Econova

Econova Every action counts: Be the change with EcoNova🌱

🔗Tiktok : https://www.tiktok.com/?_t=ZS-8x0iLHiCcGF&_r=1
🔗Telegram : https://t.me/econova11

AI ရဲ့အောင်မြင်မှုနောက်ကွယ်မှာ Nova တို့ကမ္ဘာမြေကြီးဘာတွေ ဆုံးရှုံးနေရသလဲဆိုတာ သိကြပါသလား❓~English version below~မနက်နို...
19/08/2026

AI ရဲ့အောင်မြင်မှုနောက်ကွယ်မှာ Nova တို့ကမ္ဘာမြေကြီးဘာတွေ ဆုံးရှုံးနေရသလဲဆိုတာ သိကြပါသလား❓
~English version below~

မနက်နိုးတာနဲ့ ChatGPT ကို ဒီနေ့ဘာလုပ်ရမလဲလို့ မေးလိုက်တာပဲဖြစ်ဖြစ်၊ AI နဲ့ ဓာတ်ပုံလှလှလေးတွေ ဖန်တီးပြီး လူမှုကွန်ရက်ပေါ် တင်လိုက်တာပဲဖြစ်ဖြစ် လုပ်ဖူးကြမှာပါ။

ဒီလို ဒစ်ဂျစ်တယ်နည်းပညာတွေဆိုတာ စက္ကူတွေ၊ သစ်ပင်တွေ သုံးဖို့ ခုတ်ဖို့မလိုတာကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်လာစရာအကြောင်း မရှိဘူးလို့ ထင်ကောင်းထင်မိနိုင်ပါတယ်။

ဒါပေမဲ့ Nova တို့ AI ဆီက အဖြေတစ်ခုရလိုက်တိုင်း၊ ဓာတ်ပုံတစ်ပုံထွက်လာတိုင်းမှာ ကမ္ဘာမြေကြီးရဲ့ သယံဇာတပေါင်းများစွာကို တစ်ပြိုင်နက် ပေးဆပ်လိုက်ရမှန်းတော့ တော်တော်များများ သတိမမူမိကြပါဘူး။

ဒါဆို AI ရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို လေ့လာကြည့်ရအောင် 🤔

🌡ရာသီဥတုပြောင်းလဲမှု

Nova တို့မေးလိုက်တာတွေကို စက္ကန့်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်တယ်ဆိုတာ AI နောက်က ဒေတာစင်တာကြီးထဲမှာ ထောင်နဲ့ချီတဲ့ကွန်ပျူတာတွေ နေ့ညမပြတ် အလုပ်လုပ်ပေးနေလို့ပါ။

နိုင်ငံအများစုမှာ ဒီလျှပ်စစ်စွမ်းအင်ကို ကျောက်မီးသွေးတွေ၊ သဘာဝဓာတ်ငွေ့တွေကနေ ထုတ်လုပ်နေဆဲဖြစ်တာကြောင့် ကာဗွန်ထုတ်လွှတ်မှု ပိုမိုများပြားလာပါတယ်။ ဒီလိုနဲ့ ကမ္ဘာကြီးပူနွေးလာမှုဟာလည်း ပိုပြီးဆိုးရွားလာပါတော့တယ်။

💧ရေရှားပါးမှု

AI ကို လည်ပတ်ပေးနေတဲ့ စက်တွေက အပူအလွန်အကျွံ ထွက်တာကြောင့် အအေးခံဖို့အတွက် ရေသန့်အများကြီး အသုံးပြုရပါတယ်။

အကျိုးဆက်အနေနဲ့ ရေရှားတဲ့ဒေသတွေမှာ သောက်သုံးရေတွေ၊ စိုက်ပျိုးရေးသုံးရေတွေ ရှားပါးလာနိုင်သလို၊ အအေးခံပြီး ပြန်လည်စွန့်ပစ်လိုက်တဲ့ ရေတွေကြောင့်လည်း ရေနေဂေဟစနစ်ကို ပျက်စီးစေပါတယ်။

🌫 လေထုညစ်ညမ်းမှု

ဒေတာစင်တာတွေမှာ လျှပ်စစ်မလုံလောက်တဲ့ အချိန် အရန်အဖြစ် ဒီဇယ်မီးစက်တွေကို အသုံးပြုရတာကြောင့် PM 2.5 နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ် တို့လို လေထုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေ ပိုမိုထုတ်လွှတ်လာနိုင်ပါတယ်။

🗑 E-waste တိုးလာခြင်း

ဖုန်းတစ်လုံး အဟောင်းဖြစ်သွားရင် အသစ်လဲကြသလို AI လောကမှာလည်း ဒီလိုပါပဲ။
နည်းပညာတွေ တောက်လျှောက်ပြောင်းလဲနေတဲ့အလျောက် ဆာဗာတွေ၊ တွက်ချက်ရေးစက်တွေကို သုံးနှစ်ကနေ ငါးနှစ်အတွင်း အစားထိုးပေးရပါတယ်။

အဲ့ဒီစက်ဟောင်းတွေမှာ ခဲ၊ ပြဒါး နဲ့ ကက်မီယမ်လို အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုတွေ ပါဝင်နေတာကြောင့် စနစ်တကျ မစွန့်ပစ်ဘူးဆိုရင် မြေကြီးနဲ့ မြေအောက်ရေကို ညစ်ညမ်းစေပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိခိုက်စေနိုင်ပါတယ်။

🌱 ဒါတွေက AI အသုံးပြုတာကို အပြီးပိုင်ရပ်တန့်လိုက်ဖို့ မဆိုလိုပါဘူး။

AI ဟာ ပညာရေး၊ ကျန်းမာရေး၊ သုတေသန နဲ့ လုပ်ငန်းခွင်တွေမှာ အထိုက်အလျောက် အထောက်အကူပြုနေတဲ့ နည်းပညာတစ်ခုဆိုလည်း မမှားပါဘူး။

ဒါပေမဲ့ Nova​ တို့အနေနဲ့ အသုံးဝင်တယ်ဆိုတိုင်း မလိုအပ်တဲ့အရာတွေကို AI နဲ့ပဲ ဖြေရှင်းနေမယ့်အစား ​_

- Google မှာ အလွယ်တကူ ရှာလို့ရတဲ့ အချက်အလက်တွေကို AI ဆီ ထပ်ခါတလဲလဲ မမေးဘဲ ရှာဖွေကြည့်တာ

- ပုံတွေ၊ ဗီဒီယိုတွေဖန်တီးဖို့ AI ကိုတကယ် လိုအပ်တဲ့အချိန်မှ အသုံးပြုတာ စတဲ့ အလေ့အထလေးတွေကနေ အစပျိုးနိုင်ပါတယ်။

နည်းပညာတွေ တိုးတက်လာတာဟာ အရေးကြီးသလို၊ အဲဒီနည်းပညာတွေအပေါ် မှီခိုနေတဲ့ ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့လည်း အရေးကြီးတယ်ဆိုတာ သတိရလိုက်ပါနော် 🌎

ဒီလို စိတ်၀င်စားဖွယ် အသိပညာပေးအကြောင်းအရာတွေကို အချိန်မှီဖတ်ရှုနိုင်ဖို့ Econova ရဲ့ page လေးတွေကို like & follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော် 💚

(English version)

How Ai could result damages on environment ?

Do you know what our planet is losing behind the success of AI, Nova? ❓

Whether it’s waking up in the morning and asking ChatGPT what you should do today, or creating beautiful pictures with AI and posting them on social media, you’ve probably done it before.

You might think that digital technologies don’t harm the environment because they don’t require paper or cutting down trees.

However, what most people don’t realize is that every time Nova gets an answer from AI, or every time an AI-generated image is created, our planet simultaneously pays the price with a large amount of its natural resources.

So, let’s take a look at AI’s impacts on the environment. 🤔

🌡 Climate Change

The reason AI can give Nova answers within seconds is because thousands of computers inside huge data centers are working day and night behind the scenes.

