ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

  • Home
  • Myanmar
  • Sagaing
  • ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ မုချကျရှုံးရမည်

ပြည်သူလူထုထံသို့ မတရားအာဏာသိမ်းခံရမှု (၅)နှစ်ပြည့် ထုတ်ပြန်​ကြေညာချက်                       ရက်စွဲ။  ။၂၀၂၆ခုနှစ်၊ ​ဖေ​ဖေ...
01/02/2026

ပြည်သူလူထုထံသို့ မတရားအာဏာသိမ်းခံရမှု (၅)နှစ်ပြည့် ထုတ်ပြန်​ကြေညာချက်


ရက်စွဲ။ ။၂၀၂၆ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ၊ (၁) ရက်

၂၀၂၆ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ (၁)ရက်​နေ့သည် အကြမ်းဖက်စစ်​ကော်မရှင်၏ မတရားအာဏာသိမ်းမှု (၅)နှစ်တိုင်ပြည့်​မြောက်ခဲ့ပြီ။ ထို (၅)နှစ်တာကာလအတွင်း ​​တော်လှန်​ရေးလှိုင်းတံပိုးများ ရိုက်ခတ်သည့်ကြားမှ ပြည်သူလူထုကြီး၏ ထည့်ဝင်​ပေးဆပ်မှုများသည် အ​လေးအမြတ်ပြုဖွယ်ရာပင်ဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ သတ်ဖြတ်မှုများ၊ ​နေ့စဥ်နဲ့အမျှ ကျူးလွန်​နေ​​သော စစ်ရာဇဝတ်မှုများ​ကြောင့် ပြည်သူအများ ​စစ်​​ဘေး​ရှောင်ဘဝသို့ ​​ရောက်လာရသည့်အပြင် မတရားစစ်မှုထမ်းဥပ​ဒေဖြင့် ပြည်သူ ပြည်သူချင်း သတ်ဖြတ်ခိုင်း​သော​ကြောင့် တိုင်းပြည်၏ အနာဂတ်လူငယ်များ၏ အသက်၊ ​သွေးနှင့် အနာဂတ်တို့ တစတစတိမ်မြုပ်​ပျောက်ကွယ်​နေရသည်လည်းဖြစ်ပါသည်။

၎င်းအာဏာသိမ်းစစ်တပ်သည် မိမိတို့၏ အာဏာတည်မြဲ​ရေးနဲ့ ပြည်သူအများ၏ လူ​နေမှုအဆင့်အတန်းမြင့်မားလာ​ရေးဟူ​သော လီဆယ်စကားများဖြင့် ရွေး​ကောက်ပွဲအတုအ​ယောင် ဦး​ဆောင်ကျင်းပကာ လူထုကိုယ်စားပြုမှု၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို ​တောင်းခံ​နေခြင်းလည်းဖြစ်ပြီး အဖက်ဖက်မှ အင်အားချည့်နဲ့လာ​သော အ​ခြေအ​နေအရပ်ရပ်ကို ကျားကန်နိုင်ဖို့ ကျင်းပ​​သော မည်သည့်​ရွေး​ကောက်ပွဲကိုမှ အသိအမှတ်ပြု လက်ခံခြင်းမပြုကြရန် ပြည်သူလူထုကြီးအား အ​လေးအနက် တိုက်တွန်းလိုပါသည်။

ကျွန်ုပ်တို့ ပုလဲလူထုသပိတ်တိုက်ပွဲဦး​ဆောင်​ကော်မတီအ​နေဖြင့် ​တော်လှန်​ရေးအင်အားစုများအတွင်း
ကိုယ်ကျိုးစီးပွားနှင့် ပုဂ္ဂိုလ်​ရေးအာဏာတည်​ဆောက်မှုများ၊ တော်လှန်​​ရေးလမ်း​​ကြောင်းမှ သွေဖည်လာမှုများကို လူထုအားဖြင့် တတ်အားသ​ရွေ့ ထိန်း​ကျောင်းတည့်မတ်​​​သွားမည်ဖြစ်ပြီး
လူထုကိုဗဟိုပြု​သော၊ လူထုကိုအလုပ်အ​ကျွေးပြု​သော၊ နိုင်ငံ​ရေး-စစ်​ရေး ဟန်ချက်ညီညီ​ပေါင်းစပ်နိုင်​ရေးကို​ရှေုးရှု​သော အခင်းအကျင်းတရပ်​ပေါ်​ပေါက်လာ​ရေးအတွက် ကျသည့်​နေရာမှ ပါဝင်​ဆောင်ရွက်သွားမည်လည်း ဖြစ်ပါသည်။

