Hub Of Mandalay Empowerment

Hub Of Mandalay Empowerment Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hub Of Mandalay Empowerment, Nonprofit Organization, Mandalay.

🏡HOME က မန္တလေးမြို့နေ လူငယ်များရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု ၊ ချစ်ခြင်းမေတ္တာ ၊ စိတ်လုံခြုံမှု ၊ လူ့အဖွဲ့အစည်းကို အကျိုးပြုလိုစိတ် စ‌တာတွေကို ပေးနိုင်တဲ့ ရပ်ဝန်းလေးအဖြစ်ရှိနေပေးပါတယ်။

Sustainable Fashion နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ နောင်တော်တို့အတွက် Doing More With Less က ပြုလုပ်သွားမဲ့ ဒီ discussion ...
12/09/2026

Sustainable Fashion နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ နောင်တော်တို့အတွက် Doing More With Less က ပြုလုပ်သွားမဲ့ ဒီ discussion session ကို လက်လွတ်မခံဖို့ တိုက်တွန်းလိုက်ပါတယ်ဗျို့။ 🤗💯

🏞️ စံကားတောင်မှာ HOME က တိတ်တဆိတ်ဘာတွေလုပ်ဆောင်ခဲ့ကြလဲ? 🌿တိတ်တဆိတ်ဆိုပေမဲ့ မပြောမပြီး မတီးမမြည်ဆိုသလိုမျိုး ပြီးခဲ့တဲ့ W...
29/07/2026

🏞️ စံကားတောင်မှာ HOME က တိတ်တဆိတ်ဘာတွေလုပ်ဆောင်ခဲ့ကြလဲ? 🌿

တိတ်တဆိတ်ဆိုပေမဲ့ မပြောမပြီး မတီးမမြည်ဆိုသလိုမျိုး ပြီးခဲ့တဲ့ Weekend မှာ HOME အနေနဲ့ Gen Green: 5 Nights of Impact ပွဲကြီးမှာ ပါဝင်ကူညီခဲ့ကြတဲ့ အဖွဲ့တော်သားများနဲ့အတူ စံကားတောင်ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်ဗျ။ ✨

ဆန်ကောထဲမှာ ဆီးဖြူသီးလှိမ့်နေသလိုမျိုး နိမ့်တချီ မြင့်တလှည့် ခုန်ဆွခုန်ဆွနဲ့ ကားစီးပြီးတော့ သွားခဲ့ရတဲ့ ဒီခရီးလမ်းဟာ HOME ရဲ့ Gen Green Event မှာပါဝင်ခဲ့ကြတဲ့ အဖွဲ့တော်သားတွေအတွက် ဂိမ်းတွေအတူတူ ကစားရင်း လမ်းခရီးတစ်လျှောက်မှာ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကို ပုံဖော်နိုင်ခဲ့ကြပါတယ်။ 🚐

ဒါ့အပြင် ပြီးခဲ့တဲ့ Gen Green Event ကနေ ရရှိခဲ့တဲ့ အသိပညာတွေနဲ့ ဗဟုသုတတွေကို လက်တွေ့အသုံးချပြီး သဘာဝတရားကြီးကို အကျိုးပြုနိုင်ဖို့ရာအတွက် တစ်ယောက်ကို အမှိုက်အိတ်တစ်ထုတ်စီကိုင်ကာ တောင်တက်တောင်ဆင်းလမ်းတစ်လျှောက်မှာရှိတဲ့ ပိုင်ရှင်မဲ့အမှိုက်တွေကို ဝိုင်းဝန်းပြီး ရှင်းလင်းခဲ့ကြပါတယ်။ ♻️

‌ရေတံခွန်အသွယ်သွယ်နဲ့ ဆိတ်ငြိမ်တဲ့ စံကားတောင်ဟာ တောင်တွေပတ်ချာလည်မှာရှိပြီးတော့ လူငယ်တွေနဲ့ တောင်တက်ဝါသနာရှင်တို့အတွက် အနားယူစရာ အလည်အပတ်လုပ်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ⛰️