In many countries, this electricity is still generated from coal and natural gas, resulting in increased carbon emissions. As a result, global warming becomes even more severe.

💧 Water Scarcity

The machines that power AI produce an enormous amount of heat, so large quantities of clean water are needed to cool them down.

As a consequence, drinking water and irrigation water may become scarcer in water-stressed regions. In addition, the water discharged after being used for cooling can also damage aquatic ecosystems.

🌫 Air Pollution

When there isn’t enough electricity at data centers, diesel generators are used as backup power, which can release more air pollutants such as PM2.5 and nitrogen oxides.

🗑 Increasing E-waste

Just as people replace their phones when they become old, the same is true in the world of AI.

As technology continues to advance, servers and computing machines need to be replaced every three to five years.

Those old machines contain toxic metals such as lead, mercury, and cadmium. If they are not disposed of properly, they can contaminate the soil and groundwater and cause long-term damage to the environment.

🌱 This doesn’t mean we should stop using AI completely.

It wouldn’t be wrong to say that AI is a technology that provides considerable support in education, healthcare, research, and workplaces.

However, just because it’s useful doesn’t mean Nova should rely on AI for everything unnecessarily. Instead, we can start with small habits such as:

Searching on Google instead of repeatedly asking AI for information that can easily be found there.
Using AI to create images or videos only when it is truly necessary.

Just as technological advancement is important, it’s also important to protect the Earth that those technologies depend on. 🌎

And don’t forget to like and follow Econova’s pages so you can read interesting educational content like this on time. 💚

page: https://www.facebook.com/share/178UwUR16z/?mibextid=wwXIfr

TikTok Page: https://www.tiktok.com/?_t=ZS-90e5Qwp4am8&_r=1

Telegram: https://t.me/econova11

Youtube:https://www.youtube.com/






မိုးတွင်း အန္တရာယ်English version below အခုဆို မိုးတွင်းရောက်ပြီဆိုတော့ ရေကြီးရေလျှံမှုတွေ နေရာ‌အများစုမှာ စတင်ကြုံတွေနေ...
18/08/2026

မိုးတွင်း အန္တရာယ်

English version below

အခုဆို မိုးတွင်းရောက်ပြီဆိုတော့ ရေကြီးရေလျှံမှုတွေ နေရာ‌အများစုမှာ စတင်ကြုံတွေနေရတာကို Nova လေးတို့ ကြားမိကြမယ်ထင်ပါတယ်😥
‎
‎ဒါဆို ရေကြီးရေလျှံခြင်းအကြောင်းတွေ၊ ဘယ်လို အရေးပေါ်ကာကွယ်ကြမလဲဆိုတာတွေကို သိထားသင့်တာပေါ့နော်။
‎
‎ဘာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာရတာလဲ?
‎
‎ရေကြီးရေလျှံမှုဟာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေလျှံခြင်း၊ ဆူနာမီ၊ ဟာရီကိန်းမုန်တိုင်း၊ ဒီရေလှိုင်းတွေနဲ့ ရေခဲတွေအရည်ပျော်ခြင်းဆိုတဲ့ သဘာဝပြဿနာတွေအပြင် မသင့်လျော်တဲ့ စိုက်ပျိုးရေး လုပ်ဆောင်မှုတွေ၊ ရေကာတာ ကျိုးပေါက်မှုတွေဖြစ်တဲ့ လူတွေရဲ့ လုပ်ဆောင်မှုကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။
‎
‎ရေကြီးခြင်းမဖြစ်ပေါ်မီ ဘာတွေပြင်ဆင်ထားကြမလဲ?
‎
· ‎ဒေသဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေးတွေရဲ့ အချက်အလက်တွေ၊ မိသားစုဝင်တွေရဲ့ အချက်အလက်တွေကို ကြိုတင်သိရှိထားရပါမယ်။
· ‎လုံခြုံတဲ့ ခိုလှုံရာနေရာကို ရှာဖွေထားရပါမယ်။
· ‎မိသားစုဝင်တွေနဲ့ အရေးပေါ်စုဝေးမဲ့ နေရာကိုလည်း သတ်မှတ်ထားရပါမယ်။
· ‎အရေးပေါ်စီမံခန့်ခွဲရေး အာဏာပိုင်တွေရဲ့ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာရပါမယ်။
‎
‎ဒါဆို ရေကြီးနေစဥ် ဘာတွေကို ဂရုပြုရမလဲ?
‎
· ‎မြင့်မားသော နေရာသို့ ရွှေ့ပြောင်းရပါမယ်။
· ‎ရေစီးသန်တဲ့နေရာတွေ၊ ဓာတ်‌ကြိုး‌ပြုတ်ကျနေတဲ့ နေရာတွေကို မသွားမိဖို့ ဂရုပြုရပါမယ်။
· ‎ရေကြီးနေတဲ့နေရာကို ကယ်ဆယ်ရေးဝန်ထမ်းတွေဘဲ သွားလာခွင့်ရှိပြီး ကြေညာချက်တွေကိုလည်း နားထောင်နေရပါမယ်။
· ‎ပြတင်းပေါက်တွေ၊ အပြင်ကို ဖွင့်ထားတဲ့ တံခါးပေါက်တွေ အကုန်ပိတ်ထားရပါမယ်။
‎
‎ရေကျပြီးတာနဲ့ ပေါ့ပေါ့ဆဆနေထိုင်ဖို့ မသင့်ပါဘူးနော်။ ရေကျပြီး အခြေအနေတွေကိုလည်း ထပ်မံပြီး ဂရုပြုရပါဦးမယ်။
‎
· ‎အဆောက်အဦးအပျက်အစီးတွေနဲ့ ဝေးရာမှာ နေပါ။
· ‎လျှပ်စစ်ပစ္စည်းတွေကို လုံခြုံကြောင်း စစ်ဆေးပြီးမှသာ အသုံးပြုပါ။
· ‎ပိုင်ဆိုင်မှု ထိခိုက်မှုအပျက်အစီးတွေအတွက် အာမခံတောင်းဆိုဖို့၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့မှု ရယူဖို့အတွက် မှတ်တမ်းတင်ထားပါ။
· ‎အာဏာပိုင်တွေက လုံခြုံကြောင်း တရားဝင်မကြေညာသေးခင်အထိ နေအိမ်၊ လုပ်ငန်းခွင်သို့ မပြန်ဖို့ သတိပြုပါ။
‎
‎အခုဆို ရေကြီးခြင်းကို ဘယ်လိုပြုမှုတုံ့ပြန်ရမလဲ သိသွားကြပြီထင်ပါတယ်။

ရေကြီးရေလျှံမှုဟာ လူတို့ရဲ့ အသက်အန္တရာယ်၊ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တခုဖြစ်ပါတယ်။
‎
‎ဒါကြောင့် Nova လေးတို့လည်း ပေါ့ပေါ့ဆဆမနေဘဲ မဖြစ်ခင်ကတည်းက အရေးပေါ်တုံ့ပြန်နိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ကြပါနဲ့နော်❗️

English version

Rainy Season Danger

Flood season is here, and many places have already started experiencing floods due to heavy rainfall. We believe many of our Novas have already heard about these situations😥

So, it's important to understand what causes floods and how we can prepare and stay safe during a flood.

What causes floods?

Floods can happen because of natural events such as heavy rainfall, overflowing rivers, tsunamis, hurricanes, storm surges, and melting ice. They can also be caused by human activities, such as poor farming practices and dam failures.

What should you prepare before a flood?

- Keep the contact information of your local emergency services and your family members.
- Find a safe place where you can stay if flooding happens.
- Decide on an emergency meeting place with your family.
- Follow the instructions given by local emergency management authorities.

What should you do during a flood?

- Move to higher ground as soon as possible.
- Stay away from fast-moving floodwaters and areas with fallen power lines.
- Only rescue workers should enter flooded areas. Listen carefully to official announcements and follow their instructions.
- Close all windows and any doors that open to the outside.

