02/10/2026
📌 Project Owner သည် RBK သာဖြစ်ပြီး FW page admin သည်လည်း RBK သာဖြစ်ပါတယ်။
📌 WLMF သည် စာရင်းစစ်မခံဘဲ ထွက်ပြေးနေတယ်၊ စာရင်းစစ်ကို ခြိမ်းခြောက်ထားတယ်စတဲ့ ပြည်သူတွေ အထင်လွဲမှားစေရန် လိမ်လည်ရေးသားမှူတွေအတွက် သက်သေတချို့ကို တပါတည်း ထည့်ပေးထားပါတယ်။ တဆက်တည်း စာရင်းစစ်က ဘယ်အဖွဲ့ကခေါ်တဲ့ စာရင်းစစ်လဲဆိုတာရဲ့ သက်သေကို နောက်ဆုံးပုံမှာ ထည့်ပေးထားပါတယ်။ သေချာဖတ်ကြည့်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။
Project TheKey လုပ်နေသည့်ကာလသည် FW နှင့် MOCIT ဆက်လက် လက်တွဲနေစဉ်အချိန်သာဖြစ်ပါတယ်။ Project Owner - RBK ရဲ့ ခလောက်ဆန်မှူများစွာကြောင့် FW နှင့် MOCIT ကြား ပြဿနာများစွာတက်ခဲ့ပါတယ်။
TheKey ပြုလုပ်နေတဲ့ အချိန်ကာလနဲ့အပြိုင် MOCIT နဲ့ RBK တို့ FW ကိစ္စတွေ ရှင်းနေချိန် MOCIT သည် FW အတွက်ကောက်ခံရရှိငွေပမာထက် ဒေါ်လာ ၂ သိန်းခွဲကို MOCIT မှပါဝင်သူများမှ မြေပြင်လိုအက်ချက်ပြည့်မီရေးအတွက် RBK တို့တောင်းသမျှကို အိတ်စိုက်ပို့ဆောင်ပေးခဲ့ကြပါတယ်။ RBK သည် ဒေါ်လာ ၂ သိန်းခွဲကျော်သော ပမာဏကို ပရောဂျက်ရငွေထက် ပိုမိုထုတ်ယူသုံးစွဲပြီး စာရင်းပြန်မရှင်းခဲ့သလို၊ MOCIT မှ မှာထားသမျှ ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်းများကိုလည်း အကုန်ယူခဲ့ပါတယ်။
MOCIT ဖက်မှ RBK ၏ လူမဆန်န်မှူ၊ ယုတ်မာမှူ၊ မိုက်ရိုင်းစော်ကားမှူ၊ လောက်ဆန်မှူ၊ အလိုဆန္ဒပြည့်တဲ့အခါ ပွဲပြီးငြမ်းဖျက်သည့် စရိုက်များစွာကြောင့် ဆက်လက် လက်တွဲလိုခြင်းမရှိတော့တာကြောင့် အပြီးတိုင်လက်တွဲဖြုတ်ခဲ့သလို အဆိုပါ ထုတ်လုပ်ရေးပစ္စည်းများစွာကိုလည်း ငွေပြန်မရှင်းတော့ဘဲ လက်လွှတ်ပေးခဲ့ပါတယ်။WLMF သည် MOCIT ၏ FW Project Fundraiser အဖွဲ့ဝင်ဖြစ်တာကြောင့်ရော၊ RBK ကိုယ်တိုင် ကြိမ်ဖန်များစွာ လာပြောဖူးတာကြောင့်ရော အခြေနေများကို အကုန်သိနေခြင်းဖြစ်ပါတယ်။
📌 ဒီနေရာမှာ အသိပေးလိုတာက အဆိုပါ ထုတ်လုပ်ရေးပစ္စည်းဆိုတာသည် အစိတ်ပိုင်းတစ်ခုစီကို ကာလရှည်ကြာစွာ မှာယူရပါတယ်။ ခုမှာ ခုမရသော ပစ္စည်းများဖြစ်ပါတယ်။ အချိန်ကာလအားဖြင့်တွက်လျှငိ ယခု RBK ထုတ်ပြန်သော မှတ်တမ်းပါအချက်လက်အရ အဆိုပါပစ္စည်းများသည် MOCIT မှာယူပေးထားသော ပစ္စည်းများသာဖြစ်ပါတယ်။
