လက်တွဲအတူ စုပေါင်းလို့ကူ

လက်တွဲအတူ စုပေါင်းလို့ကူ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လက်တွဲအတူ စုပေါင်းလို့ကူ, Charitable organisation, No 39 (A), 3 rd floor, Taung W**e Road, Mawlamyine.

ရေတွေကျပြီးနောက်မှာ တချို့အိမ်တွေက ပြန်လည်တည်ဆောက်ဖို့ ကျန်ခဲ့သလို၊တချို့မိသားစုတွေအတွက်တော့ နေ့စဉ်ဘဝကို ပြန်လည်စတင်ဖို့...
16/09/2026

ရေတွေကျပြီးနောက်မှာ တချို့အိမ်တွေက ပြန်လည်တည်ဆောက်ဖို့ ကျန်ခဲ့သလို၊
တချို့မိသားစုတွေအတွက်တော့ နေ့စဉ်ဘဝကို ပြန်လည်စတင်ဖို့တောင် အခက်အခဲတွေ ရှိနေခဲ့ပါတယ်။

အဲ့ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေအတွက်
❝လက်တွဲအတူ စုပေါင်းလို့ကူ❞ အဖွဲ့မှ အလှူရှင်များနဲ့ Volunteer အဖွဲ့သားများ စုပေါင်းပြီး လိုအပ်နေတဲ့ ဒေသတွေဆီ ကိုယ်တိုင်သွားရောက်ကာ အကူအညီတွေကို အရောက်ပို့ပေးခဲ့ပါတယ်ခင်ဗျာ။ 🤍

တစ်ယောက်တည်းရဲ့ ကူညီမှုက သေးငယ်ကောင်း သေးငယ်နိုင်ပေမယ့်
လူအများရဲ့ စေတနာတွေ စုပေါင်းလာတဲ့အခါ အခက်အခဲတွေကြားက မိသားစုတွေအတွက် မျှော်လင့်ချက်လေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🙏

ဒီအလှူခရီးစဉ်ဟာလည်း အလှူရှင်များရဲ့ စေတနာ၊ လှူဒါန်းမှုတွေနဲ့ Volunteer အဖွဲ့သားများရဲ့ အချိန်၊ အားအင်၊ စိတ်အားထက်သန်မှုတွေကို စုပေါင်းပြီးလိုအပ်နေတဲ့ မိသားစုတွေဆီ အထောက်အပံ့တွေ အရောက်ပို့ပေးခဲ့တဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။

📍 သွားရောက်လှူဒါန်းခဲ့သည့် နေရာတွေကတော့
▪️ ကြံလဟာ
▪️ သပြေတော
▪️ မရင်းကူး
▪️ သပြေအိုင်
▪️ ဒယ်ကုန်း
▪️ အကြော်ကိုင်း
▪️ ဒေါင်မှန်ကုန်း
▪️ ပိတောက်ချောင်း
▪️ ဇရပ်လှ
▪️ သခွတ်ကုန်း
▪️ ပိတောက်ချောင်
▪️ ကြပ်ကွင်း
▪️ မီးသွေးကုန်း
▪️ ကင်ပွန်းချဉ်ကုန်း
▪️ တာကျိုး
ဒေသတွေထိ ကိုယ်တိုင်သွားရောက်ခဲ့ကြပါတယ်ခင်ဗျာ။

နေရာတစ်နေရာချင်းစီမှာ တွေ့ခဲ့ရတဲ့ မိသားစုတွေရဲ့ အခက်အခဲတွေ၊
သူတို့လိုအပ်နေတဲ့ အကူအညီတွေနဲ့ အလှူရှင်တွေရဲ့ စေတနာတွေကို တစ်နေရာကနေ တစ်နေရာအထိ ဆက်လက်သယ်ဆောင်ပေးနိုင်ခဲ့တာက “လက်တွဲအတူ စုပေါင်းလို့ကူ” ရဲ့ အင်အားပါ။