ဒီလိုနေရာမှာ HOME အနေနဲ့ သဘာဝတရားကြီးနဲ့ ဂေဟစနစ်ကို ပလတ်စတစ်လိုမျိုး အမှိုက်တွေနဲ့ ဖုံးလွှမ်းမသွားအောင် ကူညီနိုင်ခဲ့သလို တောင်တက်ခရီးစဉ်မှာ ပါဝင်ခဲ့ကြတဲ့ HOME ရဲ့ အဖွဲ့တော်သားအချင်းချင်း ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်ဗျ။ 🤝

လမ်းခရီးအစကနေ အဆုံးအထိ HOME အနေနဲ့ ဘယ်လိုမျိုးတွေဆောင်ရွက်ခဲ့လဲဆိုတာတွေကို အသေးစိတ်သိရှိနိုင်ဖို့ရာအတွက် ဓာတ်ပုံတစ်ပုံချင်းစီရဲ့ Caption တွေကနေတဆင့် HOME ရဲ့ စံကားတောင်သွားတောလားကို ဖွင့်လိုက်ကြရအောင်လားခင်ဗျာ။ 📸

A Brighter Mandalay, Starting from HOME. 🏡

တစ်ယောက်သောသူ အတွက်တော့ နှလုံးသားတံခါးကို အမြဲဖွင့်ကောင်းဖွင့်ထားနိုင်ပေမယ့် ကျွန်တော်တို့ အိမ်ကလေးမှာ ပါဝင်နိုင်မယ့် အခ...
27/07/2026

တစ်ယောက်သောသူ အတွက်တော့ နှလုံးသားတံခါးကို အမြဲဖွင့်ကောင်းဖွင့်ထားနိုင်ပေမယ့် ကျွန်တော်တို့ အိမ်ကလေးမှာ ပါဝင်နိုင်မယ့် အခွင့်အရေးကတော့ မကြာခင်မှာ ပိတ်ပါတော့မယ်ဗျို့။ 👀📢

စဖွင့်ဖွင့်ချင်းကတည်းက လက်ဦးမှုရယူထားတဲ့ နောင်တော်တွေလည်း ရှိသလို စိတ်ဝင်စားပေမယ့် အခုချိန်ထိ မလျှောက်ရသေးတဲ့ နောင်တော်တွေအတွက် နောက်တစ်ခါ သတိပေး နှိုးဆော်လိုက်ရပါတယ်။ 🤗✨

Open positions တွေကတော့ - 👐
📺 ကျွန်တော်တို့အိမ်ကလေးရဲ့ တီဗီဖန်သားပြင်မှာ အနုပညာစွမ်းအားတွေသုံးပြီး တင်ဆက်ပေးနေတဲ့
Social Media Department မှာ
Content Writers (5) posts,
Graphic Designers (5) posts,
Marketing Associates (3) posts,
Digital Community Officers (4) posts

🛋️ အိမ်ကလေးရဲ့ လူမှုဆက်ဆံရေး မျက်နှာဖုံးဖြစ်တဲ့
Public Relations Department မှာ
Deputy Head (1) post,
PR Officer (1) post
Newsletter Coordinators (2) posts အပါအဝင်

📂 အိမ်ကလေးအတွင်းက တစ်ဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းစိစစ်ချက်တွေအတွက် တာဝန်ယူထားတဲ့
Human Resources Department မှာ
HR Officers (4) posts တို့ ဖြစ်ပါတယ်။

Volunteer term ကတော့ (၄) လဖြစ်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ position တစ်ခုချင်းစီရဲ့ အသေးစိတ်ကို main post မှာ ဖော်ပြပေးထားတာမို့လို့ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်မခံပဲ အချိန်မနှောင်းခင်မှာ ဆုပ်ကိုင်နိုင်ဖို့အတွက် (29.7.2026 11:59 P.M.) နောက်ဆုံးထားပြီး လျှောက်ထားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျို့။ 🙌🌱

📌 https://www.facebook.com/share/p/1HH5GwLP6M/?mibextid=wwXIfr

🏠 A Brighter Mandalay, Starting from HOME.



