University of Medicine Magway, Students' Union

  • Home
  • University of Medicine Magway, Students' Union

University of Medicine Magway, Students' Union ဆေးတက္ကသိုလ်၊မကွေး ကျောင်းသားများသမဂ္ဂ၏ တရားဝင်စာမျက်နှာဖြစ်ပါသည်။

တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမ...
11/03/2026

တော်လှန်ရေးအင်အားစုအချင်းချင်းကြား လက်နက်အင်အား မသုံးဘဲ မဟာမိတ်နည်းလမ်း
ဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအင်အားစုအသီးသီးမှ ထုတ်ပြန်ကြေညာချက်

ရက်စွဲ - မတ်လ (၁၀) ရက်/ ၂၀၂၆ ခုနှစ်

ယခုအချိန်တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုအသီးသီးအနေဖြင့် လက်နက်ကိုင်တော်လှန်ရေးအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည်အထိ တော်လှန်ရေးရေချိန်မှာ မြင့်မားခဲ့ပြီဖြစ်သည်။ အင်အားစုအချင်းချင်းကြား ညီညွတ်မှုကို ရှေ့တန်းတင်ကာ စစ်အာဏာရှင်တပ်များကို တိုက်ထုတ်နိုင်သည့် စစ်ရေးတိုက်ပွဲများကိုလည်း အောင်မြင်စွာ ဆင်နွှဲနိုင်သည်မှာ ဂုဏ်ယူအားတက်ဖွယ် ဖြစ်သည်။
သို့ရာတွင် တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်အာဏာရှင် အမြစ်ပြတ်ဖြုတ်ချရေးကို မျက်နှာလွှဲ၍ မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကာ အချင်းချင်းကြား ရန်သူသကဲ့သို့ လက်နက်ကြီးငယ်နှင့် ခြိမ်းခြောက်ဖြေရှင်းခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်း စသည့် ရုပ်ဆိုးအကျည်းတန်သည့် လုပ်ရပ်များကိုလည်း တနေ့တခြား ပိုမိုတွေ့မြင်လာရသည်။
ကျွန်ုပ်တို့၏ ဘုံရန်သူမှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ ကျွန်ပ်တို့၏ ဘုံရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရေး ဖြစ်သည်။ ထိုဘုံရန်သူကို ဆန့်ကျင်နေသည့် တော်လှန်ရေးအင်အားစုများအားလုံးသည် တလှေတည်းစီး တခရီးတည်းသွားနေကြသော မဟာမိတ်များ ဖြစ်သည်။ မည်ကဲ့သို့သော ပဋိပက္ခများရှိစေကာမူ မဟာမိတ်အင်အားစုများ အချင်းချင်းကြား စစ်အင်အားဖြင့် ဖြေရှင်းခြင်းသည် ရန်သူအပေါ်သဘောထားနှင့် ဆင်တူနေသကဲ့သို့ လက်နက်အားကိုးဖြင့် ဖြေရှင်းရေးသည် စစ်ဝါဒီရန်သူ၏ နည်းလမ်းဖြစ်ကြောင်းကို သတိထားရမည်ဖြစ်သည်။ ထိုလုပ်ရပ်များသည် ပြည်သူလူထုနှင့် တော်လှန်ရေးတစုံလုံးအပါအဝင် မည်သည့်တော်လှန်ရေးအင်အားစုအတွက်မှ အကျိုးအမြတ်မရှိဘဲ ရန်သူ အမြတ်ထုတ်နိုင်ရန်သာ ထောက်ပံ့ပေးသည်။
အမှန်မှာ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများသည် “မဟာမိတ်ကို အားပြု၊ ကြားနေကို စည်းရုံး၊ ရန်သူကို တိုက်” ဆိုသည့် သဘောတရားကို လက်ကိုင်ထားကာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရမည်ဖြစ်သော်လည်း လက်တွေ့အခြေအနေမှာမူ ဆန့်ကျင်ဘက်သာ ဖြစ်နေသည်။ ယခုဆိုလျှင် တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်း စစ်ရေးတိုက်ပွဲများ၊ တဖက်အဖွဲ့အစည်းမှ သူများကို ခိုင်မာသည့် အကြောင်းပြချက် မရှိ ဖမ်းဆီးမှုများ၊ မိတ်ဖက်အင်အားစုအချင်းချင်း နိုင်ငံရေးအရ တန်းတူမဆက်ဆံမှုများ၊ တော်လှန်ရေးအဖွဲ့အစည်းများမှ လူထုအပေါ် လက်နက်အားကိုးနှိပ်စက်မှုများအား ခပ်စိတ်စိတ် တွေ့လာရသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် တော်လှန်အင်အားစုအချင်းချင်းနှင့် ပြည်သူလူထုအပေါ် လက်နက်အားကိုး၊ စစ်ရေးအားကိုး၍ ဖြေရှင်းသည့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်သည်။ ရန်ငါစည်းကို တိကျပြတ်သားစွာ သတ်မှတ်ထားပြီး ရန်သူကို တိုက်ချိန်တွင် မဟာမိတ်ချင်း ကျောချင်းကပ် ညှိနှိုင်းတိုင်ပင်ပြီး စုပေါင်းခေါင်းဆောင်မှုဖြင့် မဟာမိတ်များကြားပြဿနာကို အဖြေရှာသင့်သည်။ ပွင့်လင်းမြင်သာမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိသော လုပ်ဟန်များသည် ဘဝတူအဖွဲ့အစည်းများကြား အရေးပါသည့် ယုံကြည်မှုကို ပျက်ပြားစေရာ ရန်သူ့အကြိုက်လည်း ဖြစ်ပေသည်။ ထို့ကြောင့် မဟာမိတ်များကြားပြဿနာကို မဟာမိတ်နည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် စည်းရုံးရေးဆန်စွာ ဖြေရှင်းရန် တပါတည်း တိုက်တွန်းလိုသည်။
မည်သည့်အဖွဲ့အစည်းဝင်ဖြစ်နေကာမူ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစွာစစ်ဆေးတွေ့ရှိသူများကို ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ မဖြစ်မနေလုပ်ဆောင်ရမည်။
သို့ရာတွင်လည်း တော်လှန်ရေးပုံရိပ်ကျမည်ကို စိုးရိမ်၍ ဖုံးဖုံးဖိဖိလုပ်ကြသည်ထက် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်နှင့်အမျှ အပြစ်ပေးအရေးယူမှုကို အများသူငှာရှေ့တွင် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို စီရင်ချက်ချသည်မှာ မှန်ကန်နည်းလမ်းနှင့် ဖြေရှင်းခြင်းဖြစ်သည်။ ထို့အပြင် စီရင်ဆုံးဖြတ်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများအပြင် ပြည်သူလူထုထံသို့ ထိုက်သင့်သည့်အလျောက် ရှင်းလင်းချပြ အစီရင်ခံမှုပြုမှသာ လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိသည့် တရားစီရင်ရေးစနစ်တခုကို အကောင်အထည်ဖော်နိုင်မည်။
တော်လှန်ရေး၏ အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဲ့သို့ အဖွဲ့အစည်းတရပ်အနေနှင့် လည်းကောင်း၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည်လည်းကောင်း မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို မှန်ကန်စွာ ချမှတ်ပြီး အခိုင်အမာလိုက်နာရန် ကျွန်ုပ်တို့က ထပ်ဆောင်းတိုက်တွန်းလိုသည်။ တဖက်တွင်လည်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား အင်အားကြီးသူ၊ ငယ်သူ ကြီးနိုင်ငယ်ညှင်း ဆက်ဆံရေးများအား ရှုတ်ချပြီး အချင်းချင်းကြား နိုင်ငံရေးအရ တန်းတူသည့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသော တပ်ပေါင်းစုတရပ် ပေါ်ထွက်နိုင်ရန် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်လည်း အလျှင်အမြန် လိုအပ်နေပြီ ဖြစ်သည်။ သို့မှသာ ထိုကဲ့သို့ မိတ်ဖက်အဖွဲ့များကြား စစ်ရေးဖြင့် ဖြေရှင်းသည့်လုပ်ဟန်များ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရပ်များ ပပျောက်နိုင်မည်ဖြစ်ပြီး ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အမှန်အကန် ထိရောက်သည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် အခြားမိတ်ဖက်အဖွဲ့အစည်းများအား ယခုထုတ်ပြန်ချက်မှတဆင့် အချက်(၃)ချက်အား တောင်းဆိုလိုက်သည်။
(၁) တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်
(၂) တော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသည့် မူများအခြေခံပြီး
တပ်ပေါင်းစုတရပ်ကို ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ရန်
(၃) ပသုံးလုံးယန္တရား၏ လူထုအပေါ်ထိခိုက်နစ်နာစေသည့် လုပ်ဟန်များအား အမြန်ဆုံးဖြေရှင်းပေးရန်
“တပ်ပေါင်းစု၍ အတူရပ်၊ စစ်သုံးစစ်ကို အမြစ်ဖြတ်”

