FundRaising for the Needy

FundRaising for the Needy ဘာသာစကားပေါင်းစုံနှင့်ဆိုင်သော စာအုပ်များဖြင့် အလှူငွေရှာဖွေခြင်း

💧တပိုင်တနိုင် ရေသန့်စင်နည်းလမ်းများ ပေါင်းချုပ်💦နေရောင်ခြည်ဖြင့် ရေသန့်စင်စေခြင်းhttps://www.facebook.com/share/p/zsDcjp...
17/09/2024

💧တပိုင်တနိုင် ရေသန့်စင်နည်းလမ်းများ ပေါင်းချုပ်

💦နေရောင်ခြည်ဖြင့် ရေသန့်စင်စေခြင်း
https://www.facebook.com/share/p/zsDcjpRucvMEd3vJ/?mibextid=oFDknk

💦အိုးသုံးအိုးနှင့် ရေသန့်စင်ခြင်း
https://www.facebook.com/share/p/ZzGbNscQNk9L81AV/?mibextid=oFDknk

💦ချူလီစနစ်
https://www.facebook.com/share/p/gTtbemcYJRQmJ74x/?mibextid=oFDknk

🍀ထပ်တိုး လေ့လာသင့်သည်များ

📌ကလိုရင်းခတ်ခြင်း
https://www.facebook.com/share/p/8NSAU5j4SUjLuXYZ/?mibextid=oFDknk

📌ရေကြီးခံရပြီးနောက် ရေတွင်းများပြန်လည်ပြုပြင်ခြင်း

အပိုင်း (၁)
https://www.facebook.com/share/p/c2sgrcBWFbRbNuTP/?mibextid=oFDknk

အပိုင်း(၂)
https://www.facebook.com/share/p/vKiQW8gZ9dpsX6dm/?mibextid=oFDknk

10/08/2023

ရန်ကုန်မှာ ပြန်ဆုံမယ် 🔥

Boycott list
10/08/2023

Boycott list

10/08/2023
06/08/2023

Quantitative easing

ဒီတော့ ငွေကြေးဖောင်းပွမှုကို ပြဌာန်းပေးနေတာ ငွေကြေး supply တခုတည်း မဟုတ်ဘူး။ ငွေကြေးက အရင်းရှင်စနစ်ရဲ့ မောင်းနှင်အား မဟုတ်ဘူး။ ဒါ့အပြင် ငွေကြေးပေါ်လစီက အနန္တတန်ခိုးရှင်ကြီးလည်း မဟုတ်ပါဘူး။ ခပ်တိုတိုပြောရရင် အရင်းရှင်စနစ် ပဋိပက္ခတွေကို နိုင်ငံတော်အာဏာသုံးပြီး မကျော်လွှားနိုင်ပါဘူး။

ဒီအချက်တွေ မှန်ကန်ကြောင်း ၂၀၀၈ စီးပွားပျက်ကပ်နောက်ပိုင်း သက်သေထင်ရှားလာခဲ့တယ်။ အဲဒီကာလမှာ ဘဏ်ချေးငွေ အတိုးနှုန်းက သုညနီးပါး ရောက်နေပြီ၊ အများပြည်သူ ကြွေးမြီက ခေါင်ခိုက်နေပြီ။ အုပ်စိုးသူ လူတန်းစားလက်ထဲမှာ အကြပ်အတည်းကို ရင်ဆိုင်ဖို့ ကျည်ကုန်နေပြီ။ သူတို့ ဘယ်လိုပဲလုပ်လုပ် ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး တိုးတက်မှုက အားကောင်းမလာဘူး။

ဒါ့ကြောင့် ထိပ်တန်း အရင်းရှင် နိုင်ငံအသီးသီးရဲ့ ဗဟိုဘဏ်တွေက ကမ္ဘာ့စီးပွားရေးကို ဒေါ်လာ ထရီလီယံပေါင်းများစွာ လောင်းထည့်ခဲ့ကြတယ်။ ဒီလိုနည်းနဲ့ ငွေပေါ်လွယ်မှု အားကောင်းလာ‌စေဖို့၊ ပုဂ္ဂလိက ဘဏ်တွေက‌ ငွေထုတ်ချေးလာအောင် လှုံ့ဆော်ပေးဖို့ ကြံရွယ်ခဲ့တယ်။

