Nyaunglaypin Basic Education Students ' Union - NBESU

Nyaunglaypin Basic Education Students ' Union - NBESU Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyaunglaypin Basic Education Students ' Union - NBESU, Nyaunglebin.

15/05/2022

လွတ်လပ်သောသုတေသီများအဖွဲ့ - မြန်မာသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် လူမှုစီးပ.....

03/04/2022

"ကျောင်းမတက်သူစာရင်းကောက်ခံခြင်း''

မြန်မာတစ်ပြည်လုံးရှိ
!တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းသားကျောင်သူများ

!တက္ကသိုလ်တက်ရောက်ဆဲ
ကျောင်းသားကျောင်းသူများအား

သဘောထားစစ်တမ်းတစ်ရပ်ကို
Team အနေဖြင့် လေ့လာဆန်းစစ်မှုပြုနိုင်ရန်အတွက် ကောက်ခံအပ်ပါသည်။

ဤကောက်ခံမှုသည် Team ၏ လွတ်လပ်သော ကောက်ခံမှုဖြစ်ပြီး လုံခြုံရေးအတွက် လုံးဝ အာမခံပါသည်။

ဤလုပ်ဆောင်ချက်သည် ကျောင်းသားကျောင်းသူများ၏ အကျိုးကို ရှေးရှုခြင်းဖြစ်သောကြောင့် မဖြစ်မနေပါဝင်ဖြည့်သွင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

၇.၄.၂၀၂၂ ည ၉နာရီတိတိတွင်
ဖောင်ပိတ်ပါမည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ
တက္ကသိုလ်ဝင်တန်းစားမေးပွဲ
ဝင်ရောက်ဖြေဆို အောင်မြင်ပြီး
တက္ကသိုလ်မတက်ရောက်ရသေးသည့်
ကျောင်းသားကျောင်းသူများအတွက် အောက်ပါ Form ကို မှန်ကန်စွာဖြည့်ပေးပါ။
(တစ်ဦးလျှင် တစ်ခါသာဖြည့်ပါ)

https://surveyheart.com/form/624a5ae1a16d36433f6cfeca

ဒီမိုကရေစီအစိုးရလက်ထက်ကတည်းက
တက္ကသိုလ်တစ်ခုခုသို့ တက်ရောက်ထားပြီးဖြစ်သော ကျောင်းသားကျောင်းသူများအတွက် အောက်ပါ Form ကို
မှန်ကန်စွာဖြည့်ပေးပါ။
(တစ်ဦးလျှင်တစ်ခါသာဖြည့်ပါ)

https://surveyheart.com/form/624daa8c71d5cc4316a0a619

လေ့လာမှုစာတမ်းအား အတတ်နိုင်ဆုံး မြန်မြန် ချပြပေးပါ့မည်။

Telegram channel
https://t.me/loutkgummfy

#ကြံဆောင်သမျှအောင်ပါစေ။

17/03/2022
"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။"ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ...
07/12/2021

"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။"

ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်။

သမိုင်းကြောင်းတလျှောက်လုံး တောင်းဆိုနေခဲ့၊ နေဆဲဖြစ်တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့အခွင့်အရေးတွေဟာ ဒီနေ့ဒီချိန်ထိ ပျောက်ဆုံးနေရဆဲပါပဲ။ ဒီနေ့ရဲ့ တော်လှန်ရေးမှာ အထင်ရှားဆုံးအနေနဲ့ ကိုယ့်ဆန္ဒကိုယ် လွတ်လပ်စွာထုတ်ဖော်နေကြတဲ့ ပြည်သူတွေဟာ အသက်ပေး အဖိနှိပ်ခံနေရသေးတာဟာ အင်မတန်မှ တုန်လှုပ်နာကြည်းစရာကောင်းတဲ့ အမှန်တရားပါပဲ။

အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “ကမ္ဘာ့ လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။ ၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (10 D) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ထိုနှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း စစ်အာဏာရှင်တွေကတော့ လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီ (10 D) လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။

