အ.ထ.က (၁) မအူပင်၊(ဟိုက်စကူးကျောင်း) . . မြတ်ဆရာပူဇော်ပွဲ . .

  • Home
  • Myanmar
  • Maubin
  • အ.ထ.က (၁) မအူပင်၊(ဟိုက်စကူးကျောင်း) . . မြတ်ဆရာပူဇော်ပွဲ . .

အ.ထ.က (၁) မအူပင်၊(ဟိုက်စကူးကျောင်း) . . မြတ်ဆရာပူဇော်ပွဲ . . . .မြတ်ဆရာပူဇော်ပွဲအခမ်းအနား

☀☆☀••• မြတ်ဆရာ •••☀☆☀
ရှေးရှု မေတ္တာ ၊ ဂရုဏာ နှင့်
နာနာကျင်ကျင် ၊ အပြစ် မြင်တိုင်း
ဝမ်းတွင် မသို ၊ ဟုတ်တိုင်း ဆို၍
ကျိုးလိုစိတ်က ၊ ဆုံးမတတ်သူ
ဆရာဟူလော့..........။

အထက(၁) မအူပင် ယခင်ဟိုက်စကူးကျောင်း၏ (၂၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် နှစ်စဉ်မတည်လှုဒါန်း...
01/12/2025

အထက(၁) မအူပင် ယခင်ဟိုက်စကူးကျောင်း၏

(၂၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအောင်မြင်စွာကျင်းပ

နိုင်ရေးအတွက် နှစ်စဉ်မတည်လှုဒါန်းနေကျဖြစ်သော

မြတ်ဆရာပူဇော်ကျင်းပရေးကော်မတီ နာယကကြီး

ကျောင်းသားဟောင်းဦးကံမြင့်သန်း+ဒေါ်လွင်မီသင်မိသားစုမှ

မတည်လှုဒါန်းငွေ သိန်း (၅၀) ကျပ်အား မတည်လှုဒါန်းခဲ့ပါ

သဖြင့် ကျင်းပရေးကော်မတီမှ အထူးပင်ကျေးဇူးတင်ရှိပါ

ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

မိခင်ကျောင်းတော်ကြီးရဲ့ရင်ခွင်မှာပြန်လည်ခိုလှုံရင်းနှင့်ကျေးဇူးရှင်ဆရာကြီးဆရာမကြီးများအားအတူတကွပူဇော်ကြကာ ချစ်သောငယ်သူငယ...
01/12/2025

မိခင်ကျောင်းတော်ကြီးရဲ့ရင်ခွင်မှာပြန်လည်ခိုလှုံရင်းနှင့်ကျေးဇူးရှင်ဆရာကြီးဆရာမကြီးများအားအတူတကွပူဇော်ကြကာ ချစ်သောငယ်သူငယ်ချင်းများ ပြန်လည်တွေ့ဆုံကြစေဘို့ ......ဇန်နဝါရီလ ၄ရက်နေ့ လွတ်လပ်ရေးနေ့မှာ တွေ့ကြမယ်နော်🌿☘️
Photo,thein than( ကျောင်းသားဟောင်း)

၂၈ကြိမ်မြောက် အထက်က (၁ )မြတ်ဆရာပူဇော်ပွဲအတွက် ကမ်းနားလမ်း မင်းလမ်း တေဇလမ်း အောင်ဇေယျာလမ်း ၇လမ်းတာပြင် အလှုခံရရှိငွေ[ 322...
29/11/2025

၂၈ကြိမ်မြောက် အထက်က (၁ )မြတ်ဆရာပူဇော်ပွဲအတွက် ကမ်းနားလမ်း မင်းလမ်း တေဇလမ်း အောင်ဇေယျာလမ်း ၇လမ်းတာပြင် အလှုခံရရှိငွေ[ 3229200] သုံးဆယ်နှစ်သိန်းနှစ်သောင်းကိုးထောင်နှစ်ရာတိတိကောက်ခံရရှိပါသည် 📢 🫰

အ.ထ.က (၁) မအူပင်၊ (ဟိုက်စကူး) ကျောင်း၏ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ၄.၁.၂...
25/11/2025

