Sexuality Healthy - Nyan

Sexuality Healthy - Nyan Sexuality Health is not a shame. Be share, be aware, be happy.

အများနည်းတူ...မေတ္တာတွေနဲ့ မွေးဖွားလာတာ ထူးခြားဆန်းပြားနေတဲ့အရာမဟုတ်။အချစ်တွေနဲ့မွေးဖွားလာတာ ထူးခြားဆန်းပြားနေတဲ့အရာမဟုတ...
17/02/2026

အများနည်းတူ...
မေတ္တာတွေနဲ့ မွေးဖွားလာတာ ထူးခြားဆန်းပြားနေတဲ့အရာမဟုတ်။
အချစ်တွေနဲ့မွေးဖွားလာတာ ထူးခြားဆန်းပြားနေတဲ့အရာမဟုတ်။

ရိုးရှင်းဆုံးအဖြေက .....
လူသားပေမို့ ချစ်ခြင်းအတွက်မွေးဖွားလာတာ

Just like everyone else…
Being born with loving-kindness is nothing strange.
Being born with love is nothing strange.
The simplest answer is…
Because we are human,
We are born for love.

🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈🏳️‍🌈

Born to be love.
Just like the countless souls before us,
We arrive without miracle or flame
Not rare, not strange,
Not carved from legend.
We are born carrying kindness
Soft in our small, trembling hands.
We are born carrying love
Quiet in our beating hearts.
The simplest truth is this:
We are human
And to be human
Is to be born for love.

Gender matters in supply chains because it affects who does the work, how they are treated, how much they earn, and who ...
11/02/2026

Gender matters in supply chains because it affects who does the work, how they are treated, how much they earn, and who gets opportunities.

၁၆ ရက်တာလှုပ်ရှားမှုဆိုတာ .....  📝📝📝၁၆ ရက်တာလှုပ်ရှားမှုဆိုတာကတော့ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေပပျောက်ဖို့နဲ့ ဂ...
29/11/2025

၁၆ ရက်တာလှုပ်ရှားမှုဆိုတာ ..... 📝📝📝
၁၆ ရက်တာလှုပ်ရှားမှုဆိုတာကတော့ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေပပျောက်ဖို့နဲ့ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု - Gender Based Violence (GBV) ကိုအခြေခံပြီး ကမ္ဘာအနှံအပြားမှာပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါတယ်။

၁၆ ရက်တာလှုပ်ရှားမှုကို....🌍🌎🌏
၁၆ ရက်တာလှုပ်ရှားမှု့ကို Center for Women's Global Leadership ကနေ ၁၉၉၁ စတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်ကနေ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

၁၆ ရက်တာရဲ့ဆောင်ပုဒ်က.... 💌💌💌
၁၆ ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာလ ၂၅ ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိပြုလုပ်ကြပါတယ်။ ၂၀၂၅ ရဲ့ 16 ရက်တာလှုပ်ရှားမှုတစ်ခုလုံးရဲ့ အပြည်ပြည်ဆိုင်ရာဆောင်ပုဒ်ကတော့ - 16 Days of activism campaign theme "UNiTE to End Digital Violence against All Women and Girls" ဖြစ်ပါတယ်။

၁၆ ရက်တာလှုပ်ရှားမှုမှာ အဓိကပါဝင်တဲ့ အထူးEvent အစီအစဉ်နေ့ရက်တွေကတော့.... 🤩🤩🤩
📝 November 25 International Day of Elimination of violence against women.
နိုဝင်ဘာလ ၂၅ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်ပါတယ်။ ဖဲကြိုးဖြူနေ့လို့လည်းခေါ်ပါတယ်။

📝 November 29 International Women Human Rights Defenders Day.
နိုဝင်ဘာလ ၂၉ ရက်နေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးလူ့အခွင့်အရေး စောင့်ရှောက်သူများနေ့

📝 December 1 World AIDS Day
ဒီဇင်ဘာ ၁ ရက်နေ့ ကမ္ဘာ့ AIDS နေ့ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကမ္ဘာ့ AIDS နေ့အတွက် သီးသန့်ဆောင်ပုဒ်ကတော့ - World AIDS Day International theme 2025 "Overcoming disruption, transforming the AIDS Response" ဖြစ်ပါတယ်။

📝 December 3 International Day of Persons With Disabilities.
ဒီဇင်ဘာ ၃ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် သီးသန့်ဆောင်ပုဒ်ကတော့ - International Day of Persons With Disabilities International theme 2025 "Fostering disability-inclusive societies for advancing social progress" ဖြစ်ပါတယ်။

📝 December 6 Montreal Massacre Day.
ဒီဇင်ဘာ ၆ ရက်နေ့ မွန်ထရီမြို့တွင် အမျိုးသမီးများ သတ်ဖြတ်ခံရခြင်း နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

📝 December 10 Human Rights Day.
ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် သီးသန့်ဆောင်ပုဒ်ကတော့ - International Human Rights Day theme 2025 "Human Rights, Our Everyday Essentials" ဖြစ်ပါတယ်။

“Sixteen Days of Rising Voices”

For sixteen days,
the world lifts its voice
not in silence,
but in fire.

A flame born from women’s pain,
from violence buried in shadows,
from wounds the world
can no longer ignore.

It began in 1991
a single spark
reaching across continents,
calling nations
to stand against fear.

Myanmar joined in 2012,
and our voices, too,
rose into the orange sky.

From November 25
to December 10,
each day lights a truth
we must not forget:

Women are harmed
and we must end it.
Women defend rights
and we must stand with them.
AIDS persists
and we must respond with courage.
Persons with disabilities resist barriers
and we must break them.
A massacre still echoes
reminding us why we march.
Human rights belong to all
and we must protect them.

This year, the call is clear:
UNiTE to End Digital Violence
against All Women and Girls.

Because harm is no longer
only on the streets
it lives on screens,
in messages,
in the dark corners of the digital world
where cruelty hides without a face.

But voices, our voices
are stronger.

Sixteen days
is not a campaign.
It is a promise.
A vow.
A rising tide.

Until every woman
walks without fear.
Until every girl
grows without threat.
Until every life
is valued,
equal,
free.

And even after sixteen days end
our activism
must continue to burn.

*xualityhealthynyan

🌿 “Wings of Desire”Children carryno standards yetonly free, floating desiresdrifting like soft dreamsacross an open sky....
26/11/2025

🌿 “Wings of Desire”

Children carry
no standards yet
only free, floating desires
drifting like soft dreams
across an open sky.