ပြည်သူလူထုတရပ်လုံး၏ ​မျှော်ရည်ချက်ဖြစ်သည့် စစ်အာဏာရှင်အမြစ်ပြတ်​ရေးနှင့် ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စုတည်​ဆောက်​ရေးဟူ​သော ဘုံရည်မှန်းချက် ပြည့်​မြောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်​ကြောင်း အသိ​ပေးထုတ်ပြန်အပ်ပါသည်။

​တော်လှန်​ရေးသစ္စာဖြင့်

ပုလဲလူထုသပိတ်တိုက်ပွဲဦး​​ဆောင်​ကော်မတီ

စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးစီးထုတ်ဝေသော "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊အမှတ်စဉ်(၁၀) ကို ပု...
02/01/2026

စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးစီးထုတ်ဝေသော "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊အမှတ်စဉ်(၁၀) ကို ပုလဲမြို့နယ် ပြည်သူများနှင့်ရဲ‌ဘော်များထံ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။

"ဒို့ဖက်ဒရယ်"စာစဉ်ကို စစ်ကိုင်းတိုင်းတွင်း (10)မြို့နယ်မှာ ဖြန့်ဝေနေပြီး တစ်လတစ်ကြိမ် လစဉ်ထုတ်ဝေသွားဖို့ ရည်ရွယ်ထားပါတယ်။ အမှတ်စဉ်(၁၀)ထုတ်ဝေမှုမှာလည်း စစ်ကိုင်းဒေသတွင်းက တော်လှန် ဘက်တော်သားများနဲ့ တော်လှန်ပြည်သူများကိုယ်တိုင် လက်စွမ်းပြထားပါတယ်။ စစ်ကိုင်းအသံကို သေချာပေါက်ထင်ဟပ်စေမယ့် စာစဉ်ဖြစ်တာမို့ မိဘပြည်သူများအနေနဲ့ ဖတ်ရှုဝေဖန်အကြံပြုပေးကြပါဦးလို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Telegram Link👇👇👇

https://t.me/Dohfederal

#ဒို့ဖက်ဒရယ်
#အခမဲ့ဖြန့်ဝေသည်
#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

မနက်ဖြန် ဒီဇင်ဘာ (၁၀)ရက်နေ့ သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံဆို...
09/12/2025

မနက်ဖြန် ဒီဇင်ဘာ (၁၀)ရက်နေ့ သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။

တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံး ဟစ်ကြွေးသံဆိုတဲ့အတိုင်း နံနက် (၁၀) နာရီ မှ မွန်းလွဲ (၃)နာရီ အထိ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်မှာ ပူပေါင်းပါဝင်ပေးကြပါခင်ဗျား


တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ကိုဇွဲမင်းခန့်(ခ)ကိုဇွဲ ကျဆုံးခြင်း (၂)လပြည့် အမှတ်တရ လူထုလှုပ်ရှားမှု29....
29/11/2025

တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် ကိုဇွဲမင်းခန့်(ခ)ကိုဇွဲ ကျဆုံးခြင်း (၂)လပြည့် အမှတ်တရ လူထုလှုပ်ရှားမှု

29.November.2025

စစ်ကော်မရှင်က ပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပုလဲပြည်သူများက လူထုလှုပ်ရှားမှုဖြစ်လုပ်ခဲ့တာ ဖြစ်ပါသည်။

တဆက်တည်းမှာပဲ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုဇွဲ ကျဆုံးခြင်း (၂)လပြည့် အမှတ်တရအဖြစ် ကိုဇွဲ ဘဝ ဖြတ်သန်းခဲ့မှုနှင့် နွေဦးတော်လှန်ရေးတွင် ကိုဇွဲ ၏ တော်လှန်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပုံများကို ရဲဘော်ရဲဘက်များက ပြန်ပြောင်းပြောကြားပြီးအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

#အတုအယောင်ရွေးကောက်ပွဲ
#အရေးတော်ပုံအောင်ရမည်
#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးစီးထုတ်ဝေသော "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊အမှတ်စဉ်(၉) ကို ပုလ...
18/11/2025

စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးစီးထုတ်ဝေသော "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊အမှတ်စဉ်(၉) ကို ပုလဲမြို့နယ် ပြည်သူများနှင့်ရဲ‌ဘော်များထံ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။

"ဒို့ဖက်ဒရယ်"စာစဉ်ကို စစ်ကိုင်းတိုင်းတွင်း (10)မြို့နယ်မှာ ဖြန့်ဝေနေပြီး တစ်လတစ်ကြိမ် လစဉ်ထုတ်ဝေသွားဖို့ ရည်ရွယ်ထားပါတယ်။ အမှတ်စဉ်(၉)ထုတ်ဝေမှုမှာလည်း စစ်ကိုင်းဒေသတွင်းက တော်လှန် ဘက်တော်သားများနဲ့ တော်လှန်ပြည်သူများကိုယ်တိုင် လက်စွမ်းပြထားပါတယ်။ စစ်ကိုင်းအသံကို သေချာပေါက်ထင်ဟပ်စေမယ့် စာစဉ်ဖြစ်တာမို့ မိဘပြည်သူများအနေနဲ့ ဖတ်ရှုဝေဖန်အကြံပြုပေးကြပါဦးလို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Telegram Link👇👇👇

https://t.me/Dohfederal

#ဒို့ဖက်ဒရယ်
#အခမဲ့ဖြန့်ဝေသည်
#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

28/10/2025

"ခဝါသည်ကရေစီ ရွေးကောက်ပွဲ"

"အောက်တိုဘာလ ၂၈ မှ ဒီဇင်ဘာလ ၃၁ ထိ ကို တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ပါကြောင်း"ရန်...
28/10/2025

"အောက်တိုဘာလ ၂၈ မှ ဒီဇင်ဘာလ ၃၁ ထိ ကို တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ပါကြောင်း"

ရန်သူ စစ်အုပ်စစ်သည် “ အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံး၍” မတရားအာဏာသိမ်းချိန်မှစ၍ ယနေ့တိုင် ၄င်း၏ အာဏာတည်မြဲရေး ဆောင်ရွက်နေသည်။ လူမှုရေး၊ စီးပွါးရေးနှင့် နိုင်ငံရေးတို့တွင် အကြမ်းဖက်မှုနှင့် အကျင့်ပျက်ချစားမှုကြီးစိုးစေမှုတို့ဖြင့် တိုင်းပြည်၏ အရင်းအမြစ်များစွာကို ပျက်ဆီးဆုံးရှုံးစေကာ စစ်အုပ်စု အာဏာတည်ရေးသာ (တဘို့တည်း ကြည့်သော နွားပမာ) ပြုကျင့်ခဲ့သည်။

ရလဒ်အနေဖြင့် လူဦးရေ ၁၂ သန်းကျော် ထမင်းငတ်နေသည့် တိုင်းပြည်၊ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်လောင်းကစားတို့ စခန်းချရာတိုင်းပြည်၊ လုံခြုံမှုမရှိဆုံးနှင့် နေ့စဉ် အကြမ်းဖက်မှုတို့ဖြင့် ပြည့်နှက်နေသည့် တိုင်းပြည် တခုအဖြစ်သို့ သက်ဆင်းသွားပြီဖြစ်သည်။
မိမိတို့ တိုင်းပြည်ကို ငရဲပမာ ရှုမြင်နေကြရပြီး စိတ်မချမ်းမြေ့ဖွယ် မနေချင့်စဖွယ်တိုင်းပြည် ဖြစ်လာနေသည်။

ငရဲကြီး ၈ ထပ် အဝီစိအောက် ရောက်နေသည့် တိုင်းပြည်ကို ထပ်၍ နစ်မွန်းစေမည့် အကြမ်းဖက် ပြုကျင့်မှုကြီးသည် “အတုအယောင်ရွေးကောက်ပွဲ” ပင်ဖြစ်သည်။ ရွေးကောက်ပွဲတခု၏ ဂုဏ်သိက္ခာအဖြာဖြာတို့ ကင်းမဲ့နေသည့် အကြမ်းဖက်ပွဲ၊ လုပ်ပွဲ နှင့် ထောင်ချောက်သာလျှင် ဖြစ်ပါသည်။

