29/09/2023
#သီးနှံတာရှည်ခံနည်းပညာလွှဲပြောင်းသင်တန်းဆင်းပွဲပြုလုပ်ခြင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ စက်တင်ဘာလ ၂၉ ရက်
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨
စစ်ကိုင်းတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဥပဒေပါ အခြေခံမှုများနှင့်အညီ နည်းပညာလွှဲပြောင်းပေးခြင်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ “အညာမြေ” စားသောက်ကုန်လုပ်ငန်းမှ လုပ်ငန်းရှင်၏ တောင်းဆိုချက် အရ ၂၇.၉.၂၀၂၃ ရက်နေ့မှ ၂၉.၉.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် တာရှည်ခံနည်းပညာလွှဲပြောင်းပေးခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို တိုင်းဒေသကြီးရုံး၊ Incubation Centre တွင် ယနေ့မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။ ဒုတိယညွှန်ကြားရေးမှူးက နည်းပညာလွှဲပြောင်းသင်တန်းဆင်းလက်မှတ်အား ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။၂၉.၉.၂၀၂၃ စာတွေ့/ လက်တွေ့သင်ကြားပို့ချပေ