Their questions shimmer,
curious and unbound,
exploring a world painted
in every possible color
desire becoming
their first gentle wings.

Yet around them,
whispers rise from adults
“Don’t do that.”
“That isn’t right.”
“That’s not for you.”
Words that quietly
dim their brave little lights.

Identity is not
something given or assigned
it is something that grows
from within,
a natural rhythm
the world did not create
but must learn to respect.

Guidance is needed
but not confinement.
Support is needed
not shaping.
Children don’t need fences;
they need space
to become themselves.

Difference is not a threat
it is a doorway.
When the difference leads to hate,
it births conflict and fear.
But when difference leads
to acceptance,
it becomes dialogue:
the soft language of respect.

Children have no standards yet
only shining desires,
bright as starlight.

Our task is simple:
not to reshape their wings,
but to keep the winds kind
as they learn to fly.

*xuality Healthy Nyan 🌈

For Knowledge
20/11/2025

For Knowledge

🏳️‍⚧️🏳️‍⚧️🏳️‍⚧️ Transgender Day of Remembrance ဆိုတာ ၁၉၈၈ ခုနှစ်မှာ Black Transgender ဖြစ်တဲ့ Rita Hester သေဆုံးမှုကို အခြေခံပြီး Gwendolyn Ann Smitnက စတင်ပြုလုပ်ခဲ့တဲ့ အောက်မေ့သတိရဖွယ်နေ့လေးတစ်နေ့ဖြစ်ပါတယ်။

🏳️‍⚧️🏳️‍⚧️🏳️‍⚧️ Transgender ဆိုတာကတော့
မိမိမွေးဖွားရာ ဇီဝကမ္မလိင်၏ ဆန့်ကျင်ဘက်ဖြစ်သော လိင်သို့ ခံယူ‌နေထိုင်သောသူများ (ဥပမာ- အမျိုးသမီးမှ အမျိုးသားသို့/ အမျိုးသားမှ အမျိုးသမီးသို့) ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

🏳️‍⚧️🏳️‍⚧️🏳️‍⚧️ Transgender Day of Remembrance ကို အတိုကောက် TDoR လို့လည်းခေါ်ကြပါတယ်။

🏳️‍⚧️🏳️‍⚧️🏳️‍⚧️ နှစ်တိုင်း နိုဝင်ဘာ ၂၀ ဒီနေ့လေးမှာ အ‌ခြေအနေအမျိုးမျိုးကြောင့် အသက်သေဆုံးခဲ့ကြသော Transgender - ဆန့်ကျင်ဘက်လိင်သို့ ခံယူနေထိုင်သူများအား အောက်မေ့မေတ္တာပို့ မီးထွန်းဆုတောင်းပေးခြင်းကို ကမ္ဘာအနှံအပြားမှာ လုပ်ဆောင်နေ့ရှိပါတယ်။


#သုတပညာ

"Born to be proud"Born to be proud—In a world that tries to dim the light,I rise, unshaken.My existence is not a mistake...
17/11/2025

"Born to be proud"

Born to be proud—
In a world that tries to dim the light,
I rise, unshaken.

My existence is not a mistake,
My identity is not an apology.

I am here—
Brave, bright,
And beautifully unhidden.

ဘယ်လို ခေါ်စေချင်ပါသလဲ?💡💡 “ငါ့ကို နာမည်အရှေ့မှာ “ကို/ ဦး” တပ်မခေါ်နဲ့နော် မကြိုက်ဘူး နာမည်ဘဲခေါ်၊ ငါ့ကိုခေါ်ရင် နာမည်အပြ...
09/11/2024

ဘယ်လို ခေါ်စေချင်ပါသလဲ?

💡💡 “ငါ့ကို နာမည်အရှေ့မှာ “ကို/ ဦး” တပ်မခေါ်နဲ့နော် မကြိုက်ဘူး နာမည်ဘဲခေါ်၊ ငါ့ကိုခေါ်ရင် နာမည်အပြည့်အစုံမ‌ခေါ်နဲ့ “စိုး၊ ပြည့်၊ မာ” ဒီလိုလေးတစ်လုံးခေါ်ရင်ရပြီ၊ ယောက်ကျားလိုဝတ်စားထားတာ မိန်းမနာမ်စားသုံးစရာလား ကို/ မောင် ထည့်ခေါ်လေ ……..”🔊

လူမှု့အသိုက်အဝန်းကြီးထဲမှာ ဒီလိုမတူကွဲပြားတဲ့ ဂျဲန်ဒါကိုယ်စားပြု နာမ်စားလေးတွေကလည်း စိတ်ဝင်စားစရာပင်။ ။ ။ ။ ။ ။⏳⏳⏳

🤔 ဒီနေ့မျှဝေမှာကတော့ ဂျဲန်ဒါရေးရာ(Gender) ဂျဲန်ဒါအကြောင်းအရာ တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Gender Identity - ဂျဲန်ဒါဖြစ်တည်ခံယူမှု၏ ကဏ္ဍလေးမှာ လူမှုပတ်ဝန်းကျင်က ဂျဲန်ဒါကိုယ်စားပြု အခေါ်အဝေါ်လေးတွေကို မျှဝေသွားမှာဖြစ်ပါတယ်။🔊

😇😇😇 ။ ။ လူမှုပတ်ဝန်းကျင်မှာ ဂျဲန်ဒါစံနှုန်းတော်တော်များများကို လိင်ကိုအခြေခံပြီးတော့မှ သတ်မှတ်ကြ သိမှတ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် လိင်ကို တစ်သမတ်တည်း အမြဲတမ်းအခြေခံနေတာမျိုးမဟုတ်တဲ့ ဂျဲန်ဒါစံနှုန်းနဲ့ အခြေအနေတွေလည်းအများကြီးရှိပါတယ်။🔊

🤔🤔🤔 ။ ။ ကလေးတစ်ယောက်ကမွေးရာပါ ကျားအင်္ဂါလေးပါလာတယ်ဆိုရင် ဒီကလေးကို မောင်/ ဦး/ ကျွန်တော်/ ကျွန်ပ်/ ကို/ ဗျာ စတဲ့ ယောက်ကျားဆိုတဲ့ ကိုယ်စားပြုဂျဲန်ဒါစံနှုန်းကို လူမှုပတ်ဝန်းကျင်က သတ်မှတ်ပေး သိမှတ်စေပါတယ်။ ထို့အတူဘဲ ကလေးတစ်ယောက်ကမအင်္ဂါလေးပါလာတယ်ဆိုရင် ဒီကလေးကို မ/ ဒေါ်/ ကျွန်မ/ ရှင် စတဲ့ မိန်းမဆိုတဲ့ ကိုယ်စားပြုဂျဲန်ဒါစံနှုန်းကို လူမှုပတ်ဝန်းကျင်က သတ်မှတ်ပေး သိမှတ်စေပါတယ်။🔊

