင့် Page လေးက
ဒီလတွေအတွင်း Active သိပ်မဖြစ်ခဲ့ပေမယ့်
အခုကစပြီး project အသစ်တွေကိုချပြတော့မှာ ဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦးနော် 💛💛

Hello 📢📢
Welcome back from Su See Yar

Our Su See Yar page can not be posted the activity for some reason during these months, but we will create and show the new projects from now on. Please watch the way that we support. 💛💛

Developer ဖြစ်ချင်တဲ့လူငယ်တယောက်က သူ့အတွက်ဈေးကြီးလှတဲ့ သင်တန်းကြေးပေးဖို့အခက်အခဲဖြစ်နေပါတယ်။သင့်လုပ်ငန်းအတွက်လိုအပ်နေတဲ့...
21/09/2022

Developer ဖြစ်ချင်တဲ့လူငယ်တယောက်က သူ့အတွက်ဈေးကြီးလှတဲ့ သင်တန်းကြေးပေးဖို့အခက်အခဲဖြစ်နေပါတယ်။
သင့်လုပ်ငန်းအတွက်လိုအပ်နေတဲ့ Web page အတွက်
ဒီလူငယ်လေးအတွက်သင်တန်းကြေးပေးပြီး
သင်တန်းပြီးသွားချိန်မှာ Reward အနေနဲ့ သင်လိုအပ်နေတဲ့Wed page ကိုပြန်လည်ရယူတာမျိုး
ကိုယ်အလုပ်လဲ ဖြစ်မြောက် တပါးသူကိုလဲ ကူညီရာရောက်တဲ့ လုပ်ငန်းစဉ်ကို လို့ခေါ်ပါတယ်။





14/09/2022

Crowdfunding ဆိုတာ လူတစ်ဉီးတစ်ယောက်ရဲ့ ငွေကြေးလိုအပ်မှုကို လူအများက ဝိုင်းဝန်းအားပေးထောက်ပံ့ခြင်းဖြစ်ပါတယ်။သင်ကိုယ်တိုင်က Campaigner(ကမ်းပိန်းပြုလုပ်သူ) လဲဖြစ်နိုင်သလို Supporter(ထောက်ပံ့သူ) လဲဖြစ်နိုင်ပါတယ်။



#စီးပွားရေး

စုစည်းရာရဲ့ Crowdfunding ဆိုတာ မိမိရဲ့စီးပွားရေးလုပ်ငန်းကို လျှင်လျှင်မြန်မြန်အကောင်အထည်ဖော်ဖို့ လုပ်ငန်းအစီအစဉ်များကိုခ...
07/09/2022

စုစည်းရာရဲ့ Crowdfunding ဆိုတာ မိမိရဲ့စီးပွားရေးလုပ်ငန်းကို လျှင်လျှင်မြန်မြန်အကောင်အထည်ဖော်ဖို့ လုပ်ငန်းအစီအစဉ်များကိုချပြပြီး လူအများစိတ်ဝင်စားမှုကိုရယူတဲ့
စီးပွားရေးလုပ်ငန်းစဉ်တခုပါ။




#စီးပွားရေး

Address

Dhamazaeydi Road, Near Sweet Hotel
Sanchaung

Opening Hours

Monday 08:00 - 17:30

Alerts

Be the first to know and let us send you an email when Su See Yar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share