တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ

  • Home
  • Myanmar
  • Pathein
  • တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ

တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ Save Life

ကိုယ်ဝန်ဆောင်မိခင်တွေဟာ "သင်္ချိုင်းကို တနေ့ ၃ ကြိမ် မျက်စောင်းထိုး နေရသလိုပဲ "လို့ ကြားဖူးပါတယ် ဘာကြောင့်အဲ့လိုပြောရသလဲ...
04/03/2026

ကိုယ်ဝန်ဆောင်မိခင်တွေဟာ "သင်္ချိုင်းကို တနေ့ ၃ ကြိမ် မျက်စောင်းထိုး နေရသလိုပဲ "လို့ ကြားဖူးပါတယ်
ဘာကြောင့်အဲ့လိုပြောရသလဲဆို
အသက်အန္တရာယ်များလွန်းလို့ပါ

ဒီနေ့ တော့

အလှူရှင်တွေ လှူပေးထားတဲ့ အလှူငွေလေးထဲက မဗိုက်လေးတစ်ယောက်ကို တစ်သိန်း ကူညီပေးခဲ့ပါတယ် ။

အထည်ချုပ်ကအလုပ်သမလေးပါ ။

ခုကိုယ်ဝန်က သားဦးကိုယ်ဝန်လေးဖြစ်ပြီး ၄လပြည့်ပါတော့မယ်ရှင်

ကိုယ်လက်မအီမသာဖြစ်ကာ နေထိုင်မကောင်းရှာပေမယ့်
အလုပ်ကိုလည်း သူ့ခမျာ မပျက်ရဲရှာဘူးလေ

မနက်ဖြန်မှာ ဆေးရုံပြန်ပြရမှာပေမယ့် စရိတ်မရှိလို့လစာထုတ်ရက်မှ သွားမယ်လို့ ပြောနေသံကြားလို့ မေးကြည့်ရင်းက ကူညီဖြစ်ခဲ့တာပါ ။

အလှူရှင်တွေ ခု ကူညီလိုက်တဲ့ ငွေလေးက သူမဆေးရုံသွားပြန်ပြဖို့ တရက်တာတော့ အဆင်ပြေသွားပါပြီနော်

(အလှူငွေလေးကူညီလိုက်တော့
ကျေးဇူးအများကြီးတင်ပါတယ် မကြီးရယ်လို့ အနားမှာ တဖွဖွပြောနေတာမို့ ခု ညီမလေးကိုလှူတာ မကြီးတစ်ယောက်တည်းမဟုတ်ပါဘူး ၊
ခု အလုပ်ထဲက လုပ်ငန်းဖော်တွေရယ် ၊
ရပ်ဝေးရပ်နီးက လှူပေးသူတွေရယ် ၊
နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေတဲ့ သူတွေရယ် အလှူရှင်တွေ အားလုံးက ကူညီပေးတာပါ လို့ပြောပြလိုက်တော့ အားလုံးကို ကျေးဇူးတင်ပါတယ် လို့ပြောနေတာ တဖွဖွပါပဲ ။)

ညီမလေးအတွက် ထပ်မံကူညီ လှူဒါန်းပေးပါအုံးလို့ အကူညီတောင်းပါတယ်ရှင်
ကိုယ်တိုင်လှူချင်သူများကိုလည်း ချိတ်ဆက်ပေးပါမယ်ရှင်။

အလှူရှင်များအားလုံးကို ညီမလေးကိုယ်စား
"တွဲလက်တူညီ" အဖွဲ့သားများမှ
ကျေးဇူးအများကြီးတင်ပါတယ် 🙏

ကျေးဇူးတင်စွာဖြင့်
တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ
အဖွဲ့ သားများ

4.3.2026

ကုသိုလ်စုဘူးအဖြစ် လစဉ်လှူဒါန်းပေးကြသော အလှူငွေအားဖြင့် အလှူငွေ တစ်သိန်းကျပ် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင် မနေ့ညက ဆေးသ...
29/10/2025

ကုသိုလ်စုဘူးအဖြစ် လစဉ်လှူဒါန်းပေးကြသော အလှူငွေအားဖြင့်
အလှူငွေ တစ်သိန်းကျပ် သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင်
မနေ့ညက ဆေးသွင်းပေးလိုက်တဲ့အခါ ဒီနေ့ မနက် ကလေးက ဗိုက်ထဲမှာ လှုပ်ရှားလာခဲ့၍ သဘာဝအတိုင်း မွေးချင်လို့ ဗိုက်နာမယ့်အချိန်မှ ခွဲမွေးရပါမယ်ရှင်
အားလုံးရဲ့မေတ္တာတရားနဲ့ အရေးပေါ်အခြေနေကိုတော့ကျော်လွန်ခဲ့ပါပြီရှင်
လှူဒါန်းလိုသူများအနေဖြင့်

