Lantern Bridge

Lantern Bridge 𝐖𝐞 𝐑𝐚𝐢𝐬𝐞, 𝐖𝐞 𝐏𝐫𝐨𝐭𝐞𝐜𝐭, 𝐖𝐞 𝐇𝐞𝐚𝐥

Media Partnership AnnouncementLantern Bridge × SheWorks Vocational Training ProgramLantern Bridge  မှ  SheWorks Vocation...
13/01/2026

Media Partnership Announcement

Lantern Bridge × SheWorks Vocational Training Program

Lantern Bridge မှ SheWorks Vocational Training Program ၏ လူငယ်များအတွက်ရည်ရွယ်၍ ပြုလုပ်သော ဆံပင်နှင့် မျက်နှာပြုပြင်ထိန်းသိမ်းနည်းသင်တန်းပရိုဂရမ်တွင် မီဒီယာမိတ်ဖက်အဖွဲ့အစည်းအဖြစ် ပါဝင်ထားပါသည်။

မကြာမီတွင် SheWorks မှ လူငယ်များအတွက်ရည်ရွယ်ပြီး သက်မွေးပညာသင်တန်းတစ်ခုဖြစ်သည့် ဆံပင်နှင့်မျက်နှာထိန်းသိမ်းနည်းသင်တန်းများကို မြို့နယ် ၄ မြို့နယ်တွင် ဖွင့်လှစ်ရန်ရှိပါသည်။ အလှအပနှင့် ဆံပင်ထိန်းသိမ်းရေးကို စိတ်ဝင်စားပြီး လူမှုအကျိုးပြုလုပ်ငန်းများကို အတွေ့အကြုံလိုချင်သူများ အနေဖြင့် volunteer လျှောက်ထားရန် ဖိတ်ခေါ်ချင်ပါသည်။

📍သင်တန်းနေရာများ - လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ နှင့် သန်လျင်မြို့နယ်

📆 Volunteer ကာလ - ၂၀၂၆၊ ဇန်နဝါရီ မှ မေလအထိ (၅လ)

✅ Volunteer များ လုပ်ဆောင်ရမည့်တာဝန်များ
▪️သင်တန်းသူ/သားများ၏ နေ့စဉ်တက်ရောက်စာရင်းကောက်ယူပေးခြင်း
▪️အပတ်စဉ်အစီရင်ခံစာတင်ပြခြင်း
▪️သင်တန်းစီစဉ်မှုလုပ်ငန်းများတွင် ပါဝင်ကူညီပေးခြင်း
▪️မျက်နှာနှင့်ဆံပင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်းတွင် သင်ကြားရေးလိုအပ်သည်များကို အထောက်အကူပြုပေးခြင်း

✅ Volunteer အကျိုးခံစားခွင့်များ
▪️လစဉ် Allowance ပေးအပ်ခြင်း
▪️ပရိုဂရမ်ပြီးဆုံးပါက အသိမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း
▪️SheWorks မှဖွင့်လှစ်မည့် သင်တန်းအချိူ့တက်ရောက်ခွင့်ရရှိခြင်း
▪️လုပ်ဆောင်မှုအပေါ်မူတည်ပြီး Recommendation Letter ထုတ်ပေးခြင်း

✅ တခြားရရှိနိုင်သည့်အကျိုးကျေးဇူးများ
▪️Hair & Facial Treatment လုပ်ငန်းခွင် အတွေ့အကြုံရရှိနိုင်ခြင်း
▪️မိတ်ဆွေသစ်များ တိုးချဲ့နိုင်ခြင်း
▪️Trainer များ၊ သင်တန်းသားများ၊ Beauty Field သက်ဆိုင်သူများနှင့် ချိတ်ဆက်နိုင်ခြင်း

✅ လိုအပ်ချက်များ
▪️အသက် ၁၈ နှစ်အထက်ဖြစ်ရမည်။
▪️မျက်နှာနှင့် ဆံပင်ပြုပြင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး အတွေ့ကြုံရှိသူဦးစားပေးမည်။
▪️သင်တန်းဖွင့်လှစ်သည့် မြို့နယ်များတွင် နေထိုင်သူ ဦးစားပေးမည်။

📩 Volunteer လျှောက်ရန် စိတ်ဝင်စားသူများ အနေဖြင့် [email protected] သို့ CV ဖောင် ပေးပို့လျှောက်ထားနိုင်ပါသည်။ နောက်ဆုံးလျှောက်ထားနိုင်သည့်ရက်မှာ ၂၀.၁.၂၀၂၆ ဖြစ်ပါသည်။

[English Below]

Paid Volunteer Opportunity From SheWorks
SheWorks is bringing an opportunity for young people who are interested in social development work and volunteering. Soon, SheWorks will open vocational training programs for youth, focusing on Hairdressing and Facial Treatment training, in four townships. We would like to invite enthusiastic individuals who are interested in hair and facial treatment and who wish to gain experience in social impact work to apply as volunteers.

📍Locations:
Hlaing, Hlaing Tharyar, Shwepyitha and Thanlyin Townships

📆 Volunteer Duration:
January to May, 2026 (5 months)

✅ Volunteer Responsibilities
▪️Record daily attendance of trainees
▪️Submit weekly reports
▪️Assist in training and coordination activities
▪️Support teaching and learning needs during hair and facial treatment training sessions

✅ Volunteer Benefits
▪️Monthly allowance
▪️Certificate of completion upon completion of the program
▪️Opportunity to attend selected SheWorks training programs
▪️Recommendation letter based on performance

✅ Additional Benefits
▪️Hands-on experience in the Hair & Facial Treatment industry
▪️Opportunity to expand personal and professional networks
▪️Networking with trainers, trainees, and professionals in the beauty field

✅ Requirements
▪️Must be 18 years old or above
▪️Prefer experience related to hair and facial treatment
▪️Priority will be given to applicants residing in the training townships

📩 How to Apply
Interested candidates are invited to submit their CV to [email protected].

Application deadline: 20 January 2026

We look forward to welcoming passionate and motivated volunteers to the SheWorks program.