🏡မိုးရာသီထဲ မိုးခိုရအောင် ဒီအိမ်ကလေးကို လှမ်းလာ ကြပါဗျို့။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ HOME ကနေပြီး အားလုံးမေးမေးနေကြတဲ့ Vo...
21/07/2026

🏡မိုးရာသီထဲ မိုးခိုရအောင် ဒီအိမ်ကလေးကို လှမ်းလာ ကြပါဗျို့။

ဟုတ်ပါတယ်၊ ကျွန်တော်တို့ HOME ကနေပြီး အားလုံးမေးမေးနေကြတဲ့ Volunteer Recruitment အသစ် ရောက်ရှိလို့လာပါပြီဗျ။ 🥳 ဆိုတော့ အေးမြတဲ့ မိုးရေစက်တွေအောက်မှာ တစ်ယောက်ထဲ ဖြတ်သန်းနေရပြီဆိုရင် ကျွန်တော်တို့ရဲ့ နွေးထွေးတဲ့ အိမ်ကလေးမှာ ခနတာ ခိုလှုံဖို့အတွက်‌ ဖိတ်ခေါ်လိုက်ပါရစေ။ ☔

ရွှေမန်းမြို့က လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး လက်ရှိမှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့ အိမ်ကလေးမှာ စေတနာ့ဝန်ထမ်းတွေအဖြစ် လုပ်ကိုင်နိုင်ဖို့အတွက် အိမ်ရှေ့တံခါးကို ဖွင့်လှစ်ထားလိုက်ပါပြီ။ 🚪

ကိုင်တွယ်ရမဲ့ လုပ်ငန်းဆောင်တာတွေကို သိနိုင်ဖို့ကို တော့ တစ်ပုံချင်းစီ ထောက်ကြည့်လို့ရပြီး Volunteer ခေါ်ယူနေတဲ့ position တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ။ 👐

✅ Social Media Department

Content Writers (5) Post
Graphic Designer (5) Post
Marketing Associate (3) Post
Digital Communication Officer (4) Post

✅ Human Resources Department

HR Officer (4) Post

✅ Public Relations Department

Deputy Head (1) Post
PR officer (1) Post
Newsletter coordinator (2) Post

Volunteer Term : 4 Months
Application Deadline : 29th July, 2026
Application Form : Under respective
Info-Graphics

ကိုယ့်ရဲ့ အရည်အချင်းတွေကို အပြည့်အဝအသုံးချပြီး လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ကူညီချင်တယ်ဆိုရင် အခုပဲ လျှောက်ထားလိုက်ပြီး မိမိနောင်တော် သူငယ်ချင်းတွေထဲစိတ်ဝင်စား သူရှိရင်လည်း ဝေမျှဖို့ မမေ့ပါနဲ့ဦးခင်ဗျာ။ 🏃‍♂️‍➡️🤝

ဒီလိုမျိုး အရေးကြီး သတင်းတွေကို vpn ခံစရာမလိုပဲ မလွတ်ရလေအောင် ကျွန်တော်တို့ အိမ်ကလေးရဲ့ Telegram channel ကို လည်း ဝင်ရောက် Join ထားကြပါဦးခင်ဗျာ။ 👇

https://t.me/HubOfM

✨A Brighter Mandalay, Starting from HOME. 🏠

လေပေါ်မှာတော့ ငါးညတာ မြေပေါ်မှာတော့ တစ်သက်တာ ကြာမယ့် GEN-GREEN” 🍀👐တက်ရောက်သူ အယောက်၅၀ ကွက်တိရှိခဲ့တဲ့ “GEN-GREEN: 5 Nigh...
04/07/2026