📌 ထို့ထက်ပို၍ RBK မှ WLMF အား TheKey ပရောဂျက်ကာလအတွင်း ထုတ်လုပ်ရေးဆိုင်ရာ ပစ္စည်းဝယ်ယူသည့် ဘောက်ချာအချို့ပေးပြီး အဆိုပါ ဘောက်ချာများအတွက် ပစ္စည်းမှာယူပြီးကာမှ MOCIT မှ ငွေမရှင်းပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ TheKey ပရောဂျက်ရငွေထဲမှ ငွေပေးချေဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
📌 WLMF ဖက်မှ အောက်ပါအချက်များကြောင့် ယတိပြတ်ငြင်းခဲ့ပါတယ်။
၁။ ဘောက်ချာရက်စွဲသည် TheKey ပရောဂျက်ပြုလုပ်ချိန်နှင့်ယှဉ်လျှင် ၆ လခန့်နောက်ကျနေသော old invoices များဖြစ်နေခြင်း (Jan 2024, March 2024 ရက်စွဲနှင့် Invoice များဖြစ်ပါတယ်) TheKey ပြုလုပ်တာ June 2024 မှာပါ။ စာရင်းစစ်တဲ့အခါ အကျုံးမဝင်တာကြောင့် ပယ်ချခဲ့တာဖြစ်ပါတယ်။
၂။ ဘောက်ချာမှာပါဝင်တဲ့ အချက်လက်များ၊ အရေတွက်များ၊ ငွေတန်ဖိုးများ၊ အကောင့်နံပါတ်များ မှန်ကန်မှူရှိ၊ မရှိ အတည်မပြုနိုင်ခြင်း - ဒါကတော့ ရှင်းပါတယ်။ WLMF အနေနဲ့ ပရောဂျက်နဲ့အကျုံးမဝင်တဲ့ ဘောက်ချာများကို စီစစ်ရန်တာဝန်မရှိသလို၊ ပေးချေရန်လည်း တာဝန်မရှိလို့ပါ။
၃။ အဆိုပါဘောက်ချာများသည် MOCIT မှ မှာယူထားတာဖြစ်၍ MOCIT ကသာပေးချေရမှာဖြစ်တယ်။ WLMF နဲ့မဆိုင်သလို၊ TheKey ပရောဂျက်ရငွေထဲမှ ရှင်းပေးစရာအကြောင်းမရှိ၍ဖြစ်တယ်။
၄။ WLMF အဖွဲ့သည် ထောက်ပို့အဖွဲ့သာဖြစ်ပြီး လနကိုင်တပ်ဖွဲ့မဟုတ်၍ မိမိမကျွမ်းကျငိသောကိစ္စရပ်များအတွက် မလုပ်ပေးနိုင်ကြောင်း ငြင်းခဲ့ပါတယ်။
TheKey ပရောဂျက်ရငွေထဲက RBK ယူသွားတဲ့ ဒေါ်လာ ၂ သိန်းကို WLMF ကစာရင်းစစ်ကြန့်ကြာနေရတဲ့ ကြောင်းရင်းတွေထဲက တစ်ခုအဖြစ် ထောက်ပြကာမှ ခုမှပထမအကြိမ် စာရင်းထရှင်းရာမှာ သူနာမည်တပ်ထားတဲ့ တပ်ရင်းတွေကို ပစ္စည်းပေးတာလို့ မှတ်တမ်းတွေမှာ ရေးထားတာတွေ့ရပါတယ်။ ဒါတောင် RBK ရဲ့ပါတနာက ဒေါ်လာ ၂ သိန်း တခါမှ မယူထားပါဘူးလို့ မူလက ငြင်းပါသေးတယ်။
TheKey Project အနေနဲ့ အဆိုပါပစ္စည်းများ ဝယ်မပေးခဲ့ဖူးသလို၊ RBK ကိုယ်တိုင် TheKey ငွေရမှ ဝယ်တယ်ဆိုဦးတော့ သူ့ကိုငွေလွှဲတဲ့အချိန်ကာလတွေသည် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလထိ ကြာပါတယ်။ အဲဒီလိုအချိန်ကာလလောက်လေးနဲ့ အဆိုပါပစ္စည်းများအကုန် တပ်ရင်းတွေဆီ ရောက်တယ်ဆိုတာ အချိန်ကာလအားဖြင့် လုံးဝ (လုံးဝ) မဖြစ်နိုင်ပါ။ တပ်ရင်းရက်စွဲတွေကို ပြန်စစ်ကြည့်ပါ။