Campaign စတင်ကတည်းက အခုချိန်အထိ စိတ်ရော လူရောပါဝင်ကူညီအားဖြည့်ပေးခဲ့ကြတဲ့ အလှူရှင်များနဲ့ ❝လက်တွဲအတူ စုပေါင်းလို့ကူ❞ Volunteer အဖွဲ့သားများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🤍🙏

#လက်တွဲအတူစုပေါင်းလို့ကူ
#ရေဘေး
#အလှူ

“ရေဘေးသင့်ပြည်သူများအတွက်၊ အလှူခံကမ်ပိန်း”Day 5 (14.8.2026) Day 5 ကိုတော့ ညနေ (၃:၃၀) ကနေ (၆:၀၀) ထိကျွန်တော်တို့ ကမ်းနားလ...
15/08/2026

“ရေဘေးသင့်ပြည်သူများအတွက်၊ အလှူခံကမ်ပိန်း”

Day 5 (14.8.2026)

Day 5 ကိုတော့ ညနေ (၃:၃၀) ကနေ (၆:၀၀) ထိကျွန်တော်တို့ ကမ်းနားလမ်း ၊OLALA စားသောက်ဆိုင် မျက်နှာချင်းဆိုင်ရှေ့မှာ ပြောင်းရွှေ့အလှူခံခဲ့ပါတယ်။စုစုပေါင်း ရရှိငွေ (၁၂,၈၅၀၀၀) ကျပ်တိတိ အလှူခံရရှိခဲ့ပါတယ် ခင်ဗျ။

ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ “လက်တွဲအတူ စုပေါင်းလို့ကူ “ အဖွဲ့သားများမှ ကျန်းမာချမ်းသာပြီး ၊ အလုပ်အကိုင်များ ဒီထက်မက အဆင်ပြေပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

အလှူခံကမ်ပိန်းလေးကို ဆက်လက်ပြုလုပ်သွားအုံးမှာမို့ ပါဝင်ကူညီချင်သူများနဲ့ ပါဝင်လှူဒါန်းချင်သူများအနေနဲ့ Page Messenger မှာ လာရောက်ဆက်သွယ်နိုင်သလို အလှူပစ္စည်းများကို ကိုယ်တိုင်လာရောက်ပေးချင်တဲ့သူတွေအတွက်

ဆက်သွယ်ရန် - 09 789 449 492
🏡 လိပ်စာ
အမှတ် (39/A)၊ (3) လွှာ၊ မြင့်မိုရ်ခိုင်စတိုး အပေါ် (တတိယထပ်)၊တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်အနီး၊မော်လမြိုင်မြို့။

ကို လာပေးလို့ရပါတယ် ခင်ဗျာ။

#မော်လမြိုင် #အလှူ #ရေဘေး

“ရေဘေးသင့်ပြည်သူများအတွက်၊ အလှူခံကမ်ပိန်း”Day 4 (13.8.2026) ပါဝင်ကူညီပေးကြတဲ့ Volunteers ညီငယ် ၊ ညီမငယ်တွေ ကတော့ ကမ်းနား...
14/08/2026

“ရေဘေးသင့်ပြည်သူများအတွက်၊ အလှူခံကမ်ပိန်း”

Day 4 (13.8.2026)

ပါဝင်ကူညီပေးကြတဲ့ Volunteers ညီငယ် ၊ ညီမငယ်တွေ ကတော့ ကမ်းနားလမ်း မြစ်ကမ်းသာကို ညနေ ၃:၀၀ မှာ စုံနေကြပြီး ဖြစ်ပေမယ့် မိုးကဆက်လက်ရွာနေတာကြောင့် ကျွန်တော်တို့ မိုးနည်းနည်းပါးတာကိုစောင့်ပြီး ၄:၅၀ လောက်မှ စပြီးအလှူခံဖြစ်ခဲ့ပါတယ်။ ညနေအလှူခံ ရရှိငွေ ကတော့ စုစုပေါင်း (၆,၅၈၀၀၀) ကျပ် ရရှိခဲ့ပါတယ် ခင်ဗျာ။

ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ “လက်တွဲအတူ စုပေါင်းလို့ကူ “ အဖွဲ့သားများမှ ကျန်းမာချမ်းသာပြီး ၊ အလုပ်အကိုင်များ ဒီထက်မက အဆင်ပြေပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

အလှူခံကမ်ပိန်းလေးကို ဆက်လက်ပြုလုပ်သွားအုံးမှာမို့ ပါဝင်ကူညီချင်သူများနဲ့ ပါဝင်လှူဒါန်းချင်သူများအနေနဲ့ Page Messenger မှာ လာရောက်ဆက်သွယ်နိုင်သလို အလှူပစ္စည်းများကို ကိုယ်တိုင်လာရောက်ပေးချင်တဲ့သူတွေအတွက်

ဆက်သွယ်ရန် - 09 789 449 492
🏡 လိပ်စာ
အမှတ် (39/A)၊ (3) လွှာ၊ မြင့်မိုရ်ခိုင်စတိုး အပေါ် (တတိယထပ်)၊တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်အနီး၊မော်လမြိုင်မြို့။

ကို လာပေးလို့ရပါတယ် ခင်ဗျာ။

#မော်လမြိုင် #အလှူ #ရေဘေး

“ရေဘေးသင့်ပြည်သူများအတွက်၊ အလှူခံကမ်ပိန်း”Day 3 (12.8.2026) မနက်ပိုင်းကိုတော့ အမှတ်(၂)၊ အောက်ဈေး မှာသွားရောက် အလှူခံခဲ့ပ...
14/08/2026

“ရေဘေးသင့်ပြည်သူများအတွက်၊ အလှူခံကမ်ပိန်း”

Day 3 (12.8.2026)

မနက်ပိုင်းကိုတော့ အမှတ်(၂)၊ အောက်ဈေး မှာသွားရောက် အလှူခံခဲ့ပြီး ၊အလှူငွေ စုစုပေါင်း (၁၀,၈၉၂၀၀) ကျပ်တိတိ ရရှိခဲ့ပါတယ်ဗျ။

ညနေပိုင်း (၂:၃၀) မှာတော့ ကျွန်တော်တို့ အရင်အလှူခံနေကြဖြစ်တဲ့ ကမ်းနားလမ်း မြစ်ကမ်းသာ ရှေ့မှာ ဆက်လက် အလှူခံခဲ့ပါတယ်။

ညနေပိုင်း အလှူခံရရှိငွေ (၁၆,၅၂၉၅၀) ကျပ်ရရှိခဲ့ပြီး စုစုပေါင်း ရရှိငွေ (၂၇,၄၂၁၅၀) ကျပ် ရရှိခဲ့ပါတယ် ခင်ဗျာ။

ပါဝင်လှူဒါန်းပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ “လက်တွဲအတူ စုပေါင်းလို့ကူ “ အဖွဲ့သားများမှ ကျန်းမာချမ်းသာပြီး ၊ အလုပ်အကိုင်များ ဒီထက်မက အဆင်ပြေပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

အလှူခံကမ်ပိန်းလေးကို ဆက်လက်ပြုလုပ်သွားအုံးမှာမို့ ပါဝင်ကူညီချင်သူများနဲ့ ပါဝင်လှူဒါန်းချင်သူများအနေနဲ့ Page Messenger မှာ လာရောက်ဆက်သွယ်နိုင်သလို အလှူပစ္စည်းများကို ကိုယ်တိုင်လာရောက်ပေးချင်တဲ့သူတွေအတွက်

ဆက်သွယ်ရန် - 09 789 449 492
🏡 လိပ်စာ
အမှတ် (39/A)၊ (3) လွှာ၊ မြင့်မိုရ်ခိုင်စတိုး အပေါ် (တတိယထပ်)၊တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်အနီး၊မော်လမြိုင်မြို့။

ကို လာပေးလို့ရပါတယ် ခင်ဗျာ။

#မော်လမြိုင် #အလှူ #ရေဘေး

12/08/2026

"‌ရေဘေးသင့်ပြည်သူများအတွက်၊အလှူခံကမ်ပိန်း"