ဤသို့သော အကြမ်းဖက်မည့်ရွေးကောက်ပွဲမှ တိုင်းပြည်သို့ မည်သို့သော အပြောင်းအလဲမှ ဆောင်ကျဉ်းနိုင်လိမ့်မည်မဟုတ်ပါ။ အင်မတန် လူမဆန်သည့် စစ်ရာဇဝတ်မှုနှင့် မတရားမှုပေါင်းစုံကျူးလွန်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်အုပ်စုပြင်ဆင်နေပါသည်။

မိမိတို့ တိုင်းပြည်အပေါ်သို့ စစ်ကျွန်အရိပ်မဲကြီး ဆက်လက်ကြီးစိုးမည့် မတရားမှုသရဖူဆောင်းထားသည့် စစ်အုပ်စု၏ “တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီး” ကို ပြည်သူလူထုတရပ်လုံး၏ စုပေါင်းအားတို့ဖြင့် နည်းပရိယာယ်ကြွယ်ကြွယ်သုံးကာ သပိတ်မှောက်ဆန့်ကျင်ကြပါရန် ပန်ကြားမေတ္တာရပ်ခံအပ်သည်။

တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလကို အောက်တိုဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်သည်။

“တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို လူထုအားဖြင့် ဆန့်ကျင်ကြ”

“ သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”

“အကြမ်းဖက်ရွေးကောက်ပွဲ ကျရှုံးပါစေ”







#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

တော်လှန်မိတ်ဆွေတို့ရေအောက်တိုဘာ ၂၆၊ ၂၇ နဲ့ ၂၈ တွေမှာ အာဆီယံထိပ်သီးအစည်းအဝေးရှိနေပါတယ်။ အာဆီယံ page မှာ comment ...
26/10/2025

တော်လှန်မိတ်ဆွေတို့ရေ

အောက်တိုဘာ ၂၆၊ ၂၇ နဲ့ ၂၈ တွေမှာ အာဆီယံထိပ်သီးအစည်းအဝေးရှိနေပါတယ်။ အာဆီယံ page မှာ comment ပေးပြီး အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး အတူတူတောင်းဆိုကြမယ်။

ပါဝင်ရမည့် အဆင့် ၁ -
ဤစာကို ကူးယူပါ။
👇👇👇👇👇👇👇👇

ASEAN must
- UNEQUIVOCALLY REJECT the Myanmar junta's sham election.
- REFUSE to send observers or provide any form of technical or political support.
- STAND FIRMLY in solidarity with the people of Myanmar and their legitimate democratic representatives.

ပါဝင်ရမည့် အဆင့် ၂ -

Comment ပေးရမည့်post ကိုရောက်ရန်အောက်ပါလင့်ကိုနှိပ်ပါ။
👇👇👇👇👇👇👇👇
https://www.facebook.com/share/p/1DQxuFTGUN/

comment ပေးရန်အချိန်
🕖🕖🕖🕖
မြန်မာစံတော်ချိန် ၇ နာရီမှာ

ပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်နေ့မှာလည်း ပါဝင်ပေးပါဦး။



(လုံခြုံရေးအရ အဆင်ပြေတဲ့ Accountများနဲ့ Commentပေးကြပါရန် သတိပေးနှိုးဆော်လိုက်ပါတယ်။)

26 ၊‌ အောက်တိုဘာ ၊ 2025စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း တူမီးတော်လှန်ရေးစာစဉ် အမှတ်(146) ကို ပုလဲလူထုသပိတ်တိုက်ပွဲဦးဆေ...
26/10/2025

26 ၊‌ အောက်တိုဘာ ၊ 2025

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်း တူမီးတော်လှန်ရေးစာစဉ် အမှတ်(146) ကို ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဖြန့်ဝေခဲ့ပါသည်။

တူမီးတော်လှန်ရေးစာစဉ်ကို ပုလဲမြို့နယ်အတွင်း
အပတ်စဉ်ဖြန့်ဝေလျက်ရှိပါသည်။

#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးစီးထုတ်ဝေသော "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊အမှတ်စဉ်(၈) ကို ပုလ...
16/10/2025

စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့မှ ဦးစီးထုတ်ဝေသော "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊အမှတ်စဉ်(၈) ကို ပုလဲမြို့နယ် ပြည်သူများနှင့်ရဲ‌ဘော်များထံ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။

