11/04/2025
မန်းမြန်မာ ပလာဇာ မြေညီထပ် ဈေးသူဈေးသား ဆိုင်ခန်းရှင်များ၊ ဈေးဝယ်လာ ကျေးဇူးရှင် မိဘပြည်သူများသို့
မကြာသေးခင်က လှုပ်ခတ်ခဲ့သော ငလျင်ဒါဏ်ကြောင့် ဈေးကြီး၏ အနည်းငယ် ထိခိုက် ပျက်စီးခဲ့သော အစိတ်အပိုင်းများကို မန္တလေး
မြို့တော်စည်ပင်သာယာရေကော်မတီ၏ အနီးကပ်လမ်းညွှန်မှု၊ ဈေးအကျိုးဆောင်များပူးပေါင်းပါဝင်ပြီး (ဈေးကြီး အန္တရာယ်ကင်းစွာ ပုံမှန်ဖွင့်လှစ် ရောင်းဝယ်နှိုင်ရေး ) မြန်မာမန္တလေးကုမ္ပဏီမှ သင်္ကြန် နှစ်သစ်ကူး ဈေးပိတ်ရက် အနားမယူဘဲ ပြုပြင်ပေး သွားမည် ဖြစ်ပါသည်။ (တိုင်များ ထုတ်များမှာ မူလအတိုင်း ပျက်ယွင်းမှု မရှိပါ)
သို့ပါ၍ မန်းမြန်မာဈေးကြီးကို (21-4-2025 ) နေ့တွင် ပုံမှန် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်းကို ဈေးသူဈေးသား ဆိုင်ခန်းရှင်များနှင့် ကျေးဇူးရှင် ဈေးဝယ်လာ မိဘပြည်သူများ သို့ ဈေးအကျိုးဆောင် အဖွဲ့ မှ အသိပေးအပ်ပါသည်။
ချွင်းချက်အနေဖြင့် (85)လမ်းမျက်နှာပြု ဈေးဆိုင်ခန်းများ သင်္ကြန်တွင်း လိုအပ်သော
ပြင်ဆင်မှု မပြီးခဲ့လျင် ဆက်လက်ပြင်ဆင်နေစဉ် ကာလအတွင်း ခေတ္တယာယီ ပိတ်ထားရမည် ဖြစ်ပါ ကြောင်း။
ကျန်ဆိုင်ခန်းများ အားလုံး အန္တရာယ်ကင်းစွာ
ပုံမှန်ဖွင့်လှစ် ရောင်းချနှိုင်မည် ဖြစ်ပါကြောင်း သတင်းစကားပါးလိုက်ပါသည်။
ဈေးအကျိုးတော်ဆောင်အဖွဲ့