လေပေါ်မှာတော့ ငါးညတာ မြေပေါ်မှာတော့ တစ်သက်တာ ကြာမယ့် GEN-GREEN” 🍀👐

တက်ရောက်သူ အယောက်၅၀ ကွက်တိရှိခဲ့တဲ့ “GEN-GREEN: 5 Nights of Impact ကတော့ လွန်ခဲ့တဲ့ June လ ၂၁ ရက်နေ့ကပဲ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ နောင်တော်တို့ရေ။ 🤗 UNEP registered action တစ်ခုဖြစ်ခဲ့ရုံသာမကပဲ ဒေသအတွင်း သဘာဝပတ်ဝန်းကျင်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကပါ ပြောကြားဆွေးနွေးပေးခဲ့တာမို့လို့ တက်ရောက်ခဲ့သူတွေအတွက် အင်မတန်မှ အကျိုးရှိလှတဲ့ ငါးညတာဖြစ်ခဲ့ပါတယ်။ 💪

June လ ၅ ရက် World Environment Day ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်တို့ HOME မှပြုလုပ်ခဲ့တာဖြစ်ပြီး လူငယ်တွေကြားထဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေ တိုးပွါးပြီး လက်တွေ့ဆောင်ရွက် နိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်ဗျ။ 🌱

June လ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ Weekend တိုင်းမှာ သဘာဝကိုချစ်ခင်ကြတဲ့ နောင်တော်တွေ အချင်းချင်းတွေ့စုံ ဆွေးနွေးခဲ့ကြပြီး ဂိမ်းတွေဆော့ကာ ရယ်မောသံတွေလွှမ်းခြုံခဲ့ကြပါတယ်ဗျ။ ✨

✅ ပထမရက်မှာ Carbon Blind-Dating ဆိုတဲ့အတိုင်း participant တွေအချင်းချင်း ice breaking activities တွေနဲ့ ရင်းနှီးမှုကို ရယူနိုင်ခဲ့ပါတယ်။

✅ ဒုတိယရက်မှာတော့ Ma Shar Thae Hoy က ဦးဆောင်ကာ “Climate Leadership and Youth Action” ဆိုတဲ့ အကြောင်းကိုဆွေးနွေးသွားခဲ့ပြီး HOME ဘက်မှ participants တွေအတွက် Eco Lucky Draw လုပ်ပေးခဲ့ကာ လက်ဆောင်များပေးနိုင်ခဲ့ပါတယ် ခင်ဗျာ။

✅ တတိယရက်မှာ “Inclusive Climate Action“ ဆိုတဲ့ အကြောင်းကို Ma Shwe Mar မှ ဆွေးနွေးပေးခဲ့ပြီး တက်ရောက်သူနောင်တော်တွေအနေနဲ့ Eco-meme competition winners များကို ပျော်ပျော်ရွှင်ရွှင် ရွေးချယ်ခဲ့ကြပါတယ်ဗျ။

✅ စတုတ္ထရက်မှာတော့ Dr. Kaung Htet Swan ကနေပြီး “Transition to Green Transportation for Myanmar” ဆိုတဲ့ Topic ကို ဦးဆောင်ပြောကြားသွားပြီး HOME အဖွဲ့သားများကတော့ participants တွေနဲ့အတူ Eco-Studio Social Media Campaign ကို ပြုလုပ်နိုင်ခဲ့ပါတယ်ဗျ။

✅ နောက်ဆုံးရက်မှာ “ Designing climate resilient and sustainable buildings with communities” ဆိုတဲ့ အကြောင်းကို Ko Tun Ye Wai မှ ပို့ချသွားပေးပြီးနောက် Participants တွေက Eco-Playground Quiz လေးတွေ ဆော့ကာ အောင်မြင်စွာ ပိတ်ကားချနိုင်ခဲ့ပါတယ် ခင်ဗျာ။

ဒီ၅ညတာ HOME နဲ့အတူဖြတ်သန်းခဲ့တဲ့ နောင်တော်တို့စီကလည်း

🍃 “သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ ဆိုတာ လူတစ်ယောက်တည်းနဲ့ မဟုတ်ပဲ လူတိုင်းပါဝင်နိုင်တယ်ဆိုတာ ပိုမို နားလည်လာခဲ့ပါတယ်။”

