Magway.ECD

Magway.ECD မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံးမှ ဒေါ်သူသူအောင် ဦးစီးအရာ...
08/06/2026

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံးမှ ဒေါ်သူသူအောင် ဦးစီးအရာရှိ ဦးဆောင်သည့် ဝန်ထမ်းအဖွဲ့ဝင် (၂)ဦးသည် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့်ချောက်မြို့" မြို့မဈေး" ရှိဈေးသည် များနှင့် ဈေးဝယ်သူများအား ဈေး ရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအား အသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အစားထိုးအိတ်များအသုံးပြုရန်အသိပညာပေးခြင်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ကျား(၂၀)ဦးနှင့် မ(၃၀)ဦး စုစုပေါင်း(၅၀)ဦးတို့အား ဝေငှခြင်းလုပ်ငန်းဆောင်ရွက် ခဲ့ပါသည်။

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊တောင်တွင်းကြီးမြို့နယ်ရုံးမှ ဦးသူရမောင်မောင်၊...
08/06/2026

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊တောင်တွင်းကြီးမြို့နယ်ရုံးမှ ဦးသူရမောင်မောင်၊ ဒုတိယဦးစီးမှူးဦးဆောင်သည့် ဝန်ထမ်းအဖွဲ့ဝင် (၂) ဦးသည် တနင်္လာနေ့တိုင်းပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့် တောင်တွင်းကြီးမြို့" မြို့မဈေး" ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအား အသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ကျား (၂၅)ဦးနှင့်မ(၂၀)ဦး စုစုပေါင်း(၄၅)ဦးတို့အား ဝေငှခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မ‌ေကွးခရိုင်ရုံးမှ ဒေါ်ဇူးဇူး‌ေဆွ၊ ဒုတိယဦးစီ...
08/06/2026

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မ‌ေကွးခရိုင်ရုံးမှ ဒေါ်ဇူးဇူး‌ေဆွ၊ ဒုတိယဦးစီးမှူးဦးဆောင်သည့် ဝန်ထမ်းအဖွဲ့ဝင် (၂) ဦးသည် တနင်္လာနေ့တိုင်းပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့် မကွေးမြို့" ကန်သာဈေး" ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအား အသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ကျား (၁၅)ဦးနှင့်မ(၃၅)ဦး စုစုပေါင်း(၅၀)ဦးတို့အား ဝေငှခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးခရိုင်ရုံးမှ ဦးဖြိုးသီဟ၊ ဒုတိယဦးစီး...
08/06/2026

(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးခရိုင်ရုံးမှ
ဦးဖြိုးသီဟ၊ ဒုတိယဦးစီးမှူး
ဦးဆောင်သည့် ဝန်ထမ်းအဖွဲ့ဝင် (၃)ဦးသည် တနင်္လာနေ့တိုင်းပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့် မင်းဘူးမြို့" မြို့မဈေး" ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအား အသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပလတ်စတစ်အစားထိုးသတင်းစာအိတ်များ၊ အင်ဖက်၊ဌက်ပျောဖက်များအသုံးပြုရန်အသိပညာပေးခြင်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ကျား(၁၀)ဦးနှင့် မ(၄၀)ဦး စုစုပေါင်း(၅၀)ဦးတို့အား ဝေငှခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

(၈-၆-၂၀၂၆) ရက်နေ့တွင် သရက်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်‌အိနန္ဒာ‌အောင်၊ ဒုတိယဦးစီးမှူး ဦး‌ဆောင်သော ၀န်ထ...
08/06/2026

(၈-၆-၂၀၂၆) ရက်နေ့တွင် သရက်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်‌အိနန္ဒာ‌အောင်၊ ဒုတိယဦးစီးမှူး ဦး‌ဆောင်သော ၀န်ထမ်းအဖွဲ့၀င် (၂) ဦးတို့သည် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့် သရက်မြို့ "မြို့မဈေး"ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအားအသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား သရက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနနှင့် သရက်ခရိုင်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး အင်ဖက်များကို ကျား (၁၅)ဦးနှင့် မ(၃၅)ဦး စုစုပေါင်း (၅၀)ဦးတို့အား ‌ဝေငှခြင်းလုပ်ငန်းဆဆောင်ရွက်ခဲ့ပါသည်။

07/06/2026

ပခုက္ကူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇွန်လ(၅)ရက်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်မှုအား (5.6.2026)ရက်နေ့ မြဝတီ ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြပါရှိခဲ့ပါသည်။

07/06/2026

မကွေးတိုင်း‌ဒေသကြီး၊ ပတ်ဝန်းကျင်ထိမ်းသိမ်း‌ရေးဦးစီးဌာန၊ မင်းဘူးခရိုင်ရုံး၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့မှုအပေါ် မြဝတီသတင်းတွင်‌ ဖော်ပြပါရှိခဲ့ပါသည်။

မင်းဘူးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇွန်လ(၅)ရက်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခ...
07/06/2026

မင်းဘူးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇွန်လ(၅)ရက်
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပဆောင်ရွက်မှုအား (6.6.2026)ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက် ၉:၀၀ အချိန်...
06/06/2026

၂၀၂၆ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား နံနက် ၉:၀၀ အချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပိတောက်ရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင်ပခုက္ကူခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video clip များဖွင့်လှစ်ပြသခြင်း၊ ပခုက္ကူခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်းကြားရေးမှူး၊ဒေါ်ထားထားဝေမှ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိကြသော အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်း၊ ပတ်ဝန်းထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများ ဌာနဆိုင်ရာ အကြီးအကဲများမှ လှည့်လည်ကြည့်ရှု့ခြင်း၊ အခမ်းအနားတက်ရောက်လာကြသော ခရိုင်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအားကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်တံဆိပ်ပါ Note Book များလက်ဆောင်ပေးအပ်ခြင်း၊ ဆက်လက်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း (၂၇၀) အားအထိမ်းအမှတ်တံဆိပ်ပါလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

06/06/2026

(၅.၆.၂၀၂၆) ရက်နေ့တွင် မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်အေးမြင့်မြတ်ကို ဒုတိယဦးစီးမှူးသည် ၂၀၂၆ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ဟူသော ခေါင်းစဉ်ဖြင့် အသိပညာပေး talk show အား မင်းဘူးမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ talk show တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ယခုနှစ် ခေါင်းစဥ်နှင့် အိမ်ရှင်နိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ၊ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းကာကွယ်ရေးနည်းလမ်းများနှင့် လိုက်လျောညီထွေနေထိုင်ရန်နည်းလမ်းများနှင့်ပတ်သက်၍ ပြည်သူလူထုများအသိပညာပေးတိုက်တွန်းပြောကြား ဆွေးနွေးခဲ့ပါသည်။

Address

ဘိုးရတနာဇက်ဆိပ်လမ်း၊ အောင်မေတ္တာ(က)ရပ်ကွက်၊ မကွေးမြို့
Magway
04011

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Telephone

+95632028836

Website

Alerts

Be the first to know and let us send you an email when Magway.ECD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Magway.ECD:

Share