🔊 တစ်ခုခုကို ရည်ညွှန်းဆိုတဲ့ အာမေဋိတ်သံတွေ - အို/ ဟယ်/ ရှင်/ ဟဲ့/ ဟေ့ စတဲ့ အရာတွေကအစ ယောက်ကျားဆန်တယ်/ မိန်းမဆန်တယ်/ ယောက်ကျားလျာ၊ မိန်းမလျာဆန်တယ် စသဖြင့် ဂျဲန်ဒါစံနှုန်းလေးတွေ သတ်မှတ်ကြ သိမှတ်ကြပါတယ်။🔊

🤗 ဒါပေမယ့် သိထားရမှာက လူမှုပတ်ဝန်းကျင်မှာ လိင်ကိုအခြေမခံတဲ့ ဂျဲန်ဒါကိုယ်စားပြု အခေါ်အဝေါ်တွေလည်း အများကြီးရှိပါတယ်။ ဥပမာ- ကျားလိင်အင်္ဂါပါပေမယ့် လူမှုပတ်ဝန်းကျင်က သိမှတ် သတ်မှတ်ထားတဲ့ မိန်းမကိုယ်စားပြု နာမ်စားသုံးသောသူတွေ/ မလိင်အင်္ဂါပါပေမယ့် လူမှုပတ်ဝန်းကျင်က သိမှတ် သတ်မှတ်ထားတဲ့ ‌ယောက်ကျားလေးကိုယ်စားပြု နာမ်စားသုံးသောသူတွေ/ တခြားသော ဂျဲန်ဒါကိုယ်စားပြုနှင့် ဘုံကိုယ်စားပြုနာမ်စားသုံးသူတွေ ကျုပ်/ တို့/ ယူ(you)/ သူများနှင့် နင်/ ငါ (အများကြီးရှိပါသေးသည်) စတဲ့အရာတွေဖြစ်ပါတယ်။ 🔊

📝 ဒါ့ကြောင့် “နင်နာမည်ကြီးကဘယ်လိုကြီးလဲ/ အသုံးအနှုန်းက ဆိုးလိုက်တာ/ ယောက်ကျားကို မိန်းမနာမည်သုံးစရာလား” စတဲ့ အခြေအနေမျိုးတွေနဲ့ ထိခိုက်စေတဲ့အတွေးအခေါ်အပြောအဆိုတွေထပ် သူ့ကိုမည်သို့ခေါ်စေချင်သလဲဆိုသည့်အရာကို သူပြောတဲ့ ဂျဲန်ဒါဖြစ်တည်ခံယူမှုနာမ်စားလေးကို နားထောင်ပြီး ခေါ်လိုက်ရုံပါဘဲ။🔊

ဒါဆိုရင် ကိုယ့်ကိုယ် ကိုယ်စားပြုတဲ့ ဂျဲန်ဒါနာမ်စားလေးက ဘယ်နာမည်လေးဖြစ်မလဲ?❓❓❓

“ကျွန်တော်ကတော့ အဝတ်အစားနှင့်လိုက်လျောညီထွေစွာ လူ့ဂုဏ်သိက္ခာနှင့်အညီ မည်သည့်ဂျဲန်ဒါနာမ်စားခေါ်ဆိုမှုမဆို အဆင်ပြေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဂျဲန်ဒါကိုယ်စားပြုနာမ်စားက မွေးရာပါကျားမလိင်အင်္ဂါထပ် လူသားဆိုတဲ့ဖြစ်တည်မှုအပေါ်ဘဲ အခြေခံလို့ပါ။” 😇😇😇

………….

Not for Idea & Knowledge Exploitation, Give Credit.

ဒီတစ်ခေါက် Update ကတော်တော်လေးကြာသွားတော့ မေ့မသွားပါနဲ့ဦး။
*xualityHealthyNyan
*xuality

တသမတ်တည်းလား ဆင့်ကဲဖြစ်တာလား…          ကျွန်တော်တို့ လူမှုပတ်ဝန်းမှာ နားနဲ့မစိမ်းတဲ့ အချစ်သီချင်းလေးတွေမှာ “အချစ်ဆိုတာ… ...
15/10/2024

တသမတ်တည်းလား ဆင့်ကဲဖြစ်တာလား…

ကျွန်တော်တို့ လူမှုပတ်ဝန်းမှာ နားနဲ့မစိမ်းတဲ့ အချစ်သီချင်းလေးတွေမှာ “အချစ်ဆိုတာ… လျို့ဝှက်ချက်တစ်ခုပါ/ နားလည်ရခက်တဲ့အရာ/ တန်းဖို့ထားတဲ့အရာ / ဝမ်းနည်းစရာ/ ပျော်ရွှင်စရာ စသဖြင့်…” နားထဲပျံ့လွှင့်လာတဲ့ အချစ်အပေါ်တင်စားဖွင့်ဆိုချက်တွေက စိတ်ဝင်စားစရာအပြည့်ပင် ဖြစ်ပါတယ်။🎶🎶🎶

😇ဟယ်လို မင်္ဂလာပါ။ ကျွန်တော် N Virgoပါ။ ဒီနေ့မျှဝေသွားမှာကတော့ Human S*xuality - လူသားလိင်မှုရေးရာတွေထဲက S*xual Orientation - လိင်စိတ်တိမ်းညွှတ်မှု (သို့) လိင်မှုရေးရာတိမ်းညွှတ်မှု ဆိုတဲ့ … က‌ဗျာဆန်ဆန်ပြောရရင် ချစ်ခြင်းမေတ္တာသက်ရောက် ဆက်နွယ်ခြင်းဆိုတဲ့ အကြောင်းအရာလေးထဲက စိတ်ဝင်စားစရာကောင်းတဲ့ သဘောသဘာဝလေးတွေကို မျှဝေသွားမှာဖြစ်ပါတယ်။