Kpay no 09458220104
သို့ လှူဒါန်းနိုင်ပါတယ်ရှင်

ဒီပုံထဲကကိုယ်ဝန်ဆောင်မေမေဟာ  11 လပိုင်း မွေးမယ့်ရက် မရောက်ခင် ဗိုက်ထဲက ကလေးလေး မလှုပ်တော့လို့ အရေးပေါ်ခွဲရပါမယ်ရှင် ကလေး...
28/10/2025

ဒီပုံထဲကကိုယ်ဝန်ဆောင်မေမေဟာ 11 လပိုင်း မွေးမယ့်ရက် မရောက်ခင် ဗိုက်ထဲက ကလေးလေး မလှုပ်တော့လို့
အရေးပေါ်ခွဲရပါမယ်ရှင်
ကလေးက နှလုံးခုန်နေသေးတာမို့ ခွဲစိတ်မှု့မြန်လေ ကလေးအတွက်အသက်ရှင်နှုန်းမြင့်လေမို့ အမြန်ဆုံးခွဲစိတ်ဖို့လိုအပ်နေပါတယ်ရှင်
တတ်နိုင်သလောက် ကူညီလှူဒါန်းပေးကြပါအုံးရှင်

သားဖွားမီးယပ်အထူးကုဆရာမကြီး ဒေါက်တာဒေါ်ဝင်းဝင်းမျိုး Daw Win Win Myo  မိသားစုမှ နွမ်းပါးကိုယ်ဝန်ဆောင်မေမေများအတွက် လစဉ် ...
06/08/2025

သားဖွားမီးယပ်အထူးကုဆရာမကြီး ဒေါက်တာဒေါ်ဝင်းဝင်းမျိုး Daw Win Win Myo မိသားစုမှ
နွမ်းပါးကိုယ်ဝန်ဆောင်မေမေများအတွက်
လစဉ် ကုသိုလ်စုဘူးအလှူငွေ 20000 ကျပ်ကို
ပါဝင်လှူဒါန်း ပေးပါတယ်ရှင် 🙏🙏🙏
အလှူရှင်မိသားစုများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းကျိုးလိုရာပြည့်ပါစေရှင် 🙏🙏🙏
ကျရောက်ဆဲ ကျရောက်လတ္တံ့သော ကပ်ဘေးများမှ ကင်းဝေးပါစေ 🙏🙏🙏

လစဉ်အလှူငွေထည့်ဝင်လှူဒါန်းချင်သူ အလှူရှင်များ

Kpay

Khin Thuzar Maung
09458220104

သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင် 🙏🙏🙏

🍀 July လမှာ ထပ်မံရရှိတဲ့ အလှူငွေစာရင်းလေးပါ ။၂၃။ ဦးအောင်ကျော်သက်    - ၅၀၀၀ ကျပ်     ( ကွင်းတန်းလမ်း )၂၄။ ဒေါ်ခင်ရီ      ...
05/08/2025

🍀 July လမှာ ထပ်မံရရှိတဲ့ အလှူငွေစာရင်းလေးပါ ။

၂၃။ ဦးအောင်ကျော်သက် - ၅၀၀၀ ကျပ်
( ကွင်းတန်းလမ်း )

၂၄။ ဒေါ်ခင်ရီ - ၁၀၀၀ ကျပ်
( ကျောက်ပုန်း )

၂၅။ ဒေါ်ဝိုင်းစိန် - ၁၀၀၀ ကျပ်
( ကျောက်ပုန်း )

၂၆။ မောင်ရန်နိုင်ဝင်း - ၂၀၀၀ ကျပ်
( ကျောက်ပုန်း )

၂၇။ ဦးမောင်ကျော် - ၅၀၀၀ ကျပ်
( ကျောက်ပုန်း )

၂၈။ မမိုးမိုး - ၂၀၀၀ ကျပ်
( ကျောက်ပုန်း )

၂၉။ ဒေါ်မြင့်မြင့်ရွှေ - ၂၀၀၀ ကျပ်
( ကျောက်ပုန်း )

၃၀။ ဦးမိုးမင်းဝင်း - ၅၀၀၀ ကျပ်
( ကင်မလင်းကျွန်း )

၃၁။ ဦးအောင်စိုးလတ် - ၅၀၀၀ ကျပ်
( ကင်မလင်းကျွန်း )

၃၂။ ဦးမိုးဝင်း -၅၀၀၀ ကျပ်
( ကင်မလင်းကျွန်း )

၃၃။ဦးနိုင်မျိုးထွန်း - ၅၀၀၀ ကျပ်
( ကင်မလင်းကျွန်း )

၃၄။ ဦးဇော်နောင် - ၁၀၀၀ ကျပ်
( ကင်မလင်းကျွန်း )

