Myint Myat Phyu Sin Charity Specialist Clinic- Mandalay

Myint Myat Phyu Sin Charity Specialist Clinic- Mandalay Our mission is to treat all the patients irrespective of race, religion and social standards

သင်္ကြန်ဆေးခန်းပိတ်ရက်ကြေငြာခြင်း
08/04/2026

သင်္ကြန်ဆေးခန်းပိတ်ရက်ကြေငြာခြင်း

19/02/2026
❤️"နာမကျန်းလူသားတို့ကိုကူညီဖို့ မြင့်မြတ်ဖြူစင်နှင့် လက်တွဲကြပါစို့”❤️🔷 မန္တလေးမြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးကုဆေးခန်းတွ...
19/02/2026

❤️"နာမကျန်းလူသားတို့ကိုကူညီဖို့ မြင့်မြတ်ဖြူစင်နှင့် လက်တွဲကြပါစို့”❤️

🔷 မန္တလေးမြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးကုဆေးခန်းတွင် ကျောက်ကပ်ဆေးလူနာများနှင့်အခြားလူနာများ အရေအတွက်များစွာအားကုသပေးခဲ့ပြီး ယခုအခါ ၂၀၂၆ နှစ်ဆန်းမှ စတင်၍ တနေ့လျှင် ပြင်ပကုလူနာ (၃၅၀-၄၀၀)ဦးထိ ကုသပေးလျှက်ရှိပါသည်။

🔷 ဇကားသ်အားသီးခြားအကောင့်ထဲတွင်ထားရှိထားပြီးနေ့စဉ်ဇကားသ်နှင့်လာရောက်ကုသပေးနေသောလူနာများအတွက်အဆိုပါငွေစာရင်းမှပေးချေပါသည်။ အလွန်ခိုင်မာသောစံနစ်ဖြင့်ငွေကြေးကိုင်တွယ်သုံးစွဲနေသည့်အတွက်မိမိတို့ငွေကြေးလည်ပတ်ကိုင်တွယ်ပုံအားလာရောက်လေ့လာလိုပါကနွေးထွေးစွာဖိတ်ခေါ်အပ်ပါသည်။

🔷 အခမဲ့ကျောက်ကပ်ဆေးခြင်း၊ မျက်စိခွဲစိတ်ကုသခြင်း အပါအဝင်ကုန်ကျစရိတ်များအတွက်သုံးစွဲနေပါသဖြင့်လူကြီးမင်းတို့လှုဒါန်းလိုက်သောဇကားသ်ငွေများမှာလပိုင်းအတွင်းပင်အကုန်သုံးစွဲပြီးသားဖြစ်သွားပါသည်။ နှစ်စဉ်ဇကားသ်ငွေလက်ကျန်မရှိပါ။ စရိတ်စကများဆေးဖိုးများကြီးမြင့်လာသည့်ယခုနှစ်သည်ယခင်နှစ်များထက်ကိုမိုရုန်းကန်နေရပါသည်။

💓 လမြတ်ရမ်ဇာန်ကာလအတွင်း နှစ်စဉ်လှုဒါန်းနေကြသောအလှုရှင်များကိုလည်းအထူးမေတ္တာရပ်ခံလိုသည်မှာမြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်ဆေးခန်းအားပိုမိုခိုင်မာစွာလုပ်ကိုင်ဆောင်ရွှက်သွားရန်ရည်မှန်းထားပါသဖြင့်လူကြီးမင်းတို့၏ဇကားသ်တာဝန်ချထားရန်လက်တွဲ့ပါဝင်ခွင့်ပေးရန်ဖြစ်ပါသည်။

ဘဏ်မှတဆင့်လှုဒါန်းလိုပါက အောက်ဖော်ပြပါပုံတွင် ငွေစာရင်း Account များသို့ပေးသွင်းနိုင်ပါသည်။

မှတ်ချက်။ အစ္စလာမ်ဘာသာဝင်များ၏ဘဏ်တိုးငွေများလုံးဝလက်မခံပါ။ ဆေးခန်း၏ဘဏ်ငွေစာရင်းအားလုံးသည်လည်းဘဏ်တိုးကင်းစင်သည့်အမျိုးအစားများသာသုံးပါသည်။