“လူတွေရဲ့အတွေ့အကြုံတွေကနေ သီကုံးထားတဲ့ သီချင်းလေးတွေထဲကအတိုင်းဘဲ လူသားတွေရဲ့ အရောင်စုံလင်လှတဲ့အချစ်က လူမှုပတ်ဝန်းကျင်မှာ ထင်ဟပ်နေပါတယ်”🔊
... Human S*xuality-လူသားလိင်မှုရေးရာတွေထဲက အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ S*xual Orientation-လိင်စိတ်တိမ်းညွှတ်မှု အကြောင်း အခြေခံသင်ခန်းစာတွေမှာဆိုရင် ယေဘုယျအားဖြင့်
.. လိင်တူခြင်း(ဥပမာ-အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း)ကြိုက်နှစ်သက်ရင်-Homo S*xual
.. လိင်ကွဲ (အမျိုးသားနှင့်အမျိုးသမီး)ကြိုက်နှစ်သက်ရင်-Hetero S*xual
.. လိင်တူ လိင်ကွဲ (အမျိုးသမီးရော အမျိုးသားရော နှစ်မျိုးလုံးကို) ကြိုက်နှစ်သက်ရင်-Bi S*xual

စတဲ့ အခြေခံစနေ စတင်ထိတွေ့ကြရလေ့ရှိပါတယ်။ လိင်စိတ်တိမ်းညွှတ်မှု အခြေခံသဘောတရားမှာလည်း ဒီသဘောတရားလေးကို သေချာသိနားလည် သဘောပေါက်ဖို့လိုအပ်ပါတယ်။

♨️.... ဒီS*xual Orientation မှာ သင်တန်းသားတွေ ကန့်သတ်စွဲမိတဲ့ အရာလေးတစ်ခုရှိတယ်.... အဲ့တာက လူတစ်ယောက်မှာရှိတဲ့ S*xual Orientation ဆိုတာက တစ်သက်လုံးဒါဘဲဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်စွဲလေးပါဘဲ။ (ဥပမာ ယောက်ကျားချင်းကြိုက်သူက တစ်သက်လုံး ယောက်ကျားချင်းသာကြိုက်မည် ကြိုက်ရမည်ဟုလည်းကောင်း၊ မိန်းမသာကြိုက်သူကို တစ်သက်လုံး မိန်းမဘဲကြိုက်မည် ကြိုက်ရမည်ဟုလည်းကောင်း ကန့်သတ်စွဲခြင်း...)

♨️.... ယောက်ကျားခြင်းကြိုက်နေသူက မိန်းမယူသွားခဲ့လို့ရှိရင် (တစ်သက်လုံး၆လာတာ အခုမှဘာထဖြစ်တုန်း၊ ပြန်ကျားတာလား၊ ဇွတ်ကျားတာလား၊ မထော်) စသဖြင့် ပြောဆိုကန့်သတ်စွဲလေ့ရှိသလို...

♨️.... အမျိုးသမီးကိုကြိုက်နေသူ အမျိုးသားက တစ်ခြားအမျိုးသားတစ်ယောက်ကို ကြိုက်နှစ်သက်သွားပါက (မထင်ထားဘူးနော် အပုန်းကြီးလား၊ သူက တစ်သက်လုံးဇွတ်ကျားခဲ့ရမှာပေါ့၊ မထင်ထားဘူး၊ အရမ်းထိန်းနိုင်တာဘဲ) စသဖြင့် ပြောဆိုကန့်သတ်စွဲလေ့ရှိပါတယ်။

……

ဆိုလိုတာကတော့ လူတစ်ဦးရဲ့ လိင်စိတ်ဆန္ဒတိမ်းညွှတ်မှုဆိုတာ တစ်ဦးထဲကိုသာ တစ်ရာရာခိုင်နှုန်း အမြဲတမ်း တစ်သမတ်ထဲသက်ရောက်မနိုင်ပါဘူး ဒါကိုနားလည်လက်ခံဖို့လိုအပ်ပါတယ်။

🚨S*xual Orientation-လိင်စိတ်တိမ်းညွှတ်မှုတိုဆိုတာ ကာယကံရှင်ထပ် ဘေးလူတွေက ပိုမသိနိုင်ပါဘူး။ ထို့အတူဘဲ လိင်စိတ်တိမ်းညွှတ်မှု့ဆိုတာ ယောက်ကျားခြင်းကြိုက်လို့ တစ်သက်လုံးယောက်ကျားခြင်း ကြိုက်ရမယ်လို့ မဆိုလိုပါဘူး.... မည်သူမဆို ဒီသဘောတရားကိုကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ ကန့်သတ်စွဲတွေမဖြစ်အောင်သတိပြုရပါမယ်။

မိမိကိုယ်ကို မေးခွန်းထုတ်ခြင်း…..🤔❓

📝သေချာပါတယ် မိမိရဲ့ နားလည်မှုအပေါ် ဒွိဟဖြစ်နေတဲ့အခါ (သို့) နားလည်ပေးရခက်တဲ့အခါ ရှိပါလိမ့်မယ်။ ဒီအခြေအနေတွေမှာ မိမိကိုယ်ကိုမေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် တခြားသူတွေကို မေးခွန်းမထုတ်ခင်မှာ ကိုယ်တိုင်မေးခွန်းရဲ့ အဓိပ္ပာယ်ကိုနားလည်ဖို့ အရင်မေးခွန်းထုတ်ရပါမယ်။

မေးခွန်းထုတ်ကြည့်ရအောင်…..❓❓❓

🤔မိမိအနေ၏ လိင်စိတ်တိမ်းညွှတ်မှုကရော

❓။ မည်သည့်အရာကိုတိမ်းညွှတ်ပါသလဲ? (လူပုဂ္ဂိုလ် - ကျား၊ မ၊ တခြားသော Gender များ/ တိရိစ္ဆာန်များ၊ အရာဝတ္ထုများ…စသဖြင့်)

❓။ တသမတ်တည်းရှိပါသလား?