What should you do after the flood?

Even after the floodwater goes down, you should continue to stay careful.

- Stay away from damaged buildings and unsafe areas.
- Check that electrical appliances are safe before using them.
- Record any damage to your property so you can apply for insurance claims or disaster assistance.
- Do not return to your home or workplace until the authorities officially announce that it is safe.

Now you know how to respond to a flood.

Floods are natural disasters that can cause loss of life, damage to property, and emotional stress.

That's why, dear Novas, don't take floods lightly. Be prepared in advance so you can respond quickly and stay safe when an emergency happens❗️

Follow us to learn more interesting and informative environmental topics💚.

page: https://www.facebook.com/share/178UwUR16z/?mibextid=wwXIfr

TikTok Page: https://www.tiktok.com/?_t=ZS-90e5Qwp4am8&_r=1

Telegram: https://t.me/econova11

Youtube:https://www.youtube.com/






တန်ဖိုးသိတဲ့လူတွေဆီမှာ တန်ဖိုးထားခံရတဲ့ ဆေးဖက်၀င် မြေဇာမြက်ပင်လေးတွေ(English version below)မြေဇာမြက်ပင်လေးတွေဟာ လမ်းဘေးမ...
17/08/2026

တန်ဖိုးသိတဲ့လူတွေဆီမှာ တန်ဖိုးထားခံရတဲ့ ဆေးဖက်၀င် မြေဇာမြက်ပင်လေးတွေ

(English version below)

မြေဇာမြက်ပင်လေးတွေဟာ လမ်းဘေးမှာ ပေါက်ရောက်ကြပေမဲ့ တိုင်းရင်းဆေးပညာအတွက်တော့ များစွာတန်ဖိုးရှိကြပါတယ်

မြေဇာမြက်လေးတွေဟာ နှစ်ရှည်မြက်အမျိုးအစားဖြစ်ပြီးတော့ အာရှ‌ဒေသတွေမှာ တိုင်းရင်းဆေးဖော်စပ်တဲ့အခါ အသုံးပြုကြပါတယ်

မြေဇာမြက်လေးတွေရဲ့ မူရင်းဒေသဟာ အာဖရိက လို့ ပြောရင် ယုံကြမလား nova လေးတို့ရေ

မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် အပူပိုင်းဒေသများတွေမှာလည်း များစွာပေါက်ရောက်ကြပါသေးတယ်

မြေဇာမြက်လေးတွေရဲ့ အာနိသင်တွေကတော့💚

🌱အနာကျက်မြန်စေခြင်း
🌱သွေးတိတ်စေခြင်း
🌱ရောင်ရမ်းခြင်းကို လျော့နည်းခြင်း
🌱ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို သက်သာစေခြင်း

စတဲ့ အစွမ်းပကားတွေပဲ ဖြစ်ပါတယ်😉

ဖော်စပ်ပုံအနေနဲ့ကတော့💚

လတ်ဆတ်တဲ့မြေဇာမြက်လေးတွေကို ရိတ်သိမ်းမယ်

ပြီးတဲအခါ သန့်စင်အောင်ဆေးကြောပြီး ဖျော်ရည်၊ အနှစ် ဒါမှမဟုတ် အခြောက်မှုန့်အဖြစ် အသုံးပြုလို့ရပါတယ်

ကျေးလတ်ဒေသခံ‌ေတွ၊တိုင်းရင်းဆေးပညာရှင်တွေ နဲ့ ဆေးဖက်ဝင်အပင် အသုံးပြုသူတွေအတွက်တော့ ဆေးပင်ကောင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ် novaလေးတို့ရေ

ခုဆိုရင် မြေဇာမြက်‌ပင်လေးတွေရဲ့ ဆေးဖက်၀င်ပုံကို သိလောက်ကြပြီ ထင်ပါတယ်

Novaလေးတို့ရဲ့ သူငယ်ချင်းတွေကိုလည်း မြေဇာမြက်ပင်လေးတွေအကြောင်း မျှဝေပေးလိုက်ဦးနော်

(English version)

A valuable medicinal Bermuda Grass that is appreciated by those who know its value

Although Bermuda grass grows along roadsides, it is very valuable in traditional medicine.

Bermuda grass is a perennial grass. It is used in traditional medicine in many Asian countries.

Would you believe that the original home of Bermuda grass is Africa, Nova friends?

Today, it also grows widely in Myanmar, Thailand, India, China, and many other tropical regions.

The benefits of Bermuda grass are💚.

🌱 It helps wounds heal faster.
🌱 It helps stop bleeding.
🌱 It helps reduce inflammation.
🌱 It may help relieve urinary tract problems.

How is it prepared 💚.

First, fresh Bermuda grass is collected.

Then, it is washed carefully and can be used as juice, paste, or dried powder.

For people living in rural areas, traditional medicine practitioners, and those who use medicinal plants, Bermuda grass is considered a valuable medicinal herb, Nova friends.

Now, we hope you have learned about the medicinal value of Bermuda grass.

Don't forget to share this knowledge with your friends!

Follow us for more interesting facts about nature and the environment💚.

page: https://www.facebook.com/share/178UwUR16z/?mibextid=wwXIfr

TikTok Page: https://www.tiktok.com/?_t=ZS-90e5Qwp4am8&_r=1

Telegram: https://t.me/econova11

Youtube:https://www.youtube.com/






15/08/2026

SHARED EARTH ALLIANCE (SEA) Network's Launch Event Announcement

ကျွန်တော်တို့ Shared Earth Alliance (SEA) Network သည် ရာသီဥတုပြောင်းလဲခြင်းအားထိခိုက်လွယ်သည့် လူမှုအသိုက်အဝန်းများအနေဖြင့် သဘာဝအခြေပြုဖြေရှင်းနည်းများမှတစ်ဆင့် ရာသီဥတုပြောင်းလဲခြင်းတို့အပေါ် ရေရှည်ကြံ့ကြံ့ခံနိုင်ရည် ပိုမိုအားကောင်းလာစေရန် မျှော်မှန်းချက်ဖြင့် ဇွန်လ၊ ၂၀၂၆ခုနှစ်တွင် စတင်ခဲ့ပါတယ်။

SEA Network သည် ၄င်း၏မျှော်မှန်းချက်ကိုရောက်ရှိရန် လုပ်ဆောင်သွားမယ့်အစီအစဥ်များ၊ ပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်များကို တင်ပြရန်၊ သဘာဝအခြေပြုဖြေရှင်းနည်းများ၏ သဘောတရားများ၊ သဘာဝအ‌ခြေပြုဖြေရှင်းနည်းဆိုင်ရာ စီမံကိန်းစီမံခန့်ခွဲခြင်းအကြောင်းအရာများ၊ မြို့ပြမှာ ကြုံတွေ့ကြရသော ရာသီပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများကို သဘာဝအခြေပြုဖြေရှင်းနည်းများဖြင့် ဖြေရှင်းရာတွင် Sustainable Architecture နယ်ပယ်ရဲ့ အခန်းကဏ္ဍတို့ကို မျှဝေနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်ထဲမှ အဖွဲ့အစည်းများ၊ Educator များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်းတွင် ပါဝင်လှုပ်ရှားနေကြတဲ့သူများ၊ စိတ်ဝင်စားကြသူများနဲ့ လေ့လာသင်ယူနေကြသူများ၊ သဘာဝအခြေပြုဖြေရှင်းနည်းလမ်းများ အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းများ၊ ပညာရှင်များနဲ့ ချိတ်ဆက်သွားနိုင်ရန်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ Launch Event ကို Hybrid Mode ဖြင့် ပြုလုပ်သွားရန် စီစဥ်ထားပါတယ်။

ရန်ကုန်ပြင်ပတွင်နေထိုင်ကြသူများ၊ ရန်ကုန်တွင် နေထိုင်ကြပေမယ့် သွားလာရေးအခက်အခဲရှိကြသူများ Online မှပါဝင်နိုင်ရေး ဦးစားပေးစီစဥ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