အ.ထ.က (၁) မအူပင်၊ (ဟိုက်စကူး) ကျောင်း၏ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၈)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ၄.၁.၂၀၂၆ (တနင်္ဂနွေနေ့)နံနက် ၁၁:၀၀ နာရီတွင် မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ မြတ်ပညာခန်းမကြီးအတွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ရပ်နီးရပ်ဝေးမှ ဆရာ ဆရာမကြီးများအား ရိုသေလေးစားစွာဖြင့် ဖိတ်ကြားလွှာများပေးပို့ဖိတ်ကြားသွားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖိတ်စာမရခဲ့လျှင်လဲ တပည့်အပေါင်းတို့၏ အားနည်းချက်များအားခွင့်လွှတ်သီးခံ၍ ကြွရောက်ချီးမြှင့်ပေးပါရန် ကျင်းပရေးကော်မတီမှ လေးစားစွာ မေတ္တာရပ်ခံဖိတ်ကြားအပ်ပါသည်။
ကျောင်းသား ကျောင်းသူဟောင်းများအနေဖြင့်လဲ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေခဲ့ကြရသော ဆရာ ဆရာကြီးများအား တွေ့ဆုံဂါရဝပြုကန်‌ေတာ့ခြင်း အတန်းဖော် ငယ်သူငယ်ချင်းများ ရင်းနှီးဖော်ရွေစွာ ပြန်လည်ဆုံတွေ့ကြစေဖို့ မြတ်ဆရာပူဇော်ပွဲသို့ ကြွရောက်ချီးမြင့်နှိုင်ပါရန် ရင်းနှီးဖော်ရွေစွာဖိတ်ကြားအပ်ပါသည်။
ဆရာ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးကို အထူးသတိရလျှက် မြတ်ဆရာပူဇော်ပွဲအတွက် ပါဝင်လှူဒါန်းလိုပါလျှင် အောက်‌ပါပုဂ္ဂိုလ်များထံသို့ ဆက်သွယ်လှူဒါန်းနှိုင်ကြပါသည်။
ကိုမြင့်သိန်း(ရွှေမဟာ)
-09425663366
ဆရာမဒေါ်ဝင်းဝင်သန်း -09429238738
ကိုထွန်းနောင်
-09400301510
ဦးမျိုးသက်
-095181402
ဒေါ်ကြည်သာမော် -095144166
ဦးဇော်ဇော်မင်းထွဋ် -၀၉၄၂၈၅၈၅၃၀၅
ဦးထွန်းလှ -၀၉၂၅၀၃၁၂၂၂၅

(၂၈) ကြိမ်မြောက်
မြတ်ဆရာပူဇော်ပွဲ
ကျင်းပရေးကော်မတီ

ဝမ်းနည်းမှတ်တမ်း😢 မအူပင်မြို့၊ခိုင်သဇင်းလမ်း၊အမှတ်(၂)ရပ်ကွက်နေ(ဆရာဦးဌေးဝင်း) ၏ဇနီး အထက(၁)မအူပင် ယခင်ဟိုက်စကူးကျောင်း၏ အ...
12/05/2025

ဝမ်းနည်းမှတ်တမ်း

😢 မအူပင်မြို့၊ခိုင်သဇင်းလမ်း၊အမှတ်(၂)ရပ်ကွက်နေ
(ဆရာဦးဌေးဝင်း) ၏ဇနီး အထက(၁)မအူပင် ယခင်ဟိုက်စကူးကျောင်း၏ အပူဇော်ခံ ကန်တော့ခံဆရာမကြီး"ဒေါ်သန်းသန်းဌေး "အသက်(၆၄) နှစ်သည် ယနေနံနက်တွင် ဘဝတပါးသို့ကွယ်လွန်သွားခဲ့ပြီးဖြစ်ကြောင်း
ရပ်နီး၊ရပ်ဝေးရှိ အသိမိတ်ဆွေများနှင့် တပည့်ကျောင်းသား၊ကျောင်းသူများ သိရှိစေရန် ညှိုးငယ်စွာ အသိပေးကြေငြာအပ်ပါတယ်။
😢 ဆရာမကြီး မြင့်မြတ်သောဘုံဘဝရောက်ရှိပါကြောင်း မြတ်ဆရာပူဇော်ပွဲ ကျင်းပရေးကော်မတီမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

