Kachin Cleaning Campaign

Kachin Cleaning Campaign Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kachin Cleaning Campaign, Community Organization, No. 80, Ngaw Chang, Nibban Lann, Myitkyina.

🌿 cleaning campaign အတွက် Long term partnership အဖြင့် အမြဲ ပူးပေါင်း ပါဝင်  ကူညီ ပေး သော Take ရေသန့် family ကို ကျေးဇူး...
17/08/2026

🌿 cleaning campaign အတွက်

Long term partnership အဖြင့် အမြဲ ပူးပေါင်း ပါဝင် ကူညီ ပေး သော Take ရေသန့် family ကို ကျေးဇူး အထူး တင် ရှိ ပါ သည်။💚

(၁၅) ရက်နေ့က မြစ်ကြီးနားတက္ကသိုလ် ပရဝုဏ်အတွင်းမှာ တွေ့မြင်ခဲ့ရတာကတော့ အဲဒီလို လှပတဲ့ ကိုယ်ကျိုးစွန့် Volunteer စိတ်ဓာတ်တ...
16/08/2026

(၁၅) ရက်နေ့က မြစ်ကြီးနားတက္ကသိုလ် ပရဝုဏ်အတွင်းမှာ တွေ့မြင်ခဲ့ရတာကတော့ အဲဒီလို လှပတဲ့ ကိုယ်ကျိုးစွန့် Volunteer စိတ်ဓာတ်တွေပါပဲ။ ဘောလုံးကွင်းဘေး၊ အားကစားခန်းမပတ်လည်နဲ့ ဖူဆယ်ကွင်းဘေး လမ်းမတစ်လျှောက် (၁၀) ဧကခန့်ကျယ်ဝန်းတဲ့ နေရာကြီးကို မိုးရွာသည်ဖြစ် စေ၊ နေပူသည်ဖြစ်စေ၊ ရှင်းလင်းပေးခဲ့ကြတဲ့ လူငယ်တွေရဲ့ မြင်ကွင်းဟာ တကယ့်ကို ကြည်နူးဂုဏ်ယူစရာကောင်းပါတယ်။

​"မြင်းတစ်ကောင်တည်းဆို ၄ တန်သာ ဆွဲနိုင်ပေမဲ့၊ နှစ်ကောင်ပေါင်းလိုက်ရင် ၂၂ တန်အထိ ဆွဲနိုင်တယ်" ဆိုတဲ့ Synergy စွမ်းအားကို ဒီလှုပ်ရှားမှုက လက်တွေ့သက်သေပြခဲ့ပါတယ်။ မှန်ကန်တဲ့ လမ်းညွှန်မှုပေးတဲ့ ဦးဆောင်သူတွေ၊ နောက်ကွယ်ကနေ အားဖြည့်ကူညီပေးတဲ့ ထောက်ပံ့သူတွေနဲ့ မြေပြင်မှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ IYF Volunteer လူငယ် မောင်မယ်များ ၊ polytechnic ကျောင်းသားကျောင်းသူများ၊ပညာဘဏ် private School ကျောင်းသားကျောင်းသူများ၊ တက်ကြွစွာ ပါဝင်ကူညီပေးခဲ့ကြသော စည်ပင်ဝန်ထမ်းများ၊ Future Land English Language Centre မှ သင်တန်းသူသင်တန်းသား Volunteer များ ၊ဒီဒေါက်တိုင် (၃) ခုရဲ့ စုပေါင်းအားကြောင့်သာ ကြီးမားတဲ့ အပြောင်းအလဲကြီးကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
​လူငယ်တွေရဲ့ ဒီလိုတက်ကြွတဲ့ လုပ်အားပေးမှုတွေကို မြေပြင်အထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုအားပေးပြီး ခွန်အားဖြစ်စေခဲ့တဲ့တက္ကသိုလ် ပါမောက္ခချုပ်နဲ့ တက္ကသိုလ်ရှိတာဝန်ရှိ ဆရာ၊ဆရာမများ၊စည်ပင်အလုပ်အမှုဆောင် အရာရှိကြီး၊ တို့ကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။
​ပတ်ဝန်းကျင်နဲ့ အများအကျိုးအတွက် သန့်ရှင်းစင်ကြယ်တဲ့ စေတနာ၊ မေတ္တာတွေနဲ့ ကိုယ်ကျိုးစွန့် ပါဝင်ခဲ့ကြတဲ့ Volunteer လူငယ် မောင်မယ်များအားလုံး... ဒီနေ့မှာ လှူဒါန်းခဲ့တဲ့ ချွေးပေါက်ကလေးတွေတိုင်းအတွက် ကောင်းကျိုးချမ်းသာတွေ ပြန်လည်ခံစားရရှိပြီး၊ ဘေးဘယာကင်းကွာစွာနဲ့ အနာဂတ်မှာ ဒီထက်မက အကျိုးပြုနိုင်တဲ့ လူရည်ချွန်များ ဖြစ်ကြပါစေလို့ လှိုက်လှဲစွာ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်။ 🌿💚


မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော Cleaning Campaign Workshop 🌿✨​ဒီကနေ့ (၁၃) ရက်န...
14/08/2026

မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော Cleaning Campaign Workshop 🌿✨
​ဒီကနေ့ (၁၃) ရက်နေ့တွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ Cleaning Campaign Workshop ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ Workshop သို့ မြစ်ကြီးနားတက္ကသိုလ် ကျောင်းသူ/ကျောင်းသား ၆၀၀ ကျော်၊ Pinyar Bank Private School မှ ကျောင်းသူ/ကျောင်းသားများနှင့် IYF Volunteer လူငယ်မောင်မယ်များ ၊ Future Landမှ Volunteer လူငယ်များ စုစုပေါင်း အင်အား ၈၀၀ ကျော် တက်ကြွစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
​ပါဝင်တက်ရောက်ခဲ့ကြသော တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ
အခမ်းအနားသို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထွန်း၊ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အလုပ်အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုလွင် နှင့်တက္ကသိုလ် ပါမောက္ခ၊ ဆရာ/ဆရာမများ ပါဝင်တက်ရောက် ချီးမြှင့်ပေးခဲ့ကြပါသည်။
​အစီအစဉ်များနှင့် ဖျော်ဖြေတင်ဆက်မှုများ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထွန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ပါသည်။
​အခမ်းအနားတွင် -
​Myitkyina Jindallae Choir အဖွဲ့မှ စိတ်ဓာတ်ခွန်အားဖြစ်စေမည့် အားပေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။
​Myitkyina Azalea Star အဖွဲ့မှလည်း "Surrender" အက၊ ကချင်ရိုးရာအကဖြစ်သော "Aw Ra Ra" နှင့် American Dance ဖြစ်သော "Looking For You" အကတို့ဖြင့် တက်ကြွလန်းဆန်းစွာ ကပြဖျော်ဖြေပေးခဲ့ကြပါသည်။
​ထို့အပြင် Mind Education ခေါင်းစဉ်ဖြင့် ကျန်းမာသော စိတ်နှလုံးသားဖြစ်လာစေရန် စဉ်းစားတွေးခေါ်မှု၊ ထိန်းချုပ်မှုနှင့် အချင်းချင်း ဖလှယ်မှုတို့၏ အရေးပါပုံကို ပို့ချပေးခဲ့ပါသည်။ Kazuo Inamori ၏ “စွမ်းရည်တစ်ခုတည်းဖြင့် မလုံလောက်ဘဲ ကြိုးစားအားထုတ်မှု လိုအပ်ကြောင်း၊ ကြိုးစားမှုတစ်ခုတည်းနှင့် မပြီးဘဲ မှန်ကန်သော စဉ်းစားတွေးခေါ်မှုပါ လိုအပ်ကြောင်း” ကိုလည်း အသိပညာပေး ပို့ချပေးခဲ့ပါသည်။
​သင်တန်းအစီအစဉ်များအပြီးတွင် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် Volunteer လူငယ်မောင်မယ်များ စိတ်လက်ပေါ့ပါးစွာ မေတ္တာဖလှယ်နိုင်ရန် Mind Recreation Game များကို ပျော်ရွှင်စွာ အတူတကွ ပါဝင်ကစားခဲ့ကြပါသည်။
​ကျေးဇူးတင်လွှာနှင့် ပံ့ပိုးကူညီမှုများ
ယခု Workshop အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Partnership များဖြစ်ကြသော Take Purified Drinking Water မှ သောက်ရေသန့်များ၊ EABC ကုမ္ပဏီ နှင့် MADG ကုမ္ပဏီ တို့မှ အချိုရည်များကို စေတနာထက်သန်စွာ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။
​ထို့အပြင် အစအဆုံး လုပ်အားဒါနဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသော Volunteer လူငယ်မောင်မယ်များနှင့် ငွေကြေးအသပြာအလိုက် ပါဝင်လှူဒါန်းပေးခဲ့ကြသော စေတနာရှင် အလှူရှင်များအားလုံးကိုလည်း Cleaning Campaign အဖွဲ့မှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။ 💚🌱

