Myanmar Rescue Organization - Ayeyarwaddy

Myanmar Rescue Organization - Ayeyarwaddy မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
ဧရာဝတီတိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီ
တိုင်းဒေသကြီးရုံး၊ ပုသိမ်မြို့

Grade 12 စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့ ကွန်ယက်အဖွဲ့ဝင် အသင်းအဖွဲ့များမှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်______...
11/03/2026

Grade 12 စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့
ကွန်ယက်အဖွဲ့ဝင် အသင်းအဖွဲ့များမှ
ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
________________________________

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ
Grade 12 စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများသို့
#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး ကွန်ယက်အဖွဲ့ဝင်
အသင်းအဖွဲ့များမှ အရေးပေါ်လူနာတင်ယာဉ်များဖြင့်
ကျန်းမာရေးစောင့်ရှောက်မှု Medical Cover များ
ဆောင်ရွက်ခဲ့ကြပါသည်။

#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး ကွန်ယက်အဖွဲ့ဝင်
အသင်းအဖွဲ့သည် အသင့်အနေအထားဖြင့်
စာမေးပွဲ အစမှ အဆုံးတိုင် Medical Cover များ ဆောင်ရွက်မည်ဖြစ်ပါသည်။

#သတင်းနှင့်ပြန်ကြားရေး
#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

 #အထူးဝမ်းနည်းကြေကွဲခြင်း ____________________________ #မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့  #ဧရာဝတီတိုင်းဒေသကြီး  #ဟိုင်းကြ...
10/03/2026

#အထူးဝမ်းနည်းကြေကွဲခြင်း
____________________________

#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး
#ဟိုင်းကြီးကျွန်းမြို့ကော်မတီ ၏
အတွင်းရေးမှူး ဦးလှဦး၏ ဇနီး

#ဒေါ်တင်တင်အေး အသက်(၅၂)သည် ၊
၉.၃.၂၀၂၆ (တနင်္လာနေ့) နံနက် (၂း၃၀) အချိန်တွင်
(၉၆)ပါးသော ရောဂါဖြင့် ဘဝတစ်ပါးသို့
ပြောင်းရွှေ့ကွယ်လွန်သွားသည်ဟု သိရှိရ၍

#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ
တိုင်းဩဝါဒါစရိယဆရာတော်၊
တိုင်းအကျိုးတော်ဆောင်ဆရာတော်၊
#တိုင်းဒေသကြီးဥက္ကဌ နှင့် ကော်မတီအဖွဲ့ဝင်များ၊
ခရိုင်/မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များနှင့်
ကွန်ယက်အဖွဲ့ဝင် အသင်းအဖွဲ့များ အားလုံး မှ
မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့်

ဒေါ်တင်တင်အေး
ကောင်းရာသုဂတိလားပါစေကြောင်း
ဆုတောင်းမေတ္တာများ ပို့သပေးလိုက်ပါတယ်ခင်ဗျာ...

#အလုပ်အမှူဆောင်အဖွဲ့
#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

 #ဧရာဝတီတိုင်းဒေသကြီး  #မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ ပရဟိတမိသာစုများ အထူးဓမ္မသဘင်တရားပွဲ
16/02/2026

#ဧရာဝတီတိုင်းဒေသကြီး
#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
ပရဟိတမိသာစုများ အထူးဓမ္မသဘင်တရားပွဲ

ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လုပ်အားဒါနများ ကုသိုလ်ပြုဆောင်ရွက် ___________________________________ချောင်းသာ၊ ဇန်န...
21/01/2026

ကျန်းမာရေးစောင့်ရှောက်မှုများနှင့်
လုပ်အားဒါနများ ကုသိုလ်ပြုဆောင်ရွက်
___________________________________
ချောင်းသာ၊ ဇန်နဝါရီ ၂၁/၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့
ရွာမကျောင်းတိုက်ကြီး၏
ဦးစီးပဓာနနာယက၊ #ဘဒ္ဒန္တ_ပဒုမ
ကမ်းခြေသာသနာပြုဆရာတော်၏
မယ်တော်ကြီး ဒေါ်ပန်းရီ (ခ) ဒေါ်ခွေးမ
အသက် (၉၂) နှစ် ၏ ဈာပနအခမ်းအနားတွင်

#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#‌‌ချောင်းသာမြို့‌ကော်မတီ
ဥက္ကဌ ဦးစိုးနိုင် မှ ဦးဆောင်၍

#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
#‌ချောင်းသာမြို့ကော်မတီ မှ EC အဖွဲ့ဝင်များ၊
ဓမ္မပါလ လူမှုကူညီရေးအသင်းနှင့် အတူ
ကျန်းမာရေးစောင့်ရှောက်မှု Medical Cover ၊
ပန်းရထားယာဉ်နှင့် လုပ်အားဒါနများ
ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြပါသည်။