🍃 “ပွဲလေးက Motivate ဖြစ်တယ်လို့ feedback တွေရတယ်။ Awareness အကြောင်းပြောတဲ့ Speaker ကို သေဘာကျတယ်။ Last Day က ခေါင်းစဉ်က လူတွေနဲ့ အရင်က မရင်းနှီးပေမဲ့ ပိုပြီး ဗဟုသုတ ရပါတယ်။ လူငယ်တွေ ဒီလိုမျိုး သွက်သွက်လက်လက် ဖြစ်နေတာ မြင်ရတာ ပျော်ရတယ် မြင်ရတာကောင်းတယ်။”

🍃 “အစီအစဉ်ကနေ သင်ယူရတဲ့ knowledge တွေကို လက်တွေ့ အသုံးချနိုင်မယ့် နည်းလမ်းတွေရခဲ့တာ အရမ်းတန်ဖိုးရှိပါတယ်”

စတဲ့ feedback ကောင်းတွေ ရရှိခဲ့ပါတယ်ဗျ။ 🤗

ဒါ့ကြောင့်မို့ ဒီငါးညတာဖြစ်မြောက်ဖို့အတွက် ပါဝင်ခဲ့ကြတဲ့ HOME အဖွဲ့အသားများ၊ Guest Speakers များ၊ Media Partners များနှင့် တက်ရောက်ပေးခဲ့ကြတဲ့ participants နောင်တော် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်လွှာပါးရင်း “GEN-GREEN: 5 nights of Impact” ပြီးဆုံးသွားပြီဖြစ်ကြောင်း မောင်းထု ကြေညာလိုက်ရပါတယ် ခင်ဗျာ။ 📢

ဒီလို ပွဲတွေကို မလွတ်တမ်းပါဝင်နိုင်ဖို့ ကျွန်တော်တို့ အိမ်ကလေးရဲ့ Telegram Group ကို ဝင် join ထားဖို့ မမေ့ပါနဲ့ဦးဗျ။ 🏡

https://t.me/HubOfM

📋A Heartfelt Thank You to Our Volunteersကုလသမဂ္ဂ (UN World Environment Day) အသိအမှတ်ပြု HOME ရဲ့ "GEN GREEN : 5 Nights o...
03/07/2026

📋A Heartfelt Thank You to Our Volunteers

ကုလသမဂ္ဂ (UN World Environment Day) အသိအမှတ်ပြု HOME ရဲ့
"GEN GREEN : 5 Nights of Impact" ကတော့ မန္တလေးလူထုရဲ့ တက်ကြွစွာ ပါ၀င်မှုတွေ၊ မမေ့နိုင်စရာ Interactive အစီအစဉ်တွေနဲ့အတူ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီခင်ဗျာ။

ဒီလိုမျိုး International Project ကြီး ဖြစ်မြောက်လာဖို့ နောက်ကွယ်ကနေ အားတက်သရော ပံ့ပိုးပေးခဲ့ကြတဲ့ သူရဲကောင်း Volunteer Team ကို HOME မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ဗျ။ ♥️

🌏 Gen Green Project Leader
Gen Green ရဲ့ အဓိကဦးဆောင်သူဖြစ်တဲ့ကျွန်မတို့ HOME Founder Ma Yoon Yati Win (Yuki)

ပွဲအစမှ အဆုံးအထိ စနစ်တကျဖြစ်ဖို့အတွက် စိတ်ရောကိုယ်ပါ စွမ်းစွမ်းတမံ ဦးဆောင်ပေးခဲ့ကြတဲ့__

💪 Our Amazing Volunteer Team:
•PR Team Lead - Ma Ei Thandar Phyu(Alexis)
•Marketing Head - Ko Ye Yint Thu Ya
•Marketing Co Lead - Tha Zin Moe Myint နဲ့
• Ex*****on Lead ဖြစ်တဲ့ Ma Khin Myat Noe(Allie)တို့ကို ကျေးဇူးတင်လွှာပါးလိုက်ပါတယ်🌼