❓။ ကိုယ်တိုင် ကိုယ့်ဖြစ်တည်မှုကိုလက်ခံပါရဲ့လား? စတဲ့အခြေခံ လိင်စိတ်တိမ်းညွှတ်ခြင်းရဲ့ဖြစ်တည်မှုကို မေးခွန်ထုတ်ကြည့်နိုင်ပါတယ်။

(*လိင်မှု့ရေးရာ မိမိကိုယ်ကို မေးခွန်းထုတ်ခြင်းနဲ့ပတ်သတ်တဲ့ အသေးစိတ်ကိုတော့ နောက် အပိုင်းဆက်များမှာဆက်လက်မျှဝေသွားမှာဖြစ်ပါတယ်*)

“အချစ်မှာအပြစ်မရှိဆိုတာကို အပြောနဲ့တင် မဟုတ်ဘဲ အမှန်တကယ် မိမိကိုယ်တိုင်လက်ခံဖို့လိုအပ်ပါတယ်။"......
လိင်စိတ်တိမ်းညွှတ်မှုဟူသည်.....
https://www.facebook.com/100068063532588/posts/705873001691478/

Edit: https://t.me/sexualityhealthynvirgo (Telegram Channel ‌လေးလဲဖွင့်လိုက်ပြီမို့ အင်တာနက်အဆင့်ခံသုံးရတဲ့သူတွေအနေနဲ့ အဆင့်မခံသုံးဘဲဝင်ဖတ်လို့ရပါပြီး)

(Credit=လိင်စိတ်တိမ်းညွှတ်မှု - အသုံးအနှုန်း)
Not for knowledge Exploitation, give credit - ဗဟုသုတဆိုင်ရာ ဉာဏအမြတ်ထုတ်ရန်မဟုတ်ပါ အသုံးပြုလိုပါက Credit ပေးပါ။
*xualityHealthyNyan
*xualOrientation *xuality

Transgender ဟူသည်....မင်္ဂလာပါ။ ကျွန်တော် N Virgo ပါ။ ဒီနေ့မျှဝေမှာကတော့ ဂျဲန်ဒါရေးရာ(Gender) ဂျဲန်ဒါအကြောင်းအရာ တွေထဲက ...
21/09/2024

Transgender ဟူသည်....

မင်္ဂလာပါ။ ကျွန်တော် N Virgo ပါ။ ဒီနေ့မျှဝေမှာကတော့ ဂျဲန်ဒါရေးရာ(Gender) ဂျဲန်ဒါအကြောင်းအရာ တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Gender Identity - ဂျဲန်ဒါဖြစ်တည်ခံယူမှု၏ မိသားစုဝင်စကားလုံးဖြစ်တဲ့ Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူသူ ဆိုတာလေးကို မျှဝေသွားမှာဖြစ်ပါတယ်။

Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူသူဆိုတာကတော့…..

လူတစ်ဦးတစ်ယောက်က သူ၏မွေးရာပါ ဇီဝကမ္မလိင်နှင့် ထိုလိင်ကိုအခြေခံသော လူမှုပတ်ဝန်းကျင်မှ သတ်မှတ်သည့် ဂျဲန်ဒါကိုလက်မခံဘဲ မိမိဖြစ်တည်သော ဂျဲန်ဒါကိုသာလက်ခံယူကာ ပြောင်းလဲနေထိုင်ခြင်းဖြစ်ပါသည်။

Transgender - ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူသူများတွင်….

🧍‍♀️ဇီဝကမ္မလိင်အရ အမျိုးသားအဖြစ်မွေးဖွားလာသော်လည်း အမျိုးသမီးသို့ခံယူ ပြောင်းလဲနေထိုင်ခြင်းကို - Trans Woman

🧍‍♂️ဇီဝကမ္မလိင်အရ အမျိုးသမီးအဖြစ်မွေးဖွားလာသော်လည်း အမျိုးသားသို့ခံယူ ပြောင်းလဲနေထိုင်ခြင်းကို - Trans Man ဟုအခြေခံအားဖြင့် ခေါ်ဆိုသတ်မှတ် သိမှတ်ကြပါသည်။

⏳ Transgender များက မိမိတို့၏ ပြီးပြည့်စုံတဲ့ transgender တစ်ဦးဖြစ်လာဖို့ ဖြတ်သန်းကျော်ဖြတ်ရတဲ့ အချိန်ကာလလေးတစ်ခုရှိပါတယ်။ ဒီကာလက တစ်ဦးနှင့်တစ်ဦးကြားမှာ မတူညီနိုင်သလို ဒီကာလအတွင်းမိမိတို့တစ်ဦးချင်းစီအလိုက် ကြိုက်နှစ်သက်ရာ ဖြစ်စဉ်များကလည်း မတူညီနိုင်ပါဘူး။ ဒါကိုတော့ ကာလ (သို့) ခရီးစဉ်လေး - Transition Period (သို့) Transition Journey လို့ခေါ်ပါတယ်။ ။ ပြီးပြည့်စုံတဲ့ Transgender တစ်ဦးဖြစ်ဖို့ဆိုတာ ကာယကံရှင်နဲ့ဘဲ ပိုပြီးသက်ဆိုင်ပါတယ်။

ဥပမာအားဖြင့် လူမှုပတ်ဝန်းကျင်မှာ transgender-ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူသူတစ်ဦးက .....

🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ လိင်ပြောင်းလဲ/ အဝတ်အစားပြောင်းလဲ/ အမူအယာပြောင်းလဲ ပြီးမှပြီးပြည့်စုံတယ်လို့ သတ်မှတ်လက်ခံကြသလို

🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ အမူအရာမပြောင်းလဲ/ လိင်ပြောင်းလဲ/ အဝတ်အစားပြောင်းလဲပြီးမှ ပြီးပြည့်စုံတယ်လို့ သတ်မှတ်လက်ခံကြသလို

🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ အမူအရာမပြောင်းလဲ/ လိင်မပြောင်းလဲဘဲ/ အဝတ်အစား ပြောင်းလဲဝတ်ဆင်ဖော်ပြတာကိုလည်း ပြီးပြည့်စုံတယ်လို့ သတ်မှတ်ယူဆလက်ခံကြသလို

🌹ဆန့်ကျင်ဘက်လိင်ကဲ့သို့ လိင်မပြောင်းလဲ/ အဝတ်အစားလဲမပြောင်းလဲ/ အမူအရာမပြောင်းလဲဘဲ ဆန့်ကျင်ဘက်လိင်စိတ် ခံယူမှုလေးခံယူလိုက်ရုံနဲ့လည်း ပြီးပြည့်စုံတယ်လို့ သတ်မှတ်ယူဆလက်ခံကြပါတယ်။

