Rose Garden Community

Rose Garden Community Non Profit Organisation

2026 International Women's Day Workshop (The Social Equitu Stmposium - လူမှုဘဝတန်းတူညီမျှမှုဆိုင်ရာ ဆွေးနွေးပွဲ) သို့ တက...
07/03/2026

2026 International Women's Day Workshop (The Social Equitu Stmposium - လူမှုဘဝတန်းတူညီမျှမှုဆိုင်ရာ ဆွေးနွေးပွဲ) သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day 2026) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Rose Garden Community နှင့် Elysium Institute (Faculty of Social Science) တို့မှ ပူးပေါင်းကျင်းပသော "The Social Equity Symposium" သို့ တက်ရောက်ရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဤဆွေးနွေးပွဲသည် အသိပညာဗဟုသုတ မျှဝေရုံသာမကဘဲ လက်ရှိလူမှုအသိုင်းအဝိုင်းအတွင်း အမြစ်တွယ်နေသော "အစဉ်အလာ စည်းမျဉ်းများ" ကို ခွဲခြမ်းစိတ်ဖြာပြီး တရားမျှတမှုနှင့် တန်းတူညီမျှမှုရှိသော စံနှုန်းသစ်များ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ဆွေးနွေးတင်ပြမည့် အကြောင်းအရာများနှင့် ဖိတ်ကြားထားသော ပညာရှင်များ
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာကဏ္ဍအလိုက် အတွေ့အကြုံရှိသော ပညာရှင် (၃) ဦးမှ အောက်ပါခေါင်းစဉ်များဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

၁။ Tr. Mya (Founder of Energetic Node)

“Shifting Social Norms for Gender Equality and Justice”
(တန်းတူညီမျှမှုနှင့် တရားမျှတမှုအတွက် လူမှုရေးစံနှုန်းများ ပြောင်းလဲခြင်း)

၂။ Theint (Youth Development Activist)

“Women’s Rights, Mutual Perceptions among Women, and Societal Norms”
(အမျိုးသမီး အခွင့်အရေး၊ အမျိုးသမီး အချင်းချင်းအမြင်နှင့် လူမှုစံချိန်စံညွှန်းများ)

၃။ Htoo Han Thar (Founder of A Local Handmade Brand)

“Be the Inspiration You Seek”
(ကိုယ့်ရဲ့ Idol က ကိုယ်သာ ဖြစ်ပါစေ)

💬 ရှုထောင့်အမြင်များ ဖလှယ်ဆွေးနွေးခြင်း (The Perspective Discussion)
ဆွေးနွေးပွဲ၏ အဓိက ကဏ္ဍတစ်ခုဖြစ်သော အမျိုးသမီးများအပေါ် ထားရှိသည့် "တိတ်တဆိတ် မျှော်လင့်ချက်များ" အား ပြောင်းလဲရန်အတွက် မိမိတို့၏ အမြင်များကို ထည့်သွင်းဆွေးနွေးမည့် အစီအစဉ်တွင် ပါဝင်ရန် တက်ရောက်သူများထဲမှ (၆) ဦး ကို ဖိတ်ခေါ်လိုပါသည်။

ပါဝင်ဆွေးနွေးလိုသူများအနေဖြင့် Comment Box ရှိ Link မှဖြစ်စေ၊ Comment Box ရှိ QR code ကို scan ၍ဖြစ်စေ Register ပြုလုပ်နိုင်ပါသည်။

ပါဝင်ဆွေးနွေးသူ တစ်ဦးလျှင် (၁၀) မိနစ်စီ အမြင်ချင်းဖလှယ်ရန် အချိန်ပေးသွားမည် ဖြစ်ပါသည်။

📜 ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်မှတ်များ (Certificates)

Workshop သို့ တက်ရောက်သူ အားလုံးအတွက် တက်ရောက်မှုလက်မှတ် (Certificate of Participation) ပေးအပ်သွားမည် ဖြစ်ပါသည်။

အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း (Discussion Session) တွင် ပါဝင်ဆွေးနွေးသူ (၆) ဦးအတွက် ပါဝင်ဆောင်ရွက်မှု လက်မှတ် (Certificate of Activity) ကို သီးသန့် ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပါသည်။

📍Workshop အချက်အလက်များ

နေ့ရက် - ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် (တနင်္ဂနွေနေ့)

အချိန် - ည ၇:၀၀ နာရီ မှ ၁၀:၀၀ နာရီ ထိ (မြန်မာစံတော်ချိန်)

