Myanmar Engineering Society - Kachin Chapter

Call Contact the organization

Myanmar Engineering Society - Kachin Chapter MES Kachin

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ကချင်ပြည်နယ်အသင်းခွဲ (Fed.MES) Kachin Chapterမြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ကချင်ပြည်နယ်အသ...
24/08/2026

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ကချင်ပြည်နယ်အသင်းခွဲ (Fed.MES) Kachin Chapter

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ ကချင်ပြည်နယ်အသင်းခွဲ (Fed.MES) Kachin Chapter ရုံးတွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါ ရာထူးများအတွက် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်အပ်ပါသည်။

၁။ Computer Typist - (၁) နေရာ

အရည်အချင်းသတ်မှတ်ချက်များ
• အထက်တန်းအောင် (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
• အသက် (၂၅) နှစ်မှ (၃၅) နှစ်အတွင်း ဖြစ်ရမည်။
• မြန်မာစာနှင့် အင်္ဂလိပ်စာ ကွန်ပျူတာစာရိုက် မြန်ဆန်၍ တိကျမှန်ကန်မှု ရှိရမည်။
• Computer (Microsoft Word, Excel, PowerPoint), Email & Internet ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
• စနစ်တကျ စေတနာပါပါ လုပ်ကိုင်နိုင်ပြီး လုပ်ငန်းအများအပြားကို စည်းစနစ်တကျ စီမံနိုင်သူ ဖြစ်ရမည်။
• အထက်လူကြီးများ၏ လမ်းညွှန်ချက်အတိုင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
• ဆက်ဆံရေးပြေပြစ်ပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသူ ဖြစ်ရမည်။

တာဝန်နှင့် ဝတ္တရားများ (Job Descriptions)
• ရုံးစာဝင်/စာထွက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်း၊ စာရိုက်ခြင်းနှင့် ဖိုင်တွဲ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန်။
• အသင်းခွဲ၏ အစည်းအဝေး မှတ်တမ်းများ၊ အစီရင်ခံစာများ၊ အသိပေးစာများနှင့် ဖိတ်စာများကို စနစ်တကျ ရိုက်နှိပ်ပြင်ဆင်ရန်။
• အသင်းဝင်များ၏ စာရင်းများ၊ သင်တန်းတက်ရောက်သူ စာရင်းများနှင့် အချက်အလက်များ (Database) ကို Microsoft Excel ဖြင့် စနစ်တကျ ရိုက်နှိပ် စာရင်းပြုစုရန်။
• Email စာများ လက်ခံခြင်း၊ ပြန်ကြားခြင်းနှင့် အချက်အလက်များကို အထက်လူကြီးများထံ အချိန်မီ တင်ပြရန်။
• ရုံးသို့ လာရောက်ဆက်သွယ်သူများ၊ အသင်းဝင်များကို ယဉ်ကျေးပျူငှာစွာ ဧည့်ခံပြုစုခြင်းနှင့် လိုအပ်သည့် အချက်အလက်များ ကူညီပေးရန်။
• အမှုဆောင်အဖွဲ့နှင့် အထက်လူကြီးများမှ ပေးအပ်သော အခြား ရုံးပိုင်းဆိုင်ရာ တာဝန်များကို ကူညီဆောင်ရွက်ပေးရန်။
• အစိုးရဌာနဆိုင်ရာများ၊ အခြားပြင်ပအဖွဲ့အစည်းနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်ပေးရန်။

အလုပ်ချိန် - တနင်္လာနေ့ မှ သောကြာ (9:00 AM to 4:00 PM)
အလုပ်ပိတ်ရက် - တနင်္ဂနွေ / အစိုးရရုံးပိတ်ရက်များ
လစာ - ညှိနှိုင်း

လျှောက်ထားနိုင်သည့် နည်းလမ်း
လိုအပ်သော စာရွက်စာတမ်းများ ကိုယ်ရေးရာဇဝင် (CV Form)၊ ဓာတ်ပုံ (၂) ပုံ၊ ဘွဲ့လက်မှတ်/အထက်တန်းအောင်လက်မှတ် မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ။

လျှောက်လွှာ ပေးပို့ရန်
လိပ်စာ: MES Kachin Chapter ရုံး၊G-7၊အားကာတိုက်တန်း၊မြစ်ကြီးနား သို့ လူကိုယ်တိုင်ဖြစ်စေ
Email: [email protected] သို့ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာပိတ်မည့်ရက်: [၁၃-၉-၂၀၂၆]
ဆက်သွယ်ရန် ဖုန်းနံပါတ်: [09440006485]

03/01/2026

Address

G-7, အား/ကာတိုက်တန်း၊ ဧရာရပ်ကွက်၊
Myitkyina

Telephone

+959454330933

Website

Alerts

Be the first to know and let us send you an email when Myanmar Engineering Society - Kachin Chapter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Engineering Society - Kachin Chapter:

Shortcuts

Share