၂၀၀၈ ပျက်ကပ်ဖြစ်ပြီး နှစ်များအတွင်း အမေရိက ဖက်ဒရယ်ဘဏ်ရဲ့ ငွေစာရင်းရှင်းတမ်းမှာ ဒေါ်လာ ၄.၅ ထရီလီယံ ထပ်တိုးလာခဲ့တယ်။ ယူကေမှာ အင်္ဂလန်ဘဏ်က စတာလင်ပေါင် ၃၇၅ ဘီလျံ ထပ်ထုတ်ပြီးသွားပြီ။ ဥရောပ ဗဟိုဘဏ်ကလည်း ယူအက်(စ်)နဲ့ ယူကေ သွားရာလမ်းကို လိုက်ပြီး ယူရို ၁ ထရီလီယံတန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ ဝယ်ယူခဲ့တယ်။

ငွေကြေးထိန်းချုပ်ရေးဝါဒီတွေရဲ့ ‘quantity theory of money’ အရ ဒီလို အသုံးအဖြုန်းကြီးပုံမျိုးနဲ့ ငွေကြေးဖောင်းပွမှု အကျယ်အပြန့် ဖြစ်ခဲ့ရမယ်။ အထက်မှာ ဆွေးနွေးခဲ့သလိုပဲ (တခြားအချက်တွေသာ ဒီအတိုင်းဆက်ရှိနေရင်) လှည့်လည်နေတဲ့ ငွေသားပမာဏကို နှစ်ဆတိုးလိုက်တာနဲ့ ကုန်ဈေးနှုန်း နှစ်ဆတက်သွားရမယ်။ ဒါ သိပ်ကိုရိုးစင်းတဲ့ အခြေခံသဘောတရားပဲ။
ဒါပေမယ့် တခြားအချက်တွေက ဒီအတိုင်း ငြိမ်မနေခဲ့ဘူး။ အတော်များများ ထင်နေခဲ့သလို ငွေကြေးဖောင်းပွမှုလည်း ဖြစ်မလာခဲ့ဘူး။ တကယ်တော့ အဲဒီကာလမှာ စီးပွားရေး ထုံထိုင်းသွားစေနိုင်တဲ့ ကုန်ဈေးကျဆင်းမှု ဖြစ်လာမှာကိုပဲ ကြောက်နေခဲ့ကြတာပါ။

ဒီလို ဖြစ်ခဲ့ရတာ အကြောင်းအချက် အများကြီး ပေါင်းစုံသွားခဲ့လို့ပါ။ ကိုဗစ်ရောဂါကပ် မတိုင်ခင် ဆယ်စုနှစ်တွေတုန်းက အင်အားစုမျိုးစုံဟာ ကုန်ဈေးနှုန်း အကျဘက်ကိုသာ ဖိအား သက်ရောက်နေခဲ့တယ်။

အရေးကြီးဆုံး တချက်က ကမ္ဘာတဝှမ်း overproduction ဖြစ်နေခြင်း‌ကြောင့် ကုန်ဈေးနှုန်း မတက်နိုင်ဖြစ်ခဲ့ရတယ်။ ဝယ်လိုအားနဲ့စာရင် ရောင်းလိုတဲ့ ပစ္စည်းတွေ အဆမတန် များပြားနေခြင်းက ဒီအချက်ကို ထင်ဟပ်နေတယ်။

အရင်းရှင်စနစ် အကြပ်အတည်းဆိုတာ အရင်းစစ်လိုက်ရင် overproduction အကြပ်အတည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာမပြန်ဘဲ တိုက်ရိုက်ယူသုံးထားတဲ့ ဒီဝေါဟာရအကြောင်း ထည့်ဆွေးနွေးဖို့ လိုလာတယ်။ overproduction လည်း ဆိုသေးရဲ့၊ ကမ္ဘာမှာ အစာအာဟာရ မလုံလောက်သူတွေ ဒုနဲ့ဒေးလို့ စောဒက တက်ချင်စရာ။ ဟုတ်ပါတယ်။ အဲသလို ဖြစ်နေတာကိုက အရင်းရှင်စနစ်ရဲ့ ပဋိပက္ခပါပဲ။