SEA Network Launch Event ကို သြဂုတ်လ၊ (၂၉)ရက်နေ့ စနေနေ့တွင် 3ZERO House Myanmar မှာ နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ပြုလုပ်သွားဖို့ ရှိပါတယ်။ 3Zero House အနီးအနားတစ်ဝိုက်မှာ ကားပါကင်မရရှိနိုင်ပါ။ အနီးဆုံးမှတ်တိုင်က (46)လမ်းမှတ်တိုင်နဲ့ စိန်ပေါလ်မှတ်တိုင်တို့ဖြစ်ပါတယ်။

ပွဲသည် လူဦးရေအကန့်အသတ်ရှိတာကြောင့် ပါဝင်ရန် စိတ်ဝင်စားသူများအနေဖြင့် သြဂုတ်လ၊ (၂၅)ရက်နေ့ အင်္ဂါနေ့မတိုင်ခင် Registration Form တွင် အချက်အလက်များအမြန်ဆုံးဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSem4gULSRJibh5MCK3RlNPyJFcnQ4b-v4K79cXynpTReWUJTg/viewform?usp=header

ဒါဆို ကျွန်တော်တို့တွေ Launch Event မှာ ဆုံတွေ့ကြဖို့ မျှော်နေပါမယ်။

🌧️ မိုးရွာတဲ့နေ့ဆိုရင် မြေသင်းနံ့သင်းသင်းလေး၊ လေအေးအေးလေးနဲ့ စိုစွတ်လန်းဆန်းနေတဲ့ ပတ်၀န်းကျင်လေးကိုပဲ ပြေးမြင်မိကြမှာပါ။...
12/08/2026

🌧️ မိုးရွာတဲ့နေ့ဆိုရင် မြေသင်းနံ့သင်းသင်းလေး၊ လေအေးအေးလေးနဲ့ စိုစွတ်လန်းဆန်းနေတဲ့ ပတ်၀န်းကျင်လေးကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အဲ့ဒီမိုးရေစက်လေးတွေဟာ ရေသန့်သက်သက် မဟုတ်တော့မှန်း Nova တို့သတိမူမိကြရဲ့လား?

~English version below ~

မိုးရေဆိုတာ သက်ရှိအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေချိုအရင်းအမြစ်တစ်ခု ဖြစ်တဲ့အပြင် သောက်သုံးရေ၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ဂေဟစနစ်တွေ ရှင်သန်ဖို့အတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါ၀င်နေပါတယ်။

အခုချိန်မှာတော့ စက်မှုလုပ်ငန်းတွေတိုးပွားလာခြင်း၊ လေထုညစ်ညမ်းလာခြင်းနဲ့ ရာသီဥတုပြောင်းလဲလာခြင်းတွေကြောင့် မိုးရေဟာ အရင်ကလို မသန့်ရှင်းတော့မှန်း သုတေသီတွေက ဖော်ပြထားပါတယ်။

ဒါဆို အရင်ခေတ်မိုးရေနဲ့ အခုမိုးရေ ဘာတွေကွာခြားသွားလဲဆိုတာ ဆန်းစစ်ကြည့်ရအောင် 🤔

စက်မှုတော်လှန်ရေး မတိုင်ခင်ကာလတွေမှာ စက်ရုံ၊ မော်တော်ယာဉ်နဲ့ ကျောက်မီးသွေးအသုံးပြုမှုတွေလည်း အခုခေတ်လောက် မများပြားခဲ့ပါဘူး။ အဲ့ဒီအချိန်က microplastics တွေလည်းမရှိသလောက်ဖြစ်ပြီး PFAS လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေကို မတွေ့ရသေးတာကြောင့် အက်စစ်မိုးရွာသွန်းမှုဟာလည်း မဆိုစလောက် နည်းပါးခဲ့ပါတယ်။

အခုအခါမှာတော့ မိုးရေထဲက microplastics တွေကို မြို့ပြဒေသတွေတင်မက အမျိုးသားဥယျာဉ်တွေ၊ တောတွေတောင်တွေလို ဝေးလံခေါင်ပါးတဲ့ နေရာမျိုးတွေမှာပါ တွေ့ရှိနေရပါပြီ။ တစ်ဖက်မှာလည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက ထုတ်လွှတ်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေဟာ လေထုထဲက ရေငွေ့တွေနဲ့ပေါင်းစပ်ပြီး နောက်ဆုံးမှာ အက်ဆစ်မိုးအဖြစ် ရွာသွန်းစေပါတယ်။

☔ အက်ဆစ်မိုးဆိုတာဘာလဲ?

ပုံမှန်မိုးရေရဲ့ အက်ဆစ်ဓာတ်အဆင့်ဟာ ၅.၆ ခန့်ရှိပြီး အဲဒီထက် အက်ဆစ်ဓာတ်ပိုများလာတဲ့ မိုးရေကို အက်ဆစ်မိုးလို့ ခေါ်ပါတယ်။

⚠️ အက်ဆစ်မိုးဟာ

- သစ်တောတွေကို ပျက်စီးစေတယ်
- ရေကန်တွေ၊ မြစ်ချောင်းတွေ အက်ဆစ်ဓာတ်မြင့်တက်လာပြီး ငါးတွေနဲ့ ရေနေသက်ရှိတွေကို ထိခိုက်စေတယ်
- စိုက်ပျိုးရေးထွက်ကုန်‌တွေ လျော့နည်းစေတယ်
- အဆောက်အအုံ‌တွေ၊ ရှေးဟောင်းအမွေအနှစ် တွေဖြစ်တဲ့ ကျောက်တိုင်တွေကို ယိုယွင်းစေတယ်
- မြေဆီလွှာနဲ့ ရေချိုအရင်းအမြစ်တွေကိုလည်း အက်ဆစ်ဓာတ်မြင့်မားစေပါတယ်။

ဒါ့အပြင် ကမ္ဘာကြီးပူနွေးလာတာဟာလည်း မိုးရွာသွန်းမှုပုံစံတွေအပေါ် အဓိကသက်ရောက်‌နေတယ်ဆိုတာ Nova တို့သိထားကြပါသလား?

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၁၉ ရာစုနှောင်းပိုင်းထက်စာရင် အထိမြင့်တက်လာခဲ့ပါတယ်။ ဒီလို အပူချိန်မြင့်မားလာတာကြောင့် လေထုထဲမှာ ရေငွေ့တွေပိုမိုသိုလှောင်နိုင်လာပြီး မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနဲ့ မိုးခေါင်မှုတွေကို အထိုက်အလျောက် ဖြစ်ပွားစေပါတယ်။

မိုးကတော့ အရင်အတိုင်းရွာနေဆဲဆိုပေမဲ့ မိုးရေထဲမှာ သယ်ဆောင်လာတဲ့ လေထုကတော့ အရင်ကနဲ့ မတူတော့ပါဘူး။ ဒါ့ကြောင့် Nova တို့အနေနဲ့လည်း သန့်ရှင်းတဲ့မိုးရေကို ထိန်းသိမ်းနိုင်ဖို့ ပလတ်စတစ်အသုံးပြုတာတွေ လျှော့ချတာ၊ ရုပ်ကြွင်းလောင်စာ‌တွေ လျှော့သုံးတာ၊ သစ်ပင်ပန်းမန်တွေစိုက်ပျိုးဝာာ စတဲ့အလေ့အထလေးတွေကနေတစ်ဆင့် စတင်ပါ၀င်ကြဖို့ တိုက်တွန်းလိုက်ရပါတယ် 🌱

ဒီလို သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ အသိပညာပေး အကြောင်းအရာတွေကို အချိန်မှီဖတ်ရှုနိုင်ဖို့ Econova ရဲ့ page လေးတွေကို like & follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော် 💚

~English version ~

🌧 When it rains, we usually picture a refreshing, damp environment filled with the sweet scent of petrichor and a cool breeze. But did you know, Nova, that those raindrops are no longer just pure water?