#သတင်းနှင့်ပြန်ကြားရေး
#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

(ပြည်ထောင်စုမှတ်ပုံတင်အမှတ် - ၀၈၀၀)

ကျန်းမာရေးစောင့်ရှောက်မှု Medical Cover များ ကုသိုလ်ပြုဆောင်ရွက်________________________________ဧရာဝတီတိုင်းဒေသကြီး၊ ပုသ...
14/01/2026

ကျန်းမာရေးစောင့်ရှောက်မှု
Medical Cover များ ကုသိုလ်ပြုဆောင်ရွက်
________________________________

ဧရာဝတီတိုင်းဒေသကြီး၊
ပုသိမ်မြို့၏ ကျက်သရေတော်ဆောင်
သမိုင်းဝင် နိဂြောဓါဗျာဒိတ်ပေးဘုရားပွဲတော်ကြီး
မြို့လုံးကျွတ် လှည့်လည် အပူဇော်ခံပွဲတွင်

#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ
အတွင်းရေးမှူး ဦးဝင်းနိုင် ၏လမ်းညွှန်မှုဖြင့်
#ပုသိမ်မြို့နယ်ကော်မတီ
အတွင်းရေးမှူး ဦးထွန်းထွန်းဦး မှ ဦးဆောင်၍
ကွန်ယက်အဖွဲ့ဝင် အသင်းအဖွဲ့များနှင့်အတူ
အရေးပေါ်လူနာတင်ယာဉ် (၅)စီး
အထောက်အကူပြုယာဉ် (၁)စီး ဖြင့်
ကျန်းမာရေးစောင့်ရှောက်မှု Medical Cover များ
ဆောင်ရွက်ခဲ့ကြပါသည်။

#သတင်းနှင့်ပြန်ကြားရေး
#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

(ပြည်ထောင်စုမှတ်ပုံတင်အမှတ် - ၀၈၀၀)

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ‎(ဧရာဝတီတိုင်းဒေသကြီး) ကွန်ယက်အဖွဲ့ဝင်‎ခရိုင် / မြို့နယ် / ရပ်ကွက် / ကျေးရွာအသီးသီးမှ ‎...
31/12/2025

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
‎(ဧရာဝတီတိုင်းဒေသကြီး) ကွန်ယက်အဖွဲ့ဝင်
‎ခရိုင် / မြို့နယ် / ရပ်ကွက် / ကျေးရွာအသီးသီးမှ
‎ရင်ဘတ်ချင်းတူ ညီအစ်ကိုမောင်နှစ်မများသို့
‎ #တိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ
‎ #ဥက္ကဋ္ဌ_ဦးလှမြင့် (ဗဟိုကော်မတီဝင်) ၏
၂၀၂၆ ခုနှစ် နှစ်သစ်ဆုတောင်း
‎•••••••••••••••••

မင်္ဂလာရှိတဲ့ ( Happy New Year )
၂၀၂၆ နှစ်သစ် အချိန်အခါသမယ မှာ
‎မြန်မာနိုင်ငံအတွင်းရှိ
‎လူမှုကယ်ဆယ်ရေးအဖွဲ့သူ/အဖွဲ့သားများအားလုံး
‎ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများဖြင့်
‎လိုအင်ဆန္ဒများ တစ်လုံးတဝပြီးပြည့်စုံပါစေကြောင်း
‎ဦးစွာ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

‎မြန်မာနိုင်ငံအတွင်းမှာ ရှိကြတဲ့
‎လူမှုကယ်ဆယ်ရေးအဖွဲ့သူ/အဖွဲ့သား
‎ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများဟာ
‎သဘာဝဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သောဘေးအန္တရာယ်များဖြစ်ပေါ်လာပါက
‎မိမိအသက်ကို ပဓါနမထားပဲ အချိန်နှင့်တစ်ပြေးညီ
‎ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို
‎အစွမ်းကုန်ကူညီဆောင်ရွက်ပေးနိုင်ခဲ့တာကို
‎အားလုံး မျက်မြင် အသိပဲဖြစ်ပါတယ်။

‎ဆက်လက်ပြီး
‎ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို
‎ကူညီ ဆောင်ရွက်နိုင်ကြရန်
‎ကျွန်တော်တို့ညီအစ်ကိုမောင်နှစ်မများ
‎အားလုံးတို့သည် ကိုယ်ရောစိတ်ပါ
‎ကျန်းမာ၊ ချမ်းသာကြရန် ဂရုစိုက်ပြီး
‎အားမွေးထားကြဖို့ လိုမှာဖြစ်ပါတယ်။