ကျင်းပမည့်နေရာ - Zoom Meeting

တက်ရောက်နိုင်သူ ဦးရေ - ၁၀၀ ဦး (ကန့်သတ်ထားပါသည်)

🔗 စာရင်းပေးသွင်းရန် -
https://docs.google.com/forms/d/e/1FAIpQLSebtqb7cngfw4rDgQXTr-1PecgzW-flLShAvS1AfCda7l3r_g/viewform?usp=publish-editor

သို့မဟုတ် ပုံပါ QR Code ကို Scan ဖတ်၍ စာရင်းပေးသွင်းနိုင်ပါသည်။ စာရင်းပေးသွင်းပြီးပါက တက်ရောက်ရမည့် Zoom Meeting Link နှင့် Password ကို Email မှတစ်ဆင့်ပေးပို့ပါမည်။

လူမှုစံနှုန်းများကို အတူတကွ ပြန်လည်ဆန်းစစ်ပြီး ပိုမိုကောင်းမွန်သော အပြောင်းအလဲများ ဖော်ဆောင်ရန်အတွက် ယခုဆွေးနွေးပွဲသို့ တက်ရောက်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Rose Garden Community ဟာ 2023 ခုနှစ်မှာ Rose Garden Divination တည်ထောင်သူနဲ့ သင်တန်းသားများရဲ့ Soul Family လစဥ်အလှူအစီအစ...
17/09/2025

Rose Garden Community ဟာ 2023 ခုနှစ်မှာ Rose Garden Divination တည်ထောင်သူနဲ့ သင်တန်းသားများရဲ့ Soul Family လစဥ်အလှူအစီအစဥ်ကနေ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ စတင်ချိန်က ရည်ရွယ်ချက်မှာ အခြေခံလူတန်းစားများနှင့် တရိစ္ဆာန်ဂေဟာများအတွက် လိုအပ်သော အထောက်အပံ့များ ကူညီလှူဒါန်းမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ပါတယ်။ 2023 ခုနှစ်မှာ တိရစ္ဆာန်ဂေဟာများအတွက် လိုအပ်သော အစာဖိုးများကို Rose Garden Soul Family ၏ လစဥ်ထည့်ဝင်ငွေများဖြင့် လှူဒါန်းခဲ့ပါတယ်။

2024 ခုနှစ်မှာတော့ လူမှုဝန်းကျင်အကျိုးပြု Project များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာကူညီကယ်ဆယ်မှုများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် Rose Garden Charity အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ လစဥ်အလှူငွေထည့်ဝင်သည့် စနစ်​အပြင် Project အလိုက် Funding ရှာဖွေသည့်စနစ်ကိုပါ ထည့်သွင်းကျင့်သုံးခဲ့ပါတယ်။

2024 ခုနှစ် မြန်မာနိုင်ငံတစ်ဝှမ်းဆန်များ ဝယ်ယူရန်ခက်ခဲခဲ့သည့်ကာလမှာ ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားများအတွက် ​အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ပဲနှင့် ကြက်ဥများ ဝေငှလှူဒါန်းနိုင်ခဲ့ပါတယ်။

အလားတူပင် 2024 ခုနှစ် မြန်မာပြည်တစ်ဝှမ်းရေဘေးသင့်ကာလ၌ ကျောက်ဆည်နှင့် ဟန်မြင့်မိုရ်ဒေသရှိ ရေဘေးသင့်ပြည်သူ 500 ခန့်အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ အဝတ်အထည်နှင့် ဆေးဝါးပစ္စည်းများ ကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။

2025 ခုနှစ် မတ်လ အထက်မြန်မာပြည် ငလျင်ဘေး၌

1. အမရပူရဒေသရှိ ငလျင်သင့်ပြည်သူ ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာအစိုအခြောက်၊သောက်သုံးရေ၊ ဆေးဝါး၊ အမျိုးသမီးလစဥ်သုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း၊

2. စစ်ကိုင်းဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာတစ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်​လှူဒါန်းခြင်း၊

3. အင်းဝနှင့် အခြားသော ငလျင်ဒဏ်ခံ ဒေသများရှိ ပြည်သူများအတွက် ယာယီနေထိုင်ရန် ရွက်ဖျင်တဲများ၊ ​မိုးကာများ၊ ထီးများ၊ ခြင်ဆေးများ၊ ရိက္ခာခြောက်များ၊ အမျိုးသမီးလစဥ်သုံးပစ္စည်းများ၊ ရေသန့်ဆေးပြားများ ထောက်ပံ့လှူဒါန်းခြင်း

