ARCCI, Ayeyarwady Region Chamber of Commerce & Industry

ARCCI, Ayeyarwady Region Chamber of Commerce & Industry ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (စီးပွား‌ရေးအသင်း(၃၉)သင်းပါဝင်)

🌏 ARCCI Website လွှင်တင်နိုင်ရန် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ချုပ်ဆိုပွဲအား Royal Ayar Office meeting room တွင်ချုပ...
24/05/2026

🌏 ARCCI Website လွှင်တင်နိုင်ရန် လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ချုပ်ဆိုပွဲအား Royal Ayar Office meeting room တွင်ချုပ်ဆိုခဲ့ကြပါသည်။
🌲 စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ - -အထွေထွေအတွင်းရေးမှူး ဦးမျိုးကိုကိုသိန်း
-တွဲဖက်အထွေထွေအတွင်းရေးမှူး(၃)ဒေါ်နီနီဘုန်း
-တွဲဖက်အထွေထွေအတွင်းရေးမှူး(၅)ဦးကောင်းဆက်သော်
တို့တက်ရောက်ပြီး
🌲 ပုသိမ်ကွန်ပျူတာတက္ကသိုလ်မှကျောင်းအုပ် ဆရာ ကြီးနှင့်ဆရာ/မများ၊ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

၂၂.၅.၂၀၂၆        ဧရာဝတီတိုင်းဒေသကြီးတွင် မွေးမြူရေးဇုံဖော်ထုတ်နိုင်ရန် ARCCI၏စာရင်းစစ်မှူးဦးခင်မောင်ဝင်းသည် ရန်ကုန်တိုင...
23/05/2026

၂၂.၅.၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးတွင် မွေးမြူရေးဇုံဖော်ထုတ်နိုင်ရန် ARCCI၏စာရင်းစစ်မှူးဦးခင်မောင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးကောမှူးတွင် မွေးမြူရေးဇုံဖော်ထုတ်ထားမူအားသွားရောက်လေ့လာခဲ့ပါသည်။

၂၁.၅.၂၀၂၆         ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးညီညီထွန်းနှင့်စာရင်းစစ်...
21/05/2026

၂၁.၅.၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးညီညီထွန်းနှင့်စာရင်းစစ်မှူးဦးမောင်ဗိုလ်တို့သည် ယနေ့ကျင်းပပြုလုပ်သော UMFCCI EC/CEC များ ၃/၂၀၂၆ အစည်းအဝေး သို့တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း. (ARCCI) ၏  တွဲဖက်အထွေထွေအတွင်းရေးမှူး (၇) ဦးစိုး...
20/05/2026

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း. (ARCCI) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၇) ဦးစိုးလွင်ကျော်သည် ၎င်းတာဝန်ယူကြီးကြပ်ရသော ငရုတ်အသင်း ဥက္ကဋ္ဌဦးရဲခေါင်နှင့်သွားရောက်တွေ့ဆုံပြီး ဧရာဝတီငရုတ်အသင်းအနေဖြင့် DICA တွင်မှတ်ပုံတင်နိုင်ရန်အတွက်နှင့်ရှေ့လုပ်ငန်းစဥ်များပါ ဆွေးနွေးခဲ့ကြပါသည်။

ARCCI ၏ညီနောင်အသင်းတခုဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ဒူးရင်းစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌဦးသူရဝင်းဟန်သည်.  မြန်မ...
19/05/2026

ARCCI ၏ညီနောင်အသင်းတခုဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ဒူးရင်းစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဥက္ကဋ္ဌဦးသူရဝင်းဟန်သည်. မြန်မာဒူးရင်းပွဲတော်တွင်. (ဧရာဝတီတိုင်းထွက် ဒူးရင်းသီးများ. ၊ မင်းကွတ်သီးများ၊ကြက်မောက်သီးများ) သွား ရောက်ပြသခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒု ဥက္ကဋ္ဌ (၃) ဦးမြင့်လွင်သည် ရန်ကုန်မြို့၌ကျင်းပ...
14/05/2026

ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒု ဥက္ကဋ္ဌ (၃) ဦးမြင့်လွင်သည် ရန်ကုန်မြို့၌ကျင်းပပြုလုပ်နေသည့် နှစ် ၃၀ပြည့် MCEF ပုလဲရတုအထိမ်းအမှတ်ပွဲ နှင့်BUILD SMART & ပြည်တွင်းထုတ်ကုန်စည်ပြပွဲကြီးသို့ ဂုဏ်ပြုတက်ရောက်ခဲ့ပါသည်။

၁၃.၅.၂၀၂၆ ၊ (၁၁.၀၀)နာရီတွင် RoyalAyar အစည်းအဝေး   ခန်းမတွင်   ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင...
13/05/2026

၁၃.၅.၂၀၂၆ ၊ (၁၁.၀၀)နာရီတွင် RoyalAyar အစည်းအဝေး ခန်းမတွင် ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း နှင့် ပထမပုဂ္ဂလိကဘဏ်တို့. နားလည်မှုဆိုင်ရာ(MOU)အကြိုညှိနှိုင်ဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ နှစ်ဖက်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

🏛    🏛   🏛   ဧရာဝတီတိုင်းဒေသကြီး အစိုးအဖွဲ့ နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတ...
10/05/2026

🏛 🏛 🏛 ဧရာဝတီတိုင်းဒေသကြီး အစိုးအဖွဲ့ နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ မိတ်ဆက်တွေ့ဆုံပွဲအား ၉.၅.၂၀၂၆ ၊ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

✅️ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဌာနဆိုင်ရာမှ ညွန်ကြားရေးမှူးများ ၊ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီမံခန့်ခွဲမူကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

