Paung Township Red Cross Branch

Paung Township Red Cross Branch Paung Red Cross Branch

၂၀၂၆ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ တွင် ပေါင်မြို့နယ်မှ                          (က) တစ်ဦးချင်း ...
12/05/2026

၂၀၂၆ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်
စွမ်းရည်ပြိုင်ပွဲ တွင် ပေါင်မြို့နယ်မှ
(က) တစ်ဦးချင်း ပထမ
( မ )တစ်ဦးချင်း ပထမ
( မ )နှစ်ယောက်တွဲ ဒုတိယဆု ရရှိခဲ့ပါသည်။
#ညီညွှတ်မှုအားနဲ့တို့ကူညီ လူသားချင်စာနာတဲ့ကြက်ခြေနီ
#ကြက်ခြေနီ

 #ကြက်ခြေနီ မှ လူနာပို့ဆောင်ပေးခြင်း #...............................................           ၂၀၂၆ ခုနှစ်၊  ဧပြီလ( ၂၆)...
27/04/2026

#ကြက်ခြေနီ မှ လူနာပို့ဆောင်ပေးခြင်း #...............................................

၂၀၂၆ ခုနှစ်၊ ဧပြီလ( ၂၆) ရက်

ပေါင်မြို့နယ်၊ ပြည်သူ့ ဆေးရုံမှ‌ အစာအိမ်အောင့် လူနာအား မော်လမ်ြိုင်‌ရတနာမွန်ဆေးရုံသို့ လွှဲ‌ပြောင်းရန်အသင်းခွဲသို့ဆက်သွယ်လာသဖြင့် နံနက် (၁၀:၃၀) ခန့်အချိန်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် (၂) ဦးမှ အသင်းပိုင် မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

ပါဠိပထမပြန်စာမေးပွဲတွင် လုပ်အားလှူ၍ဆေးအကူအညီပေးခြင်း==========================၂၀၂၆ ခုနှစ် မတ်လ (၂၉)ရက်နေ့မှဧပြီလ(၅)ရက်နေ...
06/04/2026

ပါဠိပထမပြန်စာမေးပွဲတွင် လုပ်အားလှူ၍ဆေးအကူအညီပေးခြင်း
==========================
၂၀၂၆ ခုနှစ် မတ်လ (၂၉)ရက်နေ့မှဧပြီလ(၅)ရက်နေ့ထိ ပေါင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ပါဠိပထမပြန်စာမေးပွဲဖြေဆိုကြသည့် မြို့နယ်သာသနာ့ဗိမာန်တွင် ဆေးအကူအညီပေးခြင်းနှင့် ဝေယျာဝစ္စလုပ်အားအလှူများဆောင်ရွက်ပေးခဲ့ကြသည်။

ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ===============================ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အ.ထ.က-မု...
27/03/2026

ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

===============================

ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်အ.ထ.က-မုတ္တမ ကျောင်းတို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၆)သင်တန်းဆင်းပွဲအား အ.ထ.က.မုတ္တမ ပညာရတနာခန်းမ၌ (၂၇.၃.၂၀၂၆) ရက်နေ့ နံနက် ( ၉း၀၀)ချိန်တွင် ကျင်းပပြုလုပ်ရာ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင်၊အ.ထ.က-မုတ္တမ ကျောင်းအုပ်ဆရာကြီး ဦးပိုင်သူ‌ကျော်တို့ မှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အ.ထ.က-မုတ္တမ ကျောင်းမှ သင်တန်းနည်းပြများအားဂုဏ်ပြုလက်ဆောင် ပေးအပ်ရာ တပ်ခွဲမှူးဦးနိုင်ထက်လင်း မှလက်ခံရယူခဲ့ပါသည်။
အ.ထ.က- မုတ္တမ‌ ကျောင်းသို့ဆေးအိတ် ပေးအပ်ရာ၌ ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင်က ပေးအပ်ခဲ့ရာ ကျောင်းအုပ် ဆရာကြီးဦးပိုင်သူကျော်မှလက်ခံရယူခဲ့သည်။
ထို့နောက်သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်သင်တန်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်း‌အောင်လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းကို (၂၃.၃.၂၀၂၆ မှ ၂၅.၃.၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာသင်တန်းသူ/သင်တန်းသား (၆၈)ဦးတက်ရောက်ခဲ့ကြသည်။
#ရှေးဦးပြုစုသူရဲကောင်းများကျောင်းနဲ့ရပ်ရွာမှမွေးထုပ်ထား

ပညာ‌ရေးစုံညီပွဲတော်တွင် အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်း ဆိုင်ရာကမ်ပိန်းပြုလုပ်===...
04/01/2026

ပညာ‌ရေးစုံညီပွဲတော်တွင် အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမှုနေထိုင်ခြင်း ဆိုင်ရာကမ်ပိန်းပြုလုပ်
==========================

၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်

အ.မ.က-ကတွန်(၂)ကျောင်း ပညာရေးစုံညီပွဲတော်တွင် ပေါင်မြို့နယ်ကြက်‌ခြေနီအသင်းခွဲမှစေတနာ့လုပ်အားရှင်(၁၀) ဦးသည် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမှုနေထိုင်ခြင်းဆိုင်ရာအကြောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကလေးများအား အသိပညာပေးမေးခွန်းများအမေးအဖြေပြုလုပ်၍ဖြေဆိုနိုင်သူများအား သော့ချိတ်များ၊ရောင်စုံခဲတံ၊ပုံဆွဲစာအုပ်များ၊ပညာ ပေးဇာတ်လမ်းတိုစာအုပ်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

(4.1.2026) လွတ်လပ်ရေးနေ့၌ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၆ ဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဉက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန်...
04/01/2026

(4.1.2026) လွတ်လပ်ရေးနေ့၌ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၆ ဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဉက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် သည် သိပ္ပကျော်စွာဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသည်ကို ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း
ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ

 #ကြက်ခြေနီ မှ လူနာပို့ဆောင်ပေးခြင်း #...............................................           ၂၀၂၆ ခုနှစ်၊  ဇန်နဝါရီလ(...
01/01/2026

#ကြက်ခြေနီ မှ လူနာပို့ဆောင်ပေးခြင်း #...............................................

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ( ၁) ရက်

ပေါင်မြို့နယ်၊ ပြည်သူ့ ဆေးရုံမှ‌ ပေါင်ရိုးကျိုးလူနာအား မော်လမ်ြိုင်‌ဆေးရုံကြီးသို့ လွှဲ‌ပြောင်းရန်အသင်းခွဲသို့ဆက်သွယ်လာသဖြင့် နံနက် (၁:၃၀) ခန့်အချိန်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် (၂) ဦးမှ အသင်းပိုင် မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

(၇၉)ကြိမ်မြောက် မွန်မျိုးသား‌နေ့အထိမ်းအမှတ်   ဖိတ်ခေါ်ဘောလုံးအားကစားပြိုင်ပွဲတွင်ကျန်းမာရေးစောင့်ရှာက်မှုပေးခြင်း=======...
28/12/2025

(၇၉)ကြိမ်မြောက် မွန်မျိုးသား‌နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဘောလုံးအားကစားပြိုင်ပွဲတွင်ကျန်းမာရေးစောင့်ရှာက်မှုပေးခြင်း
================

ပေါင်မြို့နယ် ၊ဇင်းကျိုက်မြို့၌ (၇၉)ကြိမ်မြောက် မွန်မျိုးသား‌နေ့အထိမ်းအမှတ်
ဖိတ်ခေါ်ဘောလုံးအားကစားပြိုင်ပွဲတွင်
ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊
အ.ထ.က - (ခွဲ) ပန်းကုန်း(မွန်)ကျောင်းနှင့်အ.မ.က.(လွန်) အင်းပိုင်း‌ ကျောင်းမှ စေတနာ့လုပ်အားရှင် တပ်ဖွဲ့၀င်များသည်(၂၅.၁၂.၂၀၂၅)ရက်နေ့မှစ၍ နေ့စဉ်အလှည့်ကျကျန်းမာရေးစောင့်‌‌ရှောက်မှုများပေးလျက်ရှိပါသည်။

မီးဘေးတွင်ကြက်ခြေနီမှကူညီပေးခြင့်နှင့် ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ ပေးခြင်း============================(၂၇.၁၁.၂၀၂၅)ရက်နေ့နံ...
01/12/2025

မီးဘေးတွင်ကြက်ခြေနီမှကူညီပေးခြင့်နှင့် ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ ပေးခြင်း
============================
(၂၇.၁၁.၂၀၂၅)ရက်နေ့နံနက်၊ ပေါင်မြို့နယ်၊ဥတ္တံားကျေးရွာ၊စျေးချောင်ပိုင်း၊မင်္ဂလာကြံခင်းလမ်း၌ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်စဥ်တွင် ပေါင်မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ တပ်ခွဲမှူး ဉီးဖြိုးမင်းခန့် ဉီးဆောင်သောတပ်ဖွဲ့ဝင်များသည် မီးလောင်ဒဏ်ရာရရှိသူ (မ)တစ်ဉီးအား ရှေးဉီးပြုစုပေးပြီး ပေါင်မြို့ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့သည်။
၁.၁၂.၂၀၂၅ရက်နေ့ မွန်းလွဲပိုင်းတွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများသွားရောက်ပေးအပ်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ခြင်းနှင့် ရေပြင်သက်ကယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ရာ ကြက်ခြေနီ ပါဝင်ဆောင်ရွက်===...
10/06/2025

ပေါင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ခြင်းနှင့် ရေပြင်သက်ကယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ရာ ကြက်ခြေနီ ပါဝင်ဆောင်ရွက်
============================
ပေါင်၊ ဇွန်လ (၁၀)ရက်။

ပေါင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ခြင်းနှင့် ရေပြင်သက်ကယ် သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ၂၀၂၅ ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ဆောင်ရွက်ခဲ့ရာ ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပေါင်မြို့နယ်တွင်းရှိ မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ ရပ်ရွာလူထုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။

Address

Paung Township GAD Office Boundary
Paung

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Paung Township Red Cross Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share