အ.ထ.က၊ တံခွန်တိုင် နှင့် မိသားစုဝင်ကျောင်းများ

  • Home
  • Myanmar
  • Mudon
  • အ.ထ.က၊ တံခွန်တိုင် နှင့် မိသားစုဝင်ကျောင်းများ

အ.ထ.က၊ တံခွန်တိုင် နှင့် မိသားစုဝင်ကျောင်းများ မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော််မတီ

25/12/2023

အ.ထ.က၊ တံခွန်တိုင်နှင့် မိသားစုဝင်ကျောင်းများ၏
"ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ"အခမ်းအနားမှတ်တမ်း

မှတ်တမ်းတင် ရိုက်ကူးတည်းဖြတ်ပေးပါသော HM-Your Memories ကို ကျေးဇူးတင်ပါတယ်

ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးတို့၏“သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်”တို့ကို အစဉ် ကြည်ညိုလေးစား တန်ဖိုးထားလျှက်မွန်ပြည်နယ်၊ မု...
24/12/2023

ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးတို့၏
“သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်”တို့ကို အစဉ် ကြည်ညိုလေးစား တန်ဖိုးထားလျှက်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အ.ထ.က၊ တံခွန်တိုင် နှင့် မိသားစုဝင်ကျောင်းများ၏ ကျောင်းသား‌ဟောင်းများမှ ဦးစီးဆောင်ရွက်သော“ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ”ကျင်းပနိုင်ရေးအတွက်
စေတနာထက်သန်စွာ ပါဝင်လှူဒါန်းပေးကြသော အလှူရှင်အပေါင်းတို့အား ဂုဏ်ပြုကမ္ဗည်းတင်အပ်ပါသည်။

🙏🙏🙏
23/12/2023

🙏🙏🙏

ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးတို့၏“သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်”တို့ကို အစဉ် ကြည်ညိုလေးစား တန်ဖိုးထားလျှက်မွန်ပြည်နယ်၊ မု...
23/12/2023

ကျေးဇူးရှင် ဆရာကြီး၊ ဆရာမကြီးတို့၏
“သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်”တို့ကို အစဉ် ကြည်ညိုလေးစား တန်ဖိုးထားလျှက်
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အ.ထ.က၊ တံခွန်တိုင် နှင့် မိသားစုဝင်ကျောင်းများ၏ ကျောင်းသား‌ဟောင်းများမှ ဦးစီးဆောင်ရွက်သော“ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ”ကျင်းပနိုင်ရေးအတွက်
စေတနာထက်သန်စွာ ပါဝင်လှူဒါန်းပေးကြသော အလှူရှင်အပေါင်းတို့အား ဂုဏ်ပြုကမ္ဗည်းတင်အပ်ပါသည်။

- YOU ARE INVITED -ဂါရဝပြုကန်တော့ချိန်က နံနက် (၈:၃၀) နာရီ ဆိုပေမဲ့ စောစောလာခဲ့ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်
23/12/2023

- YOU ARE INVITED -

ဂါရဝပြုကန်တော့ချိန်က နံနက် (၈:၃၀) နာရီ ဆိုပေမဲ့ စောစောလာခဲ့ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်

"ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ"အပူဇော်ခံစင်မြင့် အခမ်းအနားပြင်ဆင်နေမှုများ
23/12/2023

"ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ"အပူဇော်ခံစင်မြင့် အခမ်းအနားပြင်ဆင်နေမှုများ

- ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲနေ့ အမှတ်တရဓာတ်ပုံရိုက်သည့် Photobooth နေရာ ပြင်ဆင်နေမှု မြင်ကွင်း -
22/12/2023

- ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲနေ့ အမှတ်တရဓာတ်ပုံရိုက်သည့် Photobooth နေရာ ပြင်ဆင်နေမှု မြင်ကွင်း -

အခုချိန်မှာ သင်ဟာသင့်ကို သင်ကြားပေးခဲ့တဲ့အခြေခံပညာကျောင်းက ဆရာ/ဆရာမတွေထက်ဘွဲ့ပညာတွေ ပိုရှည်ချင် ရှည်ပါလိမ့်မယ်ဝင်ငွေတွေ ...
22/12/2023

အခုချိန်မှာ သင်ဟာ
သင့်ကို သင်ကြားပေးခဲ့တဲ့
အခြေခံပညာကျောင်းက ဆရာ/ဆရာမတွေထက်
ဘွဲ့ပညာတွေ ပိုရှည်ချင် ရှည်ပါလိမ့်မယ်
ဝင်ငွေတွေ ပိုများချင် များလိမ့်မယ်
ဘာသာစကားတွေ ပိုကျွမ်းကျင်ချင် ကျွမ်းကျင်ပါလိမ့်မယ်၊ အင်္ဂလိပ်အသံထွက်တွေ ပိုပီချင် ပီပါလိမ့်မယ်
နည်းပညာအသုံးပြုမှုမှာ ပိုခေတ်မီကောင်း ခေတ်မီပါလိမ့်မယ်
သက်ဆိုင်ရာ ပညာရပ်အသီးသီးတွေမှာ သူတို့တွေထက် ပိုပြီး တတ်သိချင် တတ်သိနေပါလိမ့်မယ်

ဒီအချက်တွေက
အခြေခံပညာက ဆရာဆရာမတွေကို
"လေးစားစရာမလို၊ ဂါရဝပြုနှုတ်ဆက်စရာမလို"လို့ မမှတ်ယူထိုက်ပါဘူး

ကျွန်တော်တို့တွေဟာ
ကျွန်တော်တို့အပေါ် ကောင်းကြတဲ့ အနီးစပ်ဆုံးသူတွေလောက်ပဲ
ဆရာ တော်စပ်တယ်လို့ ယူဆတတ်ကြပါတယ်