အထက်တနေရာမှာ ဆွေးနွေးခဲ့သလိုပဲ၊ လူ့အဖွဲ့အစည်းတခုလုံးရဲ့ ဥစ္စာပစ္စည်းမှန်သမျှ အလုပ်သမားထုက ဖန်တီးထုတ်လုပ်ပေးလိုက်တာပါ။ အရင်းရှင်စနစ်မှာ ဒီလိုထုတ်လုပ်နိုင်ဖို့ ထုတ်လုပ်ရေးပစ္စည်းတွေကို လက်တဆုပ်စာ အရင်းရှင် လူတန်းစားက ပိုင်ဆိုင်ထားတယ်။ သူတို့က အလုပ်သမားကို လုပ်အားခပေးပြီး ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ခိုင်းတယ်။ တနှစ်အတွင်း အရင်းရှင်လူတန်းစား တရပ်လုံးက အလုပ်သမား လူတန်းစားတရပ်လုံးကို လုပ်အားခအဖြစ် ပေးရငွေ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ရှိတယ် ဆိုပါစို့။ အလုပ်သမား လူတန်းစားက အဲဒီတနှစ်အတွင်း ထုတ်လုပ်ပေးလိုက်တဲ့ အသားတင် ထုတ်ကုန်တန်ဖိုးဟာ ဒေါ်လာ သန်း ၁၀၀၀ ရှိတယ် ဆိုပါစို့။

အလုပ်သမား လူတန်းစားက ရလာတဲ့ လုပ်အားခ သန်း ၁၀၀ ကို စားဝတ်နေရေးအတွက် အရင်းရှင် လူတန်းစားဆီက သန်း ၁၀၀ ဖိုး ကုန်ပစ္စည်း‌တွေ ပြန်ဝယ်ရမယ်။ ဒါဆိုရင် သန်း ၉၀၀ တန် ကုန်ပစ္စည်းတွေ ဈေးကွက်ထဲ ကျန်နေဦးမယ်။ အရင်းရှင် လူတန်းစားက အလုပ်သမား လူတန်းစားနဲ့စာရင် လက်တဆုပ်စာ အရေအတွက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဖြုန်းနိုင်သူတွေဆိုတော့ သူတို့လည်း သန်း ၁၀၀ ဖိုး ဝယ်သုံးလိုက်တယ် ဆိုပါစို့။ ဒါဆိုလည်း တနှစ်အတွင်း အသားတင် ထုတ်ကုန်တွေ သန်း ၈၀၀ ဖိုး ကျန်နေဦးမှာပဲ။ ဈေးကွက်မှာ မရောင်းရဘဲ အိုင်နေဦးမယ်။

တဖက်မှာ ရောင်းလိုတဲ့ ကုန်ပစ္စည်းတွေ အောတိုက်ပုံနေသလို တဖက်မှာ ဝယ်မစားသုံးနိုင်လို့ ငေးမောနေရတဲ့ (ငတ်မွတ်နေတဲ့) လူအများစုကြီး ရှိနေတယ်။ အလုပ်သမား လူတန်းစားက သူတို့ဖန်တီးပေးလိုက်တဲ့ ရောင်းကုန်တွေကို သူတို့ရရှိလိုက်တဲ့ လုပ်အားခနဲ့ ဝယ်ယူစားသုံးနိုင်ခြင်း မရှိလို့ အခုလို ဖြစ်လာတာ။ ဒါကိုပဲ overproduction လို့ ပြောချင်တာ။