အဆိုပါထုတ်လုပ်ရေးပစ္စည်းတွေရဲ့ အစိတ်ပိုင်းတစ်ခုစီကို အချိန်ပေးမှာရပြီး မှာယူချိနန်ကနေ လပေါင်းများစွာကြာမြင့်အောင် စောင့်ဆိုင်းရတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ဒါတွေကို RBK ကိုယ်တိုင်ပဲ ပြောပြခဲ့လို့ နားလည်သိရှိထားတာဖြစ်လို့ ယခုသူထုတ်ရှင်းတဲ့ တပ်ရင်းမှတ်တမ်းမှာပါရှိသော ပစ္စည်းများသည် TheKey မှလွှဲပေးသော ငွေကြေးဖြင့် မှာယူတပ်ဆင်သော ပစ္စည်းများမဟုတ်ဘဲ MOCIT မှ အချိန်၊ ငွေများစွာသုံးပြီး မှာပေးခဲ့သော ပစ္စည်းများသာဖြစ်တယ်ဆိုတာ ပိုပေါ်လွင်ဝင်ရှားစေပါတယ်။
ဒါ့အပြင် FW Page သည် RBK ကိုယ်တိုင်ကိုင်တဲ့ page ဖြစ်ပါတယ်။ သူရေးတင်တဲ့ပို့စ်ထဲမှာပါတဲ့ မှတ်တမ်းတွေကို ယခုမှ ပထမအကြိမ် မြင်ဖူးခြင်းဖြစ်သလို အဆိုပါပစ္စည်းများကို TheKey ငွေလွှဲချိနိမှ ရက်နဲ့တွက်လျှင် တပ်ရင်းတွေဆီ ရောက်တာသည် TheKey ကငွေနဲ့ ရောက်တာမဟုတ်ကြောင်း၊ MOCIT ပေးခဲ့သော ပစ္စည်းတွေသာဖြစ်နိုင်ကြောင်း စာရင်းစစ်ဖက်မှ စစ်ဆေးနိုင်ရန် အသိပေးအပ်ပါတယ်။
ဘာကြောင့်ဒါတွေ ခုမှထုတ်ရှင်းနေလဲဆိုရင်တော့...
WLMF သည် အငြင်းပွားမှူစတင်ချိန်တွင် ပြည်သူကိုမျက်နှာမူလို့၊ ငွေကြေးအလွဲမသုံးထားလို့ စာရင်းရှိတယ်၊ စာရင်းပြနိုင်တယ်၊ လူအခက်ခဲရှိလို့ စာရင်းကြာတာသာရှိမယ် စာရင်းလည်းမပျောက်သလို အစစ်မခံနိုင်တာလည်းမရှိလို့ ၂၀၂၅၊ အောက်တိုဘာ ၂၂ လိုင်းပေါ်မှာ ဝိုင်းစော်ကားတိုက်ခိုက်နေချိန်ကတည်းက စာရင်းစစ်လိုသမျှ စာရင်းအားလုံး အပ်နှံပြီး အစစ်ခံခဲ့တဲ့အဖွဲ့ဖြစ်တယ်။
📌 တော်လှန်ရေးမှာ အပြန်လှန်ငွေကြေး ပြဿနာတက်တဲ့အခါ အမှန်တကယ် စာရင်းထုတ်ပေးပြီး မှန်မှန်ကန်ကန် စာရင်းအစစ်ဆေးခံနိုင်တဲ့အဖွဲ့သည် နွေဦးတော်လှန်ရေးမှာ WLMF သည် ပထမဆုံးအဖွဲ့စည်းဖြစ်တယ်။ ပြည်သူကို မျက်နှာမူတာမို့ မှန်ကန်လို့ အစစ်ခံရဲတာဖြစ်တယ်။ စာရင်းစစ်ဖို့ စာရင်းအကုန်အပ်ပြီး အစစ်ခံရုံမက WLMf Page Admin access၊ WLMF Portal Access ပါမကျန် စာရင်းစစ်လက်ထဲ အကုန်အပ်နှံ အစစ်ဆေးခံတဲ့အဖွဲ့ဖြစ်တယ်။
📌 မှန်ကန်သောလုပ်ရပ်ကို လုပ်တဲ့သူအတွက် ပို့စ်ဖျက်စရာ၊ ပေ့ချ်ဖျက်စရာမလိုဘဲ ကိုယ့်လုပ်ရပ်တိုင်းသက်သေတွေဖြစ်လို့ ဒါတွေသည် မပျောက်ပျက်အောင်တောင် ထိန်းသိမ်းအစစ်ဆေးခံရမယ့်ကိစ္စတွေဖြစ်တယ်။ WLMF သည် စာရင်းစစ်ဆေးခံမှူကို အလုံးစုံ လိုအပ်ချက်မရှိ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သူဖြစ်တယ်။