💝 ဒီလို Gender Identity-ဂျဲန်ဒါဖြစ်တည်ခံယူမှု၏ မိသားစုဝင်ဖြစ်တဲ့ Transgender ဆိုတဲ့ ခေါင်းစဉ်လေးအောက်က ခံယူမှုကွဲပြားမှုတွေကို အချင်းချင်း အပြန်အလှန်လေးစား ပိုပြီးနားလည်လက်ခံဖို့လိုအပ်ပါတယ်။
........
Transgender ကိုသေချာနားလည်သဘောပေါက်ဖို့ဆိုရင် SOGIESC (S*xual Orientation, Gender Identity, Gender Expression and S*x characteristics) စကားစုထဲက

📝GI - Gender Identity (ဂျဲန်ဒါဖြစ်တည်ခံယူမှု) နဲ့ GE - Gender Expression (ဂျဲန်ဒါ ထုတ်ဖော်ပြသမှု) ရဲ့ အခြေခံသဘောသဘာဝကိုသေချာနားလည်ဖို့လိုအပ်ပါတယ်။

📝GI နဲ့ GE က အမြဲတမ်း 100% တစ်ထပ်တည်းမကျနိုင်ပါဘူး။

📝GI ဆိုတာက မျက်စိနဲ့ မြင်နိုင်တဲ့အရာမဟုတ်ပါဘူး။ GE ကတော့ ထုတ်ဖော်ပြမှုအလိုက် မြင်နိုင်တွေ့နိုင်ပါတယ်။

📝GE နဲ့ရောတတ်တာက Physical Expression - PE (ရုပ်ပိုင်းဆိုင်ရာ ထုတ်ဖော်ပြသမှုဘဲဖြစ်ပါတယ်။)

💝 တစ်စုံတစ်ယောက်က သူ့ကိုယ်သူ ဘယ်သူပါ ဘယ်ဝါပါလို့ မိတ်ဆက်ပြောဆိုလာရင် ကိုယ်က ဝင်ရောက်ဆုံးဖြတ်တာမျိုး မလုပ်ပါနဲ့ သူပြောတဲ့အရာကို အမြင်ကို အမြင်အတိုင်း အကြားကိုအကြားအတိုင်း သိမှတ် လက်ခံတတ်တဲ့ အမူအကျင့်လေးရှိဖို့လိုအပ်ပါတယ်။

📝 Transgender ဆိုတာ တစ်စုံတစ်ယောက်ကနေပြီး သူ့ကိုယ်သူ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ခံယူနေထိုင်သူ (သို့) ခံယူထားသူ မည်သူမဆို Transgender ပါဘဲ။ ပြင်ပကလူတစ်ယောက်က သူ့ရဲ့အမြင်လေးတစ်ခုနဲ့ ကာယကံရှင်ရဲ့ အပြင်အဆင်က သူ Transgender ဟုတ်မဟုတ်ဆိုတာကို 100% မဆုံးဖြတ်ပေးနိုင်ပါဘူး။

ဘာကြောင့် transgender လို့‌မှတ်ယူမရတာလဲ?

ဖက်ရှင်ကြောင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်ဆင်သူတွေ၊ စီးပွားရေးအရ၊ အပျင်းပြေ ခဏတဖြုတ်၊ အပျော်သဘော စတဲ့ ဒီလူတွေက Transgender ပါလို့ပြောလို့မရပါဘူး။ သူတို့ရဲ့ ခံယူမှုကိုက transgender-ဆန့်ကျင်ဘက်လိင်ကဲ့သို့ခံယူသူ ဆိုတဲ့ ခံယူမှုနဲ့ မဟုတ်လို့ပါ။

ဂျဲန်ဒါ Series
https://www.facebook.com/100068063532588/posts/819352983676812/

No copy, give credit.

ခံစားမလား ပြုလုပ်မလားမဂ်လာပါ။ ကျွန်တော် N Virgo ပါ။ ဒီနေ့မျှဝေမှာကတော့ လူသားလိင်မှုရေးရာ (Human S*xuality) ထဲက လိင်မှုရေ...
30/08/2024

ခံစားမလား ပြုလုပ်မလား

မဂ်လာပါ။ ကျွန်တော် N Virgo ပါ။ ဒီနေ့မျှဝေမှာကတော့ လူသားလိင်မှုရေးရာ (Human S*xuality) ထဲက လိင်မှုရေးရာ လုပ်ဆောင်မှု(မေထုန်အကြောင်းအရာ) (S*xual Activity) တွေမှာ လူမှုလိင်မှုရေးရာ ပုံစံသွတ်သွင်းမှု (Social S*xual Stereotype) ဖြစ်တတ်တဲ့ ဖြစ်ပေါ်တဲ့ S*xual Action - လိင်မှုဆိုင်ရာ တုန့်ပြန်မှု နဲ့ S*xual Feeling - လိင်မှုဆိုင်ရာခံစားမှုတွေနဲ့ ပတ်သတ်ပြီးမျှဝေသွားမှာဖြစ်ပါတယ်။🤔🤔🤔

🌹လူမှုလိင်မှုရေးရာ ပုံစံသွတ်သွင်းမှု (Social S*xual Stereotype) - လိင်မှုရေးရာ ကွဲပြားမှုအပေါ်အလေးမထားဘဲ မိမိတို့ယူဆသိရှိထားသည်သာအမှန်ဟုဆိုကာ တစ်ခြားသော သူများ၏ လိင်မှုရေးရာများအား ဝင်ရောက်စွက်ဖက်ခြင်း၊ S*xual Activity များတွင် ငါကဦးဆောင်သူမို့လို့ ငါအဆင်ပြေရင်ရပြီဟူ၍လည်းကောင်း လိင်ပိုင်းဆိုင်ရာ အပြန်အလှန်လေးစားမှုမရှိခြင်း စသည်အရာများဖြစ်ပါတယ်။

🌹S*xual Feeling - လိင်မှုဆိုင်ရာခံစားမှု
နှစ်ဦးသဘောတူ လိင်မှုကိစ္စများတွင် စတင်ချိန်မှစ၍ ပြီးဆုံးသည်အထိ ချစ်တင်းနှောသာယာခြင်း၊ အပြန်အလှန်လေးစားမှုဖြင့် ကျန်းမာသုခ ခံစားခြင်းဖြစ်ပါတယ်။

🌹S*xual Action - လိင်မှုဆိုင်ရာ တုန့်ပြန်မှု
နှစ်ဦးသဘောတူ လိင်မှုကိစ္စများတွင် စတင်ချိန်မှစ၍ ပြီးဆုံးသည်အထိဖြစ်ပေါ်လာသော ခံစားချက်များအပေါ်တွင် အခြေခံသော တုန့်ပြန်မှုများဖြစ်ပါတယ်။