ကျွန်တော်တို့ သတိအရဆုံး ဆရာတွေဟာလည်း
ဆယ်တန်းဆရာဆရာမတွေနဲ့
တက္ကသိုလ်က ကျူရှင်ဆရာတွေ ပဲ ဖြစ်နေကြတာ၊ ဖြစ်တတ်ကြတာ များပါတယ်

အမေ့လျော့ခံ
အခြေခံကျောင်းက ဆရာ/ ဆရာမတွေဟာ
ကျွန်တော်တို့ရဲ့
ပထမဆုံး စထိတွေ့ရတဲ့ ကျောင်းပညာရေးဘာသာရပ်တွေ လွယ်ကူရလေအောင်
လက်ရေးလေးဝိုင်းလှအောင်
လူမှုရေးရာမှာ သိတတ်လိမ္မာရလေအောင်
အခြေခံအသိတွေနဲ့ နှံ့စပ်သိကျွမ်းရအောင်
သင်ကြားပေးခဲ့ကြသူတွေပါပဲ

ရိုက်ကောင်း ရိုက်ခဲ့ပါမယ်
ခွဲခြားဆက်ဆံတယ် ထင်ကောင်း ထင်ခဲ့ပါမယ်
အရှက်ခွဲခဲ့တာလို့ ယူဆကောင်း ယူဆခဲ့ပါမယ်
တလွဲတွေ သင်ကြားပေးခဲ့တယ်လို့ မှတ်ယူကောင်း မှတ်ယူနေခဲ့ပါလိမ့်မယ်

ဒီအကြောင်းအချက် ငယ်ငယ်သေးသေးလေးတွေက
သူတို့ကြောင့်
သူတို့ရဲ့ လမ်းညွှန်သင်ပြပေးမှုတွေကြောင့်
ကျွန်တော်တို့တတွေရဲ့ လက်ရှိလူနေမှုဘဝမှာ
လွယ်ကူအဆင်ပြေနေမှုတွေကို မကျော်လွှားနိုင်ပါဘူး

ကျွန်တော်တို့ ဘာသာ
ကျွန်တော်တို့ ကြိုးစားလို့
ဒီနေရာကို
ရောက်ခဲ့၊
ကျော်လွှားခဲ့၊
အဆင်ပြေနေခဲ့တယ်လို့ ဂုဏ်ယူစွာမှတ်ယူနေမှာ အသေအချာပဲပေါ့

ဒီထက် အသေချာဆုံးတစ်ခုက
အခြေခံပညာကျောင်းဆရာ/ဆရာမတွေဟာ
သူတို့ တတ်ကျွမ်းခဲ့သမျှ ပညာတွေနဲ့
မပြည့်ဝသွားပါစေ
ညံ့ဖျင်းသွားပါစေ
မှားသွားပါစေ ဆိုတဲ့ မကောင်းဆန္ဒတွေ ကင်းစွာ အစားမချန် အကုန်အန်ချ သင်ပြပေးခဲ့ခြင်းပါပဲ

Photo Artwork တစ်ခုကို ယူသုံးရင်တောင်
Credit ပေး ရေးနေကြတဲ့ ခေတ်ကြီးမှာ
ဆရာဆရာမတွေရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်ကို ဂါရဝပြုသိတတ်ခြင်းဟာ မွန်မြတ်ပါတယ်

ဆရာတွေဟာ
ပြီးပြည့်စုံတဲ့ တောင်ပံကောင်းတစ်ခု မဖန်တီးပေးဖြစ်ခဲ့လျှင်တောင်
အောင်မြင်စွာ ပျံသန်းရဖို့
ခိုင်မာတဲ့ အတောင်လေးတွေကို
တတ်ကျွမ်းတဲ့နည်းနဲ့ တပ်ဆပ်ပေးခဲ့သူတွေပါ

"တောင်ပံတပ်ပေးကြသူများ"ပို့စကဒ်ကို ပွဲနေ့ကျ ရောင်းပါမယ်

ပုံဆွဲသူကျောင်းသားဟောင်းတစ်ဦး

စာကြွင်း
ကျေးဇူးသိတတ်စွာ
ဆရာဆရာမတွေအားလုံးကို
တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်လံကန်တော့တာမျိုး အခြေအနေမရှိတဲ့အချိန်မှာ "မြတ်ဆရာပူဇော်ပွဲ"ကသာ အခြေခံပညာကျောင်းက ဆရာ၊ ဆရာမ အလုံးစုံကို ဂါရဝပြုနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။ တပည့်ဟောင်း၊ ကျောင်းသားဟောင်းများ အတူတူ ပူးပေါင်းကန်တော့ပန်ဆင် ဂါရဝပြုဖို့ ထပ်လောင်း ပန်ကြားအပ်ပါတယ်

"ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ" အထိမ်းအမှတ် ရံပုံငွေအမှတ်တရပစ္စည်းများအတွက် ကျောင်းသားဟောင်းများ ဝိုင်းဝန်းကူညီပြင်ဆင်ထုပ...
21/12/2023

"ပဉ္စမအကြိမ် မြတ်ဆရာပူဇော်ပွဲ" အထိမ်းအမှတ် ရံပုံငွေအမှတ်တရပစ္စည်းများအတွက် ကျောင်းသားဟောင်းများ ဝိုင်းဝန်းကူညီပြင်ဆင်ထုပ်ပိုးမှု ပုံရိပ်တချို့

- အမှတ်တရပစ္စည်းများ ပွဲနေ့တွင် ရောင်းချသွားပါမည် -

Address

Tagundaing
Mudon

Website

Alerts

Be the first to know and let us send you an email when အ.ထ.က၊ တံခွန်တိုင် နှင့် မိသားစုဝင်ကျောင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share