နှစ်သစ်မှာ မှန်ကန်တဲ့ ငွေကြေးဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် "စုဘူး" Webinar သင်က ၂၀၂၆မှာ ✅ ငွေကြေးနဲ့ပတ်သက်ပြီး အမှားတ...
08/01/2026

နှစ်သစ်မှာ မှန်ကန်တဲ့ ငွေကြေးဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက် "စုဘူး" Webinar

သင်က ၂၀၂၆မှာ

✅ ငွေကြေးနဲ့ပတ်သက်ပြီး အမှားတွေထပ်မလုပ်ချင်တော့ဘူ
✅ တစ်ကိုယ်ရေအသုံးစရိတ်ကို သေချာစီမံခန့်ခွဲတတ်ချင်တယ်
✅ Personal finance ကို သေချာလေ့လာချင်တယ်
✅ နှစ်သစ်မှာ right financial mindset နဲ့ healthy financial habits တွေ မွေးမြူချင်တယ် ဆိုရင်တော့ ကျနော်တို့ရဲ့ "စုဘူး" Webinarကို တက်ရောက်သင့်ပါတယ်။

🎙Webinar မှာ မျှဝေဆွေးနွေးပေးသွားမဲ့ Guest speaker ကတော့ "Tr Nilar Win" ဖြစ်ပါတယ်။

Tr Nilar Win ဟာ ပညာရေးသင်ကြားမှုနယ်ပယ်မှာ (၁၈)နှစ်ကျော်၊ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်များ သင်ကြားပို့ချမှုမှာ (၇)နှစ်ကျော် အတွေ့အကြုံရှိသူတစ်ဦးဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်မှ MBAဘွဲ့၊ ဆေးဝါးတက္ကသိုလ်မှ B.Pharm ဘွဲ့တို့အပြင် ပညာရေး၊ စိတ်ပညာနဲ့ နည်းပညာဆိုင်ရာ Diploma များကို ရရှိထားသူလဲဖြစ်ပါတယ်။ Wisdom Education Centerကို တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ Shal Lann Foodstuffs ရဲ့ Managing Director အဖြစ် တာဝန်ယူဦးဆောင်လျက်ရှိပါတယ်။

📌 Webinar အသေးစိတ်
Date - 10.1.2026
Time - 7:00PM to 9:00PM (MMT)
Platform - Zoom

ယခု Webinar ကို အခမဲ့တက်ရောက်လိုပါက အောက်ပါ Registration Form မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

🔗 https://forms.gle/MvK6BkCbujjwNWQJ9


#စုဘူးwebinar2026

Media Partnership ✍🏻Lantern Bridge 🫱🏻‍🫲🏻 One2Hundred Myanmar အားလုံးဘဲ မင်္ဂလာပါ။🔸ကျွန်တော်တို့ရဲ့ Lantern Bridge မှ One...
06/01/2026

Media Partnership ✍🏻

Lantern Bridge 🫱🏻‍🫲🏻 One2Hundred Myanmar

အားလုံးဘဲ မင်္ဂလာပါ။
🔸ကျွန်တော်တို့ရဲ့ Lantern Bridge မှ One2Hundred Myanmar ရဲ့ Community Health Program အတွက် media partner အဖြစ် ပါဝင်ပံ့ပိုးပေးထားကြောင်း အသိပေးရင်း လူငယ်တွေအတွက် အကျိုးရှိစေမယ့် One2Hundred အကြောင်း တစေ့တစောင်း ဝေမျှပေးလိုက်ရပါတယ်။

One2Hundred Cohort (1)| Community Health Program

🔹 One2Hundred ဆိုတာဘာလဲ?

One2Hundred ဆိုတာကတော့ လူထုကြား လိုအပ်နေတဲ့ အခြေခံကျန်းမာရေးအသိပညာတွေကို ထိထိရောက်ရောက်မျှဝေနိုင်စေဖို့ training+ contribution ဆို စီစဉ်ပေးထားတဲ့ (၄) လတာ program ဘဲ ဖြစ်ပါတယ်။ ပထမ (၃) ပတ်မှာတော့ program team ဘက်မှ စီစဉ်ပေးထားတဲ့ training modules တွေကို မပျက်မကွက် တက်ရောက်ရမှာဖြစ်ပြီးတော့၊ မိမိမျှဝေမယ့် public health ခေါင်းစဉ် (၁) ခု ‌ရွေးချယ်ပြင်ဆင်ကာ၊ (၃) လတာအတွင်း program ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အယောက် (၁၀၀) ဆီ ပြန်လည်မျှဝေရမှာဘဲဖြစ်ပါတယ်။

💁🏻 ဒါကြောင့်မလို့ program လျှောက်ထားသူတွေဟာ ပြန်လည်မျှဝေရမယ်ဆိုတဲ့အပိုင်းကို သတိထားစေချင်ပါတယ်။
Training ရော၊ contribution နှစ်ပိုင်းလုံးကို အခြေနေများအရ 100% online ပြုလုပ်သွားမှာဖြစ်ပါတယ်။

📌 Program အကြောင်း အသေးစိတ်အချက်အလက်များ၊ လျှောက်ထားပုံနှင့် အချိန်ဇယားများကိုတော့ အောက်ပါ link မှတဆင့်ကြည့်ရှုနိုင်ပါတယ်။
ℹ️ For more info: https://www.facebook.com/share/p/1KDCYjjrWq/

✅ Application Deadline က Jan 9 ရက်နေ့ဖြစ်လို့ စိတ်ပါဝင်စားသူများအနေဖြင့် အခွင့်ရေးကို လက်လွှတ်မခံဘဲ အမြန်ဆုံးသွားရောက် လျှောက်ထားလိုက်တော့နော် ❗
🔗 Apply here: https://forms.gle/QhtNrmTictw7q8sv9


📢 Media Partnership Announcement Lantern Bridge 🤝 Dream Builders Dream Builders Organization ရဲ့ 2025 နောက်ဆုံးအရွေ့လေးဖ...
20/12/2025

📢 Media Partnership Announcement

Lantern Bridge 🤝 Dream Builders

Dream Builders Organization ရဲ့ 2025 နောက်ဆုံးအရွေ့လေးဖြစ်တဲ့ Digital Skills for Tomorrow ဆိုတဲ့ Digital Webinar လေးမှာ ကျွန်တော်တို့ Organization အနေနဲ့လည်း Media Partnership အဖြစ်နဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။🥳

Dream Builders ဆိုတာကတော့ UN က ချမှတ်ထားတဲ့ SDG-4 📚 ကို အခြေခံထားပြီး လူငယ်တွေအတွက် အထောက်အကူဖြစ်စေတဲ့ Content တွေ၊ Webinar တွေ၊ Scholarship Sharing တွေအပြင် Free Class အတန်း‌စတဲ့ ပညာရေးဆိုင်ရာလုပ်ငန်း‌တွေကို လုပ်ကိုင်နေတဲ့ Non-Profit Organization တစ်ခုပဲ ဖြစ်ပါတယ်။

