12/01/2026
ကျွန်တော်တို့ဟာ လူငယ်လိုမနေခဲ့ရတဲ့ လူငယ်တွေပါ
ဒီမျိုးဆက်က လူငယ်အများစုဟာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးခဲ့တယ်
ဒီခုနှစ်မှာမွေးတဲ့ကျွန်တော်တို့ဟာ ကိုယ့်အတ္တကိုယ်ချနင်းပြီး တံတားထိုးခဲ့ကြတယ်
ခေတ်သမိုင်းမှာ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ကြရသူတွေပေါ့
ဒီနိုင်ငံငယ်လေးထဲက ကျွန်တော်တို့မှာ တချိန်က သိပ်လှတဲ့အိမ်မက်တွေ ငြိမ်းချမ်းတဲ့အနာဂတ်တွေ ဆိတ်ငြိမ်တဲ့မျှော်လင့်ချက်တွေ ကိုယ်စီရှိခဲ့ဖူးကြပါတယ်။
တွေးရင်း ငေးရင်း ဆွေးရင်း ကျွန်တော်တို့ လက်လွှတ်ခဲ့ရသော နေ့ရက်များအား အမှတ်ရလျက်.......။
#လင်းအေးငြိမ်