KAN KAW Social Development Association

KAN KAW Social Development Association Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KAN KAW Social Development Association, Nonprofit Organization, PaYatakar Street, Ponnagyun.

🌧️ မိုးရာသီအတွက် ရပ်ရွာအကျိုးပြု တံတားလေးများ ဆောက်လုပ်ခြင်း 🌉မိုးရာသီကာလအတွင်း ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကျေးရွာရှိ က...
11/08/2026

🌧️ မိုးရာသီအတွက် ရပ်ရွာအကျိုးပြု တံတားလေးများ ဆောက်လုပ်ခြင်း 🌉

မိုးရာသီကာလအတွင်း ဘူးသီးတောင်မြို့နယ်၊ ဂန္ဓာရီကျေးရွာရှိ ကျောင်းသားလူငယ်များနှင့် ရပ်ရွာပြည်သူများ၏ အသွားအလာ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကျွန်ုပ်တို့အဖွဲ့အစည်းမှ ဦးဆောင်ကာ တံတားလေး ၂ စင်း ပြုလုပ် ပေးခဲ့ပါသည်။

အဆိုပါ တံတားများ တည်ဆောက်နိုင်ရန်အတွက် အဖွဲ့ဝင်များမှ လိုအပ်သည့်နေရာများကို လေ့လာသတ်မှတ်ခြင်း၊ တံတားတည်ဆောက်ရန် လိုအပ်သည့်ပစ္စည်းများ စီစဉ်ပြင်ဆင်ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ကူညီခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

🌱 ဤလုပ်ငန်းသည် ရပ်ရွာအတွင်းရှိ ကျောင်းသားလူငယ်များနှင့် ပြည်သူများ မိုးရာသီတွင် သွားလာရာ၌ အခက်အခဲများ လျော့နည်းစေရန်နှင့် လုံခြုံအဆင်ပြေစွာ သွားလာနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

“လူငယ်တို့၏ အင်အားဖြင့် ရပ်ရွာအတွက် အကျိုးပြုကြစို့” ဆိုသည့် ရည်မှန်းချက်ဖြင့် လိုအပ်သည့်နေရာများတွင် ဆက်လက်၍ တတ်နိုင်သမျှ ပါဝင်ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 🤝🌿

📢 မှိုမျိုးပွင့်၊ ပျိုးထုတ် ထုပ်လုပ်ရေး သင်တန်း အောင်မြင်စွာ ပြီးဆုံးခြင်း🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🟢 ကျွန်ုပ်တို့အဖွဲ့အစည်းမှ ဒေသခံ...
19/06/2026

📢 မှိုမျိုးပွင့်၊ ပျိုးထုတ် ထုပ်လုပ်ရေး သင်တန်း အောင်မြင်စွာ ပြီးဆုံးခြင်း
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

🟢 ကျွန်ုပ်တို့အဖွဲ့အစည်းမှ ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပခဲ့သော မှိုမျိုးပွင့် ပျိုးထုတ် ထုပ်လုပ်ရေး သင်တန်း ကို အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။

🍀 သင်တန်းအတွင်း သင်တန်းသားများသည် လက်တွေ့ကျကျ လေ့ကျင့်သင်ယူနိုင်ခဲ့ပြီး စီးပွားဖြစ် မှိုစိုက်ပျိုးထုတ်လုပ်နိုင်မည့် အခြေခံကျွမ်းကျင်မှုများကို ရရှိခဲ့ကြပါသည်။ မိမိဒေသတွင်း ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် ကုန်ကြမ်းပစ္စည်းများကိုလည်း ပံ့ပို့ပေးခဲ့ပါသည်။

🙏🌻 နေရာကန့်သတ်ချက်များကြောင့် ပါဝင်ခွင့်မရရှိခဲ့သူများလည်း ရှိခဲ့သော်လည်း၊ စိတ်ဝင်စားသူများအတွက် လာမည့်သင်တန်းများတွင် ထပ်မံပါဝင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးသွားမည်ဖြစ်ပါသည်။