၃၅။ ဦးဇင်လင်းထိုက်+ဒေါ်သူသူမင်း
မိသားစု
( ကြက်သွန်ကွင်း ) - ၃၀၀၀၀ကျပ်

၃၆။ ဦးမောင်ထွေး - ၅၀၀၀ ကျပ်
( ကင်မလင်းကျွန်း )

# July လအတွင်း ထပ်မံရရှိသောအလှူငွေ
၇၄၀၀၀ ကျပ် #

ပ ကြိမ် - ၁၂၁၁၀၀ ကျပ်
ဒု ကြိမ် - ၇၄၀၀၀ ကျပ်
ပေါင်း - ၁၉၅၁၀၀ ကျပ်

🙏 အလှူရှင်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ။

🙏 အလှူရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ။

‌ ကျေးဇူးတင်စွာဖြင့်
“ တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ ”
အဖွဲ့သူ အဖွဲ့သားများ
ပုသိမ်မြို့

Khin Thuzar Maung
09458220104

19.7.2025

တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ အဖွဲ့လေးပြန်လည်စတင်ပြီး ကလေးမီးဖွားစာရိတ်အခက်ခဲရှိနေသောကိုယ်ဝန်ဆောင်မေမေများကိုကူညီပေးနိုင်...
22/07/2025

တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ အဖွဲ့လေးပြန်လည်စတင်ပြီး ကလေးမီးဖွားစာရိတ်အခက်ခဲရှိနေသောကိုယ်ဝန်ဆောင်မေမေများကိုကူညီပေးနိုင်ဖို့ လစဉ် ကုသိုလ်စုဘူးအလှူငွေလေးများ အလှူခံပါရစေရှင် 🙏🙏🙏
သူ့ဟာသူဗိုက်ကြီးတာငါတို့ကဘာလို့လှူရမှာလဲဆိုတဲ့ သူများလည်း ရှိပါတယ်ရှင်
မမတို့ကိုပြောပြချင်တာက
အရာရာခက်ခဲလာတဲ့ အချိန်ကာလတခုမှာ အဆင်မပြေမှူ့တွေကိုရင်ဆိုင်လာကြရပါတယ်
တချို့တွေ တားဆေးဝယ်သောက်ဖို့တောင် မဝယ်နိုင်ကြတော့ပါဘူး
အမှိုက်ပုံတွေမှာ နောက်ဖေးလမ်းကြားတွေမှာ ကိုယ့်သားသမီးကိုယ် စွန့်ပစ်ရတာတွေများလာတဲ့ခေတ်ကြီးမှာ ရလာတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့မကြိုးစား စွန့်ပစ်ဖို့မစဉ်းစားပဲ သူ့ခွန်သူ့အားနဲ့ မွေးဖို့စဉ်းစားတဲ့မေမေတွေအတွက် ဒီပရဟိတလေးကိုလုပ်တာပါရှင်
မွေးပြီးကလေးကို ရောင်းစားတဲ့မိခင်တွေ စွန့်ပစ်တဲ့မိခင်တွေများလာတဲ့ခေတ်ကြီးမှာ မွေးဖို့စဉ်းစားတဲ့မိခင်တွေရဲ့အခက်အခဲကို ချွေးသိပ်ပေးကြစို့လားရှင်
နှမ်းတစေ့တည်းနဲ့ဆီမဖြစ်ပေမယ့် နှမ်းတွေစုပေါင်းလိုက်ရင်တော့ ဆီဖြစ်နိုင်ပါတယ်ရှင်
ကိုယ်နိုင်သလောက်ဝန်နဲ့ကူညီပေးကြပါစို့လားရှင် 🙏🙏🙏
ပါဝင်ကူညီလှူဒါန်းပေးကြတဲ့အလှူရှင်များကိုလည်း
ကျေးဇူးအထူးတင်ပါတယ်ရှင်
အလှူရှင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်ရှင် 🙏🙏🙏

အကြပ်ရောဂါသည်မေမေဇင်မာနွဲ့ ဆုံးသွားတယ်ဆိုတာသိရလို့ မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ် မေမေဇင်မာနွဲ့ ကောင်းရာမွန်ရာဘုံဘဝသို့ရ...
21/05/2025

အကြပ်ရောဂါသည်မေမေဇင်မာနွဲ့ ဆုံးသွားတယ်ဆိုတာသိရလို့ မိသားစုနဲ့ထပ်တူဝမ်းနည်းမိပါတယ်
မေမေဇင်မာနွဲ့ ကောင်းရာမွန်ရာဘုံဘဝသို့ရောက်ရှိနိုင်ပါစေ 🙏🙏🙏
လူမမယ်သားလေးကိုထားခဲ့ရတဲ့မိခင်ရော
ကျန်ခဲ့ရတဲ့လူမမယ်သားလေးအတွက်ရော တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်

Address

Pathein

Telephone

+959692382999

Website

Alerts

Be the first to know and let us send you an email when တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to တွဲလက်တူညီ ကိုယ်ဝန်ဆောင်ကူညီ:

Share