"ဒို့ဖက်ဒရယ်"စာစဉ်ကို စစ်ကိုင်းတိုင်းတွင်း (10)မြို့နယ်မှာ ဖြန့်ဝေနေပြီး တစ်လတစ်ကြိမ် လစဉ်ထုတ်ဝေသွားဖို့ ရည်ရွယ်ထားပါတယ်။ အမှတ်စဉ်(၈)ထုတ်ဝေမှုမှာလည်း စစ်ကိုင်းဒေသတွင်းက တော်လှန် ဘက်တော်သားများနဲ့ တော်လှန်ပြည်သူများကိုယ်တိုင် လက်စွမ်းပြထားပါတယ်။ စစ်ကိုင်းအသံကို သေချာပေါက်ထင်ဟပ်စေမယ့် စာစဉ်ဖြစ်တာမို့ မိဘပြည်သူများအနေနဲ့ ဖတ်ရှုဝေဖန်အကြံပြုပေးကြပါဦးလို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Telegram Link👇👇👇

https://t.me/Dohfederal

#ဒို့ဖက်ဒရယ်
#အခမဲ့ဖြန့်ဝေသည်

#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

ဓမ္မကို ပူဇော် အဓမ္မကို လောင်ကျွမ်း6.Oct.2025စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖယောင်းတိုင်မီး သပိ...
06/10/2025

ဓမ္မကို ပူဇော် အဓမ္မကို လောင်ကျွမ်း

6.Oct.2025

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖယောင်းတိုင်မီး သပိတ်ပြုလုပ်ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး ကျဆုံး အာဇာနည်များကို အောက်မေ့တမ်းတ ဂုဏ်ပြုခြင်း အခမ်းအနားပါ ကျင်းပခဲ့ပါသည်။

#ဓမ္မကိုပူဇော်_အဓမ္မကိုလောင်ကျွမ်း
#အာဏာရှင်စနစ်မှန်သမျှ_အဆုံးသတ်ရမည်
#အရေးတော်ပုံအောင်ရမည်
#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

သီတင်းကျွတ်ဆီမီးသပိတ် - လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု===============မြန်မာတို့၏ သီတင်းကျွတ်အချိန်အခါသယမသည် ရို...
05/10/2025

သီတင်းကျွတ်ဆီမီးသပိတ် - လူထုဆန္ဒ ၃ ရပ် ဖော်ထုတ်ရေး လှုပ်ရှားမှု
===============

မြန်မာတို့၏ သီတင်းကျွတ်အချိန်အခါသယမသည် ရိုးရာဓလေ့အရ ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ဆီမီးတို့ဖြင့် ပူဇော်ကန်တော့ခြင်း၊ ကျေးဇူးဆပ်ခြင်းနှင့် အမှောင်ကို အလင်းဖြင့် အောင်ပွဲခံခြင်း အခါသမယဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ ဆီမီးများ သည် ဗုဒ္ဓဘုရားရှင်ကို ပူဇော်ရုံသာမက၊ အာဏာရှင်စနစ် အောက်မှ လွတ်မြောက်လိုသော လူထုဆန္ဒသစ္စာ သုံးရပ်ကိုပါ ထွန်းညှိ၍ ဆီမီးသပိတ် ပြုလုပ်ကြရမှာဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့်နေ့တွင် အိမ်တိုင်း၏ ပြတင်းပေါက်၊ အိမ်ရှေ့ဝင်းများ၊ အလေးအမြတ်ထားရသည့် ရင်ပြင်နေရာများတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့် - လူထုဆန္ဒ ၃ ရပ်ကို ဖော်ထုတ်လှုပ်ရှားကြမည်။ ဤဆီမီးသည် -

* ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်မည့်လမ်းကို ဖော်ဆောင်သည်။
* အဓမ္မစစ်မှုထမ်းဥပဒေကို လောင်ကျွမ်းဖျက်ဆီးမည်။
* တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ချွင်းချက်မရှိ သပိတ်မှောက် ဆန့်ကျင်သည်။

________________________________________
ဆီမီးတိုင်းက ထွန်းညှိသော ရည်မှန်းချက် ၃ ရပ်

အိမ်တိုင်း၏ ပြတင်းပေါက်နှင့် အိမ်ရှေ့ဝင်းများစသည့် နေရာစုံတွင် စည်းလုံးစွာ ထွန်းညှိလိုက်သော ဆီမီးအလင်းရောင် တစ်ပွင့်စီတိုင်းသည် အောက်ပါ တော်လှန်ရေး ရည်မှန်းချက် ၃ ရပ် အတွက် ကျယ်လောင်သော ကြွေးကြော်သံဖြစ်ပါသည်။