🎯 ဒီ Digital Marketing Webinar လေးကတော့ Digital Skill တွေဖြစ်တဲ့ အဓိကအားဖြင့် Marketing နယ်ပယ်နဲ့ ပတ်သက်ပြီး ကျောင်းသား‌လူငယ်တွေအတွက်ရော၊ Freelance လုပ်ကိုင်နေတဲ့သူတွေအပါအဝင် စိတ်ဝင်စားတဲ့မည်သူမဆို Marketing ပညာရပ်တွေကို ဝေမျှပေးရင်း Q & A Session မှာလည်း ‌သိချင်သမျှကို Guest Speaker နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

🎯 Webinar လေးအတွက် ဖိတ်ခေါ်ထားတဲ့ Guest Speaker အကို Ma Kyi Phyu Ko ကလည်း Professionally လုပ်ကိုင်နေတဲ့ Digital Marketer တစ်ယောက်ဖြစ်တဲ့အပြင် Executive Diploma in Digital Marketing ရရှိထားသူတစ်ယောက်လည်း ဖြစ်တာမို့ Professional တစ်ဦးဆီက‌နေ Marketing ပညာရပ်တွေကို လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။

🎯 Digital က ကြီးစိုးခြယ်လှယ်လာတဲ့ ခေတ်တစ်ခုမှာ အတွက်ပါ Digital ကို အသုံးချပြီး Marketing Level ကောင်းကောင်းလေးရှိမှသာ ကိုယ့်ရဲ့ Education Career အပါအဝင် Professional Career တွေအတွက်ပါ ကောင်းမွန်တဲ့ Outcome တွေဆီ ဦးတည်စေမှာမို့ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ Digital Marketing အကြောင်းကို ဒီ Webinar ကတစ်ဆင့် လေ့လာဖို့ Register လိုက်တော့နော်။

💌 WEBINAR DETAILS :

📅 Date : 21.12.2025 (SUN)
⏰ TIME : 8:00 P.M to 10:00 P.M
💻 PLATFORM : Via ZOOM
🚨 DEADLINE : 20.12.2025 (SAT)

💌 Registration Form လေးကို (20.12.2025) ရက်နေ့အထိပဲ သတ်မှတ်ထားတာမို့ Digital Marketing ကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ မ Join လိုက်ရဘဲ မဖြစ်လေအောင် DBO ရဲ့ Webinar Announcement Post လေးကနေတစ်ဆင့် ခုချက်ချင်းပဲ Register လိုက်ကြတော့နော်။💞

Webinar Announcement




"စီနီယာတွေပြောပြမယ့် ထိုင်းထိပ်တန်းတက္ကသိုလ်များနဲ့ ပညာသင်ဆုအကြောင်း" 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐒𝐞𝐫𝐢𝐞𝐬 - Week (2)သင်ဟာ ထိုင်းနိုင်ငံမှာ ပည...
12/11/2025

"စီနီယာတွေပြောပြမယ့် ထိုင်းထိပ်တန်းတက္ကသိုလ်များနဲ့ ပညာသင်ဆုအကြောင်း" 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐒𝐞𝐫𝐢𝐞𝐬 - Week (2)
သင်ဟာ ထိုင်းနိုင်ငံမှာ ပညာသင်ကြားချင်တဲ့ အိပ်မက်ရှိပေမယ့် ဘယ်ကစရမလဲ မသိဖြစ်နေရင်၊ ဒါမှမဟုတ် Scholarship အကြောင်း နားလည်အောင် ရှင်းပြပေးမယ့်သူ လိုအပ်နေရင် ဒီ 𝐖𝐞𝐛𝐢𝐧𝐚𝐫 𝐒𝐞𝐫𝐢𝐞𝐬 က သင့်အတွက် အကောင်းဆုံးအခွင့်အလမ်းပါပဲ…

ပထမဆုံးအပတ်မှာတော့ တက္ကသိုလ် (၃) ခုက စီနီယာတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျှ ပြောပြပေးသွားမှာ ဖြစ်ပါတယ်...
✨ November 14, 6:30 PM
Berry
Chulalongkorn University

✨ November 15, 6:30 PM
Ma Pan Su
Chiang Mai University

✨ November 16, 6:30 PM
Ko Issac Win
Kasetsart University
ပွဲလေးအကြောင်း အသေးစိတ်ကိုတော့ အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်...
👉 https://www.facebook.com/share/p/19ppZdupQ2/
တက်ရောက်ဖို့ အခုပဲ စာရင်းသွင်းလိုက်တော့နော်…!
👉 https://forms.gle/ntxRkNhFW3ZUPA8Q8
Zoom Link နဲ့ အသေးစိတ်အချက်အလက်တွေကို Email ကနေ ပေးပို့ပေးသွားပါမယ်…။
#စီနီယာတွေပြောပြမယ့်ထိုင်းထိပ်တန်းတက္ကသိုလ်များနဲ့ပညာသင်ဆုအကြောင်း

🇬🇧English လိုကြွယ်ကြွယ်ဝဝလေးပြောတတ်အောင် idioms တွေသင်ပေမဲ့ ပညာဒါနအစီအစဉ်လေးလာပါပြီ။ 🫶 21-Day Idiom Challenge ပညာဒါနအစီအ...
18/08/2025

🇬🇧English လိုကြွယ်ကြွယ်ဝဝလေးပြောတတ်အောင် idioms တွေသင်ပေမဲ့ ပညာဒါနအစီအစဉ်လေးလာပါပြီ။ 🫶

21-Day Idiom Challenge ပညာဒါနအစီအစဉ်လေးမှာဆိုရင် Idiom တွေကို ၂၁ ရက်နေ့တိုင်းလေ့လာရပြီးပြန်လည်အသုံးရအောင်ပါတစ်ခါထဲလေ့ကျင့်ပေးသွားဖြစ်ပါတယ်။

🤝 Lantern Bridge မှလည်း ပညာဒါနအစီအစဉ်လေးမှာ Collaboration Partnership အဖြင့်ပါဝင်ထားပါတယ်။

𝗕𝗼𝘂𝗻𝗰𝗲 ရဲ့ 𝟮𝟭-𝗱𝗮𝘆 Idiom Challenge တွေက ဘယ်လိုလဲ ?