Day 2
( 11.8.2026 )

၃ရက်နေ့အစီအစဉ်ကိုလည်းPageမှာပြန်တင်သွားပေးပါမယ်ဗျ

ဒီနေ့ကစလို့ ကျွန်တော်တို့အားလုံးအတူလက်တွဲပြီး စုပေါင်းဖေးမကူညီလိုက်ကြရအောင် ခင်ဗျာ 🤝🏻🤝🏻

ပါဝင်လှူဒါန်းချင်သူများအနေနဲ့ Page Messenger မှာ လာရောက်ဆက်သွယ်နိုင်သလို အလှူပစ္စည်းများကို ကိုယ်တိုင်လာရောက်ပေးချင်တဲ့သူတွေအတွက်

ဆက်သွယ်ရန် - 09 789 449 492
🏡 လိပ်စာ
အမှတ် (39/A)၊ (3) လွှာ၊ မြင့်မိုရ်ခိုင်စတိုး အပေါ် (တတိယထပ်)၊တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်အနီး၊မော်လမြိုင်မြို့။

ကို လာပေးလို့ရပါတယ် ခင်ဗျာ

#မော်လမြိုင် #အလှူ #ငလျင်

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်နေတဲ့ အကူအညီတွေကို အတူတကွ ပံ့ပိုးကူညီနိုင်ဖို့ လက်တွဲအတူ စုပေါင်းလို့ကူ ရဲ့ ရေဘေးအလှူခံ C...
11/08/2026

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်နေတဲ့ အကူအညီတွေကို အတူတကွ ပံ့ပိုးကူညီနိုင်ဖို့ လက်တွဲအတူ စုပေါင်းလို့ကူ ရဲ့ ရေဘေးအလှူခံ Campaign ကို စတင်နေပါပြီခင်ဗျာ။ 🙏
အလှူရှင်များအနေနဲ့ Online ကနေ အလွယ်တကူ ပါဝင်လှူဒါန်းနိုင်သလို လှူဒါန်းမှုတွေ ဘယ်လိုစီမံထားလဲဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ စစ်ဆေးကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။
🌐 Official Website မှတစ်ဆင့် လှူဒါန်းရန်
https://lattwal.com/
Website ထဲမှာတော့
🔹 Campaign အသေးစိတ်
🔹 အလှူငွေ ရရှိမှုစာရင်း
🔹 အလှူငွေ အသုံးစရိတ်စာရင်း
🔹 Donation Receipt နှင့် Verification
စတဲ့ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
📱 Receipt မှာပါတဲ့ QR Code ကို Scan ဖတ်ပြီးလည်း Receipt အတည်ပြုနိုင်ပါတယ်။
ဒါ့အပြင် AdNova Digital Stand တွေမှာလည်း Campaign အကြောင်းအရာတွေကို ဝင်ရောက်ကြည့်ရှုပြီး အလှူငွေထည့်ဝင်လှူဒါန်းနိုင်ပါတယ်။ ❤️
#လက်တွဲအတူစုပေါင်းလို့ကူ #ရေဘေးသင့်ပြည်သူများအတွက် #ရေဘေးအလှူ #လှူဒါန်းမှုများပွင့်လင်းမြင်သာမှု

💙 ရေဘေးသင့်ပြည်သူများအတွက် အလှူခံကမ်ပိန်း စတင်နေပါပြီ 💙လက်ရှိ ရေဘေးအန္တရာယ်ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရတဲ့ ပြည်သူမ...
11/08/2026