🎭🎭🎭
များသောအားဖြင့် လူမှုပတ်ဝန်းကျင်မှာ Social S*xual Activity - လူမှုလိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေမှာ အတ္တ စွဲကပ်နေတဲ့ Stereotype - ပုံစံသွတ်သွင်းတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုရှိတယ်။

ဒါက အမြဲတမ်း ပြင်ပအမြင် လူမှုလိင်ပိုင်းဆိုင်ရာ ပုံစံသွတ်သွင်းမှု အမြင်ဖြင့် S*xual Action - လိင်မှုဆိုင်ရာ တုန့်ပြန်မှု နဲ့ S*xual Feeling - လိင်မှုဆိုင်ရာခံစားမှု ကို တစ်သမတ်တည်း ဖြစ်လိမ့်မယ်ဆိုတဲ့အရာပါဘဲ။ ဦးဆောင်သူဆိုပြီး၊ ငါသာယာရင်ပြီးရောဆိုပြီး တစ်ဖက်သူ၏ ခံစားချက်ကိုမကြည့်ဘဲ အတ္တကြီးတတ်ကြပါတယ်။🎭
... အထူးသဖြင့် S*xual Activity မှာ ဦးဆောင်သူ - Leading Role က Top ဖြစ်မယ် လိုက်ပါစီးမျောသူ - Follower Role က Bottom ဖြစ်မယ် ဆိုပြီး ယေဘုယျသတ်မှတ်တတ်ကြပါတယ် သတ်မှတ်သိမှတ်ထားလေ့ရှိပါတယ်။ အဲ့အပေါ်မှာ အခြေခံပြီး S*xual Feeling & S*xual Action ကို ပုံစံသွတ်သွင်းလာကြမိပါတယ်။ (အမျိုးသားဆိုရင် Leading Role အမျိုးသမီးဆိုရင် Follower Role၊ အမျိုးသားချင်း အမျိုးသမီးချင်းဆိုလျှင်လည်း ကျားယားသန်မာသူက Leading Role နူးညံ့သူက Follower Role စသဖြင့် သတ်မှတ်လာကြပြီး ထိုအပေါ်မှာ မျှတသော လိင်မှုကိစ္စအပေးအယူနားလည်မှုကို တန်ဖိုးထားမှုလျော့နည်းလာပါသည်။ 🎭
....🌹🌹🌹

အခြေခံအားဖြင့် သိထားရမှာက S*xual Activity မှာ Leading Role နဲ့ Main Role ဘဲရှိပါတယ်... Follower Role မရှိပါဘူး။

ခြင်ထောင်ထဲက S*xual Activity စတင်ချိန်မှာ S*xual Action အရ စတင်သူဟာ သူ့အနေနဲ့ S*xual Feeling မှာ ဦးဆောင်သူတစ်ဦးဖြစ်နေ ခံစားနေရမှာပါ။ ထို့အတူဘဲ Leading Role စတင်မှုနဲ့အတူ ထပ်တူ စီးမျှောသယ်ဆောင်တုန့်ပြန်ပြီး မျှတနားလည်တဲ့ပေးယူမှုတွေနဲ့ တည်ရှိမယ့် သူကတော့ တွဲဖက် - Main Role ပါဘဲ။

🌹🌹🌹
တစ်ဆက်တည်းမှာဘဲ Leading Role သည် ကျားယားသူ (သို့) နူးညံ့သူ (သို့) Top လည်းဖြစ်နိုင်သလို Bottom ကလည်း Leading Role ကိုပြုလုပ်နိုင်ပါတယ်။

ထို့အတူဘဲ Main Role သည် ကျားယားသူ (သို့) နူးညံ့သူ (သို့) Top လည်းဖြစ်နိုင်သလို Bottom ကလည်း Main Role ကိုပြုလုပ်နိုင်ပါတယ်။

နှစ်ဦးသဘောတူ သာယာကြည်နူးချိန်မှာ နှစ်ဦးစလုံးက Leading & Main Role တွေကို တလှည့်ဆီဖန်တီးသာယာနေကြတာဘဲဖြစ်ပါတယ်။
........

🌹🌹🌹နှစ်ဦး သဘောတူ S*xual Activity တိုင်းက သုခကိုလိုချင်တာကြောင့် နှစ်ဦးသဘောတူ S*xual Paradise - လိင်မှုသုခဘုံကို ဖန်တီးကြတာဖြစ်ပါတယ်။ အဲ့ဒီတော့ S*xual Feeling မှာလည်း နှစ်ဦးလုံးက ဦးဆောင်မှုတွေ နားလည်နဲ့ ယုံကြည်ခံစားရမှာဖြစ်ပြီး S*xual Action အပေးအယူ လေးစားမျှတတဲ့ တုန့်ပြန်မှုတွေနဲ့ အချင်းချင်း ဖန်တီးကြရမှာဖြစ်ပါတယ်။

။ ။ ။

သတိထားဖို့က သုခနဲ့ အတူ ကျန်းမာကိုလည်းမေ့ထားလို့မရပါဘူး။ S*xual Activity တွေမှာ မလိုလားအပ်တဲ့ အန္တရာယ်တွေမဖြစ်အောင် 💯💯💯

🚨အကာအကွယ် ကွန်ဒုံးကို မဖြစ်မနေသုံးပါ။

🚨PrEP လို့ခေါ်တဲ့ HIV ကာကွယ်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့ အညီ စနစ်တကျသောက်သုံးပါ။

🚨အန္တရာယ်သိလျှင်သိချင်း လျှင်မြန်စောစီးစွာကုသပါ။

🚨ပုံမှန် သွေးစစ်ဆေးပါ။

🚨သတိထပ်ပြုရမှာက မူးယစ်ဆေးဝါးသုံးပြီး လိင်ကိစ္စဖြစ်တာ၊ လိင်ဆက်ဆံဖော်အများကြီးရှိတာကလည်း HIV Risk ကိုမြင့်စေပါတယ်။

😇“S*xual Feeling & S*xual Action က ပုံစံသွတ်သွင်းခြင်းအပေါ် တစ်ထပ်တည်းမကျနိုင်ပါဘူး။”

လိင်မှုရေးရာ ဟူသည်မှာ🤔
https://www.facebook.com/100068063532588/posts/752691510342960/

#ကော်ပီကူးယူခွင့်မပြုပါ။ ပြန်လည်အသုံးပြုလိုပါက ကိုးကား Credit ပေးပါ။ No Copy, Give Credit & Reference