ဒါဆိုဘာလို့ စာရင်းစစ်အဖြေက ခုထိကြာနေတာလဲဆိုရင် စာရင်းစစ်ဖက်က အထက်ပါ ဒေါ်လာ ၂ သိန်းအပါဝင်၊ RBK ရဲ့ အဆောက်ဦးပိုင်ဆိုင်မှူစာချုပ်၊ ဘဏ်အကြွေးနှင့် သက်ဆိုင်သည့် အပေါင်စာချုပ်အပါဝင် RBK ဖက်မှ ပြန်လည်ဖြေရှင်းရမယ့်ကိစ္စများအတွက် အဖြေမရလို့ လည်နေတာ မတ်လ ၂၀၂၆ ကတည်းကဖြစ်တယ်။ စာရင်းစစ်သည် Audit Report ကိုလက်မှတ်ထိုးပြီး ထုတ်ပြန်ရမှာဖြစ်လို့ Audit findings တွေ၊ Risk area တွေကို မကြေလည်ဘဲ၊ အဖြေမရှိဘဲ၊ လက်ခဲနိုင်လောက်တဲ့ သက်သေမရဘဲ Audit Report ထုတ်မရပါ။ စာရင်းစစ်လိုင်စင်ကို ထိခိုက်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။
WLMF ကိုစွပ်စွဲထားသော စာရင်းတွေကို စာရင်းစစ်ဖက်က စစ်ပြီးတာ ၂၀၂၆ နှစ်စပိုင်းကတည်းဖြစ်တယ်။ RBK တို့ဖက်နှင့် ပတ်သတ်သည့် အထက်ပါကိစ္စရပ်များတွင် အဖြေမရှိ လည်နေပြီး ကြန့်ကြာနေခြင်းသာဖြစ်တယ်။ သူတို့ဖက်ကို စာရင်းစစ်က ဘာမှမမေးဘူးဆိုတာ သူတို့ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံ သူတပါးပေါ် ယုတ်မာမှူ၊ အောက်တန်းကျမှူ၊ အသရေဖျက်မှူတွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဖြေထွက်လာစေဖို့ WLMF ဖက်မှ ယခုလိုအသိပေးရခြင်းဖြစ်ပါတယ်။
📌 ယခုနောက်ဆုံး စက်တင်ဘာ ၁၇ ရက်ထိ ထွက်ရှိလာသော Management Letter တွင် အထက်ပါအချက်တွေသည် ယနေ့ထိ မဖြေရှင်းနိုင်သေးသော အဖြေမထွက်သေးသော အချက်များအဖြစ် အကုန်ပြန်ပါလာတယ်။
RBK မျက်ရည်ချုနေတဲ့ သားက တလရအတွက် အဆောက်ဦး တစ်ခုလုံးလှူထားတာဆိုရင် အောက်ပါမေးခွန်းတွေကို သေချာဖြေပါ။
၁။ ပိုင်ဆိုင်မှူစာချုပ်ကိုရော၊ အပေါင်စာချုပ်ကိုရော ပရောဂျက်မတိုင်ခင် ရှေ့နေ့တောင်းစဉ်ကရော၊ စာရင်းစစ်ချိန် စာရင်းစစ်တောင်းချိန်မှာရော ယနေ့ထိတိုင်ဘာကြောင့် မပြနိုင်တာပါလဲ?
၂။ အဆောက်ဦးတစ်ခုလုံး လှူနိုင်ပါတယ်ဆိုပြီး စာချုပ်တွေ ဘာလို့ မပြနိုင်တာပါလဲ (ဒါကစာရွက်တွေဖြစ်သွားပြီမလား)?
၃။ တော်လှန်ရေးပေါ် သိပ်စေတနာရှိတယ်ဆိုရင် မြေကွက်တွေအများကြီးပိုင်တာဆိုပြီး အကြွေးကင်းရှင်းတဲ့ မြေကွက်တွေမလှူဘဲ ဘာလို့ သိန်းပေါင်း ၂၃,၀၀၀ ကျော် ကြွေးတင်နေတဲ့ အဆောက်ဦးကိုမှ နာမည်ကောင်းယူ ဟစ်ကြွေးပြီး လှူပြတာပါလဲ?