💙 ရေဘေးသင့်ပြည်သူများအတွက် အလှူခံကမ်ပိန်း စတင်နေပါပြီ 💙
လက်ရှိ ရေဘေးအန္တရာယ်ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရတဲ့ ပြည်သူများအတွက် လိုအပ်တဲ့ အစားအသောက်၊ အဝတ်အထည်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများနှင့် အခြားလိုအပ်သော အလှူပစ္စည်းများ ကို စုစည်းလှူဒါန်းနိုင်ရန်အတွက် ကျွန်တော်တို့ရဲ့ အလှူခံကမ်ပိန်းကို စတင်နေပါပြီခင်ဗျာ။ 🙏
တစ်ယောက်တည်းရဲ့ အကူအညီက သေးငယ်နိုင်ပေမယ့်
အားလုံးအတူ လက်တွဲပြီး စုပေါင်းဖေးမကူညီကြမယ်ဆိုရင် ရေဘေးသင့်ပြည်သူတွေအတွက် အားတစ်ခု ဖြစ်လာနိုင်ပါတယ်။ 🤝❤️
အလှူငွေဖြင့် ပါဝင်လှူဒါန်းချင်သူများအနေနဲ့ Page Messenger မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို၊ အလှူပစ္စည်းများကိုလည်း ကိုယ်တိုင်လာရောက်ပေးပို့နိုင်ပါတယ်ခင်ဗျာ။
မိမိကိုယ်တိုင် လာရောက်ပေးပို့ဖို့ အခက်အခဲရှိသူများအတွက်လည်း အိမ်တိုင်ရာရောက် လာယူပေးပြီး လှူဒါန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ 🙏
Volunteer အဖြစ် ပါဝင် Join လုပ်ပြီး အတူတူကူညီချင်သူများလည်း ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းနိုင်ပါတယ်။ ❤️
📞 ဆက်သွယ်ရန် — 09 740 977 946
📍 လှူဒါန်းပစ္စည်းများ လာရောက်ပေးပို့နိုင်သည့်နေရာ
အမှတ် (39/A)၊ (3) လွှာ၊
မြင့်မိုရ်ခိုင်စတိုးအပေါ် (တတိယထပ်)၊
တောင်ဝိုင်းလမ်း၊ မော်လမြိုင်တက္ကသိုလ်အနီး၊ မော်လမြိုင်မြို့။
ဒီနေ့ကစပြီး ကျွန်တော်တို့အားလုံး
လက်တွဲအတူ စုပေါင်းလို့
ရေဘေးသင့်ပြည်သူတွေအတွက် တတ်နိုင်သလောက် ဖေးမကူညီကြရအောင်ခင်ဗျာ။ 🙏❤️
#လက်တွဲအတူစုပေါင်းလို့ကူ #ရေဘေးသင့်ပြည်သူများအတွက် #ရေဘေး #အလှူ #မော်လမြိုင်

🙏❤️ ကျေးဇူးအထူးတင်ရှိပါကြောင်း ...ရေဘေးသင့်ပြည်သူများအတွက် လိုအပ်နေသောနေရာများတွင် တတ်နိုင်သမျှ အထောက်အပံ့ဖြစ်စေရန်အတွက်...
09/08/2026

🙏❤️ ကျေးဇူးအထူးတင်ရှိပါကြောင်း ...

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်နေသောနေရာများတွင် တတ်နိုင်သမျှ အထောက်အပံ့ဖြစ်စေရန်အတွက်

ကိုထွန်းအောင်ကျော် + မအေးမြသီတာ
တိုးတက်အောင် ငါး၊ ပုဇွန်ရောင်းဝယ်ရေး မိသားစုမှ
ငွေသား (၅) သိန်းကျပ်တိတိ ကို စေတနာအပြည့်ဖြင့် လှူဒါန်းပေးခဲ့သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

အခုလို အခက်အခဲကာလမှာ ရေဘေးသင့်ပြည်သူများအတွက် စိတ်ရောကိုယ်ပါ ပံ့ပိုးကူညီပေးမှုဟာ အင်မတန်တန်ဖိုးရှိတဲ့ အလှူဒါနတစ်ခုဖြစ်ပါတယ်။
လှူဒါန်းပေးသော မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

စေတနာရှင် မိသားစုအား အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🌷

Address

No 39 (A), 3 Rd Floor, Taung W**e Road
Mawlamyine
12012

Website

Alerts

Be the first to know and let us send you an email when လက်တွဲအတူ စုပေါင်းလို့ကူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share