📝 သို့ဖြစ်ပါ၍ မိမိတို့၏ ဇကာသ်ငွေနှင့်လိလ္လာဟ်ငွေများကိုတတ်အားနိုင်သမျှလှုဒါန်းသည့်အပြင်နီးစပ်ရာမိတ်ဆွေများကိုပါလှုဒါန်းရန်အတွက်ဖိတ်ခေါ်ပေးပါရန်ခင်မင်ရင်းနှီးစွာဖြင့်ဖိတ်ခေါ်အပ်ပါသည်။

💌 လှူဒါန်းငွေ အောက်ဖော်ပြပါ ဘဏ်အကောင့်များသို့ ငွေလွှဲပြီးပါက အောက်ပါ Viber နံပတ်သို့ screenshot ပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

☎️Viber - 09771774757

မြင့်မြတ်ဖြူစင် အုပ်ချုပ်မှုကော်မတီ

 #ရမဇာန် ဉပုသ်လအတွင်း အချိန်ပြောင်းလဲ သတ်မှတ်ကြောင်း ကြေငြာခြင်း
13/02/2026

#ရမဇာန် ဉပုသ်လအတွင်း
အချိန်ပြောင်းလဲ သတ်မှတ်ကြောင်း ကြေငြာခြင်း

🩵 #မြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးကုဆေးခန်း🩵အား၂၀၁၀ခုနှစ်ဖွင့်သည့်နေ့မှ၂၀၂၆ ဇန်နဝါရီလအထိကုသမှု့အကြိမ်ပေါင်း ၁၆ သိန်းကျော်...
06/02/2026

🩵 #မြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးကုဆေးခန်း🩵

အား၂၀၁၀ခုနှစ်ဖွင့်သည့်နေ့မှ၂၀၂၆ ဇန်နဝါရီလအထိ
ကုသမှု့အကြိမ်ပေါင်း ၁၆ သိန်းကျော်
ကုသမှု့၊ဝန်ဆောင်မှု့ပေးပြီးဖြစ်ပါတယ်။

🔹ရန်ကုန် ၊မန္တလေးနှစ်မြို့ပေါင်း ကျောက်ကပ်ဆေးပေးခြင်းကိုလည်း လစဉ်အကြိမ် (၈၀၀)ဝန်းကျင်ပေးခြင်းနှင့်
ကင်ဆာဆေးသွင်းခြင်းကဲ့သို့ ထိရောက်သောကုသမှု့ပေးခြင်းလုပ်ငန်းများကိုလည်း ခေတ်နှင့်အညီနည်းပညာများအသုံးပြု၍ဆောင်ရွက်လျှက်ရှိပါသည်။

🔹မြင့်မြတ်ဖြူစင်၏အုပ်ချုပ်မှု့နည်းစနစ်နှင့်
ဇကားသ်ဟူသော အစ္စလာမ်ဘာသာဝင်များ၏
မဖြစ်မနေ နှစ်စဉ်နှစ်တိုင်း ပေးလှူနေရသောငွေကြေးများကိုလည်းအချိန်နှင့်တပြေးညီ တာဝန်ချပေးနေပါသည်။
♦️(လူကြီးမင်းတို့၏ ဇကားသ်ငွေများအား မသုံးစွဲဘဲ
အချိန်ကြာမြင့်စွာ သိမ်းဆည်းထားခြင်းမျိုးကို ပူပန်ရန်
မလိုအပ်ပါကြောင်း တင်ပြပါရစေ)♦️