Rainwater is an essential freshwater resource for all living things, playing a crucial role in providing drinking water, supporting agriculture, and keeping forests and ecosystems alive.

However, researchers now point out that due to industrial growth, air pollution, and climate change, rainwater is no longer as pure as it used to be.

So, let's look at the differences between the rainwater of the past and the rainwater of today 🤔

Before the Industrial Revolution, factories, motor vehicles, and coal usage were nowhere near as widespread as they are today. Back then, microplastics were virtually nonexistent, and chemicals known as PFAS had not yet been introduced, meaning acid rain was incredibly rare.

Nowadays, microplastics in rainwater are found not only in urban areas but even in remote places like national parks, forests, and mountains. At the same time, sulfur dioxide and nitrogen oxides emitted by power plants mix with water v***r in the atmosphere, ultimately falling back to earth as acid rain.

☔️ What is acid rain?

Normal rainwater has a pH level of around 5.6. Rainwater with an acidity level higher than this is called acid rain.

⚠️ Acid rain:

-Destroys forests
-Increases acidity in lakes and rivers, harming fish and aquatic life
-Reduces agricultural yields
-Corrodes buildings and historic monuments/stone pillars
-Increases the acidity of soil and freshwater sources.

Furthermore, did you know, Nova, that global warming is also having a major impact on rainfall patterns?

Due to global warming, the earth's average temperature has risen by 1.2–1.5°C compared to the late 19th century. This rise in temperature allows the atmosphere to hold more moisture, which in turn causes heavy rainfall, flooding, and droughts to varying degrees.

While the rain still falls just as it used to, the atmosphere it carries with it is no longer the same. Therefore, to help preserve clean rainwater, we encourage everyone, Nova, to start playing a part through simple habits like reducing plastic use, cutting down on fossil fuels, and planting trees 🌱

To read these kinds of environmental awareness posts in a timely manner, don't forget to like & follow Econova's pages 💚

page: https://www.facebook.com/share/178UwUR16z/?mibextid=wwXIfr

TikTok Page: https://www.tiktok.com/?_t=ZS-90e5Qwp4am8&_r=1

Telegram: https://t.me/econova11

Youtube:https://www.youtube.com/






‎အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်တွေရှိတဲ့ နိုင်ငံတွေကို သိပြီးကြပြီလား😱‎‎လူသားတွေရဲ့ ပျမ်းမျှသက်တမ်းမှာ ၇၃ နှစ်မှ ၇၄ နှစ...
11/08/2026

‎အသက်ရှည်ခြင်းရဲ့ လျှို့ဝှက်ချက်တွေရှိတဲ့ နိုင်ငံတွေကို သိပြီးကြပြီလား😱
‎
‎လူသားတွေရဲ့ ပျမ်းမျှသက်တမ်းမှာ ၇၃ နှစ်မှ ၇၄ နှစ် ဖြစ်သော်လည်း ပျမ်းမျှသက်တမ်းမြင့်မားတဲ့ နိုင်ငံတွေမှာ ၈၄ နှစ်မှ ၈၆ နှစ် အထိ အသက်ရှင်နေထိုင်နိုင်ကြပါတယ်။
‎
‎English version below
‎
‎တချို့နိုင်ငံတွေမှာ လူတွေ အသက်ပိုရှည်ကြပြီး တချို့နိုင်ငံတွေမှာ ဘာကြောင့် အသက်ပိုတိုရတာလဲ❓
‎
‎အဓိကအကြောင်းရင်းကတော့ နိုင်ငံတစ်နိုင်ငံရဲ့ပတ်ဝန်းကျင်အခြေအနေတွေက လူတွေရဲ့ ကျန်းမာရေးနဲ့ အသက်ရှည်မှုကို တိုက်ရိုက်သက်ရောက်မှု ရှိလို့ဘဲ ဖြစ်ပါတယ်။
‎
‎သက်တမ်းမြင့်မားတဲ့ နိုင်ငံတွေမှာ အဓိကထားလုပ်ဆောင်ကြတဲ့ အချက်တွေကတော့...
‎
1. ‎အခြေခံကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ခြင်း
2. ‎မွေးကင်းစကလေး သေဆုံးမှုနှုန်း နည်းပါးခြင်း
3. ‎စီးပွားရေးအခြေအနေကောင်းမွန်ခြင်းနဲ့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ရှိခြင်း
4. ‎ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ မျိုးရိုးဗီဇသက်ရောက်မှုရှိခြင်း
5. ‎ကျန်းမာရေးအသိပညာနဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို လူထုအတွင်း ဖြန့်ဝေပေးခြင်း
‎
‎သက်တမ်းအမြင့်ဆုံး နိုင်ငံတွေထဲမှ အချို့ကတော့
‎
1. ‎🇲🇨 Monaco — 86.73 နှစ်
2. ‎🇸🇲 San Marino — 86.03 နှစ်
3. ‎🇭🇰 Hong Kong — 85.90 နှစ်
4. ‎🇯🇵 Japan — 85.15 နှစ်
5. ‎🇰🇷 South Korea — 84.64 နှစ်
‎
‎ဒီနိုင်ငံတွေရဲ့ အခြေခံစနစ်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေထိုင်မှုပုံစံတွေ၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တွေကြောင့် တခြားနိုင်ငံတွေထက် ပျမ်းမျှသက်တမ်းပိုမိုမြင့်မားနေတာကို တွေ့ရပါတယ်။

‎ဖော်ပြသွားတဲ့ အချက်တွေဟာ
နိုင်ငံတစ်နိုင်ငံမှာ နေထိုင်တဲ့ လူတွေ အသက်ရှည်ဖို့ အဓိကလိုအပ်ချက်တွေပါ။

ဒါပေမယ့် ‎Nova လေးတို့ နေထိုင်တဲ့ နိုင်ငံရဲ့ အခြေအနေကို ချက်ချင်း ပြောင်းလဲနိုင်မှာ မဟုတ်တာကြောင့် နေ့စဉ်စားသောက်နေထိုင်မှုပုံစံလေးတွေကစပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို တည်ဆောက်လိုက်ကြရအောင် 🫂

~English version~

Have you ever known about the countries which have the secrets of longevity? 😱

Although the average life expectancy of humans is from 73 to 74 years, the countries with the high life expectancy often live from 84 to 86 years.

Why do people live longer in some countries❓ Why do people live shorter lives in some countries❓

The main reason is that the environmental conditions of a country directly affect people's health and life time.

Some of the key practices followed in countries with high life expectancy are…

1. Access to quality primary healthcare
2. Low infant mortality rates
3. Strong economic conditions and have a clean environment
4. Healthy lifestyles and genetic effect
5. Promoting health awareness and good habits among the public

Some of the countries with highest life expectancy are

1. 🇲🇨 Monaco - 86.73 years
2. 🇸🇲San Marino - 86.03 years
3. 🇭🇰Hong Kong - 85.90 years
4. 🇯🇵Japan - 85.15 years
5. 🇰🇷South Korea - 84.64 years

We can see these counties have higher life expectancy than other countries because of the basic system, healthy lifestyles and clean environments.

The facts that are mentioned above are the key requirements for helping people to live longer.

