12/03/2026
ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) ၏ အလုပ်အမှုဆောင်များနှင့် အသင်းဝင်များအားလုံး မင်္ဂလာပါ... 🙏
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာများနှင့် AI ကို မည်သို့ထိရောက်စွာ အသုံးချနိုင်မည်နည်းဆိုသည့် အကြောင်းအရာများကို ဆွေးနွေးဝေမျှပေးမည့် "MCIA ICT FORUM" သို့ တက်ရောက်နိုင်ရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။ 💼✨
ဒီပွဲလေးမှာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ကျွမ်းကျင်သူများက ဦးဆောင်ဆွေးနွေးပေးသွားမှာဖြစ်လို့ အသင်းသူ/အသင်းသားများအနေနဲ့ လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 🚀
📌 ဆွေးနွေးမည့်ခေါင်းစဉ်:
*Utilization Digital & AI for MSME Development (MSME ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒစ်ဂျစ်တယ်နှင့် AI ကို အသုံးချခြင်း)*
🎤 ဦးဆောင်ဆွေးနွေးမည့်သူများ (Speakers) -
၁။ *ဦးအောင်ဇော်ထွန်း (လက်ထောက်ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (SME)၊ ဧရာဝတီတိုင်းဒေသကြီး)*
၂။ *ဦးထွန်းထွန်း (ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး)*
၃။ *ဦးရန်နိုင်ထွန်း (President, MCIA-Ayeyarwaddy | Service Provider, ASEAN SME Service Center)*
📅 ရက်စွဲ - ၁၄ ရက်၊ မတ်လ၊ ၂၀၂၆ ခုနှစ် (စနေနေ့)
⏰ အချိန် - နံနက် (၁၀:၀၀) နာရီ မှ နေ့လယ် (၁၂:၀၀) နာရီ အထိ
📍 လူကိုယ်တိုင်တက်ရောက်မည့်နေရာ - စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးဌာနရုံး၊ ပုသိမ်မြို့။
🌐 Online (Zoom Meeting) မှတစ်ဆင့် တက်ရောက်ရန် -
🔗 Join Zoom Meeting Link: [https://us06web.zoom.us/j/89517599634]
📞 အသေးစိတ်သိရှိလိုပါက (RSVP): 0943000535, 09453111135 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
အသင်းဝင်များအားလုံး နည်းပညာအသစ်များနှင့်အတူ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါ၍ အချိန်ပေးပြီး တက်ရောက်ပေးကြပါရန် တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။ 🤝🤝
MCIA - မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း