Gen Green ပွဲအတွက် ပါ၀င်လိုတဲ့ Volunteer တွေကို စီမံခန့်ခွဲပေးခဲ့တဲ့
👥 Volunteer Manager - Ma Kay Zin Soe နဲ့

Facilitator တွေဖြစ်ကြတဲ့_
Ma Theint Ma Ma Soe, Ma Lynn Khant Nge, Ma Hsu Wai Hlaing, Ko Ar Kar Hein နဲ့ Ma Swan Htet Htet Aung

💻 Zoom technical issue များကို ဖြေရှင်းပေးပြီး အမှတ်တရ Moment တွေကို မှတ်တမ်းတင်ပေးခဲ့တဲ့_
Zoom Moderator Ma Moe Ingin(Fei Fei) နဲ့ Ko Myo Than Htet

Participant တွေအတွက် Telegram မှတဆင့် ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အချိန်နှင့်တပြေးညီ မျှဝေပေးခဲ့တဲ့
📲 Telegram Group Manager - Ma Aye Nyein San

ပွဲရဲ့ အဓိကလှုံ့ဆော်ပေးသူတွေ ဖြစ်ပေးခဲ့တဲ့
🎤 MC Ko Pyae Wa Zaw(Samuel) နဲ့ Ma Pyae Nyein တို့ကို ‌အထူးကျေးဇူးတင်ရှိကြောင်း စကားပါးလိုက်ပါတယ်ရှင့်။

ဒါ့အပြင် Public Engagement အတွက် လှပသေသပ်စွာ Artworkတွေ ဖန်တီးပေးခဲ့တဲ့
🎨 Graphic Designers Ko Than Min Soe နဲ့ Ko Myo Than Htet

Gen Green ပွဲလေးကို Audience တွေရဲ့စိတ်၀င်စားမှုရရှိအောင် ကလောင်နည်းနဲ့ တစ်ဖုံ အားဖြည့်ပေးခဲ့တဲ့ ✍️Content Writers Ma Hsu Wai Hlaing (Hsu), Ma Thoon Lay Pyay, Ma Aye Nyein San, Ma Yoon Yati Phoo

Researcher အနေနဲ့ Ma Cho Zin Thet

🤝 နောက်ကွယ်က Coordinators တွေဖြစ်တဲ့_
Ko Sai Aung Bhone Kyaw, Ma Su Mon Aung(Mei), Ma Eaint Sandi, Ko Shine Htet Wai Yan နဲ့ Ko Hpone Pyae Thu Aung

Video Vlogger အနေနဲ့ Ma Shun Peti Cho(Suki)

Public Relation Officer များဖြစ်တဲ့ Ma Shin Thant Aung Aung နဲ့ Ma Lamin Tagun တို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် 📸

✨ ကိုယ့်ရဲ့ Prime Time တွေမှာ ပွဲအစအဆုံး နောက်ကွယ်ကနေ Operations ပိုင်းမှာရော၊ ပွဲဖြစ်မြောက်ရေးအတွက်ပါအမှားအယွင်းမရှိအောင် ညီညွတ်စွာ ကြိုးပမ်းပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ Volunteer တွေဟာ HOME ရဲ့ ဂုဏ်ဆောင်တွေဖြစ်ပါတယ်🔥

နောက်ထပ်လဲ လူထုအကျိုးပြုပွဲတွေမှာ ပါဝင်အားဖြည့်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ အိမ်ကလေးကို ဆက်ဆက်လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ ♥️

https://t.me/HubOfM

🏡 A Brighter Mandalay, starting from HOME.





“တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏” 🤝အပေါ်က စကားပုံလေးကဲ့သို့ ကျွန်တော်တို့တွေဟာ အချို့ကိစ္စရပ်တွေအ...
01/07/2026

“တစ်ယောက်အားနှင့် ယူသော်မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏” 🤝

အပေါ်က စကားပုံလေးကဲ့သို့ ကျွန်တော်တို့တွေဟာ အချို့ကိစ္စရပ်တွေအတွက် မိမိလက်သာမက တပါးသူများရဲ့ လက်များနှင့်ပါတွန်းရလေ့ရှိပါတယ်။ အဲ့လိုပဲ ကျွန်တော်တို့ HOME က ကျင်းပပြုလုပ်ခဲ့တဲ့ GEN-GREEN: 5 Nights Of Impact မှာလည်း HOME နဲ့အတူ ဝိုင်းတွန်းခဲ့တဲ့ လက်တွေဟာ မေ့ထားလို့ မရပါဘူး။ 👐🍀

ဒီလက်တွေထဲက တစ်ခုကတော့ GEN-GREEN ရဲ့ Speakers Session 4 ခုလုံးရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Guest Speakers တွေပဲ ဖြစ်ပါတယ်။ 🏅သုတပြည့်ဝစွာ လူငယ်တွေရဲ့ ဦးနှောက်ကို ဖြည့်ပေးသွားရုံသာမက နှလုံးသားတွေကို လှုံ့ဆော်ပေးတဲ့ ရသကဏ္ဍ တွေနဲ့ပါ ဆရာစားမချန် ဝေမျှပေးသွားခဲ့တဲ့ Guest Speakers တွေဖြစ်တဲ့

🍃Ma Shar Thae Hoy
🍃Ma Shwe Mar
🍃Dr. Kaung Htet Swan နှင့်
🍃Ko Tune Ye Wai တို့ကိုလည်း ကျွန်တော်တို့ HOME အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ပညာရှင်တွေအကြောင်းကို ပိုသိရဖို့ Graphic Image ကို ထောက်ကြည့်ပေးကြပါဦးဗျ။ 🤗

နောက်လက်တစ်စုံအနေနဲ့ကတော့ ကျယ်ပြန့်လွန်းလှတဲ့ Social Media အပေါ်မှာ GEN-GREEN ပါဟေ့ဆိုပြီးတော့ အတူတူဟစ်ကျွေးပေးခဲ့တဲ့ Media Partners တွေပဲ ဖြစ်ပါတယ်။ 📢ကျွန်တော်တို့ GEN-GREEN မှာ participants တွေ အများကြီး ရှိအောင် ပံ့ပိုးပေးခဲ့တဲ့အတွက် Media Partners Organization တွေကိုလည်း HOME အဖွဲ့သားများမှ အထူးပင် ကျေးဇူးတင်ရှိရပါတယ်ဗျ။
Media Partners တွေရဲ့ အကြောင်းကိုလည်း သက်ဆိုင်ရာ Graphic Image အောက်မှာ အသေးစိတ်ဖတ်ရှုနိုင်ပါပြီ။ 💕

ဒီလို လူထုအကျိုးပြုပွဲတွေမှာ ပါဝင်အားဖြည့်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ အိမ်ကလေးကို ဆက်ဆက်လာရောက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ ♥️

https://t.me/HubOfM




“ရယ်မောသံတွေနဲ့ စိမ်းစိုခဲ့တဲ့ညနှင့်အတူ ပေါက်ဖွားလာတဲ့ လက်ရာများ” 🎨ဗျို့နောင်တော်တို့ရေ… ကျွန်တော်တို့ HOME ကနေ ကျင်းပခဲ...
28/06/2026

“ရယ်မောသံတွေနဲ့ စိမ်းစိုခဲ့တဲ့ညနှင့်အတူ ပေါက်ဖွားလာတဲ့ လက်ရာများ” 🎨

ဗျို့နောင်တော်တို့ရေ… ကျွန်တော်တို့ HOME ကနေ ကျင်းပခဲ့တဲ့ UNEP registered action တစ်ခု ဖြစ်တဲ့ GEN-GREEN: 5 Nights of Impact ရဲ့ သုံးရက်မြောက်နေ့မှာတော့ ရယ်မောသံတွေနဲ့ Zoom တစ်ခုလုံးပြည့်နှံ့ခဲ့ရာ မြန်မာတစ်ပြည်လုံးတောင် ကြားရမလား မှတ်ခဲ့ရပါတယ်ဗျ။ 🤗🍃

