Youth Empowerment Center

Youth Empowerment Center � Youth Quake�

� Young people are the future of the country, Educated youth can make the beauty of the country. ������

19/03/2024

အပြောအဆို ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
လူကြီးဆန်ခြင်း တစ်မျိုးပါ။

အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
ခွင့်လွှတ်ခြင်း တစ်မျိုးပါ။

အထင်လွဲခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ
သဘောထား ကြီးခြင်း တစ်မျိုးပါ။

အဖြစ်အပျက် အမှန်ဆိုတာ
အချိန်က စကားပြောသွားပါလိမ့်မယ်။

စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ
စိတ်ရင်းကောင်းခြင်း တစ်မျိုးပါ။

မေတ္တာရဲ့ အအေး အနွေး ဟာ
အချိန်ကသာ သက်သေပြသွားပါလိမ့်မယ်။

ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနဲ့...

ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနဲ့...

နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ်သလို...

နားမလည်ချင်တဲ့ သူအတွက်
ရှင်းပြလည်း အပို ဖြစ်နေတတ်တယ်။

စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့
ပါးစပ် ပိတ်တတ်ဖို့တစ်သက်တာ ကြိုးစားကြရမယ်။

လောက နိယာမအရ... အနစ်နာခံတဲ့လူဟာ
နောက်ဆုံးမှာ တကယ်မနစ်နာသလို

ငြင်းခုံမှုမှာ အရှူံးပေးတဲ့ သူဟာလည်း
နောက်ဆုံးမှာ တကယ် မရှူံးပါဘူး.....

ခွင့်လွှတ်ပေးသူက မြတ်ပြီးသားပါ။

19/03/2024
19/03/2024
15/10/2023
15/06/2023

📢𝑪𝒂𝒍𝒍𝒊𝒏𝒈 𝑨𝒍𝒍 𝑨𝒔𝒑𝒊𝒓𝒊𝒏𝒈 𝑨𝒑𝒑𝒍𝒊𝒄𝒂𝒏𝒕𝒔! 𝑨𝒑𝒑𝒍𝒚 𝑵𝒐𝒘 𝒇𝒐𝒓 𝒐𝒖𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑨𝒄𝒂𝒅𝒆𝒎𝒊𝒄 𝑾𝒓𝒊𝒕𝒊𝒏𝒈 𝑷𝒓𝒐𝒈𝒓𝒂𝒎!🎓

Are you passionate about academic writing and eager to enhance your skills? Look no further! Our Online Academic Writing Program is now accepting applications from students who are ready to apply for the scholarship and preparing to take proficiency tests like IELTS.

🖋️ About the Program: Our Online Academic Writing Program is designed to provide participants with comprehensive training and hands-on experience in academic writing. Whether you're a student aiming to improve your research papers, academic writing and resume writing, this program is your gateway to success.

🎯 Who Should Apply: This program is open to all individuals with a passion for academic writing. Whether you're a student or content writer, if you have a keen interest in developing your writing skills, this opportunity is for you. No prior experience is required; we welcome both beginners and seasoned writers alike.

📝 Application Process: Applying is quick and easy! Just click the link below and complete the online application form. Applications will be accepted until 5 July 2023. Be sure to submit your application before the deadline to be considered for this enriching program.

🌟 Program Benefits: By participating in our Online Academic Writing Program, you'll gain access to a wealth of benefits, including:
✅ Guidance and mentorship from experienced trainer during the whole workshop.
✅ Engaging learning materials and resources to sharpen your writing skills.
✅ Networking opportunities with students from another region.
✅ Real-world writing assignments to develop practical experience on the last day.

📞 Contact Us: For any questions or further information, feel free to reach out to our program coordinator at nansidamejune76@gmailcom or BEEs’ club page. We're here to assist you and provide any assistance you may need.