However, Nova, we may not be able to change the conditions of the country we live in immediately, we can start by adopting healthier daily habits. Let’s build a healthier and happier life together.🫂

Stay tuned for more interesting contents!!💚

page: https://www.facebook.com/share/178UwUR16z/?mibextid=wwXIfr

TikTok Page: https://www.tiktok.com/?_t=ZS-90e5Qwp4am8&_r=1

Telegram: https://t.me/econova11

Youtube:https://www.youtube.com/






10/08/2026

မနက် ၃ နာရီမှာ စတင်တဲ့ သင့် အမှိုက်တွေရဲ့ ဒုတိယ ခရီးစဉ်အကြောင်း

Nova တို့ရေ... မြို့ပြကြီးတစ်ခုလုံး အိပ်မောကျနေတဲ့ ညဉ့်နက် ၃ နာရီအချိန်မှာ အမှိုက်ကားသံတွေ၊ အမှိုက်သိမ်းလုပ်သားတွေရဲ့ ကြိုးပမ်းမှုတွေနဲ့အတူ အမှိုက်တွေရဲ့ ခရီးစဉ်ဟာ စတင်လာခဲ့ပါတယ်။ အမှိုက်ပုံးထဲ ရောက်သွားရုံနဲ့ တာဝန်ကျေသွားပြီလို့ ထင်ရပေမဲ့ ကျွန်ုပ်တို့ ပေါ့ပေါ့ပါးပါး စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တစ်စဟာ နောက်ဆုံးမှာ ပင်လယ်သတ္တဝါလေးတွေရဲ့ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့သည်အထိ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တာပါ။ ဒီကနေ့ Podcast မှာတော့ EcoNova ရဲ့ Hosts များဖြစ်ကြတဲ့ မဖြိုးသော်တာ၊ မရှင်သန့်ထက်နဲ့ ကိုအောင်ခန့်ကို တို့ကနေပြီး ပလတ်စတစ် အသုံးပြုမှု လျှော့ချရေး၊ Recycling (ပြန်လည်ဆန်းသစ်အသုံးပြုခြင်း) ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်နဲ့ ကမ္ဘာကြီးအပေါ် တာဝန်ယူမှုရှိရှိ စွန့်ပစ်တတ်ဖို့ အသိပညာပေး ဆွေးနွေးထားကြပါတယ်။ အမှိုက် မစွန့်ပစ်မီ ခဏလောက် ပြန်လည်စဉ်းစားနိုင်ဖို့ ဒီ Podcast လေးကို အဆုံးထိ နားဆင်ကြည့်ရှုလိုက်ရအောင် Nova လေးတို့ရေ...။







🖇️ Video Full Lin-https://youtu.be/UzxgDrXTaKI?si=SpNnY7tLOybnhhOE

မတူညီခြင်းရဲ့ တန်ဖိုး ကျွန်တော်တို့ လူငယ်ဘဝမှာ “ငါက သူများနဲ့ မတူဘူး၊ ငါက ဘာလို့ ဒီလိုဖြစ်နေတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို...
07/08/2026

မတူညီခြင်းရဲ့ တန်ဖိုး

ကျွန်တော်တို့ လူငယ်ဘဝမှာ “ငါက သူများနဲ့ မတူဘူး၊ ငါက ဘာလို့ ဒီလိုဖြစ်နေတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကို သံသယဝင်မိတဲ့အချိန်တွေ၊ လူမှု့ အသိုင်းအဝိုင်းထဲမှာ တိုးမပေါက်ဘဲ တသီးတသန့်ဖြစ်နေသလို ခံစားရတဲ့အချိန်တွေ ရှိဖူးကြမှာပါ။

ကျွန်တော်ကိုယ်တိုင်လည်း ဘဝရဲ့ အချိန်တော်တော်များများကို “သူများတွေလို ကွက်တိဝင်အောင် ဘယ်လိုနေရမလဲ” ဆိုတာနဲ့ပဲ ကုန်လွန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီလို ခံစားချက်တွေကို အပြီးတိုင် ပြောင်းလဲပေးခဲ့တာကတော့ Platypus (ပလက်တီပတ်စ်) ဆိုတဲ့ သတ္တဝါလေးအကြောင်း သေချာလေ့လာလိုက်ရတဲ့ အချိန်ကစလို့ပါပဲ။

ဒီနေ့မှာတော့ Platypus လေးတွေဆီကနေ ကျွန်တော်ရခဲ့တဲ့ Personal Experience နဲ့ သင်ခန်းစာ (၃) ခုကို လူငယ်တွေအတွက် ဝေမျှပေးချင်ပါတယ်ဗျာ။

၁။ “သူများနဲ့ မတူတာက ကိုယ့်ရဲ့ အားနည်းချက် မဟုတ်ပါဘူး”

Platypus ကို ကြည့်လိုက်ရင် ဘဲနှုတ်သီးပါမယ်၊ ဖျံကိုယ်ထည်နဲ့ အမြီးပါမယ်၊ နို့တိုက်သတ္တဝါ ဖြစ်ပေမဲ့ ကလေးမမွေးဘဲ ဥ ဥတယ်။ ၁၈ ရာစုက သိပ္ပံပညာရှင်တွေဆိုရင် ဒီအကောင်ကို အတုလုပ်ထားတာလို့တောင် ထင်ခဲ့ကြတာပါ။

ကျွန်တော်တို့ လူငယ်တွေမှာလည်း ကိုယ့်ရဲ့ ထူးခြားတဲ့ ဝါဿနာ, သူများနဲ့မတူတဲ့ စဉ်းစားပုံတွေကြောင့် “မင်းက Autism ပါကွာ” ဆိုပြီး ဝေဖန်တာလဲ အပြောခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ Platypus လေးတွေကြတော့ သဘာဝတရားထဲမှာ ကိုယ့်ပုံစံနဲ့ကိုယ် သာယာစွာ ရှင်သန်နေသလိုပါပဲ - ဘယ်အရာကိုမှ မတောင်းမတ, မကြောင်းမကြပဲနဲ့ပေါ့။

၂။ “မျက်စိမှိတ်ထားရတဲ့ အမှောင်ထုထဲမှာ ကိုယ့်ရဲ့ အာရုံစိုက်မှုကို ယုံကြည်ပါ”

Platypus တွေဟာ ရေအောက်မှာ အစာရှာရင် မျက်စိ၊ နားနဲ့ နှာခေါင်းတို့ကို လုံးဝ ပိတ်ထားလေ့ရှိပါတယ်။ အဲဒီအစား သူတို့ရဲ့ နှုတ်သီးမှာပါတဲ့ Electro Sensors (လျှပ်စစ်အာရုံခံစနစ်) ကိုပဲ အပြည့်အဝ ယုံကြည်ပြီး အစာရှာကြတာပါ။

ကျွန်တော့်ဘဝမှာလည်း လမ်းပျောက်နေသလို ခံစားရချိန်၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေနဲ့ ဆူညံနေချိန်တွေမှာ အပြင်က အသံတွေကို ခဏ ပိတ်ထားလိုက်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ ပါရမီ၊ ကိုယ့်ရဲ့ ပင်ကိုယ်စိတ် (Gut Feeling) ကိုပဲ အာရုံစိုက်ပြီး ရှေ့ဆက်ခဲ့လို့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ ပတ်ဝန်းကျင်က ဘာပဲပြောပြော ကိုယ့်ရဲ့ ပန်းတိုင်ဆီကို ရည်ရွယ်ချက်ရှိရှိ, ကြိုးစားအားထုတ်မှု မှန်မှန်နဲ့ လျှောက်လှမ်းဖို့ပဲ လိုပါတယ်။

၃။ “ကိုယ့်မှာ မရှိတာကို မညည်းတွားပဲ ရှိတာနဲ့အကောင်းဆုံးဖန်တီးပါ။ ”

Platypus မလေးတွေမှာ ကလေးကို နို့တိုက်ဖို့ အတွက် ရင်သားရယ်ဆိုပြီး လုံးဝမရှိပါဘူး။ ဒါပေမဲ့ ဒါကို အားငယ်မနေဘဲ ဝမ်းဗိုက်အရေပြားကနေ နို့ရည်စိမ့်ထွက်အောင်လုပ်ပြီး သားသမီးတွေကို ကြီးပြင်းစေခဲ့ပါတယ်။ အထီးတွေမှာဆိုရင်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နောက်ခြေထောက်မှာ အဆိပ်ဆူးပါရှိပါတယ်။