11/08/2026

Clean hearts. Better tomorrow. 💙
​မြစ်ကြီးနားတက္ကသိုလ်ကျောင်းသား/သူတို့ရဲ့ စေတနာ့ဝန်ထမ်း စိတ်ဓာတ်လေးတွေနဲ့ အတူတူ ပူးပေါင်းပါဝင်ကြစို့! ✨
​📍 ၁၃ ရက် — Workshop
📍 ၁၅ ရက် — Cleaning Campaign
​၁၃ရက်နဲ့ ၁၅ ရက်နေ့မှာ အတူတူ တွေ့ကြမယ်နော်! 🫶


14/07/2026

တိမ်တွေ အမြဲ ဖုံး နေ တဲ့ တောင်ပေါ်

ရှိန်းခေါင် မြို့ cleaning campaign ကို လည်း

ကြည့် ရှု အားပေး ကြ ရ အောင်💙🌿🍀



11/07/2026

'မင်္ဂလာပါ ' ဆိုတဲ့ တေး တွား အက ဖြင့်
Grand prize ရရှိသွားတဲ့ Azalea stars
Congratulations 👏🎉 ပါ။

29/06/2026

ရေစင်ဈေးနောက်က အမှိုက်ပုံကြီးကို အပြီးသတ် ရှင်းလင်းဖို့အတွက် (၂) ကြိမ်တိုင်တိုင် စုပေါင်း အားထုတ်ခဲ့ကြပါတယ်။
ပထမအကြိမ် ဇွန်လ (၂၀ )ရက်နေ့မှာ လူအင်အား (၅၀၀) ကျော်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး၊ ဒုတိယအကြိမ်ဇွန်လ (၂၇)ရက် နေ့မှာတော့ လူအင်အား (၁၇၀)နဲ့ ရည်မှန်းချက်အတိုင်း အားလုံး အပြီးသတ်နိုင်ခဲ့ပါတယ်။💚🧹⛏️

ကုန်းပေါ်အထိ ​လက်ဆင့်ကမ်း တန်းစီပြီး အမှိုက်ကားပေါ် တင်ပေးကြတဲ့ လူငယ်တွေရဲ့ ညီညွတ်မှုဟာ တကယ့်ကို ဂုဏ်ယူစရာပါ။

လူငယ်တွေတင်မကဘဲ နောက်ကွယ်ကနေ အမှိုက် တွေ စနစ်တကျ စွန့်ပစ်နိုင်ဖို့ ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ မီးသတ်တပ်ဖွဲ့နဲ့ စည်ပင်သာယာရေးအဖွဲ့တို့ရဲ့ ပူးပေါင်းကူညီမှုကြောင့်လည်း အလုပ်က ပိုမိုချောမွေ့သွားခဲ့ရပါတယ်။🤝

​"အလုပ်ဟူသမျှ ဂုဏ်ရှိစွ" ဆိုတဲ့အတိုင်း ကိုယ့်မြို့၊ ကိုယ့်ရွာအတွက် ပေးဆပ်ရတာ ဂုဏ်ယူစရာပါ။

အချင်းချင်း အကောင်းမြင်စိတ်လေးတွေနဲ့ ပျော်ရွှင်မှုကို ကူးစက်စေမယ့် ဗီဒီယိုလေးကို ကြည့်ပြီး ခွန်အားယူလိုက်ပါဦး။ 💪❤️



27ရက် စနေနေ့ cleaning campaign မှာ  volunteer တွေ အတွက် နေ့လည် စာ ထမင်းဘူး ၁၅၀ ဝိုင်းဝန်းပံ့ပိုး လှူဒါန်း ပေးပါသောလွယ်လင...
29/06/2026

27ရက် စနေနေ့ cleaning campaign မှာ volunteer

တွေ အတွက် နေ့လည် စာ ထမင်းဘူး ၁၅၀ ဝိုင်းဝန်းပံ့ပိုး လှူဒါန်း ပေးပါသော

လွယ်လင် ထမင်းဆိုင် ကို IYF မှ ကျေးဇူး အထူး တင် ရှိ ပါ သည်။🙏



28/06/2026

မနေ့က စနေနေ့ မှာ တော့ အကြီး မား ဆုံး စိန် ခေါ် မှု တစ် ရပ် ဖြစ် တဲ့ မြစ်ကြီးနား မြို့

ရေ စင် ဈေး က အမိုက် ပုံ ကို volunteer စေတနာ့ ဝန်ထမ်း များ ရဲ့ စွမ်း အား ဖြင့်

အခု လို ရှင်း လင်း နိုင် ခဲ့ ပါ တယ်💪

Volunteer များ အား လုံးကို ကျေး ဇူး တင် ပါ တယ်။

Video အတို ကို ကြည့် ရှု အား‌ပေး
ကြ ရ အောင် ။
campaign

Address

No. 80, Ngaw Chang, Nibban Lann
Myitkyina

Website

Alerts

Be the first to know and let us send you an email when Kachin Cleaning Campaign posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share