Arakan Youth Peace Network - AYPN
ASR-ASSOCIATION of SPRING RAINBOW
Chin Students’ Union of Myanmar
Defend Myanmar Democracy
Former ABSDF (Communication & Advisory)
India for Myanmar
Interim Basic Education Federal School Unions' Representative Committee
MyaYar Knowledge Tree
New Generation Force - NGF
Save Myanmar SF
Alliance for Democracy in Myanmar
Anti Dictatorship in Burma DMVPA Area
Sisters2Sisters - S2S
Volunteers in Myanmar
Yangon Deaf Group
ကရင်နီပြည်လူငယ်များသမဂ္ဂ - UKSY
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ - SURC
ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေး
ကျောင်းသားအင်အားစုများကွန်ယက် - NSF
ကျောက်တံတားမြို့နယ်သပိတ်ကော််မတီ - KSC
ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ - KYSC
စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ - CDMUEW
ဆန်မာတေးအိုရ်ဗမာပြည်ကျောင်းသားများအစည်းအရုံး
စစ်ငြိမ်းပန်းဖောင်ဒေးရှင်း
တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA
ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် - ABFSU
ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - ABFTU
ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂများ အဖွဲ့ချုပ်
ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ - ABWU
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
မြန်မာနိုင်ငံ သူနာပြုသားဖွားသင်တန်းကျောင်းများကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
ယောလူထုတိုက်ပွဲကော်မတီ
ယိမ်းနွဲ့ပါး - Yain Nweh Par
ရခိုင်ကျောင်းသားများသမဂ္ဂ - ASU
ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Y4B
ရန်ကုန်ဖက်ဒရယ်‌ကျောင်း ကျောင်းသားများသမဂ္ဂ - YFSSU
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
လွတ်လပ်သောလူငယ်များအစည်းအရုံး - IYO
သွေးစွန်း‌ငွေ - BMC
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB
အခြားအမည်ဖော်ပြရန် အခက်အခဲရှိသော အဖွဲ့အစည်း (၂)ဖွဲ့

19/09/2025
မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ထုတ်ပြန်ချက် (၁၄-၇-...
14/07/2025

မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ထုတ်ပြန်ချက် (၁၄-၇-၂၀၂၅)

ဆေးတက္ကသိုလ်-မကွေး ဝင်ခွင့်
06/07/2025

ဆေးတက္ကသိုလ်-မကွေး ဝင်ခွင့်

ဆေးတက္ကသိုလ် - မကွေးအား လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဝင်ခွင့် ရရှိခြင်း ရှိ/မရှိအား ဇူလိုင်လ (၅) ရက်နေ့တည်းက MES မှတစ်ဆင့် သိရှိနိုင်ပြီ ဖြစ်ပါသည်။

SELECTED နှင့် UNSELECTED အခြေအနေ (၂) မျိုးရှိပြီး
❗️Selected သည် ဆေးတက္ကသိုလ် - မကွေးတွင် တက်ရောက်ရန် ရွေးချယ်ခံရခြင်းဖြစ်ပြီး
❗️Unselected သည် ဆေးတက္ကသိုလ် - မကွေးတွင် တက်ရောက်ရန် ရွေးချယ်ခြင်း မခံရပါ။

ဆေးတက္ကသိုလ် - မကွေးတွင် တက်ရောက်ရန်ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောက်ဆက်တွဲအနေဖြင့် interview/entrance exam စသည်တို့ လုပ်ဆောင်ရန် မလိုအပ်တော့ပါ။