၁။ လွတ်မြောက်ခြင်းမီးလျှံ
ကျွန်ုပ်တို့၏ ဆီမီးများသည် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံး အတွက် လွတ်မြောက်ခြင်းလမ်းကို ပြသမည့် ဆီမီးများဖြစ်ကြပါတယ်။ အချုပ်အနှောင် မှ အလင်းရောင် သို့ ပြန်လည်ရောက်ရှိရန် တောင်းဆုပြုသောအားဖြင့် ဤဆီမီးများကို ထွန်းညှိကြမည်။
• အကျဉ်းထောင်နံရံ ထိုးဖောက်၊ လူထုမီးတောက်!

၂။ အဓမ္မကို ဆန့်ကျင်သော ဆီမီးအလင်းရောင်
ဤသီတင်းကျွတ်ညသည် လူငယ်လူရွယ်များကို အတင်းအကျပ်ပေါ်တာဆွဲ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အတင်းအကျပ်စေခိုင်း တွန်းပို့သော မတရားအဓမ္မစစ်မှုထမ်းဥပဒေ ကို အင်အားအပြည့်ဖြင့် ငြင်းဆန်ကြောင်း ပြသသည့် ညဖြစ်သည်။ ဆီမီးတစ်ပွင့်စီတိုင်းသည် လူငယ်မျိုးဆက်များ အတွက် ဘေးကင်းရာ၊ တရားမျှတသော အနာဂတ်ကို တောင်းဆိုခြင်းသဘောဆောင်ပါသည်။ ဆီမီးအလင်း ဖြင့် အဓမ္မဥပဒေ ဖျက်သိမ်းရေး ကို ပူဇော်သပိတ်မှောက်ကြစို့။
• တော်လှန်မီးညွန့်အစပြု၍ အဓမ္မဥပဒေ လောင်ကျွမ်းစေ!

၃။ တရားမျှတမှုကို ဖော်ဆောင်သော အလင်းသပိတ်

လူထုဆန္ဒမပါသော၊ တရားမဝင်သော မင်းအောင်လှိုင်အာဏာတည်မြဲရေးအတွက် ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျွန်ုပ်တို့လူထုတစ်ရပ်လုံးမှ လုံးဝ လက်မခံနိုင်ပါ။ ထို့ကြောင့် ဆီမီးထွန်း၍ ပြုလုပ်သော ဤသပိတ်သည် လူထုတစ်ရပ်လုံး၏ ဆန္ဒနှင့် အမှန်တရားကို ကိုယ်စားပြုသည်။ အမှောင်ကို ဖုံးကွယ်၍ မရနိုင်သကဲ့သို့ အတုအယောင် များသည်လည်း ပြည်သူ့အလင်းရောင် အောက်တွင် မတည်မြဲနိုင်ပါ။ လူမမယ် ကလေးကစလို့ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီး လုပ်တဲ့ တရားမဝင် ရွေးကောက်ပွဲကို ကျွန်ုပ်တို့ ဆီမီးရောင်ဖြင့် သပိတ်မှောက်ဆန့်ကျင်ကြရပါမယ်။
• အတုအယောင်ရွေးကောက် ခွေးထွက်ပေါက်၊ တော်လှန်အလင်းနဲ့ သပိတ်မှောက်!
________________________________________

လူထုကို ဖိနှိပ်မှုမျိုးစုံဖြင့် ဒုက္ခကြုံစေပြီး အတုအယောင်ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုအားလုံး ပူလောင်ကျရှုံးဖို့ရန် ဆုတောင်းကြွေးကြော် အာခံဖီဆန်ကြပါစို့…..

#ဓမ္မကိုပူဇော်_အဓမ္မကိုလောင်ကျွမ်း

#တော်လှန်သီတင်းကျွတ်



#ဖက်ဆစ်ရွေးကောက်ခွေးထွက်ပေါက်_မဲမပေးဘဲသပိတ်မှောက်





#ပုလဲလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

Address

Palè
Sagaing

Website

Alerts

Be the first to know and let us send you an email when ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share