အဲ့လိုဖြစ်အောင် လုပ်နိုင်ခဲ့တာကတော့ နောင်တော်တို့ ဖော်ကျူးခဲ့တဲ့ Eco-meme တွေကြောင့်ပါပဲခင်ဗျာ။ 💪 ကျွန်တော်တို့ရဲ့ GEN-GREEN audience တွေနဲ့ အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ meme တွေကို ကြည့်ရှုခဲ့ကြတဲ့ အပြင်

🍀The Most Related Meme နဲ့ 🍀Favourite Own Creation Meme ဆိုတဲ့ ဆုတွေကိုလည်း Ma Hsu Wai Hlaing နဲ့ Ma Naw Shin Thawdar တို့က အသီးသီး ဆွတ်ခူးခဲ့ကြပါသေးတယ်ဗျ။ 🥳

ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အကုန်လုံးရဲ့ ကြိုးစားအားထုတ် ဖော်ကြူးမှုတွေဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးကို စိမ်းလန်းစိုပြေစေဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာမို့လို့ HOME မှနေပြီး ဂုဏ်ယူစွာနဲ့ တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။ 🤝🍃

ဆိုတော့ နောင်တော်တို့ရေ တစ်ပုံချင်းစီထောက်ကာ ရှုစားလိုက်ကြရအောင် ခင်ဗျာ။ 🏃‍♂️‍➡️

ဒီလိုမျိုး HOME နဲ့ဆိုင်တဲ့ သတင်းတွေသာမက Telegram မှာသာ သီးသန့်ပြုလုပ်နိုင်မဲ့ activities တွေအတွက် ကျွန်တော်တို့ အိမ်ကလေးရဲ့ Telegram Group ကိုလည်း ဝင် join ထားပေးဖို့ နှိုးဆော်လိုက်ရပါတယ်ဗျ။ 👐

https://t.me/HubOfM

A Brighter Mandalay, Starting From HOME. 🏡




ကဲ ကျွန်တော်တို့ရဲ့ eco-meme competition ကြီး submission ပိတ်ဖို့ 2 ရက်သာ လိုပါတော့တယ်ဗျ။ 🥳🌱အားလုံးကတော့ ဟာသဉာဏ်ကွန့်မြူ...
09/06/2026

ကဲ ကျွန်တော်တို့ရဲ့ eco-meme competition ကြီး submission ပိတ်ဖို့ 2 ရက်သာ လိုပါတော့တယ်ဗျ။ 🥳🌱

အားလုံးကတော့ ဟာသဉာဏ်ကွန့်မြူးပြီး ဝင်ပြိုင်နေကြပြီမို့လို့ မပြိုင်ရသေးတဲ့သူတွေရှိရင်လည်း ဆုလက်ဆောင်တွေ ရနိုင်ဖို့ အမြန်ဝင်ပြိုင်ဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့။ 💪

Deadline: 11th June, 2026
Link : https://forms.gle/8uRPnE9S6eLKZq3y9

05/06/2026

Happy World Environment Day ပါ နောင်တော်တို့‌ရေ။ 🥳🌱

ကျွန်တော်တို့ HOME ကလည်း ဒီနှစ်ရဲ့ World Environment Day ကို ဂုဏ်ပြုတဲ့အနေနဲ UNEP အသိအမှတ်ပြု "GEN GREEN": 5 Nights of Impact ကို ကျင်းပသွားတော့မှာ ဖြစ်ပါတယ်ဗျ။ 👐

GEN GREEN အကြောင်းသိချင်ရင် video ထဲ ဝင်ကြည့်ပြီး အောက်က Link ထဲမှာ ဒီနေ့ည 12 နာရီ Deadline မပိတ်ခင် ဝင် register လိုက်ပါတော့ဗျို့။ 🏃‍♂️‍➡️👇

https://docs.google.com/forms/d/e/1FAIpQLSc8je2x93VlSpIWIXRapKhsf9alBfr7hhgFVkZDrC44gN7xeQ/viewform?usp=header

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Hub Of Mandalay Empowerment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share