🔹ဤတာဝန်သည်အစ္စလာမ့်တရားတော်အရ
အလွန်အရေးကြီးသည့်အပြင် ပေးသူရော၊ယူသူပါ
သာသနာကသတ်မှတ်ထားသော စံစည်းမျဉ်းစည်းကမ်း
များနှင့်ကိုက်ညီမှု့ရှိစေရန်ဆေးခန်းမှအလွန်တိကျသော
မူဘောင်များဖြင့်အပြန်အလှန်ထိမ်းကြောင်းထားသည့်စနစ်ဖြစ်ပါသည်။
🔹အဆိုပါစံနှုန်းများအတိုင်းရန်ကုန်မြို့၊မဂ်လာတောင်ညွန့်မြိုနယ်တွင်”မြတ်သီရိ”ဆေးခန်းနှင့်
မော်လမြိုင်မြို့တွင်”မြင့်မြတ်သံလွင်ဆေးခန်း”တို့သည်လည်းအောင်မြင်စွာစနစ်တကျလုပ်ကိုင်လျှက်ရှိပါသည်။ ဆေးခန်း(၄)ခုပေါင်းအနေဖြင့် တစ်လလျှင်လူနာပေါင်း (၃၀၀၀၀)ခန့်ကိုဝန်ဆောင်မှု့ပေးလျှက်ရှိပါသည်။
လူနာများ၏၈၀% မှာအခမဲ့ဖြစ်ပါသည်။

🔹လူသားများအား ဤမျှအကျိုးပြုနေသောလုပ်ငန်းကြီး
တခုလုံးအား ပြည်တွင်းအလှူရှင်များအပေါ်သာ
ရာနှုန်းပြည့်မှီခိုနေရသောဆေးခန်းများဖြစ်ပါသည်။

🔹ပေးသူနှင့်ယူသူအကြားဆောင်ရွက်နေသော
ဤဆေးခန်းအတွက် အကြံပြချက်များကိုလည်း
ကြိုဆိုပါသည်။
လူသားဖြစ်သည့်အတွက်ရာနှုန်းပြည့်စိစစ်ရန်
ခက်ခဲသော်လည်းသံသယလူနာများအား
အိမ်တိုင်ယာရောက်သွားရောက်တွေ့ဆုံမေးမြန်း
အကဲခတ်ခြင်းများကိုကော်မတီဝင်များ ကိုယ်တိုင်ဆောင်ရွက်နေပါသည်။

🔹ဆေးခန်း၏မူဝါဒအရမိမိကိုယ်ပိုင်ငွေအပြည့်ပေးချေလှူဒါန်း၍ကုသမူ့ခံယူနေသောလူနာများလည်း ရှိပါသည်။ သို့သော် အချို့သော လူကြီးမင်းများမှ မိမိတို့လှူဒါန်းသော ဇကားသ် ဒါနကြေးငွေများကို ဇကားသ် မထိုက်ဘဲအခွင့်အရေးယူနေသည်ဟု ထင်မြင်ဖွယ်ရာများကို စိုးရိမ်၍သတိပေးသူများကိုလည်း အထူးကျေးဇူးတင်ပါသည်။

🔹ဆေးခန်း၏ရည်ရွယ်ချက်မူဝါဒများတွင်အခမဲ့ရော၊အခပေးလူနာများပါအားလုံးကိုတမင်ရောထွေးစေပြီး”အခမဲ့သူများကိုသာကုသပေးနေသည့်ဆေးခန်း”ဆိုသည့်အထင်ကိုမရောက်ရှိစေရန် လူနာအားလုံးကို တန်းတူရည်တူဝန်ဆောင်မှုပေး၍ လူနာများအားလုံး၏ ဂုဏ်သိက္ခာကိုပါ ထိမ်းသိမ်းပေးနေခြင်းဖြစ်ပါသည်။ ☑️

ဆေးခန်းမှပေးလိုက်ဆေးများအား ပြည့်ပြည့်ဝဝ မှီဝဲ အသုံးပြုစေရေး၊ ဆေးအပိုများ လေလွင့်မှုမဖြစ်စေရေး
စသည့် တို့အတွက် စိုးရိမ်ပူပန်၍ အကြံပြုပြောကြားချက်များလည်း မကြာခဏဆိုသလို လက်ခံကြားသိရပါသည်။

🔹အဆိုပါကိစ္စများအတွက်အလှုရှင်ရော၊လူနာများပါထိခိုက်မှု့မရှိစေရန်သံသယရှိလူနာများကိုမိမိတို့ဆေးခန်းများဆရာဝန်များကိုယ်တိုင်ဆေးပညာမူဘောင်အတွင်းမှစိစစ်ခြင်း၊ဆေးကဒ်အခွံပြန်သိမ်းခြင်းအစရှိသည့်နည်းလမ်းများနှင့်လက်လှမ်းမီသလောက်စနစ်တကျ စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ☑️