📌 အဆောက်ဦးပေါင်ထားတယ်ဆိုတဲ့ကိစ္စ ပေါ်ပေါက်ချိန် WLMf မှ RBK အား မေးမြန်းစုံစမ်းရာ ဘဏ်ကြွေး သိန်းပေါင်း ၂၃,၀၀၀ တွင် သူတို့မိသားစုအကြွေးက သိန်း ၂,၀၀၀ သာရှိပြီး (သိန်း ၂,၀၀၀ လောက်က မြေကွက်ရောင်းဆပ်လို့ရတယ်လို့လဲ ပြောခဲ့ပါသေးတယ်) ကျန်ငွေသည် သူတို့အမျိုးများ၏ အကြွေးတွေသာဖြစ်ကြောင်း ပြောပေမယ့် စကားအရသာရှိပြီး အထောက်ထား ဘာပြနိုင်ခဲ့သလဲ။
ပရောဂျက်မစခင် ရှေ့နေမှ အကြိမ်ကြိမ် အဆိုပါ အပေါင်စာချုပ်ကို တောင်းခဲ့ပေမယ့် အမျိုးမျိုးအကြောင်းပြနေတဲ့အတွက် ပရောဂျက်စဖို့ ရက်ပိုင်းသာကျန်ချိန် ရှေ့နေအကြံပြုမှူဖြင့် သူ့အပြောအရ အဆိုပါအဆောက်ဦးကို ပိုင်ဆိုင်တာ သူ့မိသားစုဆိုတဲ့အတွက် မိသားစုဝင်အားလုံးရဲ့ သဘောတူညီချက်ကို ဆိုင်းထိုး၊ လက်ဗွေနှိပ်တောင်းခဲ့ရပါတယ်။ အထောက်ထားတောင်းမရတာကို တော်လှန်ရေးအတွက် ထောက်ပို့နိုင်ချင်လို့ ရှေ့နေနဲ့တိုင်ပင်ပြီး မရရတဲ့အထောက်ထားကို ရယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် Terms & Conditions မှာလည်း ငွေကြေးအရှုပ်ရှင်းအားလုဲးသည် RBK တာဝန်သာဖြစ်ကြောင်း ခိုင်မာစွာထည့်ရေးထားခဲ့ပါတယ်။ WLMF ဖက်က တော်လှန်ရေးအကျိုးရှေ့ရှူပြီး ရှေ့နေလမ်းညွှန်မှူနဲ့ ရနိုင်သမျှ ကြိုးစားစွမ်းဆောင်ခဲ့ပါတယ်။ တကယ်လည်း RBK ယူသွားသည့် ဒေါ်လာ ၂ သိန်းမှလွဲ၍ ကျန်ငွေအားလုံး တော်လှန်ရေးအတွက် အကျိုးရှိစွာ တပ်ရင်း၊ တပ်ဖွဲ့ပေါင်းများစွာကို ထိထိရောက်ရောက် ထောက်ပို့ပေးနိုင်ခဲ့ပါတယ်။
ဒါတောင် အဆိုပါသဘောတူညီမှူကို ဆိုင်းပဲထိုးပေးပြီး ပရောဂျက်ကို အတင်းစထားနှင့်ဖို့ RBK က စေခိုင်းခဲ့ပါတယ်။ WLMF ဖက်မှာ လက်ဗွေရဖို့ကို ပရောဂျက်ကာလ လနဲ့ချီစောင့်ဆိုင်းပြီး အကြိမ်များစွာတောင်းခဲ့ရပါတယ်။ အဆိုပါ သက်သေကိုလည်း ယခုပို့စ်မှာ လေ့လာနိုင်ရန် တွဲတင်ပေးထားပါတယ်။
တပါတည်းအသိပေးလိုတာသည် WLMF သည် Finance လူလိုနေတဲ့အတွက် TheKey မှာ ငွေကိုင်ပေးတာ၊ စာရင်းလုပ်ပေးတာ လုံးဝ မလုပ်ပေးနိုင်ကြောင်း ပရောဂျက်မစခင်ကတည်းက ယတိပြတ်ငြင်းထားပြီးဖြစ်သလို ဒီကိစ္စကို စာရင်းစစ်မီတင်မှာ အတိလင်း ထပ်ပြောခဲ့ပြီး RBK နှင့် သူ့ရဲ့ပါတနာကလည်း မှန်ကန်ကြောင်း အားလုံးရှေ့မှာ သက်သေထွက်ဆိုခဲ့ပြီးဖြစ်တယ်။
📌 WLMF အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်လိုတဲ့ စိတ်ရှိရင် လူအခက်ခဲဘယ်လောက်ရှိရှိ ဒီတာဝန်တွေကို မရရအောင် ယူမှာဖြစ်တယ်။ ဒါသည် သူတို့နှစ်ဦးစွပ်စွဲနေတဲ့ ဒီပရောဂျက်မှာ ငွေကြေးအလွဲသုံးဖို့ စိတ်ဆန္ဒ အကင်းရှင်းဆုံးဖြစ်ကြောင်း သက်သေဖြစ်တယ်။
~WLMF~