အကျင့်ကောင်းတစ်ခုစွဲစွဲမြဲမြဲဖြစ်စေဖို ၂၁ ရက်ဆက်တိုက်လေ့ကျင့်ရတာမလို 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 ကို နည်းလမ်းမှန်မှန်နဲ့ မည်သူ့အကူအညီမှမပါဘဲလေ့လာတတ်အောင် 𝟮𝟭 ရက်ယူပြီး လေ့ကျင့်ပေးတာဖြစ်ပါတယ်။

နေ့စဉ်လေ့လာတဲ့အခါမှာ 𝗕𝗼𝘂𝗻𝗰𝗲 ဘက်က မွမ်းမံပြင်ဆင်ထားတဲ့ သင်ခန်းစာတွေကို 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺𝘀 ကိုသုံးပြီး မိမိအားတဲ့အချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်လောက်သာပေးပြီးလေ့လာရမှာပါ။ ဒါ့အပြင် မီးပုံမှန်မရတဲ့ဒေသကသူတွေလဲအဆင်ပြေအောင် 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲 ကို နှစ်ရက်တောင်ခွာပေးထားပါသေးတယ်။

📍 ဒါဆို 𝗟𝗲𝘃𝗲𝗹 𝘁𝗲𝘀𝘁 ဖြေရမှာလား ?

မိမိတစ်ယောက်တည်းလေ့လာရတာမလို လိုအပ်သလောက်လဲ အချိန်ယူလိုရပါတယ်။ သတ်မှတ်ထားသောအချိန်လေးအတိုင်း စာလေးနေ့တိုင်းပြုလုပ်ပေးဖို လိုအပ်ပါတယ်ရှင့်။

💰💰အခမဲ့လား 💰💰

ကြိုးစားသူတွေအတိုင်းအတွက် အခမဲ့ပါ။ 𝟮𝟭-𝗱𝗮𝘆 Idiom 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 မှာ 𝟮𝟭 ရက်ဆက်တိုက် စာလုပ်မယ်ဆိုတာကို အာမခံဖို အာမခံကြေး 𝟱𝟬𝟬𝟬 ကျပ်သာပေးသွင်းရပြီး၊ 𝟮𝟭 ရက်ဆက်တိုက် စာသေချာလုပ်တဲ့ 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗪𝗶𝗻𝗻𝗲𝗿 များကို တစ်ဦးတစ်ယောက်မကျန် ( 𝟱𝟬𝟬𝟬 ကျပ်) ကိုပြန်လွှဲပေးသွားပါမည်။

📣📣 အခုဘဲ Form ဖြည့်လိုက်နော် 📣📣

( ဒီ Form လေးထဲမှာ မိမိသိရမဲ့ Information အကုန်ပါဝင်ပြီးသားပါရှင့်။ )

Form Link: https://forms.gle/HysGZzooEWp9Z8DD6

( 𝟮𝟭-𝗗𝗮𝘆 𝗜𝗱𝗶𝗼𝗺 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲 - 𝟰 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 , 𝟮𝟬𝟮𝟱 | 𝟵:𝟬𝟬 𝗽𝗺 )

ဒါ့အပြင် Winners ဖြစ်သွားတဲ့သူတွေအတွက် Rewards များထပ်ရှိသေးတာမို မတွေဝေဘဲ ကိုယ့်ကိုယ်ကိုတိုးတက်ဖို ဒီနေ့ဘဲ စာရင်းအရင်ဆုံးပေးသွင်းလိုက်ပါ။

💜 Bounce Education Centre - Telegram Channel ကို Join ပေးထားပါအုန်းရှင့် ။

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/bounceeducationcentre

📢 Media Partnership AnnouncementDream Builders 🤝 Lantern Bridge DBO ကနေ ကျင်းပမယ့် "Study Abroad: Realistic Guide" Free ...
01/08/2025

📢 Media Partnership Announcement

Dream Builders 🤝 Lantern Bridge

DBO ကနေ ကျင်းပမယ့် "Study Abroad: Realistic Guide" Free Webinar အတွက် Lantern Bridge မှ Media Partner အနေနဲ့ ပါ၀င် အားဖြည့်ပေးထားပါတယ်။🙇

Dream Builders Org ကတော့ UN က ချမှတ်ထားတဲ့ SDG-4 📚 ကို အခြေခံထားပြီး လူငယ်တွေအတွက် အထောက်အကူဖြစ်စေတဲ့ Content တွေ၊ Scholarship Sharing တွေအပြင် ပညာရေးဆိုင်ရာလုပ်ငန်း‌တွေကို လုပ်ကိုင်နေတဲ့ Non-Profit Organization တစ်ခုပဲ ဖြစ်ပါတယ်။

🎯 Webinar ရည်ရွယ်ချက်

Study abroad သွားလိုသူတွေအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ ဒီ (၂) ရက်တာ Webinar လေးမှာ….

✔ ကိုယ်နဲ့သင့်တော်တဲ့ နိုင်ငံနဲ့ ကျောင်းရွေးချယ်နည်း။
✔ Scholarship ရဖို့ SOP (Statement of Purpose) ရေးသားနည်း။
✔ Guest Speaker များနဲ့ တိုက်ရိုက် Q&A Session ။
✔ Study Abroad အတွက် မရှိမဖြစ်လိုအပ်တဲ့ Basic Knowledgeတွေ Sharing လုပ်ပေးခြင်း။

အစရှိတဲ့ study abroad အတွက် အရေးကြီးတဲ့ အကြောင်းအရာတွေကို အသေးစိတ် ဆွေးနွေးပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်

🎯 Webinar Details :

📅 Date – Aug 2 & 3, 2025
🕖 Time – 7:00 PM to 9:00 PM (MMT)
💻 Platform – Zoom or Google Meet

လူငယ်တွေရဲ့ အနာဂတ်အတွက် DBO နဲ့အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့!🤝

Webinar Post Link
(https://www.facebook.com/share/p/19EL9nKp93/)









Lantern Bridge  X The Umbrella  Media Partnership🤝The Umbrella Youth Team မှ (26) ရက်နေ့မှာ ပြုလုပ်မယ့် "Heartfelt Thank...
23/07/2025