🔹လူမျိုးစုံဘာသာစုံမှ လာရောက်ကုသနေသောလူနာများအတွက်ကုသရေးသာမက ကောင်းမွန်သောဆက်ဆံရေး ဝန်ဆောင်မှုများကိုပါဆောင်ရွှက်ပေးခြင်းဖြင့် လူနာများထံမှမေတ္ထာတရားနှင့်ဒိုအာ(ဆုမွန်ကောင်း) များပါရရှိအောင်စနစ်တကျဆောင်ရွက်လျက်ရှိပါသည်။

🔹အလှူငွေများကိုလည်းကော်မတီဝင်များကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ စိစစ်ဆောင်ရွက်လျှက်ရှိပါသည်။
ဤဆေးခန်း၏အမိုးအောက်ရောက်ရှိလူနာအားလုံး၏လူ့ဂုဏ်သိက္ခာနှင့်ရောဂါဝေဒနာကုသပေးခြင်းကိုခွဲခြားဆက်ဆံခြင်းကင်းရှင်းစွာဆောင်ရွက်ပေးနေပါသည်။

🔹လူကြီးမင်းတို့လှုဒါန်းလိုက်သောအလှူငွေများ အထူးသဖြင့်ဇကားသ်ငွေများကိုနှစ်စဉ်လက်ကျန်မရှိအောင်ဆောင်ရွှက်နိုင်ခြင်းကြောင့် ဇကားသ်တာဝန်အမြန်ဆုံးချနိုင်ခြင်း၊ဇကားသ်ဖြင့်ကုသနေသောလူနာများကိုလည်း စနစ်တကျစိစစ်နေခြင်းတို့ကြောင့်ဇကားသ်တာဝန်ချရန်အကောင်ဆုံးနေရာဖြစ်အောင်အမြဲမပြတ်ဆောင်ရွက်လျှက်ရှိပါသည်။

♦️ငွေကြေးလိုအပ်ချက်လည်းအလွန်မြင့်မားနေပါသည်။ အမှန်အတိုင်းဝန်ခံရရင် မြင့်မြတ်ဖြူစင်ဆေးခန်းလေးကငွေကြေးအများကြီးဘဏ်စာအုပ်ထဲမှာမရှိနေပဲလူနာများရဲ့မေတ္တာတွေတောင်းဆုဒိုအာတွေကြောင့်သာအခက်အခဲတွေကြားက ခုလိုအောင်မြင်စွာရပ်တည်နေရတဲ့ဆေးခန်းလေးဖြစ်ပါတယ်။

📣များများကူညီပေးကြပါ။
📣များများကုသိုလ်ပါဝင်ပေးကြပါ။

🔹သို့ဖြစ်ပါ၍လူကြီးမင်းတို့၏ဇကားသ်ငွေများဖြင့်အမှန်တကယ်ကျန်းမာရေးအတွက်လိုအပ်နေသူများကိုကူညီခြင်းအားဖြင့်ဇကားသ်တာဝန်ကျေရုံသာမကကျန်းမာရေးချို့တဲ့သူများကိုကူညီရသောကုသိုလ်များပါရရှိနိုင်မည့်အတွက် အများဆုံးလှူဒါန်းပေးပါရန်
ဆေးခန်းကော်မတီမှမေတ္တာရပ်ခံအပ်ပါသည်။

🔹လူကြီးမင်းတို့ ဘာပဲလှူလှူ

♥️“မြင့်မြတ်ဖြူစင် ကုသိုလ်ဖြစ်အထူးကုဆေးခန်း
လေးကိုတော့ မမေ့လိုက်ပါနဲ့” ♥️လို့

အသိပေး လိုက်ပါရစေ….
#မြင့်မြတ်ဖြူစင်ကုသိုလ်ဖြစ်အထူးကုဆေးခန်း
#မြင့်မြတ်ဖြူစင်
#ဇကားသ်
#ကုသိုလ်ဖြစ်ဆေးခန်း

