09/09/2026
🙏🏻🙏🏻🙏🏻 ကိုစံတိုး လျှပ်စစ်ပစ္စည်းနှင့်စက်ပစ္စည်း ရောင်းဝယ်ရေး(မိသားစု)မှ
#အင်ဂျင်ဝိုင် (6)Liter ပုံးအားလှူဒါန်းပေးပါသည်။
မိဘပြည်သူများ၏ ဒုက္ခဆင်းရဲများကို ကူညီဆောင်ရွက်ပေးနေသော ကျွန်ုပ်တို့အသင်း၏ ယာဉ်၊ စက်ယန္တရားများ လည်ပတ်နိုင်ရေးအတွက် အင်ဂျင်ဝိုင် လှူဒါန်းပေးပါသော စေတနာရှင် အလှူရှင်များအားလုံး အာရောဂျံ သုခံ ပရမံ - ကျန်းမာခြင်း၊ ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေ။
အင်ဂျင်ဝိုင်သည် စက်ပစ္စည်းများကို ချောမွေ့စွာ လည်ပတ်စေသကဲ့သို့ အလှူရှင်တို့၏ စီးပွားရေး၊ လူမှုရေး၊ မိသားစုရေးရာ ကိစ္စအဝဝတို့တွင်လည်း အစအန အတားအဆီးမရှိ လျှောလျှောရှူရှူ ချောမွေ့အောင်မြင်ကြပါစေ။ ကပ်ကြီးသုံးပါးမှ ကင်းဝေးပြီး လိုအင်ဆန္ဒမှန်သမျှ အမြန်ဆုံး ပြည့်ဝကြပါစေကြောင်း မေတ္တာဆုတောင်း ပို့သအပ်ပါသည်။ #မေတ္တာဆုတောင်း