🚀 Don't Miss Out! Apply Now: Seize this opportunity to embark on a fulfilling academic writing journey. Don't miss out on this chance to refine your skills, connect with experts, and unlock exciting opportunities. Apply now and pave the way to academic writing success!

💌The selected candidates will be contacted via email.

https://forms.gle/t313QZgiMiC2dbRH9

📢"Online Academic Writing" Program အတွက် လျှောက်ထားလိုသူများအား ဖိတ်ခေါ်ခြင်း

သင်သည် Academic writing ကို စိတ်ဝင်စားပြီး မိမိရဲ့ academic writing ရေးသားမှုကို တိုးတက်မြှင့်တင်လိုပါသလား?

ဤ Online Academic Writing Program သည် Scholarship programများနှင့် English proficiency testsများ (ဥပမာအားဖြင့် IELTS tests)အတွက် ပြင်ဆင်နေကြသော ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ် ဖွင့်လှစ်ပေးခြင်း ဖြစ်တဲ့အတွက် ယခုပင် စာရင်းပေးသွင်းလိုက်ပါ!

🖋️Program အသေးစိတ်
ကျွန်ုပ်တို့၏ programသည် သင်တန်းသားများအား ပြီးပြည့်စုံသော လေ့ကျင့်သင်ကြားပေးမှုနှင့် academic writingဆိုင်ရာ နည်းနာများကို သင်ကြားပို့ချပေးရန် ရည်ရွယ်ပါသည်။ Research paperများ၊ Resume writing အစရှိသော academic writing များ ရေးသားခြင်းများကို တိုးတက်မြှင့်တင်ရန် ရည်ရွယ်သည့် ကျောင်းသားကျောင်းသူဖြစ်ပါက ဤ programသည် သင့်အတွက် တက်ရောက်သင့်သော programတခုပင် ဖြစ်ပါသည်။

🌟တက်ရောက်သူများ၏ အကျိုးရလဒ်အနေဖြင့်
✅programတလျှောက်လုံးတွင် အတွေ့အကြုံ ရှိသော Trainer၏ လမ်းညွှန်ပေးမှုများ၊
✅academic writing တိုးတက် ထက်မြက်လာဖို့ရန်အတွက် ကောင်းမွန်သောသော သင်ထောက်ကူများ၊ နည်းလမ်းများနှင့် မိတ်ဆက်ပေးခြင်း၊
✅နိုင်ငံရပ်ခြား/ဒေသအရပ်ရပ်မှ ကျောင်းသားကျောင်းသူများနှင့် ချိတ်ဆက်နိုင်ခြင်း၊
✅နောက်ဆုံးအနေဖြင့် မိမိသင်ကြားထားသော အရာများအား လက်တွေ့ ပြန်လည် အသုံးချနိုင်ရန် assignmentsများ လုပ်ဆောင်နိုင်ခြင်း အစရှိသည်တို့ကို ရရှိနိုင်မည် ဖြစ်ပါသည်။

🎯 လျှောက်ထားနိုင်သူများ
မိမိ၏ academic writing ကို တိုးတက်ဖို့ရန် စိတ်အားထက်သန်သူတိုင်း လျှောက်ထားနိုင်ပါသည်။ (အသက်အရွယ် ကန့်သတ်ထားခြင်း မရှိပါ။)

📝လျှောက်ထားလိုပါက အောက်တွင် ပေးထားသော Linkကို နှိပ်၍ လိုအပ်သည့်အချက်အလက်များ ဖြည့်သွင်းကာ လျှောက်ထားနိုင်ပါသည်။

https://forms.gle/t313QZgiMiC2dbRH9

Application Deadline: 5th July, 2023

📞ဆက်သွယ်ရန် : [email protected] (Program Coordinator), BEEs' club page

06/04/2023
01/04/2023
29/03/2023

ထိုင်းနိုင်ငံကို ပညာတော်သင်သွားချင်သူတွေအတွက် မြန်မာကျောင်းသားကို နှစ်စဉ် Scholarship ပေးနေတဲ့ program တချို့ကို ဖော်ပြပေးလိုက်ပါတယ်..