Job Vacancy
25/12/2025

Job Vacancy

Medical Technologists (2) postsLab Technician (1) post
21/10/2025

Medical Technologists (2) posts
Lab Technician (1) post

🪔HAPPY DEEPAVALI🪔ယနေ့ကျရောက်သောဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ထူးနေ့မြတ်တွင်မြန်မာနိုင်ငံအတွင်းရှိဟိန္ဒူဘာသာဝင်များ၊မြင့်မ...
20/10/2025

🪔HAPPY DEEPAVALI🪔

ယနေ့ကျရောက်သော
ဟိန္ဒူဘာသာဝင်တို့၏ ဒေပါဝလီနေ့ထူးနေ့မြတ်တွင်
မြန်မာနိုင်ငံအတွင်းရှိဟိန္ဒူဘာသာဝင်များ၊
မြင့်မြတ်ဖြူစင်ဆေးခန်းတွင်
တာဝန်ထမ်းဆောင်နေသော ဟိန္ဒူဘာသာဝင်ဝန်ထမ်းမိသားစုများ၊ လာရောက်ဆေးကုသနေသော
လူနာများအားလုံးတို့အပေါ်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်
ပြည့်စုံပါစေကြောင်းနှင့် မိမိတို့ချစ်ခင်ရသော
မိသားစုဆွေမျိုးမိတ်သဂ်ဟများနှင့်
ပျော်ရွှင်ချမ်းမြေ့စွာဆင်နွှဲပါဝင်နိုင်ပါစေကြောင်း
မြင့်မြတ်ဖြူစင်အုပ်ချုပ်မှု့ကော်မတီနှင့်ဝန်ထမ်းမိသားစုများက
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဘေးဘရာခပ်သိမ်းကင်းငြိမ်းပျော်ရွှင်ကြပါစေ။

အမိမြန်မာနိုင်ငံတော်ကြီးလည်းအေးချမ်း
တိုးတက်နိုင်ပါစေ။

𝗩𝗮𝗰𝗮𝗻𝗰𝗶𝗲𝘀 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။09-771 774 75702-2847211
29/06/2025

𝗩𝗮𝗰𝗮𝗻𝗰𝗶𝗲𝘀 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁

အသေးစိတ်ကို အောက်ပါဖုန်းနံပါတ်များသို့
ဆက်သွယ်မေးမြန်းနိုင်ပါသည်။

09-771 774 757
02-2847211

🗓️ 1️⃣1️⃣➖6️⃣➖2️⃣0️⃣2️⃣5️⃣ မှစ၍♥️ မြင့်မြတ်ဖြူစင်        ကုသိုလ်ဖြစ်အထူးကုဆေးခန်း (မန္တလေး) တွင်📌  ယခင် မူလဝန်ဆောင်မှုမျ...
10/06/2025

🗓️ 1️⃣1️⃣➖6️⃣➖2️⃣0️⃣2️⃣5️⃣ မှစ၍

♥️ မြင့်မြတ်ဖြူစင်
ကုသိုလ်ဖြစ်အထူးကုဆေးခန်း (မန္တလေး) တွင်

📌 ယခင် မူလဝန်ဆောင်မှုများ အတိုင်း
🩺 အထူးကု ဆရာဝန်ကြီးများနှင့်
ပြန်လည်ပြသနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်း ပါးအပ်ပါသည်။

♦️ ဆေးခန်းဖွင့်ချိန် -
နံနက် ၈:၀၀ နာရီ မှ ညနေ ၄:၀၀ နာရီထိ

♦️ ဆေးခန်း ပိတ်ရက် -
သောကြာနေ့

📮 အသေးစိတ်ချက်အလက်များကို
အောက်ပါ ဖုန်းနံပါတ်များမှ
ဆက်သွယ်စုံစမ်း နိုင်ပါသည်။

📞 02-2847211
📞 09-771774757

Address

74 Street, Between 36*37street
Mandalay

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

022847211

Website

Alerts

Be the first to know and let us send you an email when Myint Myat Phyu Sin Charity Specialist Clinic- Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myint Myat Phyu Sin Charity Specialist Clinic- Mandalay:

Share