Lantern Bridge X The Umbrella Media Partnership🤝

The Umbrella Youth Team မှ (26) ရက်နေ့မှာ ပြုလုပ်မယ့် "Heartfelt Thanks to Our Supporters'' On-air Mental Health Webinar လေးမှာတော့ Lantern Bridge မှလည်း Media Partnership အနေနဲ့ဝင်ရောက်အားဖြည့် ကူညီပေးထားပါတယ်နော်။

ဒီ Webinar လေးဟာဆိုရင် ငလျင်တုန်း က Fundraising Campaign မှာ ပါဝင်ခဲ့တဲ့သူတွေကို ပြန်လည်ဖေးမဖို့ အဓိကဖြစ်ပြီး 2025 ရဲ့ကျန်တဲ့ (5) လမှာလည်း မိမိရည်မှန်းထားတာတွေအတွက် ဘယ်လိုမျိုး စိတ်နေစိတ်ထားနဲ့ ကြိုးစားရမယ်ဆိုတာကိုပါ ဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်။

(3) ရက်တာ ကျင်းပသွားမယ့် ဒီ Webinar လေးမှာတော့ ပါဝင်ဆွေးနွေးပေးသွားမယ့်သူတွေက

🧘‍♀ Ms. Myat Mon Kyaw

🧘‍♀ Ms. Myat Su Khaing နဲ့

🧘‍♀ Ms. Thiri Soe တို့လို အတွေ့အကြုံအများကြီးရှိတဲ့ Therapist တွေနဲ့ ဆွေးနွေးခွင့်ရမယ့် အခွင့်အရေးလဲ ဖြစ်ပါတယ်။

Program Details
https://www.facebook.com/share/p/1FwaBJy7GL/

ဒီ Webinar လေးကိုစိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြတဲ့ Linkမှာ Register လုပ်ထားလို့ရပါတယ်နော်။

https://docs.google.com/forms/d/e/1FAIpQLSfOFKsNzIu_N-tj5-uyfA5b_JP_11gABY1G7UO0hIj8Xc201g/viewform

ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ Inner Child ကို ပြန်ရှာတွေ့ဖို့ ရွှေအခွင့်အရေး ဖြစ်တဲ့အတွက် အမြန် Register လုပ်ဖို့ သတိပေးလိုက်ရပါတယ်နော်😍




🌠Dear Anon Media Partnership Announcement! ကျွန်တော်တို့ လူတိုင်းမှာ ကိုယ်ပိုင်ကမ္ဘာလေးတွေ ရှိကြပါတယ်။ အဲဒီကမ္ဘာထဲမှာ ပျ...
20/07/2025

🌠Dear Anon Media Partnership Announcement!

ကျွန်တော်တို့ လူတိုင်းမှာ ကိုယ်ပိုင်ကမ္ဘာလေးတွေ ရှိကြပါတယ်။ အဲဒီကမ္ဘာထဲမှာ ပျော်ရွှင်မှုတွေ ရှိသလို၊ တိတ်တိတ်လေး ဖုံးကွယ်ထားတဲ့ အပူမီးတွေ၊ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတွေလဲ ရှိနိုင်ပါတယ်။ တစ်ခါတလေ ဝန်ထုပ်ဝန်ပိုးတွေကို တစ်ယောက်တည်း ထမ်းထားရတာ တကယ်ကို ပင်ပန်းရပါတယ်။ ဒါ့ကြောင့်…

🌠ကျွန်တော်တို့ Lantern Bridge အနေနဲ့ Little Lighthouse - မီးပြတိုက်ငယ် ရဲ့ Dear Anonလေးနဲ့ အတူ စိတ်ထဲက အလေးအပင်တွေကို ဖြေလျှော့ပေးဖို့ ရောက်ရှိလို့လာပါပြီ။ကျွန်တော်တို့အတူ ဒီပူးပေါင်းမှုကနေတစ်ဆင့် လူငယ်တွေအတွက် ပိုကောင်းတဲ့ အထောက်အပံ့တွေ ပေးနိုင်မယ်လို့လဲ ယုံကြည်ပါတယ်ခင်ဗျာ။

🌠Dear Anonဆိုတာ... သင့်ရဲ့ လျှို့ဝှက်သူငယ်ချင်းတစ်ယောက်ပါပဲ။

Dear Anon ဆိုတာ ကိုယ့်ရဲ့ စိတ်ထဲက ပူလောင်မှုတွေကို ဘယ်သူ့မှ မသိစေဘဲ ရင်ဖွင့်နိုင်မဲ့၊ စိတ်သက်သာရာရနိုင်မဲ့၊ လုံခြုံတဲ့ နားခိုရာလေးတစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က အထီးကျန်နေတယ်လို့ ခံစားရရင်၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မပြောပြရဲတဲ့ လျှို့ဝှက်ချက်တွေ ရှိနေရင်၊ Dear Anon က သင့်အတွက် အသင့်ရှိနေမှာပါ။🤍

📬တိတ်ဆိတ်တဲ့ ရင်ဖွင့်ခြင်း (mail)

Chatting လုပ်ရတာမကြိုက်ဘူး။ ဒီတိုင်း အေးအေးဆေးဆေး ကိုယ့်စိတ်ထဲက စကားလုံးတွေကို စီပြီး ရေးသားချင်တယ်ဆိုရင်လဲ mail ကနေတစ်ဆင့် ရင်ဖွင့်နိုင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့သားတွေက စာလုံးတစ်လုံးချင်းစီကို ဂရုတစိုက်ဖတ်ရှုပြီး နားလည်မှုအပြည့်နဲ့ ပြန်လည်ဖြေကြားပေးမှာပဲဖြစ်ပါတယ်။

Mailကနေ ရင်ဖွင့်ဖို့ ဒီနေရာကို နှိပ်ပါ။

https://dearanon.site/email

📱DA Live Chat

မကြာသေးခင်က မိတ်ဆက်ပြီးသားဖြစ်တဲ့ ဒီ program လေးကတော့ ရင်ထဲက အသံတွေကို နားထောင်‌ပေးဖို့ အသင့်ရှိနေပါပြီ!။
Mailက‌‌နေ ပြောတာထက် တိုက်ရိုက် ပြောချင်တာမျိုးဆိုရင် DA Live Chat က သင့်အတွက်ပါပဲ။ ကိုယ်လိုအပ်တဲ့အချိန်တိုင်း၊ စိတ်ထဲမှာ ပူလောင်နေတဲ့အချိန်တိုင်း ဒီ Live Chat ထဲကို ဝင်လိုက်ပါ။ သင့်ကို နားလည်ပေးမဲ့၊ အားပေးနှစ်သိမ့်ပေးမဲ့ characters‌ လေးတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ပြီးတော့... ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး ပွင့်လင်းစွာ ပြောပြနိုင်ဖို့ ကိုယ်နှစ်သက်တဲ့ Character လေးတွေကို ရွေးချယ်စကားပြောလို့ ရတယ်နော်။ သူတို့က နားထောင်ပေးဖို့ အသင့်ပါပဲ။