ကျွန်တော်တို့မှာလည်း အခွင့်အရေးတွေ၊ အရင်းအမြစ်တွေ သူများလောက် မပြည့်စုံတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမဲ့ “ငါ့မှာ ဒါမရှိလို့ ဘာမှမလုပ်နိုင်ဘူး” ဆိုပြီး အကြောင်းပြနေမယ့်အစား “ကိုယ့်မှာ ရှိပြီးသား သေးငယ်တဲ့ အားသာချက်လေးတွေကို ပေါင်းစပ်ပြီး ကိုယ်ပိုင် အစွမ်းအစတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ လိုပါတယ်။”

အဲ့ဒါကြောင့်မို့လို့ ကျွန်တော် Platypus အကြောင်း အမြဲပြန်တွေးတိုင်း ရရှိတဲ့ ခွန်အားတစ်ခုရှိပါတယ် - “ကမ္ဘာကြီးက သင့်ကို ပုံစံခွက်တစ်ခုထဲ မဝင်ဘူးလို့ ပြောနေရင်တောင် သင်က ကိုယ်ပိုင်ပုံစံနဲ့ အောင်မြင်အောင် ရှင်သန်ပြလို့ရတယ်” ဆိုတာပါပဲ။

အဲ့ဒါကြောင့်မို့လို့ Novas လေးတို့အနေနဲ့... သူများတွေနဲ့ ပုံစံမတူလို့၊ ကိုယ့်လမ်းကြောင်းက ခက်ခဲနေလို့ စိတ်မပျက်ပါနဲ့။ Platypus လေးလိုပဲ ကိုယ့်ရဲ့ ထူးခြားမှုကို လက်ခံပါ၊ ကိုယ့်ရဲ့အာရုံစိုက်မှုကို ယုံကြည်ပါ၊ ရှိတာနဲ့ အကောင်းဆုံး ရှေ့ဆက်ပါ။

ဒီဆောင်းပါးလေးကနေ တစ်ခုခု ခွန်အားရသွားတယ်ဆိုရင် “မိတ်ဆွေ, လူငယ်တွေဆီကို Share ပြီး ခွန်အားပေးလိုက်ပါဦးနော်”

Quote for the Graphic: “ခံစားချက်ဆိုတာ ဘဝ ရဲ့ ဧည့်သည်တွေလိုပါပဲ၊ ဝင်လာလိုက်, ထွက်သွားလိုက်ပေါ့”



ဆင်လို့ပြောလိုက်တာနဲ့ ဆင်တွေနဲ့ Nova တို့ တွဲမြင်မိတဲ့ အရာက ဘာဖြစ်မလဲ🤔English version below 👇🏻ဆင်တွေဟာ အကြီးဆုံးနဲ့ ဉာဏ်...
04/08/2026

ဆင်လို့ပြောလိုက်တာနဲ့ ဆင်တွေနဲ့ Nova တို့ တွဲမြင်မိတဲ့ အရာက ဘာဖြစ်မလဲ🤔

English version below 👇🏻

ဆင်တွေဟာ အကြီးဆုံးနဲ့ ဉာဏ်ရည်အမြင့်ဆုံး ကုန်းနေသတ္တဝါတွေထဲက တစ်မျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အာရှမှာရှိတဲ့ ဆင်တွေဟာ အာဖရိကဘက်က ချုံပုတ်ဆင်တွေထက်သေးငယ်ပါတယ်။ တူညီတာက အာရှဆင်တွေနဲ့ အာဖရိကတောဆင်တွေဟာ သေးငယ်တဲ့ နားရွက်ရှိပြီး ကျောဝိုင်းကာ နှာမောင်းထိပ်မှာ “လက်ချောင်း” တစ်ခုရှိပါတယ်။

အာရှဆင်တွေကို အိန္ဒိယ၊ သီရီလင်္ကာ၊ တရုတ် နဲ့ တောင် နှင့် အရှေ့တောင်အာရှမှာရှိတဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့ အခြားနိုင်ငံတွေမှာလည်း တွေ့ရှိရတတ်တယ်။

မြန်မာနိုင်ငံမှာဆိုရင်တော့ ပဲခူးရိုးမနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ တွေ့ရတတ်ပြီး သစ်တောတွေ၊ မြက်ခင်းပြင်တွေနဲ့ မြစ်တွေနားက နေရာတွေမှာ နေထိုင်ကြပါတယ်⛰

သူတို့လေးတွေက အပင်စားသတ္တဝါဖြစ်တာကြောင့် မြက်များ၊ အရွက်များ၊ အခေါက်များ၊ အသီးများနှင့် ဝါးများကို စားသုံးကြပါတယ်🍂

အရွယ်ရောက်ပြီးသားဆင်တွေဟာ ကိုယ်အလေးချိန် ၂၀၀၀ မှ ၅၅၀၀ ကီလိုဂရမ်အထိ ရှိနိုင်ပြီး နှစ်ပေါင်း ၅၀ မှ ၆၀ အထိ အသက်ရှင် နေထိုင်နိုင်ပါသေးတယ်။

ဆင်လို့ပြောလိုက်တာနဲ့ ဆင်စွယ်ဖြူဖြူကြီးကြီးတွေဟာလည်း တွဲမြင်မိတဲ့ အရာပဲမဟုတ်လား Nova လေးတို့ရေ….

ဆင်စွယ်ဟာ ဆင်တွေရဲ့ အထူးခြားဆုံး အင်္ဂါရပ် တစ်ခုလည်းဖြစ်ပါတယ်။ ဆင်စွယ်လေးတွေကို
တူးဖော်ခြင်း၊ အခေါက်ခွာခြင်း နဲ့ ကာကွယ်စောင့်ရှောက်ခြင်းတွေအတွက် အသုံးပြုကြပါတယ်။ ဆင်စွယ်ဟာ သူတို့လေးတွေရဲ့ ရှင်သန်မှုရပ်တည်ဖို့အထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်းမမှားပါဘူး✨

ဒါဆို ဆင်စွယ်က ဘယ်လောက်ထိအရေးပါနိုင်လဲ?

• ရေ၊ အမြစ်များနှင့် သတ္တုဓာတ်များကို တူးဖော်ခြင်း

• သစ်ပင်များမှ အခေါက်များကို အစားအစာအတွက် ခွာယူခြင်း

• သစ်တုံးများ သို့မဟုတ် အကိုင်းအခက်များကို မြှောက်ခြင်းနှင့် ရွှေ့ခြင်း

• သားရဲများနှင့် အခြားဆင်များဆီမှာ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်း

• အထီးတွေကို အိမ်ထောင်ဖက်ရှာဖို့ ယှဉ်ပြိုင်နိုင်အောင် ကူညီပေးခြင်းတို့မှာဆင်စွယ်ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဆင်စွယ်တွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး ကြီးထွားနိုင်တဲ့ “ရှေ့သွား” တွေဖြစ်ပါတယ်။ ဒါပေမဲ့ အာရှဆင် အားလုံးမှာတော့ အစွယ်မရှိကြပါဘူး။

အမအများစုမှာဆိုရင် အလွန်သေးငယ်တဲ့ အမွေးလို့ခေါ်တဲ့ အစွယ်ရှိတတ်ပြီး
ဒါမှမဟုတ် လုံးဝမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တစ်ဖက်မှာလည်း သစ်တောတွေပြုန်းတီးလာတာ၊ မြေနေရာတွေ ဖွံ့ဖြိုးလာတာတွေကြောင့် နေထိုင်ရာတွေ ဆုံးရှုံးလာရပါတယ်။

ဆင်တွေရဲ့ သီးနှံတွေ ပျက်စီးတဲ့အခါ ဒါမှမဟုတ် ရွာတွေထဲကို ဝင်ရောက်လာတဲ့ အခါမျိုးတွေမှာ လူ-ဆင် ပဋိပက္ခတွေလည်းဖြစ်ပေါ်လာပါတယ်။