4. အထက်ပိုင်းဒေသရှိ ငလျင်ဒဏ်ခံကလေးငယ်များအတွက် အဝတ်အစားနှင့် အရုပ်များလှူဒါန်းခြင်း၊

5. မန္တလေး​မြို့ ​ရပ်ကွက်အချို့ရှိ ငလျင်ဒဏ်ခံမိသားစုများ ပြန်လည်ထူထောင်ရေးအတွက် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းကျ ထောက်ပံ့လှူဒါန်းခြင်း

စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

2024 ခုနှစ်နှင့် 2025 ခုနှစ်အတွင်းမှာ Rose Garden Charity ၏ မိတ်ဖက် ပညာရေးအဖွဲ့အစည်းဖြစ်တဲ့ Elysium Dreams Institute မှတစ်ဆင့် လူငယ်များအတွက် အလွန်နည်းပါးသော သင်တန်းကြေးပမာဏဖြင့် ဘာသာစကားသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

2025 ခုနှစ် September လမှ စတင်ပြီး လူမှုပတ်ဝန်းကျင် အကျိုးပြု ကူညီထောက်ပံ့မှုများသာမက လူငယ်အကျိုးပြု သင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ၊ အစီအစဥ်များ ပိုမိုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် Rose Garden Charity ကို Rose Garden Community အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ်။

Rose Garden Community ၏ ဆောင်ပုဒ်မှာ "Together For Youth. Together For Change." ဖြစ်ပါတယ်။

Rose Garden Charity အနေဖြင့် လူငယ်များအတွက် အကျိုးပြု အစီအစဥ်များ၊ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် လူမှုပတ်ဝန်းကျင်အတွ...
11/09/2025

Rose Garden Charity အနေဖြင့် လူငယ်များအတွက် အကျိုးပြု အစီအစဥ်များ၊ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် လူမှုပတ်ဝန်းကျင်အတွက် လူသားခြင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို Rose Garden Community ဆိုသော နာမည်အသစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တွဲလက်ညီသော လူငယ်များ၏ 𝙍𝙤𝙨𝙚 𝙂𝙖𝙧𝙙𝙚𝙣 𝘾𝙝𝙖𝙧𝙞𝙩𝙮   🌹𝙍𝙤𝙨𝙚 𝙂𝙖𝙧𝙙𝙚𝙣 𝘾𝙝𝙖𝙧𝙞𝙩𝙮 ဟာ လူငယ်တွေ တွဲလက်ညီစွာ ဖွဲ့စည်း တည်ထောင်ထားတဲ့ 𝙉𝙤𝙣-𝙋𝙧...
17/09/2024

တွဲလက်ညီသော လူငယ်များ၏ 𝙍𝙤𝙨𝙚 𝙂𝙖𝙧𝙙𝙚𝙣 𝘾𝙝𝙖𝙧𝙞𝙩𝙮

🌹𝙍𝙤𝙨𝙚 𝙂𝙖𝙧𝙙𝙚𝙣 𝘾𝙝𝙖𝙧𝙞𝙩𝙮 ဟာ လူငယ်တွေ တွဲလက်ညီစွာ ဖွဲ့စည်း တည်ထောင်ထားတဲ့ 𝙉𝙤𝙣-𝙋𝙧𝙤𝙛𝙞𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣 တစ်ခု ဖြစ်ပါတယ် !

🌹အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေဆီ ကူညီပေးနိုင်အောင် "လူငယ်"များမှ ကိုယ်တိုင် ကိုယ်ကျလေ့လာပြီး 𝙋𝙧𝙤𝙟𝙚𝙘𝙩 တွေ ဖော်ဆောင်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ် ...

🌹နှင်းဆီရဲ့ ဂုဏ်သတင်းလို 𝙍𝙤𝙨𝙚 𝙂𝙖𝙧𝙙𝙚𝙣 𝘾𝙝𝙖𝙧𝙞𝙩𝙮 ရှေ့ဆက် လှပစွာ ပွင့်ဖူးလာပါစေကြောင်း ....

✨“𝙏𝙤𝙜𝙚𝙩𝙝𝙚𝙧 𝙛𝙤𝙧 𝙔𝙤𝙪𝙩𝙝 , 𝙏𝙤𝙜𝙚𝙩𝙝𝙚𝙧 𝙛𝙤𝙧 𝘾𝙝𝙖𝙣𝙜𝙚 !”

#ပရဟိအဖွဲ့အစည်း

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Rose Garden Community posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share