*xualF&A
*xualactivity
#လိင်မှုရေးရာအတွေးအခေါ်များ(၄)

မင်္ဂလာပါ။ ကျွန်တော် N Virgoပါ။ ဒီနေ့မျှဝေမှာကတော့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်းထဲက အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့...
17/08/2024

မင်္ဂလာပါ။ ကျွန်တော် N Virgoပါ။ ဒီနေ့မျှဝေမှာကတော့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်းထဲက အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ လူမှုလိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်းနှင့်ပတ်သတ်ပြီး မျှဝေသွားမှာဖြစ်ပါတယ်။😇😇😇

။ ။ ။ S*xual Abuse (SA) - လိင်ပိုင်းဆိုင်ရာအလွဲသုံးစားခံရခြင်းအကြောင်းပြောတဲ့အခါ လူမှုလိင်ပိုင်းဆိုင်ရာ အလွဲသုံးစားခံရခြင်း - Social S*xual Abuse (SSA) ကို ချန်ထားခဲ့လို့မရပါဘူး..💯
.... လူတစ်ယောက်က (သို့) အစုအဖွဲ့က သူ၏ လိင်စိတ်ဖြစ်တည်မှု (သို့) စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာဖိအား (သို့) လိင်ပိုင်းဆိုင်ရာကျန်းမာရေး (သို့) ချစ်ရေးချစ်ရာဆက်စပ်မှုများနှင့်ပတ်သတ်ပြီး မိမိအားယုံကြည်လို့ ရင်ဖွင့်တာကို လက်ခံနားထောင်ပြီးနောက် တခြားတစ်ယောက်ကို ပြန်ပြောခြင်း (သို့) ဖောက်သည်ပြန်ချခြင်း (သို့) အောက်ဖဲသဖွယ်အသုံးချခြင်း ဖြစ်ပါတယ်။😇

ဘယ်လိုပုံစံအခြေအနေတွေရှိလဲ? ဘယ်လိုနည်းလမ်းတွေနဲ့ ပြုလုပ်ခံရလဲ?🤔

… မိသားစု၊ လုပ်ငန်းခွင်နှင့် လူမှုပတ်ဝန်းကျင်မှာ ပုဂ္ဂိုလ်ရေးရာ အတင်းအဖျင်းတွေမျှဝေခံရတာ၊ စွပ်စွဲပြစ်တင်ခံရတာ၊ ဖိအားပေးစေခိုင်းခံရတာ စသဖြင့် (မိမိအမှန်တကယ်ကျူးလွန်ခဲ့သည့်အပေါ် အထောက်အထားဖြင့် ပြောဆိုခံရခြင်းက Social S*xual Abuse - လူမှုလိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်းမဟုတ်ပါဘူး။)🔥

… လူမှုကွန်ယက်တွေမှာ နည်းပညာအသုံးပြု ခြိမ်းခြောက်ခံရတာ၊ မိမိ၏ အကျိုးစီးပွားပျက်စီးစေရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ ဖြန့်ဝေခံရတာ၊🔥
.....

ဒီလိုအလွဲသုံးစားခံရခြင်းက လူမှုပတ်ဝန်းကျင်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလျော့နည်းလာစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။ 👍
... လူမှုပတ်ဝန်းကျင်မှာ ပူသည်အေးသည် အတင်းရိုးရာက အဖျင်းမဖြစ်သွားဖို့ အရေးကြီးပါတယ်။ အတင်းဆိုတာ ဟိုးကတည်းက ယခုခေတ်အထိ လူမှုအတွေးအခေါ်မတူညီခြင်းအပေါ်မှာ ပတ်ဝန်းကျင်က ကောင်းမွေဆိုမွေတွေကို နှစ်ကိုယ်ကြား (သို့) မိမိတို့ယုံကြည်ရာတူသူစုကာ ပြောကြဆိုကြတာဖြစ်ပါတယ်။ တခြားသူကိုပြန်ဖြန့်ဖို့မဟုတ်ပါဘူး။

နောက်ပိုင်းမှာ အတင်းကနေ တပါးသူကို အကျိုးစီးပွား ပျက်စီးစေတဲ့ ထိခိုက်စေတဲ့ အဖျင်းတွေရောယှက်ပါဝင်လာပါတယ်။ တစ်ဆက်တည်းမှာဘဲ အဖျင်းနှင့်အတူ ကပ်ပါလာတာကတော့ အောက်ဖဲလှန်တဲ့ရိုးရာဘဲဖြစ်ပါတယ်။ လူတစ်ယောက်က နည်းနည်းလေး လွဲချော်ရင်ကို သူ့ရဲ့ရာဇဝင်လိုက်ကာ အတိတ်ဇာတ်ကြောင်းပြန် အဖျင်းဆိုသည့်အရာက အလွန်ကို ဆိုးရွားတဲ့အရာဖြစ်ပါတယ်။ အကြောင်းအကျိုးဆက်စပ် လမ်းညွှန်ရမည့်အစား ထိခိုက်နာကျင်စေချင်သည့် စိတ်သဘောကပိုမိုလို့နေတတ်ပါတယ်။💯

“မိမိ၏ ပြောဆိုလုပ်ဆောင်မှုတိုင်းမှာ လူသားဆန်သော လူသားချင်းစာနာထောက်ထားမှုစိတ်ကို စဉ်ဆက်မပြတ်မမေ့မလျော့ဖို့ အရေးကြီးပါတယ်။”

“အထူးသတိပြုရမှာက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူက အပြစ်ရှိသူမဟုတ်ပါဘူး ကျူးလွန်သူသာ အပြစ်ရှိသူဖြစ်ပါတယ်”
....

မိမိကြောင့်နဲ့ တခြားသူရဲ့ လူမှုလိင်ပိုင်းဆိုင်ရာ မထိခိုက်စေဖို့ သတိထားရပါမယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ နူတ်၏စောင့်စည်းခြင်း Confidential၊ တက်ကြွစွာနားထောင်ခြင်း Active Listening နှင့်အတူ မိမိတို့၏ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုဝင်များနှင့် Client အပေါ် လမ်းညွှန်အကြံပြုပေးနိုင်ကြရပါမယ်။

PSEAH

https://www.facebook.com/100068063532588/posts/807952704816840/

No Copy No Credit

Address

Mawlamyine

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Sexuality Healthy - Nyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share