26/07/2026
ယဥ်မတော်တမှုကြောင့်ဒဏ်ရာရရှိသူအားရှေးဦးပြုစုပြီး ဆေးရုံသို့ပို့ဆောင်ကူညီ
=================
ဖြူး(၁၁၅မိုင်) ၊၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်
(၂၆.၇.၂၀၂၆ )ရက်နေ့ ၌ ၁၁၉/၉ဖာလုံတွင် ယာဥ်မတော်တဆ မှုကြောင့်ခြေသလုံရိုးကျိုးဒဏ်ရာနှင့် ပွန်းပဲဒဏ်ရာများ ရရှိခဲ့သူ အမျိုးသားလူနာတစ်ဦး အား (၁၁၅)မိုင်ကြက်ခြေနီ ရှေးဦးပြုစုခြင်းစခန်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကရှေးဦးပြုစု ပေးပြီး ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်
(၁၁၅)မိုင် ကြက်ခြေနီအရေးပေါ်ရှေးဦးပြုစုခြင်းစခန်းသို့ ဆက်သွယ်အကူအညီတောင်းခံလိုပါက
၀၉၄၄၉၅၄၁၁၆၂
၀၉၄၂၈၁၉၉၃၇၇
သို့ဆက်သွယ်အကူအညီတောင်းခံနိုင်ပါသည်။
သတင်း- (၁၁၅မိုင်ကြက်ခြေနီ)