ဒီအခြေအနေကို ယာယီကျော်လွှားဖို့ ခရက်ဒစ် ဆိုတာမျိုး ဖန်တီးလာရကြောင်း ဆွေးနွေးခဲ့ပြီးပြီ။ ပြည်တွင်း ဈေးကွက်မှာ ရောင်းမကုန်နိုင်တဲ့အခါ ပြည်ပဈေးကွက်တွေအထိ တိုးချဲ့ခဲ့ရတယ်။ နောက်ဆုံး ကမ္ဘာ့ဈေးကွက် ဖြစ်လာတဲ့အထိပဲ။ ဒီလို ဆေးမြီးတို နည်း‌ပေါင်းစုံနဲ့ ယာယီဖြေရှင်းခဲ့တာတွေက ရေရှည်မှာ ပိုပြင်းထန်တဲ့ overproduction အကြပ်အတည်းကို ဖြစ်စေတယ်။

ကမ္ဘာတလွှား overproduction ဖြစ်နေတဲ့အပြင် ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်ကြောင့်လည်း ထုတ်လုပ်ရေးမှာ ကုန်ကျစရိတ်‌တွေ အများကြီး သက်သာခဲ့တယ်။ လုပ်အားခ နဲ့ ကုန်ကြမ်းတွေ ဈေးပေါလွန်းတဲ့ တိုင်းပြည်တွေဆီ ကုန်ထုတ်လုပ်ငန်းတွေ ရွှေ့လာကြတယ်။ တဖက်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကုန်ထုတ်သတ္တိလည်း ပိုတိုးလာခဲ့တယ်။ ဒီအကြောင်းအချက်တွေ အားလုံးက အရင်းရှင်တွေကို ထုတ်လုပ်ရေး ကုန်ကျစရိတ် အများကြီး သက်သာစေခဲ့တယ်။

တခြားတဖက်မှာလည်း ဗဟိုဘဏ်တွေ လောင်းထည့်လိုက်တဲ့ ငွေအများစုက စားသုံးသူတွေ အိတ်ထောင်ထဲ ရောက်သွားတာ မဟုတ်ဘူး။ ဆိုလိုတာက တကယ့် စီးပွားရေးထဲ စီးဆင်းနေခြင်း မရှိဘူး။

သာမန်ပြည်သူတွေလက်ထဲ အဲဒီပိုက်ဆံတွေ တိုက်ရိုက်ရောက်သွားပြီး ဝယ်လိုအား တက်လာတာမျိုး မရှိဘူး။ ဒီပိုက်ဆံတွေကို ဗဟိုဘဏ်တွေ ဖန်တီးရခြင်း ရည်ရွယ်ချက်ကိုက အဲဒီလို လုပ်ဖို့ မဟုတ်ဘူး။ ပုဂ္ဂလိက ဘဏ်အဖွဲ့ကြီးတွေဆီက ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ (ဥပမာ - ငွေပေါ်လွယ်သော ငွေချေးသက်သေခံလက်မှတ်တွေ၊ ဘွန်းဒ်တွေ၊ စသဖြင့်) ဝယ်ယူဖို့ အစိုးရ ဗဟိုဘဏ်တွေက ရိုက်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အဲဒီဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေ၊ သာမန်ပြည်သူတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေထုတ်ချေးလာမယ်လို့ မျှော်လင့်ခဲ့တယ်။

ဒါပေမယ့် ထင်သလို မဖြစ်ခဲ့ဘူး။ ဘဏ်အရင်းရှင်တွေက ငွေချေးလုပ်ငန်းကို လျှော့ချပြီး အမြတ်လွယ်လွယ်ရရေးပဲ လုပ်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းတွေက မစီးဆင်းဘဲ အိုင်နေတဲ့ ငွေပုံကြီးကို ဖင်ခုထိုင်နေခဲ့ကြတယ်။ လွယ်လွယ်ရလာတဲ့ ငွေတွေကို ကုန်ထုတ်လုပ်ရေးထဲ ထည့်ဝင်မဲ့အစား ဈေးကစားတာမျိုးပဲ အရူးအမူး လုပ်ခဲ့ကြတယ်။ စတော့(ခ်)၊ အိမ်ခြံမြေနဲ့ ခရစ်(ပ်)တိုငွေကြေး ဈေးကွက်မှာပဲ ပူဖောင်းတွေ ဗလုံစီတက်လာတယ်။ [https://socialist.net/poverty-amidst-plenty-inequality-imbalances-and-the-worldwide-crisis-of-capitalism/]