ယနေ့အချိန်ထိ ချိုးဖောက်ခံနေရတဲ့ ကျွန်တော်တို့ရဲ့ လူ့အခွင့်ရေးအတွက်၊ ကျွန်တော်တို့ကို ဖိနှိပ်ထားတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့အတွက် လာမယ့် ၁၀-၁၂-၂၀၂၁ မှာ တိတ်ဆိတ်မှုနဲ့ တော်လှန်မယ့် Silent Strike - တိတ်ဆိတ်ငြိမ်သက်ခြင်းပိတ်" ပြုလုပ်ကြမှာဖြစ်ပါတယ်။

ဘာတွေလုပ်ကြမလဲ...။
- ၁၀ ရက်နေ့ (မနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ) ကားမရှိ၊ လူမရှိ၊ စျေးတွေမဖွင့်၊ ဆိုင်တွေမဖွင့်ပဲ နေကြမယ်။
- "လူ့အခွင့်အရေးမရှိ ၊ အလုပ်သမားအခွင့်အရေး မရှိ လွတ်လပ်ခွင့်မရှိ အမှောင်အတိ ၊ ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ငါတို့ ဘဝတွေကို ကိုယ်စားပြုတဲ့" အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင် " တော်လှန်"ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြမယ်။

"ဆိတ်သုဉ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ"

တိတ်ဆိတ်ခြင်းရဲ့ အကျယ်လောင်ဆုံး ဟစ်ကြွေးသံကို အာဏာရူးတွေ ဆက်ဆက်ကြားစေရမယ်။
Silence shall be our loudest WAR CRY!









13/09/2021
25/08/2021

မြန်မာဘာသာပြန် :

စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ
မူဝါဒရေးရာကော်မတီ
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်သော ရာဇဝတ်မှုများ စတင်ကျူးလွန်ခဲ့ခြင်း (၄) နှစ်မြောက် ထုတ်ပြန်ကြေညာချက်

စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂသည် မြန်မာစစ်တပ်နှင့် အာဏာပိုင်များ နှစ်ပေါင်းများစွာ ရိုဟင်ဂျာလူမျိုးများနှင့် အခြားသောလူနည်းစုတိုင်းရင်းသားများအပေါ် ရာဇဝတ်မှုများ အစဉ်တစိုက်ကျူးလွန်ခဲ့သည့်အတွက် အလွန်ဝမ်းနည်းရပါသည်။ သမဂ္ဂသည် အဖိနှိပ်ခံရသော ပြည်သူလူထု၊ လူနည်းစုများနှင့် တစ်သားတည်းရပ်တည်ရန် သဘောထားရှိပါသည်။ မြန်မာအကြမ်းဖက် စစ်တပ်သည် ၄င်းရာဇဝတ်မှုများအပေါ်တွင် တာဝန်ယူရမည်ဖြစ်ပါသည်။ သမဂ္ဂသည် သမိုင်းတစ်လျောက် မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းဖော်ထုတ် အရေးယူရန် သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့များကို တိုက်တွန်းသည်။ သမဂ္ဂသည် လူမျိုးရေး၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုများ ရပ်တန့်စေရန်၊ တိုင်းရင်းသားလူမျိုးများ၊ လူနည်းစုများအားလုံးအတွက် တန်းတူညီမျှမှုများ ရရှိနိုင်စေရန် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

မူဝါဒရေးရာကော်မတီ
စစ်ကိုင်းမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ

ယနေ့ကျရောက်သော (၇၄) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။မွန်အမျိုးသားတို့၏ ဆုံးခန်းတိုင်မပြီးမြောက်...
22/08/2021

ယနေ့ကျရောက်သော (၇၄) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အား
ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
မွန်အမျိုးသားတို့၏ ဆုံးခန်းတိုင်မပြီးမြောက်သေးသော ဤ (၇၄)နှစ်
မြောက် မွန်တော်လှန်ရေးနေ့ ကိုအခြေတည်၍ အာဏာရှင်စနစ်အမြစ်
ပြတ်ချေမှူန်းရေး၊ အမျိုးသားတန်းတူရေး၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ဖက်ဒရယ်ဒီမိုကရေစြီပည်ထောင်စုပေါ်ပေါက်ရေးတို့အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများနှင့်အတူပေါင်းစည်းညီညွတ်စွာဖြင့် အပြီးတိုင်အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Address

Nyaunglebin
မင်္ဂလာပါ

Telephone

+959777323825

Website

Alerts

Be the first to know and let us send you an email when Nyaunglaypin Basic Education Students ' Union - NBESU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share