ကိုယ်နဲ့ကိုက်ညီမဲ့ Character လေးတွေကို ရွေးချယ်ပြီး ကိုယ့်ရဲ့ စကားသံတွေကို DA Live Chat မှာ ဖွင့်ထုတ်ဖို့ ဒီနေရာကို နှိပ်ပါ။

https://dearanon.site/category

🤍 အမြဲတမ်းရင်ဖွင့်နိုင်တဲ့ နေရာ‌လေးတစ်ခု

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာဆိုသလိုပဲ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးဟာ အရေးကြီးဆုံးပါပဲ။ဒါကြောင့် Dear Anon က အသံတိတ်သူငယ်ချင်းတစ်ယောက်လို တည်ရှိနေပေးမှာဖြစ်လို့ တစ်ယောက်တည်း ကြိတ်မှိတ်မခံစားဘဲ ယုံကြည်စွာ ရင်လာဖွင့်နိုင်ပါပြီခင်ဗျာ။🤍




💪🏻 Intermediate တောင်ကို အတူတူဖြတ်ကျော်နိုင်မဲ့ 21-Day English Challenge Bounce - Education Centre မှ (6) ကြိမ်မြောက်ပြု...
02/07/2025

💪🏻 Intermediate တောင်ကို အတူတူဖြတ်ကျော်နိုင်မဲ့ 21-Day English Challenge

Bounce - Education Centre မှ (6) ကြိမ်မြောက်ပြုလုပ်တဲ့ 21-Day English Challenge လေးကို ကျွန်တော်တို့ Lantern Bridge Organization မှ Media Partnership အဖြစ်ပါဝင်ထားပါတယ်။

😢 Level Test စစ်လိုက်တိုင်း တက်လိုက်ကျလိုက်ဖြစ်နေလို့ စိတ်ညစ်နေပြီလား? သင်တစ်ယောက်တည်း မဟုတ်ပါဘူး။

Intermediate Level ကစာတွေ ကြေညက်သွားအောင်၊ သိသင့်သိထိုက်တာတွေသိသွားစေပြီး နောက်တစ်ဆင့်တက်လှမ်းဖို အသင့်ဖြစ်မဖြစ်သိချင်ရင်တော့ ကျွန်မတိုရဲ့ 21-Day English Challenge က သင့်အတွက်ပါပဲ။

💁🏻‍♀️ ၂၀၂၅ နှစ်ဝက်ကုန်သွားပြီဆိုတာတောင် Intermediate Level မှာ ကျန်နေခဲ့သူတွေအတွက် 21-Day English Challenge မှာစာပြန်နွေးလိုရပါပြီ။

𝗕𝗼𝘂𝗻𝗰𝗲 ရဲ့ 𝟮𝟭-𝗱𝗮𝘆 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 တွေက ဘယ်လိုလဲ ? 📣

အကျင့်ကောင်းတစ်ခုစွဲစွဲမြဲမြဲဖြစ်စေဖို ၂၁ ရက်ဆက်တိုက်လေ့ကျင့်ရတာမလို 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 ကို နည်းလမ်းမှန်မှန်နဲ့ မည်သူ့အကူအညီမှမပါဘဲလေ့လာတတ်အောင် 𝟮𝟭 ရက်ယူပြီး လေ့ကျင့်ပေးတာဖြစ်ပါတယ်။

နေ့စဉ်လေ့လာတဲ့အခါမှာ 𝗕𝗼𝘂𝗻𝗰𝗲 ဘက်က မွမ်းမံပြင်ဆင်ထားတဲ့ သင်ခန်းစာတွေကို 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺𝘀 ကိုသုံးပြီး မိမိအားတဲ့အချိန်မှာ ၁၅ မိနစ်မှ ၃၀ မိနစ်လောက်သာပေးပြီးလေ့လာရမှာပါ။ ဒါ့အပြင် မီးပုံမှန်မရတဲ့ဒေသကသူတွေလဲအဆင်ပြေအောင် 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲 ကို နှစ်ရက်တောင်ခွါပေးထားပါသေးတယ်။

📍 ဒါဆို 𝗟𝗲𝘃𝗲𝗹 𝘁𝗲𝘀𝘁 ဖြေရမှာလား ?

မိမိတစ်ယောက်တည်းလေ့လာရတာမလို လိုအပ်သလောက်လဲ အချိန်ယူလိုရပါတယ်။ သတ်မှတ်ထားသောအချိန်လေးအတိုင်း စာလေးနေ့တိုင်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

💰💰အခမဲ့လား 💰💰

ကြိုးစားသူတွေအတိုင်းအတွက် အခမဲ့ပါ။ 𝟮𝟭-𝗱𝗮𝘆 English 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 မှာ 𝟮𝟭 ရက်ဆက်တိုက် စာလုပ်မယ်ဆိုတာကို အာမခံဖို အာမခံကြေး 𝟱𝟬𝟬𝟬 ကျပ်သာပေးသွင်းရပြီး၊ 𝟮𝟭 ရက်ဆက်တိုက် စာသေချာလုပ်တဲ့ 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗪𝗶𝗻𝗻𝗲𝗿 များကို တစ်ဦးတစ်ယောက်မကျန် ( 𝟱𝟬𝟬𝟬 ကျပ်) ကိုပြန်လွှဲပေးသွားပါမည်။

📣📣 အခုဘဲ Form ဖြည့်လိုက်နော် 📣📣

( ဒီ Form လေးထဲမှာ မိမိသိရမဲ့ Information အကုန်ပါဝင်ပြီးသားပါရှင့်။ )

Form Link: https://forms.gle/BWki3RKJsN6EmnvA9

( 𝟮𝟭-𝗗𝗮𝘆 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗥𝗲𝗴𝗶𝘀𝘁𝗿𝗮𝘁𝗶𝗼𝗻 𝗙𝗼𝗿𝗺 𝗱𝗲𝗮𝗱𝗹𝗶𝗻𝗲 - 𝟮 𝗝𝘂𝗹𝘆 ,𝟮𝟬𝟮𝟱 𝟵:𝟬𝟬 𝗽𝗺 )