တဖက်မှာ ဗဟိုဘဏ်တွေက ငွေသားတွေ ရိုက်ထုတ်ပြီး ရေပိုက်ခေါင်းကို ဖွင့်ပေးနေချိန်မှာ အစိုးရတွေက အများပြည်သူဆိုင်ရာ အသုံးစရိတ်တွေ ဖြတ်တောက်ပြီး အတင်းအကြပ် ခြိုးခြံရေး ပေါ်လစီတွေ ကျင့်သုံးရင်း ဝယ်လိုအားကို ခမ်းခြောက်စေခဲ့တယ်။ တနည်းဆိုရရင် ငွေကြေးပေါ်လစီ လျော့ရဲပြီး ဘဏ္ဍာရေး ပေါ်လစီကို တင်းကြပ်ခဲ့တယ်။

တချိန်တည်းမှာ ဈေးကွက်အတွင်း မရောင်းရတဲ့ ကုန်ပစ္စည်းတွေ ပြည့်လျှံနေတယ်။ စီးပွားရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေ ထိုင်းမှိုင်းနေတယ်။ ဒီတော့ ဘဏ်တွေဆီက ချေးငွေယူစရာ သိပ်မလိုလှဘူး။

အစိုးရက မျက်နှာလွှဲခဲပစ် ငွေအသစ်တွေ ရိုက်ထုတ်ပေမယ့် တကယ်တမ်း စီးဆင်းနေတဲ့ ငွေကြေး supply က အများကြီး ပြောင်းမသွားခဲ့ဘူး။

ဒါ့ကြောင့် ဝယ်လိုအားရဲ့ အဓိက ရေသောက်မြစ်တွေ အားလုံး ကျဆင်းနေခဲ့တယ်၊ မဟုတ်လည်း ငြိမ်နေခဲ့တယ်။ လုပ်အားခက ဖြစ်ဖြစ်မြောက်မြောက် တိုးလာတာမျိုး မရှိတော့ အများပြည်သူ စားသုံးနိုင်စွမ်းလည်း တက်မလာဘူး။ အများပြည်သူအတွက် အစိုးရ အသုံးစရိတ်ကို (ပညာရေး၊ ကျန်းမာရေး၊ ပင်စင်လစာ၊ လူမှုဖူလုံရေး၊ စသဖြင့်) ဖြတ်တောက်ထားတယ်။ ဒါ့အပြင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေမှာ မြှုပ်နှံမှုက ထိုင်းနေတယ်။ အရင်းရှင်စနစ်လည်း ယောင်နနဖြစ်နေခဲ့တယ်။

ဒီအချက်တွေအားလုံးက ငွေကြေးပေါ်လစီရဲ့ လုပ်နိုင်စွမ်းအပေါ် အကန့်အသတ်တွေ အများကြီး ရှိနေကြောင်း မီးမောင်းထိုးပြနေတယ်။ အရင်းရှင် လူတန်းစားဟာ အမြတ်ရဖို့ပဲ ထုတ်လုပ်တယ်။ ရနိုင်တယ် မထင်ရင် ကုန်ထုတ်လုပ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အကုန်ရပ်ဆိုင်းသွားမှာပဲ။ အခုပေးခဲ့တဲ့ နမူနာမှာ မြင်ခဲ့ရသလိုပဲ အတိုးနှုန်း သုညနီးပါးဖြစ်နေတဲ့ ပေါပေါလောလော ပိုက်ဆံတွေ ဘယ်လောက်သွန်ထည့်ထည့် အမြတ်သာမရနိုင်ရင် အရင်းရှင်တွေကို ရင်းနှီးမြှုပ်နှံလာအောင် နားချလို့ မရပါဘူး။

