Htee Own Long ထီအံုလံုး

Htee Own Long ထီအံုလံုး ကျောက်ရေတွင်းကျေးရွာအကြောင်း...

15/11/2025

ဆောင်းအဝင်လေးမှာရွာသူရွာသားများနွေးနွေးထွေးထွေးရှိကြပါစေ🙏🙏🙏

 #ပညာရေးအားပေးသောဆရာတော်သက်တော်ရာကျော်ရှည်ပါစေဘုရား🙏🙏🙏
13/11/2025

#ပညာရေးအားပေးသောဆရာတော်သက်တော်ရာကျော်ရှည်ပါစေဘုရား🙏🙏🙏

 #ပအိုဝ်းတို့ခွက်တင်ရိုးရာဓလေ့ သီတင်းကျွတ်လပြည့်နေ့ ရောက်ချိန်နီးလာပါပြီ။နှစ်စဉ်နှစ်တိုင်း ပြုလုပ်ရတဲ့ ပအိုဝ်းတို့ရဲ့ မြ...
02/10/2025

#ပအိုဝ်းတို့ခွက်တင်ရိုးရာဓလေ့

သီတင်းကျွတ်လပြည့်နေ့ ရောက်ချိန်နီးလာပါပြီ။
နှစ်စဉ်နှစ်တိုင်း ပြုလုပ်ရတဲ့ ပအိုဝ်းတို့ရဲ့ မြတ်နိုးဖွယ်ရာ ခွက်တင်ဓလေ့ကလေးကို အစဉ်အလာမပျက် လုပ်ကြရပါတော့မယ်။

အဲ့ဒီဓလေ့ ကလေး ဘယ်ကနေဖြစ်ပေါ်လာတယ်ဆိုတာကိုပြောပြချင်ပါတယ်။

တာဝတိံသာနတ်ပြည်ကနေပြီးတော့ သင်္ကဿနဂိုရ်ပြည်ကို မြတ်စွာဘုရားရှင်ကြွဆင်းလာတော့ နတ်တွေဗြဟ္မာတွေ လိုက်ပို့ကြတယ်။

ဒါကြောင့်မို့သီတင်းကျွတ် လပြည့်နေ့မနက်မှာ ပအိုဝ်းလူမျိုးတွေက မြတ်စွာဘုရားကို ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပြီး ပါလာတဲ့ နတ်ဗြဟ္မာတွေကိုပါ ဧည့်ခံ ကျွေးမွေးတဲ့အနေနဲ့ခွက်ကလေးတွေနဲ့ စားစရာတွေထည့်ကျွေးကြပါတယ်။

ငယ်စဥ်အရွယ်က သီတင်းကျွတ်တိုင်း ထိုသို့ အထူးတလည်ပြင်ဆင်ပြီး ဆွမ်းတော်ကပ်ရခြင်း ခွက်တင်ရခြင်း အကြောင်း ကို လူကြီးများအား မေးမြန်းရာ မိမိတို့ပအိုဝ်းတိုင်းရင်းသားတို့၏ ဓလေ့ ဖြစ်ကြောင်းသိခဲ့ရပါသည်။

ရာနှုန်းပြည့်နီးပါး ဗုဒ္ဓဘာသာကိုးကွယ်ကြတဲ့ ပအိုဝ်းတို့ရဲ့ မြတ်နိုးဖွယ်ရာဘာသာရေး ထုံးဓလေ့တစ်ခုဖြစ်ပါတယ်။

ပအိုဝ်းတိုင်း ဒီယဉ်ကျေးမှု ထုံးဓလေ့ကို အစဉ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်ကြပါမှ ပအိုဝ်းတို့ရဲ့ ဝိသေသ လက္ခဏာ ဆိုတာကို ထိန်းသိမ်း စောင့်ရှောက်ရာ ရောက်ပါတယ်။

လူမျိုးတစ်မျိုးရဲ့ ဝိသေသလက္ခဏာ ဆိုတာ အဲဒါကိုပြောတာပါ။
ပအိုဝ်းလူငယ်တွေ သိရှိမှတ်သားထားနိုင်ဖို့တင်ပြရပါတယ်။

ခွန်တို့ ငယ်ငယ် ကဆို သီတင်းကျွတ်လပြည့်ရောက်တော့မယ်ဆို အင်မတန်မှ ပျော်ပါတယ် ။ ပျော်တယ်ဆိုတာက အကြောင်းမဲ့တော့မဟုတ် ။ အမေက ဆွမ်းတော်ကြီး ကပ်ရန်နှင့် ခွက်တင်ရန် စားကောင်းသောက်ဖွယ်များပြင်ဆင်သည့်အခါ အစားပုတ်သည့်ခွန်တို့မောင်နှမအတွက်ပါ ပိုပို လျှံလျှံလေး ပြင်ဆင်ပေးတတ်သောကြောင့်ပင် ။ထို့ပြင် အိမ်နီးတစ်ဝိုက် လည်းထို့အတိုင်းပင်။ ချစ်ခင်နှစ်သက်ဖွယ် ဓလေ့တစ်ခုဖြစ်ပါကြောင်း..........

နှောင်လာနောက်သား ပအိုဝ်းမျိုးဆက်များအတွက်ကူးယူဖော်ပြအပ်ပါသည်။🙏🙏🙏

းခွန်ဉာဏ်ဦး


#သီတင်းကျွတ်လပြည့်နေ့

#ပအိုဝ်းရိုးရာခွက်တင်ခြင်းအလေ့အထ

 #ထိုင်းရောက်ရွာသားများပဒေသာပင်ကြီးတစ်ဆူစိုက်ထူမည်ဟုသိရ #ကျောက်ရေတွင်းကျောင်းတိုက်သိပ်မကြာတော့မည့်အချိန်တွင် သီတင်းကျွတ်...
25/09/2025

#ထိုင်းရောက်ရွာသားများပဒေသာပင်ကြီးတစ်ဆူစိုက်ထူမည်ဟုသိရ

#ကျောက်ရေတွင်းကျောင်းတိုက်
သိပ်မကြာတော့မည့်အချိန်တွင် သီတင်းကျွတ်ပါတော့မည်။ဤနှစ်ဝါကျွတ်တွင် ကျောင်းကြီးကထိန်ခင်းနှင့်ဆရာတော်ကြီးပျံလွန်တော်မူ၃နှစ်
ပြည့်နှစ်ပါတ်လည်ပွဲ တစ်ပေါင်းတစ်စည်းပြုလုပ်
သွားမည်ဟု သိရပါသည်။

ထိုင်းရောက်ဒကာမကြီးဖြစ်သော ဒေါ်သန်းချို ဦးဆောင်၍ ထိုင်းရောက်ရွာသူ/သားများက မိမိ
တို့တတ်နိုင်သည့် သဒ္ဒါတရားများဖြင့်ပဒေသာပင်
ကြီးတစ်ဆူ စိုက်ထူလှူတန်းသွားမည်ဟုသိရပါသည်။

ပုံ... ဆရာတော်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါ
ဘ/က(ဘုန်းတော်ကြီးသင်ပညာရေး)ကျောင်း
မှဆုပေးပွဲအခမ်းအနားတွင် ကြီးကြပ်စီမံကွပ်ကဲ
ခဲ့ပုံ...🙏🙏🙏

#ထီအုံလုင်းဒုံ
#ကျောက်ရေတွင်း
#ဆရာတော်

Address

ရင်းငြိမ်+ကျောက်ရေတွင်းလမ်း
Paung

Telephone

+66990833486

Website

Alerts

Be the first to know and let us send you an email when Htee Own Long ထီအံုလံုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share