Skyvilla မိသားစု- earthquake response

Skyvilla မိသားစု- earthquake response Skyvilla နေထိုင်ခဲ့ကြတဲ့မိသားစုတွေရဲ့ earthquake အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့၊

15/06/2025
Top ကထုတ်တဲ့စာ။
07/04/2025

Top ကထုတ်တဲ့စာ။

TOP Engineering Consultants International Co Ltd မှ အသိပေး ကြေညာခြင်း


.,Ltd

07/04/2025
06/04/2025

ငလျင်ကြောင့် အပျက်အစီးများတဲ့အပေါ် ဆောက်လုပ်ရေးပိုင်းကို စစ်ခေါင်းဆောင် အပြစ်တင်
~~~
◼အဆောက်အအုံတွေ ဆောက်လုပ်တာမှာ ပေါ့ပေါ့တန်တန်လုပ်ခဲ့လို့ ငလျင်ဒဏ်မခံနိုင်ဘဲ မလိုလား အပ်တဲ့ လူ့အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ပြန်လည်စိစစ် အရေးယူသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဧပြီလ ၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

မတ်လ ၂၈ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဆောက်အအုံအများအပြား ပျက်စီးခဲ့သလို လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဥက္ကဋ္ဌက ဆောက်လုပ်ရေးလုပ်ငန်းတွေကို အပြစ်တင်ခဲ့ပြီး သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ ဆောင်ရွက်ထားတာတွေကို ပြန်လည်စိစစ်ပြီး အရေးယူမှာ ဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။

ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကတော့ အဆောက်အအုံတွေ အရည်အသွေးမပြည့်မီတာအတွက် စစ်ကောင်စီမှာလည်း တာဝန်ရှိတယ်လို့ တုန့်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ တင်ဒါခေါ်ယူတဲ့အခါ နာမည်ရှိတဲ့ ကုမ္ပဏီတွေကို မပေးဘဲ စစ်ကောင်စီနဲ့ နီးစပ်တဲ့ကုမ္ပဏီတွေကို ချပေးတာအပြင် ဆောက်လုပ်ရေးသုံး သံထည်ပစ္စည်းတွေကို တင်သွင်းခွင့် လိုင်စင်ချမပေးတာတွေကြောင့် အဆောက်အဦးတွေမှာ အရည်အသွေးမပြည့်မီမှုတွေ ဖြစ်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အဲဒါကြောင့် အဆောက်အဦးတွေ ငလျင်ဒဏ်မခံနိုင်ဘဲ အရည်အသွေး မပြည့်မီတာဟာ ကန်ထရိုက်ဆောက်သူတွေအပြင် စစ်ကောင်စီဘက်မှာပါ တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။

“သူတို့နဲ့ လက်သင့်ရာ စားတော်ခေါ်သလို တကယ်တမ်း A Grate ကုမ္ပဏီမျိုးကို မပေးဘဲနဲ့ တခါတလေကြရင် အခုခေတ်ဆို ပိုဆိုးတာပေါ့။ ဘာမှတ်တမ်းမှတ်ရာမှ မရှိသေးတဲ့ ကုမ္ပဏီတွေကို သူတို့ ပေးချင်တဲ့အလုပ်တွေပေးပြီး အဲဒီကုမ္ပဏီက ရာခိုင်းနှုန်းယူ သူတို့ကလည်း ရာခိုင်းနှုန်းယူ အောက်ကိုဆင့်ကဲ ဆင့်ကဲတွေပေး။ ဆင့်ကဲဆင့်ကဲတွေ ရာခိုင်းနှုန်းတွေနဲ့ သွားလိုက်တဲ့အခါကြတော့ သိန်းတစ်သောင်းတန်တဲ့ဟာက တကယ်လုပ်တဲ့သူက သိန်းရှစ်ထောင်လောက်ပဲ ရရော။ နဂိုထဲကမှ သိန်းတစ်သောင်းလုပ်ရင်တောင်မှ မနည်းလုပ်ယူရမယ့်ဟာကို သိန်းရှစ်ထောင်လောက်နဲ့ လုပ်တဲ့အခါမှာ အောက်ခြေမှာ ဖြစ်ချင်ရာ ဖြစ်ကုန်ရော”

သံနဲ့ ဘိလပ်မြေတွေစျေးတွေဟာ စစ်ကောင်စီသတ်မှတ်စျေးထက် ပြင်ပပေါက်စျေးက သုံးဆလောက်မြင့်နေပြီး ကန်ထရိုက်တွေဘက်က အရည်အသွေးမပြည့်မီတဲ့ ပစ္စည်းတွေ အစားထိုးအသုံးပြုနေတာကြောင့် အဆောက်အအုံတွေ အရည်အသွေးမပြည့်မီတာလို့ အဲဒီလုပ်ငန်းရှင်က ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌကတော့ ငလျင်သက်ရောက်တဲ့ ဒေသတွေက အဆောက်အအုံတွေဟာ ငလျင်ဒဏ်ခံ နိုင်တဲ့အဆောက်အအုံတွေဖြစ်ဖို့လိုပြီး ခိုင်ခံမှုကို အလေးမထားတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေပိုပြီး ဖြစ်ပေါ်ခဲ့တာလို့ ပြောပါတယ်။

မျက်မြင်စစ်ဆေးချက်တွေအရ တချို့အဆောက်အအုံတွေဟာ အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း သူက ပြောပါတယ်။

_________________
ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်အမျိုးသားပြည့်တိုက်အား ဧပြီလ ၅ ရက်ကသွားရောက်ကြည့်ရှုခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ အားတွေ့ရစဉ်။ (Photo :cincds)

#ငလျင် #ဆောက်လုပ်ရေး #အပျက်အစီး #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Skyvilla မိသားစု- earthquake response posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share