Wunpawng Ninghtoi - WPN

Wunpawng Ninghtoi - WPN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Wunpawng Ninghtoi - WPN, Non-Governmental Organization (NGO), F-1, Thirimon Street, Mayangone Township.

WPN is a Kachin humanitarian NGO founded on June 14,2011 due to the strong commitment,deep values of love, humanity, compassion, empathy and voluntarism moved the hearts and wills of many people come together to respond the humanitarian crisis.

01/10/2022

တပ်မတော်ကတစ်ဖက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတစ်ဖက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခဖြစ်ပွားရာဒေသတွေက အရပ်သား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်အကာအကွယ်ရရှိရေးကို ကြီးမားစွာခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေပြင်းထန်လာပြီး မြို့နယ်အများအပြားမှာ လက်နက်ကြီးပစ်ခတ်မှုတွေ၊ အရပ်သားပိုင်အိုးအိမ်ပျက်စီးမှုတွေ၊ အသွားအလာကန့်သတ်မှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့မှာ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်သည်ဝင်ရောက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း လူ ၃၀၀ ခန့်ဟာ ၎င်းတို့ကျေးရွာကနေ နေရပ်စွန်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရတဲ့အတွက် ဩဂုတ်လကစပြီး ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူအရေအတွက်ဟာ ၉,၀၀၀ နီးပါးထိ ရှိလာပါတယ်။ တိုးမြှင့်လာတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းပိတ်ဆို့မှုတွေအပါအဝင် လူအများသွားလာမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေကို ထပ်တိုးကန့်သတ်တာတွေကြောင့် ပြည်နယ်တဝှမ်းရှိ ရွှေ့ပြောင်းအခြေချ ပြည်သူတွေနဲ့ထိခိုက်ခံစားရသူတွေအတွက် လူမှုဘဝအခက်အခဲတွေ ပိုမိုတိုးပွားလာနေပါတယ်။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး တပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ (၃)ရွာက ပြည်သူ (၄၀၀) ခန့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ စက်တင်ဘာလဆန်းပိုင်းကစတင်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က လူ ၅၅၀ ခန့်ဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ဖက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂစာရင်းတွေအရ သိရှိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် မြန်မာနိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၉၈၉,၄၀၀ ဦးအပါအဝင် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ စက်တင်ဘာလ (၁၉) ရက်နေ့အထိ နောက်ဆုံးစာရင်းတွေအရ သိရှိရပါတယ်။

Fighting between the Myanmar Armed Forces (MAF) and ethnic armed organizations (EAOs) and People’s Defence Force (PDFs) continues to pose grave protection risks to civilians in conflict areas across Myanmar. In Rakhine, the conflict between the MAF and Arakan Army (AA) has intensified, with reports of armed clashes involving artillery fire, the destruction of civilian properties, heavy movement restrictions and arrests in several townships. About 300 residents in Buthidaung township fled their village on 23 September due to mortar fire and the presence of military troops, bringing the total of new internally displaced persons (IDPs) since August in Rakhine to nearly 9,000. Restrictions on movement of people and additional interference in humanitarian activities, including expanded checkpoints and roadblocks, have further compounded the already difficult living conditions for affected and displaced people across the state. In Kachin, about 400 people have been displaced from three villages due to clashes between the MAF and PDFs in Shwegu township since 22 September. In the Southeast, the UN recorded the displacement of 550 people from Moebye town of Pekon township in southern Shan to Loikaw township in Kayah State due to air strikes and artillery fire since the beginning of September. As of 19 September, there are more than 1.3 million IDPs across Myanmar, 989,400 of which were displaced since the military takeover.

https://reliefweb.int/report/pakistan/asia-and-pacific-weekly-regional-humanitarian-snapshot-20-26-september-2022

Address

F-1, Thirimon Street
Mayangone Township
95

Alerts

Be the first to know and let us send you an email when Wunpawng Ninghtoi - WPN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Wunpawng Ninghtoi - WPN:

Share