16/05/2026
Inle Resource Center အတွက် အလုပ်ခေါ်ယူခြင်း။
📕၁။စီမံကိန်းနောက်ခံနှင့် ဖြစ်ပေါ်လာပုံ
၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ပြင်းအား (၇.၇) အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် အင်းလေးကန်ဒေသရှိ နေအိမ်များ၊ အခြေခံအဆောက်အအုံများနှင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ကြီးမားစွာ ထိခိုက်ပျက်စီးခဲ့ရပါသည်။ ဤသဘာဝဘေးအန္တရာယ်သည် အင်းလေးဒေသတွင် ယခင်ကတည်းက ကြုံတွေ့နေရသည့် ရေထုညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှု၊ စနစ်မကျသော စိုက်ပျိုးရေးနှင့် မိလ္လာစနစ်စသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမိုဆိုးရွားလာစေခဲ့ပါသည်။
📕IRC ပေါ်ပေါက်လာခြင်း
ဤစိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဒေသခံများကိုယ်တိုင် ပါဝင်ဦးဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းနှင့် လူထုပူးပေါင်းဆောက်ရွက်မှုသည် ပိုမိုလိုအပ်လာသည်။ ထို့ကြောင့် အင်းလေးဒေသ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူမှုစီးပွား ပြန်လည်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ “Inle Resource Centre (IRC)” ကို ညောင်ရွှေမြို့တွင် သတင်းအချက်အလက်ဗဟိုချက်အဖြစ် စတင်တည်ထောင်ရခြင်း ဖြစ်ပါသည်။
📘၂။ စင်တာ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်တာများ
Inle Resource Centre (IRC) ကို အောက်ပါကဏ္ဍများအတွက် အဓိကအချက်အခြာနေရာအဖြစ် ဖော်ဆောင်သွားမည် ဖြစ်ပါသည် -
📚သတင်းအချက်အလက်နှင့် သုတေသန ဗဟိုဌာန (Information Hub)
အင်းလေးဒေသနှင့် သက်ဆိုင်သည့် အထွေထွေသတင်းအချက်အလက်များ၊ ဒေသဆိုင်ရာ သုတေသနစာတမ်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို တစ်နေရာတည်းတွင် စုစည်းဖြန့်ဝေပေးသွားမည် ဖြစ်သည်။
👥 အသိပညာပေးခြင်းနှင့် မိတ်ဖက် ချိတ်ဆက်ခြင်း (Knowledge Sharing & Networking)
ဒေသခံများ အသိပညာဗဟုသုတ တိုးပွားစေရန် ဆောင်ရွက်ခြင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား အတွေ့အကြုံများ နှီးနှောဖလှယ်နိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
🗣️ ပူးပေါင်းဆောင်ရွက်မှုနှင့် သင်ယူမှုနေရာ (Co-working Space & Facilities)
ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန် မီတင်ခန်းများအား ငှားရမ်းခြင်း၊ တီထွင်ဖန်တီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်ရန်အတွက် Co-working space (အများပိုင် ရုံးခန်းနေရာ) အဖြစ်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။
Inle Resource Centre သည် အင်းလေးဒေသ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုများအတွက် ဒေသခံများ၊ ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများအကြား ချိတ်ဆက်ပေးသည့် "သတင်းအချက်အလက်နှင့် ပူးပေါင်းဆောင်ရွက်မှု အချက်အခြာ" တစ်ခု ဖြစ်လာရန် ရည်မှန်းထားပါသည်
—————————————
သို့ပါ၍ Inle Resource Center လည်ပတ်ရေးအတွက် အောက်ပါအလုပ်များကို ခေါ်ယူလိုက်ပါသည်။
အလုပ်လျှောက်ထားလိုသူများအနေဖြင့် မိမိလျှောက်ထားလိုသော ရာထူးအား ဖော်ပြပြီး မိမိ၏ CV နှင့်တကွ Cover letter အား [email protected] သို့ မေလ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ပါသည်။
Center Coordinator: https://docs.google.com/document/d/1K5MjA5TCkGLIILEuWaAZo7q6pXvSX0-P/edit?usp=drive_link&ouid=101972633087489835475&rtpof=true&sd=true
Finance and Admin Officer: https://docs.google.com/document/d/1vXO1usFBQAQM1g-qFaoCmqAWFJeuSr6H/edit?usp=drive_link&ouid=101972633087489835475&rtpof=true&sd=true
IT & Operations Assistant: https://docs.google.com/document/d/1-QhTphloeRLV-i3z9KlCrdlGigar_FGB/edit?usp=drive_link&ouid=101972633087489835475&rtpof=true&sd=true
Security Gurard: https://docs.google.com/document/d/1CTXwNqsqfSs9xk1AP1y5VWaBRU7_i1Qh/edit?usp=drive_link&ouid=101972633087489835475&rtpof=true&sd=true