💡 မှိုစိုက်ပျိုးလုပ်ငန်းသည် နည်းစနစ်မှန်ကန်စွာ လေ့လာပါက ဒေသတွင်း စီးပွားရေးတိုးတက်ရေးအတွက် အလားအလာကောင်းသော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

📌 စိတ်ဝင်စားသူများအနေဖြင့် ကျွန်ုပ်တို့အဖွဲ့အစည်း၏ နောက်လာမည့် သင်တန်းများကို စောင့်မျှော်ပါဝင်နိုင်ပါသည်။

18/05/2026

ခမီ လူမျိုးတို့၏ ရိုးရာဓလေ့ များ...💃👭..............................................................
ဤဗွီဒီယိုကို KANKAW အဖွဲ့မှ ခမီ Volunteer များမှ ဦးဆောင် ပြုလုပ်ထားခြင်းဖြစ်သည်။

27/04/2026

KANKAW အဖွဲ့၏ Volunteer များ မှ စီစဥ်ပြုလုပ်ထားတဲ့ ရခိုင်ရိုးရာဓလေ့ များ💃👬

27/04/2026

KANKAW အဖွဲ့၏ Volunteer များမှ စီစဥ်ပြုလုပ်ထားတဲ့

မြို လူမျိုး တို့၏ တောင်ယာ ပြုလုပ်ပုံ ဓလေ့များ

23/04/2026

အမျိုးလည်ခြင်း နှင့် ဟင်းများဖလှယ်ခြင်း ဓလေ့..👫👭....................................

KANKAW အဖွဲ့၏ Volunteer များမှ ပြုလုပ်ထားတဲ့ သက်လူမျိုးတို့၏ အမျိုးလည်ခြင်း နှင့် ဟင်များဖလှယ်ခြင်း ဓလေ့ဖြစ်ပါသည်။

22/04/2026

ညီညွှတ်ကပ်မေ ( ရခိုင် ရိုးရာ အက)....................................................
KANKAW အဖွဲ့၏ Volunteer များ ဦးဆောင် တင်ဆပ်ထားတဲ့ " ညီ​ညွှတ်ကပ်မေ " အကဖြစ်ပါသည်။

အခုလို ဦးဆောင်ပေးသွားတဲ့ ရခိုင်အကအဖွဲ့ကို အထူးအင်ကျေးဇူးတင်ရှိပါသည်။

09/04/2026

✨ Mro Traditional Dance ✨
------------------------------

🔷 At the cultural exchange event organized by KANKAW, the Mro group proudly presented their cultural heritage
through a beautiful traditional dance performance.

🎉 We aim is to preserve such traditional cultures and pass them on to new generations.

✨ မြို ရိုးရာအက ✨

KANKAW အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သော ရိုးရာဓလေ့ နှီးနှောဖလှယ်ပွဲတွင် မြို ရိုးရာအက အဖွဲ့မှ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ခမီ ရိုးရာအက ဖြင့် ပါဝင်နှီးနှောဖလှယ်ခဲ့ကြပါသည်။

ဤကဲ့သို့ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာမျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းနိုင်ရန် ရည်ရွယ်ပါသည်။

24/03/2026

မူဆင်လင် အက
----------------
KANKAW အဖွဲ့၏ Volunteer ( မူဆလင် လူငယ်) တစ်ဦးမှ Culture Exchange အတွက် ပါဝင် နှီးနှောဖလှယ်နိုင်ရန် ကြိုးစားဦးဆောင်ထားတဲ့ မူဆလင် အက ဖြစ်ပါတယ်။

အခက်ခဲပေါင်းစုံကြားက အခုလို ပါဝင်နှီးနှောဖလှယ်ပေးနိုင်အောင် ကြိုးစား ပေးကြပါသော ပုဂ္ဂိုလ်များကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

Address

PaYatakar Street
Ponnagyun

Website

Alerts

Be the first to know and let us send you an email when KAN KAW Social Development Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share