ဒါ့အပြင် Winners ဖြစ်သွားတဲ့သူတွေအတွက် Rewards များထပ်ရှိသေးတာမို့ မတွေဝေဘဲ ကိုယ့်ကိုယ်ကိုတိုးတက်ဖို့ ဒီနေ့ဘဲ စာရင်းအရင်ဆုံးပေးသွင်းလိုက်ပါ။

💜 Bounce Education Centre - Telegram Channel ကို Join ပေးထားပါဦးနော် ။

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 𝐋𝐢𝐧𝐤 - https://t.me/bounceeducationcentre

💌 𝐀𝐩𝐩𝐫𝐞𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐏𝐨𝐬𝐭 ဇန်နဝါရီလမှာ Lantern Bridge ကနေ ပြုလုပ်သွားခဲ့တဲ့ "𝐓𝐡𝐞 𝐑𝐢𝐠𝐡𝐭 𝐭𝐨 𝐊𝐧𝐨𝐰" 𝐏𝐫𝐨𝐣𝐞𝐜𝐭 လေးဟာ 𝐊𝐚𝐧𝐝𝐚𝐰 𝐂𝐥𝐞𝐚𝐧 အခမ...
01/07/2025

💌 𝐀𝐩𝐩𝐫𝐞𝐜𝐢𝐚𝐭𝐢𝐨𝐧 𝐏𝐨𝐬𝐭

ဇန်နဝါရီလမှာ Lantern Bridge ကနေ ပြုလုပ်သွားခဲ့တဲ့ "𝐓𝐡𝐞 𝐑𝐢𝐠𝐡𝐭 𝐭𝐨 𝐊𝐧𝐨𝐰" 𝐏𝐫𝐨𝐣𝐞𝐜𝐭 လေးဟာ 𝐊𝐚𝐧𝐝𝐚𝐰 𝐂𝐥𝐞𝐚𝐧 အခမဲ့စာသင်ကျောင်း၊ 𝐎𝐚𝐤 𝐒𝐡𝐢𝐤 𝐊𝐨𝐧𝐞 ဘုန်းတော်ကြီးကျောင်း , 𝐏𝐲𝐢𝐧𝐧𝐲𝐚𝐫 𝐏𝐚𝐫𝐚𝐦𝐢 အခမဲ့ စာသင်ကျောင်းရှိ ကျောင်းသားပေါင်း (186) ယောက်ကို

🔖 ကလေးငယ်တိုင်း သိသင့်တဲ့ 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐚𝐫𝐫𝐚𝐬𝐡𝐦𝐞𝐧𝐭 အပါအဝင် 𝐒𝐞𝐱 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐭𝐨𝐩𝐢𝐜 ပေါင်းစုံကို ပြဇာတ်ဇာတ်လမ်းတိုအဖြစ်တစ်ဖုံ၊ ရုပ်ပုံကားချပ်တို့နဲ့ တစ်မျိုး မျှဝေပညာပေးနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး အောင်မြင်စွာ သေချာသင်ကြားပို့ချပေးနိုင်ဖို့အတွက်

🧩 Lantern Bridge Member ဝင်တိုင်းကို စနစ်တကျ Train ပေးခဲ့တဲ့ 𝐖𝐄 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 မှ အဖွဲ့ဝင်အစ်မ 𝐇𝐧𝐢𝐧 𝐍𝐮 𝐇𝐭𝐰𝐞 နဲ့ အစ်မ 𝐊𝐡𝐢𝐧 𝐇𝐥𝐚𝐢𝐧𝐠 𝐒𝐚𝐧

🧩 ကလေးငယ်တိုင်း သိထားသင့်တဲ့ 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐚𝐫𝐫𝐚𝐬𝐡𝐦𝐞𝐧𝐭 𝐭𝐨𝐩𝐢𝐜 ကို ဥပဒေရှုထောင့်မှတဆင့် ပညာပါရမီကျောင်းမှာ သင်ကြားမျှဝေပေးခဲ့တဲ့ 𝐋𝐁𝐉 𝐌𝐲𝐚𝐧𝐦𝐚𝐫 မှ ဆရာ၊ ဆရာမများ

🧩 Training Session လေး ကောင်းမွန်စွာ ဖြစ်မြောက်နိုင်ဖို့အတွက် နေရာစီစဉ်ပေးခဲ့တဲ့ New Next International College

🧩 Rehersal (2) ရက်တာအတွက် နေရာစီစဉ်ပေးခဲ့တဲ့ Jefferson Center Mandalay

🧩 ဥသျှစ်ဘကကျောင်းမှ ကျောင်းသား ၅၀၀ ကို နေ့လယ်စာအလှူအဖြစ် လှူဒါန်ပေးခဲ့တဲ့ 𝐋𝐚𝐧𝐭𝐞𝐫𝐧 𝐁𝐫𝐢𝐝𝐠𝐞 𝐌𝐞𝐦𝐛𝐞𝐫 ဝင် 𝐌𝐚𝐞 𝐓𝐡𝐢𝐭 𝐒𝐚𝐫 ရဲ့ မိသားစု

🧩 ပညာပါရမီကျောင်းမှ ကလေးငယ်တွကို အာဟာရအလှူအဖြစ် လှူဒါန်းပေခဲ့တဲ့ Nari’s Land Founder အစ်မ Nari

🧩 Kandaw Clean နဲ့ ဥသျှစ်ဘကကျောင်းမှာ Project လေးကို အောင်မြင်စွာပြုလုပ်နိုင်ဖို့ Funding ပေးခဲ့တဲ့ InterYouth

🧩 ကလေးငယ်တွေကို မျှဝေပို့ချပေးဖို့အတွက် ခွင့်ပြုပေးခဲ့တဲ့ Kandaw Clean အခမဲ့စာသင်ကျောင်း၊ 𝐎𝐚𝐤 𝐒𝐡𝐢𝐤 𝐊𝐨𝐧𝐞 ဘုန်းတော်ကြီးကျောင်း , 𝐏𝐲𝐢𝐧𝐧𝐲𝐚𝐫 𝐏𝐚𝐫𝐚𝐦𝐢 အခမဲ့ စာသင်ကျောင်း