✅️🌲 ပထမဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

✅️🌲 ထို့နောက် ARCCI တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကောင်းဆက်သော်မှ အသင်း၏ ဖွဲ့စည်းပုံအားရှင်းလင်တင်ပြခဲ့ပါသည်။ထို့နောက်ဆောက်လုပ်ဆဲ ARCCI ၆ထပ်ရုံးတည်ဆောက်မူအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။

✅️ ARCCI ဥက္ကဌ ဦးညီညီထွန်းမှ ဆက်လက်ဆောင်ရွက်သွားသင့်သော အကြံပြုချက်များအား တင်ပြခဲ့ပါသည်။
✅️ ထို့နောက် ARCCI အထွေထွေအတွင်းရေးမှုး
ဦးမျိုးကိုကိုသိန်းမှ ၂၀၂၅-၂၀၃၀ ၊ ၆လတာဆောင် ရွက်ခဲ့မူများအား အကျဥ်းချုံးတင်ပြခဲ့ပါသည်။
ထိုသို့တင်ပြရာတွင် ARCCI အနေဖြင့် ညီနောင် ၃၉သင်းဖြင့်ဖွဲ့စည်းထားပြီး
✍️ ထုတ်လုပ်မူ (၂၂)သင်း
✍️ဝန်ဆောင်မူ (၁၇)သင်း
ရှိကြောင်း ၊နောက်ထပ်ထပ်မံဖွဲ့စည်းရန်အသင်းများရှိပါကြောင်း တင်ပြပါသည်။

✅️ ARCCI အနေဖြင့် ၆လတာကာလအတွင်း နားလည်မူစာချွန်လွှာ စုစုပေါင်းကဏ္ဏ ၆ခု
🌲MOU အနေဖြင့်
1။FNI Insurance
2။MOB Bank
3။MCEF
4။Huawei & SEC Solar Co.,ltd
5။ProLearn Co.,ltd
6။Petro King Co.,ltd တို့နှင့်
လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်းနှင့်ထပ်မံ၍ MOU ရေးထိုးရန် ၃ခုရှိသေးကြောင်း တင်ပြခဲ့ပါသည်။

✅️ ARCCI ဖြင့် အစိုးရ အရပ်ဖက်နှင့်ထိတွေ့ဆက်ဆံမူအားဆက်လက်ရှင်းလင်းတင်ပြရာ. အသင်းအနေဖြင့်

က။ARCCIအသင်းစီမံခန့်ခွဲမူအစည်းအဝေး (၁၀)ကြိမ်

ခ။ညီနောင်အသင်းများနှင့်တွေ့ဆုံစည်းဝေးမူ (၁၄)ကြိမ်

ဂ။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးများ (၁၇)ကြိမ်

ဃ။UMFCCIနှင့်အစည်းအဝေး (၈)ကြိမ်

င။အခြားကုမဏီများ ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံညိှနိူင်းအစည်းအဝေး (၁၉)ကြိမ်
တို့ပြုလုပ်နိုင်ခဲ့ကြောင်း ဆက်လက်တင်ပြခဲ့ပါသည်။

✅️ ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ဝန်ကြီးများမှသိလိုသည်များကို ရှင်းလင်းခဲ့ကြပါသည်။

✅️ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီးမှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားအားအောင်မြင်စွာ ဆွေးနွေးတင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသားတယောက်အနေဖြင့်ရော အသင်းချုပ်အနေဖြင့်ပါ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မ...
10/05/2026

မြန်မာနိုင်ငံသားတယောက်အနေဖြင့်ရော အသင်းချုပ်အနေဖြင့်ပါ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဂူဏ်ပြုအပ်ပါတယ်။
Big Congratulations
ARCCI

၉.၅.၂၀၂၆             ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း  လပတ်အစည်းအဝေးအား နေ့လည် ၁နာရီ...
09/05/2026

၉.၅.၂၀၂၆
ဧရာဝတီတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း လပတ်အစည်းအဝေးအား နေ့လည် ၁နာရီတိတိတွင် ရွှေဧရာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အသင်းရုံးဆောက်လုပ်ပြီးစီးမူ ၊ MSME ချေးငွေကဏ္ဏ စသည့်အထွေထွေကိစ္စရပ်များအားဆွေးနွေးခဲ့ကြပါသည်။
နေ့လည် ၃နာရီတွင်အစည်းအဝေးအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

8.5.2026          ယခုလာမည့်မိုးရာသီတွင် မိုးစပါးအဖြစ် ARCCI နှင့် ပုသိမ်တက္ကသိုလ် တို့ပူးပေါင်းဆောင်ရွက်နေသော ပေါ်ဆန်းဆန...
08/05/2026

8.5.2026
ယခုလာမည့်မိုးရာသီတွင် မိုးစပါးအဖြစ် ARCCI နှင့် ပုသိမ်တက္ကသိုလ် တို့ပူးပေါင်းဆောင်ရွက်နေသော ပေါ်ဆန်းဆန်(မွှေးရနံ) စိုက်ပျိုးရေး သုတေသနစိုက်ခင်းမြေယာပြုပြင်မှုအား သုတေသနလုပ်ငန်းကော်မတီဥက္ကဌဦးခင်ဇော် (ARCCI ဒုဥက္ကဌ)မှကွင်းဆင်းကြည့်ရှု၍ လုပ်ငန်းလိုအပ်ချက်အတွက်ဖြည့်စီးဆောင်ရွက်ခဲ့ပါသည်။

Address

Pathein

Telephone

+959422496600

Website

Alerts

Be the first to know and let us send you an email when ARCCI, Ayeyarwady Region Chamber of Commerce & Industry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ARCCI, Ayeyarwady Region Chamber of Commerce & Industry:

Share