ဝမ်းနည်းမှတ်တမ်းအထက( ၁) မအူပင်၊ယခင်ဟိုက်စကူးကျောင်း၏ ကန်တော့ခံ အငြိမ်းစား ဆရာမကြီးဒေါ်နော်နှင်းဥ အသက် (၇၄)နှစ်သည် ၈.၅.၂၀...
08/05/2025

ဝမ်းနည်းမှတ်တမ်း

အထက( ၁) မအူပင်၊ယခင်ဟိုက်စကူးကျောင်း၏ ကန်တော့ခံ အငြိမ်းစား ဆရာမကြီးဒေါ်နော်နှင်းဥ အသက် (၇၄)နှစ်သည် ၈.၅.၂၀၂၅ ( ကြာသပတေးနေ့) နံနက် ၅.၅၅ တွင် ဘဝတစ်ပါးသို့ ကွယ်လွန်သွားခဲ့ပြီး ဖြစ်ကြောင်း ညိုးငယ်စွာ မှတ်တမ်းတင်အပ်ပါသည်။
ဆရာမကြီး ဒေါ်နော်နှင်းဥ မြင့်မြတ်သောဘုံဘဝမှာ ငြိမ်းအေးချမ်းသာစွာ အနားယူနိုင်ပါစေလို့ မြတ်ဆရာပူဇော်ပွဲကျင်းပရေးကော်မတီမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ခင်ဗျာ။
မှတ်ချက်
✝ နာရေးအစီအစဥ်
စနေနေ့ (10.5.2025)နေ့ နံနက် ၉ နာရီအချိန်
၊RCM ဘုရားကျောင်း ၊(၉) လမ်းထိပ် ၊အောင်ဇေယျလမ်း၊ မအူပင်မြိုတွင် ဝတ်ပြုကိုးကွယ်၍ (၉:၃၀) အချိန်တွင် ပို့ဆောင်သဂြိုလ်မည် ဖြစ်ကြောင်း ရပ်နီး၊ရပ်ဝေးရှိမိတ်ဆွေများနှင့် တပည့် ကျောင်းသား၊ကျောင်းဟောင်းများအား အသိပေးအကြောင်းကြာအပ်ပါတယ် ။

17/01/2025

၅.၁.၂၀၂၅.မြတ်ဆရာပူဇော်ပွဲအခမ်းအနား

16/01/2025

၂၇ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ပူဇော်ကန်တော့ခံဆရာကြီးဆရာမကြီးများ၏သြဝါဒစကား

16/01/2025

၂၇ ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ မှာကျောင်းသားလေး မောင်ဝေဖြိုးပိုင်နှင့်ကျောင်းသူလေး မရှင်ဖုန်းခန့်တို့မှ မြတ်ဆရာသီချင်းဖြင့်သီဆိုဖွင့်လှစ်

15/01/2025

၂၇ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ၅.၁.၂၀၂၅ နံနက်ပိုင်း ကြိုဆိုရေးအစီအစဥ်

13/01/2025

၂၇ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ အထိမ်းအမှတ် ရည်စူးကုသိုလ်၅.၁.၂၀၂၅

၂၇ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ဒုတိယပိုင်း၅.၁.၂၀၂၅နှစ်စဥ်နှစ်စဥ် အပြစ်မမြင်ဘဲချစ်ခင်လက်တွဲ မြတ်ဆရာပူဇော်ပွဲကို အမြဲ ပြန်ဆ...
11/01/2025

၂၇ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲ ဒုတိယပိုင်း
၅.၁.၂၀၂၅
နှစ်စဥ်နှစ်စဥ် အပြစ်မမြင်ဘဲ
ချစ်ခင်လက်တွဲ မြတ်ဆရာပူဇော်ပွဲကို အမြဲ ပြန်ဆုံပါရစေ....

Address

အ. ထ. က (၁) မအူပင်(ဟိုက်စကူးကျောင်း)
Maubin

Telephone

+959425663366

Website

Alerts

Be the first to know and let us send you an email when အ.ထ.က (၁) မအူပင်၊(ဟိုက်စကူးကျောင်း) . . မြတ်ဆရာပူဇော်ပွဲ . . posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share