ဒါ့အပြင် ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးရတဲ့ ဆင်တွေလည်းရှိလာပါတယ်။

ဒါပေမဲ့ဆင်တွေအတွက် အဆိုးရွားဆုံး ခြိမ်းခြောက်မှုကတော့ လူတွေရဲ့ လုပ်ငန်းဆောင်တာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်စွယ်၊ အရေပြား၊ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ခိုးယူခြင်း နဲ့ ဆင်ထွက်ပစ္စည်းပါဝင်တဲ့ တရားမဝင်တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု ပဲ ဖြစ်ပါတယ်🚨

အာရှတစ်ဝှမ်းမှာတော့ အာရှဆင်ရိုင်း ၃၀,၀၀၀ မှ ၅၀,၀၀၀ ခန့် ကျန်ရှိနေပါသေးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တောဆင်ဦးရေဟာ အစောပိုင်း ၂၀၀၀ ခုနှစ်ခန့်မှန်းချက်အရ ၅၀၀၀ ရှိပြီး ဒီနေ့ခေတ်မှာတော့ ၁၅၀၀ မှ ၂၀၀၀ အထိ ကျဆင်းလာပါပြီ…

အရင်ကတော့ ဆင်တွေကို တန်ဖိုးကြီးတဲ့ “ဆင်စွယ်” အတွက်ပဲ ပစ်မှတ်ထားပြီး သတ်ဖြတ်ကြပေမဲ့ ယခုအခါမှာတော့ ဆင်အရေပြား နဲ့ အခြားအစိတ်အပိုင်းတွေအတွက် သတ်ဖြတ်လာကြပါတယ်။

ဒါကြောင့် အစွယ်ရှိတဲ့ ဆင်အထီးတွေသာမက အစွယ်မရှိတဲ့ ဆင်အမ လေးတွေအတွက်ပါ ခြိမ်းခြောက်စရာ ကိစ္စကြီးတစ်ခုဖြစ်လာပါတယ်။

ဒါဆို ဆင်လေးတွေကို ရေရှည်ရပ်တည်နိုင်ဖို့ Nova လေးတို့ ကူညီပေးလို့ရလား?

ရတာပေါ့.. သူတို့လေးတွေ ရေရှည်ရပ်တည်နိုင်ဖို့ဆိုတာ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့နဲ့ Nova လေးတို့ အပေါ်မှာလည်း အများကြီးသက်ဆိုင်ပါတယ်။ ဘယ်လိုကူညီကြမလဲဆိုရင်..

• ဆင်များ၏ နေထိုင်ရာများကို ကာကွယ်ခြင်း နှင့် ပြန်လည်ထူထောင်ခြင်း

• ဆင် နှင့် ဆင်စွယ်များဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို မဝယ်ယူခြင်း

• တရားမဝင် အမဲလိုက်ခြင်း သို့မဟုတ် တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားခြင်းကို အာဏာပိုင်များထံ တိုင်ကြားခြင်း

• ဩဂုတ်လ၁၂ရက်(ကမ္ဘာ့ဆင်များနေ့)ကဲ့သို့သော နေ့ရက်များတွင် ဆင်ထိန်းသိမ်းရေးအကြောင်း

အသိပညာပေးပွဲများပြုလုပ်ခြင်း စတဲ့ အရာတွေနဲ့ ဆင်လေးတွေကို ကူညီပေးလို့ရပါတယ်။

ဆင်တွေဟာ အာရှဂေဟစနစ် နဲ့ ယဉ်ကျေးမှုတွေအထိ အရေးပါပြီး တန်ဖိုးကြီးတဲ့ သတ္တဝါလေးတွေပါ🐘

ဒါကြောင့် သဘာဝတရားကြီးရဲ့ အလှတရားကို ဖော်ဆောင်ပေးနေတဲ့ ဆင်တွေနဲ့ သူတို့လေးတွေရဲ့ ဆင်စွယ်တွေကို Nova လေးတို့တင်မက နောက်အနာဂတ်မျိုးဆက် တွေပါ မြင်တွေ့ခွင့်ရနိုင်ဖို့အတွက် တစ်ယောက်ချင်းစီကနေစပြီး ဝိုင်းဝန်းကာကွယ်ကြအောင်နော်…

ဒီလိုစိတ်၀င်စားစရာကောင်းတဲ့ အကြောင်းအရာတွေနဲ့ အခြားသော ပတ်၀န်းကျင်ဆိုင်ရာ အကြောင်းအရာတွေကို ဖတ်ရှုနိုင်ဖို့ Econova ရဲ့ accounts တွေကို like & follow လေးလုပ်ပေးခဲ့ကြဦးနော်💚

~English version~

When we say elephants, what is the first thing that comes to mind alongside elephants for dear Nova? 🤔

Elephants are one of the largest and most intelligent land animals. The elephants found in Asia are smaller than the bush elephants found in Africa. One similarity is that Asian elephants and African forest elephants have smaller ears, rounded backs, and a single “finger” at the tip of their trunks.

Asian elephants can be found in India, Sri Lanka, China, and 13 countries across South and Southeast Asia, as well as in other regions.

In Myanmar, they are commonly found in the Bago Yoma mountain range and Tanintharyi Region, where they live in forests, grasslands, and areas near rivers ⛰

Since they are herbivores, they feed on grasses, leaves, bark, fruits, and bamboo 🍂

Adult elephants can weigh between 2,000 and 5,500 kilograms and can live for 50 to 60 years.

When we think of elephants, large white tusks are also something that naturally comes to mind, aren’t they, dear Nova….

Elephant tusks are one of their most distinctive features. Tusks are used for digging, stripping bark, and protection. It would not be wrong to say that tusks are an essential part of their survival ✨

So, just how important are tusks?

• Digging for water, roots, and minerals
• Stripping bark from trees for food
• Lifting and moving logs or branches
• Defending themselves against predators and other elephants
• Helping males compete for mates

Tusks are actually “front teeth” that continue to grow throughout an elephant’s lifetime. However, not all Asian elephants have tusks.

Most females have very small tusks, known as tushes,
or they may not have any at all.

On the other hand, deforestation and land development are causing elephants to lose their habitats.

Human-elephant conflicts also arise when elephants damage crops or enter villages.

In addition, some elephants are injured or killed due to vehicle collisions.

However, the most serious threat to elephants is the illegal poaching of tusks, skin, and other body parts, as well as the illegal wildlife trade involving elephant products, driven by human activities 🚨

Across Asia, there are only around 30,000 to 50,000 wild Asian elephants remaining. In Myanmar, the wild elephant population was estimated at around 5,000 in the early 2000s, but today it has declined to only 1,500 to 2,000…

In the past, elephants were mainly targeted and killed for their valuable ivory, but nowadays they are also killed for their skin and other body parts.

As a result, this has become a major threat not only to male elephants with tusks but also to female elephants without tusks.

So, can dear Nova help elephants survive sustainably into the future?

Of course. The long-term survival of elephants greatly depends on humans like us and dear Nova as well. Here are some ways we can help:

• Protecting and restoring elephant habitats
• Not buying products made from elephants or ivory
• Reporting illegal hunting or wildlife trafficking to the authorities
• Organizing awareness activities about elephant conservation on occasions such as August 12 (World Elephant Day)

These are some of the ways we can help elephants.

Elephants are valuable animals that play an important role in Asian ecosystems and cultures 🐘

Therefore, let us all work together, starting from each individual, to protect elephants and their tusks, which help showcase the beauty of nature, so that not only dear Nova but also future generations can continue to see them.

To read more interesting content like this and other environmental topics, please like and follow Econova’s accounts 💚

page: https://www.facebook.com/share/178UwUR16z/?mibextid=wwXIfr

TikTok Page: https://www.tiktok.com/?_t=ZS-90e5Qwp4am8&_r=1

Telegram: https://t.me/econova11

Youtube:https://www.youtube.com/






Address

82street , Between21-22 Street
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when Econova posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share