‎မိမိတို့လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်များသည်
သက်ဆိုင်ရာ ‎တိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်အသီးသီးမှ
‎အထွေထွေရောဂါကုဆေးရုံကြီးများနှင့်
‎ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊
‎အခြားသော ပုဂ္ဂလိကအထူးကုဆေးရုံကြီးများကို
‎ကူညီ ဆောင်ရွက် ပို့ဆောင်နေကြသူများနှင့်
‎အသင်းအဖွဲ့များအားလည်ကောင်း၊
‎တိုင်းဒေသကြီးအတွင်းရှိ အဓိက
‎ဟိုက်ဝေး အဝေးပြေးလမ်းမကြီးများတစ်လျောက်
‎အရေးပေါ် လူနာများကို အချိန်နှင့်တစ်ပြေးညီ
‎ကူညီဆောင်ရွက်ပေးပြီး၊ မိမိတို့ဒေသအတွင်း၌
‎သဘာဝဘေးအန္တရာယ်ကြရောက် လာပါကလည်း
‎အချိန်နှင့်တစ်ပြေညီ သွားရောက်ကူညီ
‎ဆောင်ရွက်ပေးနိုင်ရေးအတွက်ပြင်ဆင်ထားကြရန်လိုအပ်မှာဖြစ်ပါတယ်။

‎ထို့အပြင် ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်သော
#မြန်မာနိုင်ငံလူမှုကယ်‌ဆယ်ရေးအဖွဲ့
ဗဟိုအဖွဲ့ချုပ် နှင့်
ဧရာဝတီ‎တိုင်းဒေသကြီး သြဝါဒါစရိယ
‎ #လမင်းတစ်ရာဘက်စုံပရဟိတဆရာတော် ဘုရား၏
‎သြဝါဒလမ်းညွှန်မှုများကို အစဥ်ခံယူလျှက်
‎တိုင်းဒေသကြီး ကော်မတီအဖွဲ့၏
‎ကြီးကြပ်မှုတို့ဖြင့် ဧရာဝတီတိုင်းဒေသကြီး
‎ကွန်ယက်အသင်းဝင် ညီအစ်ကိုမောင်နှမများသည်
မူလလုပ်ဆောင်နေကြလုပ်ငန်းများကို
တိုင်းဒေသကြီးအတွင်းရှိမည်သည့်ဒေသ၊
မည်သည့်အရပ်၊ မည်သည့်ဘာသာဝင်မဆို
အကူအညီတောင်းခံလာပါကလူမျိုးမရွေး၊
ဘာသာမရွေး၊ဆင်းရဲချမ်းသာမရွေး
အရေးပေါ်လူနာတင်ယာဉ်များဖြင့်
ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို
‎စိတ်ရောကိုယ်ပါနှစ်ပြီး၊
‎စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊
‎ပျော်ပျော်ရွှင်ရွှင်ဖြင့် တက်ညီလက်ညီ
‎ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြသောကြောင့်
‎လုပ်ငန်းများအားလုံး အဆင်ပြေချောမွေ့စွာ
‎ဆောင်ရွက်နိုင်ခဲ့ကြသည်ကို
‎တွေ့မြင်ကြားသိရသဖြင့် အထူးပင်
‎ဝမ်းမြောက် ဂုဏ်ယူ ပီတိဖြစ်ရပါတယ်။ ။

‎နောက်နောင်အလားတူကိစ္စရပ်များ
‎ပေါ်ပေါက်လာပါကလည်း ယခုကဲ့သို့ပင်
‎စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊
‎ပျော်ပျော်ရွှင်ရွှင်ဖြင့် တက်ညီလက်ညီ
‎ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြပါလို့
‎မေတ္တာရပ်ခံလိုပါတယ်။ ။

‎မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
‎ #ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီအဖွဲ့ ၊
‎ #တိုင်းဒေသကြီးအတွင်းရှိ
‎ #မြို့နယ်ကော်မတီများနှင့်
‎ ရပ်ကွက်/ကျေးရွာအသီးသီးမှ ကွန်ယက်ဝင်
‎ #ညီအစ်ကိုမောင်နှစ်မများအားလုံး
‎နှစ်သစ် အချိန်အခါသမယ မှသည် စိတ်သစ် လူသစ်
‎အတွေးသစ် အမြင်သစ်များဖြင့် သက်ရှည် ကျန်းမာ စိတ်ချမ်းသာစွာဖြင့်
‎အစဉ်ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေ၊
‎မိမိတို့လိုအင်ဆန္ဒများ
‎တစ်လုံးတစ်ဝပြီးပြည့်စုံကြပါစေ၊
‎ပရဟိတလုပ်ငန်းများကိုလည်း ဆထက်တိုးလို့
‎ကူညီဆောင်ရွက်နိုင်ကြပါစေလို့
‎ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ။