💎 Child’s Dream Scholarship 💎

Child’s dream က Undergraduate Degree တက်ရောက်မယ့် မြန်မာကျောင်းသားတွေအတွက် Full scholarship ပေးတဲ့ program ဖြစ်ပါတယ်။ နှစ်စဉ် December~February မှာခေါ်လေ့ရှိတာမို့ နောက်နှစ်တွေအတွက် ကြိုတင်ပြင်ဆင်ထားနှင့်လို့ရပါတယ်။ 100% scholarship ဆိုတော့ ကျောင်းစရိတ်၊ကျူရှင်စရိတ်ကစ နေထိုင်စားသောက်တာတွေအပြင် visa, passport နဲ့ transportation fees တွေအပါ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

Child’s dream ကနေတဆင့် တက်ရောက်နိုင်မယ့် တက္ကသိုလ်နဲ့ ဘာသာရပ်တွေကတော့ 📖_
1. Asia-Pacific International University – Education in Teaching
2. Bangkok University – Communication Arts
3. Bangkok University – Innovative Media Production
4. Chiang Mai University – Social Sciences
5. Chulalongkorn University – Economics
6. King Mongkut – Software Engineering
7. King Mongkut – Engineering and Technology Management
8. Mae Fah Luang University – Public Health
9. Mahidol University – Natural Resources and Environmental Management
10. Rangsit University – International Relations and Development
11. Thammasat University – Economics
12. Thammasat University – Civil Engineering
13. Thammasat University – Mechanical Engineering
14. Thammasat University – Social Policy and Development
စတာတွေ တက်ရောက်နိုင်ပါတယ်

နောက်ထပ်အသေးစိတ်အချက်အလက်တွေသိရရဖို့ official website မှာသွားရောက်လေ့လာနိုင်သလို Dream education မှာ ပြုလုပ်သွားမယ့် Scholar information sharing workshop မှာလည်း 2021 Child’s dream scholarship winner တစ်ဦးမှ guest speaker အနေနဲ့ပါဝင်မျှဝေပေးသွားမှာဖြစ်လို့ အသေးစိတ်သိရဖို့ workshop လေး join ထားပါဦးနော် 👇

📌Child dream website
https://childsdream.org/

📌workshop link 👇
https://www.facebook.com/100372185704561/posts/170066005401845/?d=n

💎 Prospect Burma 💎

Prospect Burma ကတော့ Bachelor, Master, Ph.D စတဲ့ program တွေအတွက် မြန်မာကျောင်းသားတွေကို နှစ်စဉ် scholarship ပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ December ~January မှာခေါ်လေ့ရှိပါတယ်။ Scholarship အနေနဲ့ ကတော့ ကျောင်းသားတစ်ဦးကို ပညာသင်နှစ်တစ်ခုစာအတွက် ကျောင်းတက်ရောက်တဲ့နိုင်ငံ၊နေထိုင်စရိတ်တွေပေါ်မူတည်ပြီး အမြင့်ဆုံး £4,000 ထိထောက်ပံ့ပေးပါတယ်။

📌Prospect Burma Website
https://prospectburma.org
Myanmar website - Prospect Burma

💎 ASEAN-Maybank Scholarship 💎

Maybank scholarship ကတော့ ASEAN Foundation နဲ့ ASEAN University Network တို့ ပူပေါင်းပြီးတော့ ခေါ်ယူတဲ့ Scholarship ဖြစ်ပါတယ်။ ASEAN နိုင်ငံဝင်ဖြစ်တဲ့ မြန်မာကကျောင်းသားတွေအနေနဲ့ Undergraduate degree အတွက် Full Scholarship တွေ လျှောက်နိုင်မှာဖြစ်ပါတယ်။ Maybank ကလည်း full scholarshipဆိုတော့ tution စားရိတ်၊ လစဉ်ထောက်ပံ့ကြေး၊ accommodatation ၊ Laptop ၊ လေယာဉ်လတ်မှတ်ခ ၊ ဆေးကုသစရိတ် စတာတွေ ခံစားခွင့်ရရှိမှာဖြစ်ပါတယ်။