'ငွေကြေးဖောင်းပွမှု ဖြစ်ရတာ ငွေကြေး supply များလာလို့' ဆိုတဲ့ ငွေကြေးထိန်းချုပ်ရေးဝါဒီတွေရဲ့ အမြင်ဟာ မျက်နှာစာတခုတည်းကိုသာ ကြည့်တဲ့ အမြင်ဖြစ်ကြောင်း ဒီလောက်ဆို ပေါ်လွင်ပြီ ထင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းပြီး ပြည်ပလုပ်ငန်းကြီးတွေ ထွက်ခွာသွားတာ၊ နောက်ထပ် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတော့တာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လို့၊ စစ်အာဏာရှင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်မခံနိုင်လို့ မဟုတ်ဘူး။ သူတို့အတွက် အမြတ်အရနည်းသွားလို့၊ အမြတ်ရဖို့ မသေချာတော့လို့ဆိုတာ ရှင်းမယ်ထင်ပါတယ်။

ဆက်ပါမည်။
ဒင်းနူး
Image: Socialist Appeal

Revolutionary Marxism

မြန်မာနိုင်ငံက လူငယ်တွေအတွက် World English Institute က ဖွင့်တဲ့ အခမဲ့ အဂ်လိပ်စာ သင်တန်းများ....🎓🎓အားလုံးပဲ မဂ်လာပါဗျ..။အ...
06/08/2023

မြန်မာနိုင်ငံက လူငယ်တွေအတွက် World English Institute က ဖွင့်တဲ့ အခမဲ့ အဂ်လိပ်စာ သင်တန်းများ....🎓🎓

အားလုံးပဲ မဂ်လာပါဗျ..။
အခု ပြောပြပေးမယ့် သင်တန်းကတော့ အဂ်လိပ်စာ သီးသန့် သင်တန်းပဲ ဖြစ်ပါတယ်..။

World English Institute က အခမဲ့ သင်ကြားပေးမှာပါ..။

အခြေခံသမားတွေအတွက် Elementary Course ၊ Intermediate Course ၊ Advanced Course နဲ့ အပိုထပ်ဆောင်း လေ့ကျင့်နိုင်မယ့် Supplemental Course ဆိုပြီး အတန်း ၄ တန်း သင်ကြားရမှာ ဖြစ်ပါတယ်..။

ကိုယ့်ရဲ့ အဂ်လိပ်စာ Level အလိုက် သင်တန်းကို ရွေးချယ်တက်ရောက်နိုင်ပါတယ်...။ ဒါ့အပြင် အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်လည်း ပေးအပ်သွားမှာပါ...။

အောက်က ပေးထားတဲ့ Link ကို ဝင်ပြီး သင်တန်းရွေးချယ်ပါ...။ ပြီးရင် စာရင်းသွင်းပါ...။ ဒါဆို သင်တန်း တက်လို့ရပါပြီဗျာ..။

https://www.worldenglishinstitute.org

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ..။
သာယာတဲ့ နေ့လေး ဖြစ်ပါစေ...။

15 Language Classes for Aug Intake offered by Spring University Myanmar - SUM Click the below links to check for details...
04/08/2023

15 Language Classes for Aug Intake offered by Spring University Myanmar - SUM

Click the below links to check for details

📌 7 Oriental Language Classes and 1 Eng Speaking Class

https://m.facebook.com/story.php?story_fbid=596891295932392&id=100068345813298&mibextid=Nif5oz

https://m.facebook.com/story.php?story_fbid=596950205926501&id=100068345813298&mibextid=Nif5oz

📌 7 European Language Classes
(4 online face to face Classes and 3 LMS Classes)

https://m.facebook.com/story.php?story_fbid=597904889164366&id=100068345813298&mibextid=Nif5oz

📌 3 LMS classes

https://m.facebook.com/story.php?story_fbid=597979862490202&id=100068345813298&mibextid=Nif5oz

3 European LMS Classes offered by Spring University Myanmar - SUM
04/08/2023

3 European LMS Classes offered by Spring University Myanmar - SUM

FYI4 European Language Classes offered by Spring University Myanmar - SUM
04/08/2023

FYI
4 European Language Classes offered by Spring University Myanmar - SUM

Address

Mingaladon

Website

Alerts

Be the first to know and let us send you an email when FundRaising for the Needy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to FundRaising for the Needy:

Share