‎အားလုံးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ။

‎ #လှမြင့်
‎ #ဥက္ကဋ္ဌ ( ဗဟိုကော်မတီဝင် )
‎ #မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
‎ #ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

‎၁.၁.၂၀၂၆ ( ကြာသပတေးနေ့ )

 #မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့်  #ဧရာဝတီတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့ကြီး များ တို့၏ ဩဝါဒါစရိယ ကျေ...
23/11/2025

#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့် #ဧရာဝတီတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့ကြီး များ တို့၏ ဩဝါဒါစရိယ
ကျေးဇူးတော်ရှင်
#ဘဒ္ဒန္တ_စန္ဒာသိရီ
#လမင်းတစ်ရာ_ဘက်စုံပရဟိတဆရာတော်
အရှင်သူမြတ်၏ အန္တိမအဂ္ဂိစျာပန
မှတ်တမ်း VIDEO အစအဆုံး

၂၃.၁၀.၂၀၂၅ မှ ၂၉.၁၀.၂၀၂၅ အထိ

👉https://youtube.com/?si=mor_8JBqiAKNhBeX

#သတင်းနှင့်ပြန်ကြားရေး
#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

Crd ; ပုသိမ်ဓါတ်ပုံအသင်း

01/11/2025

#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို) မှ
ဆက်ကပ်သော ဝမ်းနည်းကြောင်းသဝဏ်လွှာ အား

#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ
ဥက္ကဌ ဦးလှမြင့် မှ ဖတ်ကြားပူဇော်

#သတင်းနှင့်ပြန်ကြားရေး
#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

ဘဒ္ဒန္တ စန္ဒာသိရီ  #လမင်းတစ်ရာ_ဘက်စုံပရဟိတဆရာတော် (သက်တော် ၅၀ နှစ် ၊သိက္ခာတော် ၃၀ ဝါ ) ၏အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာ  ဧ...
30/10/2025

ဘဒ္ဒန္တ စန္ဒာသိရီ
#လမင်းတစ်ရာ_ဘက်စုံပရဟိတဆရာတော်
(သက်တော် ၅၀ နှစ် ၊သိက္ခာတော် ၃၀ ဝါ ) ၏
အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာ

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊
အမှတ် ၈ နယ်မြေ ၊သရောင်းချောင်းလမ်း
အဘယသီဝံ(ရွှေကျင်)တိုက်သစ်ကျောင်းတိုက်နှင့်
မဟာသီဝံသာမ​​ဏေကျော် စာသင်တိုက်တို့၏
ဦးစီးပဓာန မဟာနာယက၊

ဧရာဝတီတိုင်းစက်တော်ရာဘိုးဘွားရိပ်သာ
အကျိုးတော်ဆောင်နာယက၊

#မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်(ဗဟို)နှင့်
#ဧရာဝတီတိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့ကြီး ၏ သြဝါဒါစရိယ၊

မြန်မာ့ပရဟိတအလင်းရောင် ဗုဒ္ဓသာသနာပြုအသင်း မြန်မာနိုင်ငံတော်၏ သြဝါဒါစရိယအဖွဲ့ဝင်

အဂ္ဂမဟာပရဟိတဓရ၊ မဟာဓမ္မဂဟာဟိတဓရ၊
ကမ္ဘာ့ဗုဒ္ဓဂုဏ်ရည်စံပြထူးချွန် (အိန္ဒိယ)
မြန်မာပရဟိတ သာသနာပြုဂုဏ်ထူးဆောင်၊
ထိုင်းဘုရင်မင်းမြတ်တော်ဝင်မိသားစု၏
ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်နှင့်
(၄)နိုင်ငံသာသနာပြုဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်ရ

ကျေးဇူးတော်ရှင်
#လမင်းတစ်ရာ_ဘက်စုံံပရဟိတဆရာတော်၏
အန္တိမအဂ္ဂိစျာပန သာဓုကီဠနပူဇာ

၁၃၈၇ ခုနှစ်၊တန်ဆောင်မုန်းလဆန်း(၉)ရက်။
၂၉.၁၀.၂၀၂၅ ဗုဒ္ဓဟူးနေ့။

#သတင်းနှင့်ပြန်ကြားရေး
#မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့
#ဧရာဝတီတိုင်းဒေသကြီး_ကြီးကြပ်မှုကော်မတီ

Photo Crd ; ပုသိမ်ဓာတ်ပုံအသင်း

Address

Pathein
10013

Website

Alerts

Be the first to know and let us send you an email when Myanmar Rescue Organization - Ayeyarwaddy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share