တက်ရောက်နိုင်မယ့် sponsored programmes တွေကတော့ 📖_
- Accounting
- Actuarial Science
- Business Management
- Data Science, Economics
- Entrepreneurship
- Finance
- Information Technology
- International Business
- Mathematics
- Political Science
- Risk Management
- Social Work စတာတွေဖြစ်ပါတယ်

📌Official website👇
http://www.maybankfoundation.com/index.php/what-we-do/our-pillars/education/item/asean-maybank-scholaship-programme

ဒီနေ့အတွက် Thailand scholarship programme သုံးခုကိုရွေးချယ်ဖော်ပြထားပေးထားတာဖြစ်ပါတယ်။ Thailand scholarship နဲ့ပက်သက်ပြီး ထပ်သိလိုတာတွေအတွက် Dream Education မှာ Scholar information sharing workshop လေးရှိကြောင်း ထပ်မံမိတ်ဆက်ပေးပါရစေ။ guest speaker တွေနဲ့ Q&A session လေးမှာ သိလိုရာတွေလည်းမေးမြန်းနိုင်မှာမို့ စိတ်ဝင်စားရင် workshop လေးကို register လုပ်ထားတော့နော်..
📌Registration link 👇
https://docs.google.com/forms/d/17eLZbxMvR7NhDBaegBjsPPkgU8pZ5qlNsgyT6F760C8/edit?usp=drivesdk

Scholar program တွေအတွက် လျှောက်လွှာခေါ်ယူချိန်တွေလည်းသိထားပြီဆိုတော့ ကြိုတင်ပြင်ဆင်ရင်း အခွင့်အရေးကောင်းတွေ ဆုပ်ကိုင်နိုင်ကြပါစေနော်.. ❣️

24/02/2023

Applications for our Online Education Scholarship for 2023-24 intake will close on 28 February 2023, midnight MMT. We will not accept any new applications beyond that point.

We will allow applicants some extra time to gather all of the required documentation.

Please note that your chosen course must be delivered 100% online and be directly offered by an international university. The country of study should NOT be Myanmar in your application.

The application form is available at https://onlineform-pb.force.com/onlineapplications/s/online-education-application . Good luck!

20/02/2023

Gossip

19/02/2023

Mae Fah Laung Universityမှာ မာစတာတက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေ Fully Fund scholarship ကို စတင်လျှောက်နိုင်ပါပြီ။

🎓2 Full Scholarships for Students from Cambodia, Laos, Myanmar and Vietnam
စုစုပေါင်း Fully Funded scholarship (2)ခု ပေးမှာဖြစ်ပါတယ်။

📢 လျှောက်ထားနိုင်သော Master Programmeများ
- Master of Arts Programme in International Development
- Master of Science Programme in Digital Transformation Technology

Requirements
1.A copy of passport
2.A copy of Bachelor’s Degree certificate (English)
3.A copy of Bachelor’s Degree transcript (English)
4.A one-page statement of purpose
5.English proficiency test result (if any) တို့ကို ပေးပို့လျှောက်ထားရမှာဖြစ်ပါတယ်။

📌Application Deadline: 31 March 2023

📝Apply online at https://applicant.mfu.ac.th/admission/appRegEN/login...

For more detail: https://drive.google.com/.../1DHWvSAubVaHkG4OGZVAzPnPemes...

Information from Global MFU

ပညာရေးအားဖြင့် ထူးချွန်ကြပါစေ။
Go For Goal by Kevin

Address

Pathein

Website

Alerts

Be the first to know and let us send you an email when Youth Empowerment Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Youth Empowerment Center:

Share