🧩 𝐏𝐫𝐨𝐣𝐞𝐜𝐭 လုပ်တဲ့နေ့တွေမှာ ကူညီအားဖြည့်ပေးခဲ့တဲ့ 𝐕𝐨𝐥𝐮𝐧𝐭𝐞𝐞𝐫 တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ် ❤️

“Safe Choices” A Holistic Guide to S*x Health and Wellness S*xual Health Talk Webinar ♂️♀️လူငယ်တစ်ယောက်အနေနဲ့ သိသင့်သိထိ...
27/06/2025

“Safe Choices” A Holistic Guide to S*x Health and Wellness S*xual Health Talk Webinar ♂️♀️

လူငယ်တစ်ယောက်အနေနဲ့ သိသင့်သိထိုက်တဲ့အရာတွေမှာ
s*x education ဟာဆိုရင်လည်း အဓိကနေရာကနေ ပါ၀င်နေပါတယ် ‼️

S*x education နဲ့ပတ်သက်ပြီး အသိပညာနည်းမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ပြဿနာတွေထဲက အကြီးမားဆုံးကတော့ လိင်မှတစ်ဆင့်ကူးစက်‌တဲ့ ရောဂါတွေခံစားရတာပဲဖြစ်ပါတယ်။ ဒါဟာ လူသားအရင်းအမြစ်တွေကို ဆုံးရှုံးစေတဲ့ နောက်ကွယ်အကြောင်းအရင်းထဲကတစ်ခုပါ‼️

ဒီပြဿနာဟာဆိုရင် မြန်မာနိုင်ငံမှာလည်းဖြစ်ပေါ်နေပါတယ်။ အထူးသဖြင့် အရှက်အကြောက်ကြီးတဲ့ လူ့အဖွဲ့အစည်း၊ အရင်ခေတ်က လွဲမှားတဲ့အယူအဆတွေအောက်မှာ လူငယ်တွေဟာ s*x education ‌နဲ့ပတ်သက်ပြီး အသိပညာအားနည်းနေသလို ထုတ်ဖော်ပြောဆိုဖို့လည်း ၀န်လေးတတ်ကြပါတယ်။ 🤐
အကျိုးဆက်အနေနဲ့ မှားယွင်းတဲ့ရွေးချယ်မှုတွေလုပ်မိပြီး မဖြစ်သင့်တာတွေဖြစ်ကုန်ပါတော့တယ်။ 😔

ဒါကြောင့် HEAA Foundation နဲ့ World Health Institute Myanmar တို့ပူးပေါင်းပြီး 'Safe Choices: A Holistic Guide to S*x Health and Wellness' Virtual Health Talk Webinar ကို ပြုလုပ်ပေးသွားမှာ ဖြစ်ပြီး ကျွန်တော်တို့ Lantern Bridge ကနေပြီးတော့ Media Partners အဖြစ် ပါဝင်ပေးထားတာပဲဖြစ်ပါတယ်။🤝🌟

အခု Health Talk Webinar မှာ Guest speaker အနေနဲ့ ပါ၀င်သွားမှာကတော့ Dr. Han Min Bo 👨‍⚕️ ဖြစ်ပါတယ်။ 🙌

▪️Dr. Han Min Bo ဟာဆိုရင် စက်ရုံ၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေမှာဆိုရင် ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြုလုပ်ပေးလျက်ရှိပြီး မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်သူတွေရဲ့ capacity building အတွက်လည်း training တွေပြုလုပ်ပေးလျက်ရှိပါတယ်။

▪️ဒါ့အပြင် international organizations တွေဖြစ်တဲ့ IRC (International rescue committee), Plan International, DKT Myanmar နဲ့ Myanmar Positive Group တို့မှာလည်း လုပ်ကိုင်ခဲ့သူဖြစ်ပြီးတော့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ နဲ့ အထူးသဖြင့် လူငယ်တွေအတွက် s*x education, HIV, AIDS ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး social media မှာ content တွေ sharing လုပ်ပေးလျက်ရှိပါတယ်။

အခု “ Safe Choice” S*xual Health Talk Webinar မှာ Dr. Han Min Bo ကနေ 🎗

✅ အန္တရာယ်ကင်းတဲ့ safe s*x practice အကြောင်း
✅ လိင်မှတစ်ဆင့်ကူးစက်‌တဲ့ ရောဂါတွေအကြောင်း
✅ S*x education နဲ့ပတ်သက်ပြီး လွဲမှားနေတဲ့ အယူအ‌ဆ‌တွေအကြောင်း
✅ S*xual health နဲ့ပတ်သက်ပြီး မှန်ကန်တဲ့ရွေးချယ်မှုတွေကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေအကြောင်းကို အဓိကထား ဝေမျှပေးသွားမှာဖြစ်ပါတယ်။

အခုလို မျှဝေခြင်းအားဖြင့်

▪️လူငယ်တွေအနေနဲ့ s*x education အကြောင်း ပိုမိုသတိထားသိရှိလာမယ် 💡

▪️S*xual health နဲ့ ပတ်သက်တဲ့ လွဲမှားနေတဲ့ အယူအဆတွေကို ဖယ်ရှားနိုင်မယ် 🚫

▪️S*xual health နဲ့ဆက်စပ်ပြီး အကူအညီလိုလာတဲ့အခါ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုလာနိုင်ဖို့ရည်ရွယ်ပြုလုပ်ရခြင်းပဲဖြစ်ပါတယ်။

📌 “Safe Choices” S*xual Health Talk Webinar လေးရဲ့ information လေးကတော့ …

🗓Date: 29.06.2025
🕖Time: 7:00 P.M. to 9:00 P.M.🕘
💻Platform: Virtual Zoom Program

အခုပြုလုပ်ပေးသွားမဲ့ S*xual Health Talk Webinar ကို 13 နှစ်အရွယ်လူငယ်တွေ 👦👧 မှစလို့
လူကြီးတွေပါ 🧔‍♂️👩တက်ရောက်နိုင်ပါတယ်။

Taboo တစ်ခုလိုဖြစ်နေတဲ့ s*x education အကြောင်းတွေကို သိရှိပြီး ပွင့်လင်းစွာဆွေးနွေးနိုင်ဖို့ Webinar လေးကို တက်ရောက်ဖို့ အခုပဲ register လုပ်လိုက်ပါ။ 👇

🔗 Register Link: https://forms.gle/FRtYiVyEzswEmgMH8






*xualHealthandWellbeing

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Lantern Bridge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share