မှတ်ချက် - ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆေးတက္ကသိုလ် - မကွေးတွင် တက်ရောက်လိုခြင်း ရှိ/မရှိကို မိမိ၏ MES Account တွင် Accept နှိပ်ခြင်းဖြင့် ပြန်လည်ရွေးချယ်ပြီးမှ ဆေးတက္ကသိုလ် - မကွေးတွင် တက်ရောက်နိုင်မည် ဖြစ်သည်။ လတ်တလောတွင် အခြားတက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေး လုပ်ငန်းများ ကျန်ရှိနေသောကြောင့် ကျောင်းသား၊ ကျောင်းသူများဘက်မှ ပြန်လည် မရွေးချယ်နိုင်သေးပါ။

မကွေးဒေသပညာရေးညီလာခံသို့ ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု-မကွေးက ပေးပို့သော သဝဏ်လွှာ
29/06/2025

မကွေးဒေသပညာရေးညီလာခံသို့ ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု-မကွေးက ပေးပို့သော သဝဏ်လွှာ

မကွေးဒေသပညာရေးညီလာခံကျင်းပခြင်းအပေါ် စွပ်စွဲပြောကြားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်
26/06/2025

မကွေးဒေသပညာရေးညီလာခံကျင်းပခြင်းအပေါ် စွပ်စွဲပြောကြားခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ချက်

မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်အပေါ် ကြေညာချက် မကွေးဒေသပညာရေးညီလာခံသည် (၂၀၂၅) ခုန...
24/06/2025

မကွေးဒေသပညာရေးညီလာခံတက်ရောက်သည့် ကိုယ်စားလှယ်တစ်ဦး ခြိမ်းခြောက်ခံရသည့်အပေါ် ကြေညာချက်

မကွေးဒေသပညာရေးညီလာခံသည် (၂၀၂၅) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အတွင်း ကျင်းပပြုလုပ် ပြီးစီးခဲ့ပါသည်။ မိမိတို့ ကျောင်းသားသမဂ္ဂများတပ်ပေါင်းစု - မကွေးအနေဖြင့် မကွေးဒေသပညာရေး ညီလာခံ ဖြစ်မြောက်ရေးအတွက် စတင်သည့်အချိန်မှစ၍ ညီလာခံ အောင်မြင်စွာကျင်းပပြီးစီးသည့်အချိန်အထိ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

မကွေးဒေသပညာရေးညီလာခံသည် ဒေသအတွင်းရှိ ကြားကာလယာယီတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၊ အရပ်ဖက်ပညာရေးအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ၊ ဆရာမသမဂ္ဂများ၊ အခြေခံ၊ အဆင့်မြင့်၊ သက်မွေး၊ ဆရာအတတ်သင်စသော ပညာရေးကဏ္ဍအသီးသီးမှ CDM ဆရာ၊ ဆရာမများ၊ Volunteer ဆရာ၊ ဆရာမများ၊ ဒေသတွင်း တိုင်းရင်းသားလူမျိုးစုများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များစသော အလွှာအသီးသီးမှ ကိုယ်စားလှယ်များပါဝင်သော ပညာရေးညီလာခံဖြစ်သည်။ သဘာပတိများအနေဖြင့်လည်း အလုပ်သမားသမဂ္ဂ၊ CDM လှုပ်ရှားမှုတွင်ပါဝင်သော ပါမောက္ခချုပ်၊ ပါမောက္ခစသော နောက်ခံရှိသည့် ဆရာ၊ ဆရာမများမှ ပါဝင်လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

မကွေးဒေသပညာရေးညီလာခံကျင်းပသော တတိယရက်၊ ညီလာခံနောက်ဆုံးရက်တွင် ညီလာခံ တက်ရောက်သော ကိုယ်စားလှယ်တော်အနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ ခြိမ်းခြောက်ဖိအားပေးမှုကို ခံခဲ့ရကြောင်း ကြားသိရသည်။ ဂန့်ဂေါမြို့နယ်၊ ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ညီလာခံ တက်ရောက်သော ကိုယ်စားလှယ်တော်အား ကျေးရွာအုပ်ချုပ်ရေးရုံးထံခေါ်ယူ၍ ညီလာခံသည် စစ်ကောင်စီ၏ ဒေါက်တိုင် အဖွဲ့အစည်းများမှ ကျင်းပခြင်းဖြစ်ပြီး မတက်ရောက်ရန် ဖိအားပေးအကြပ်ကိုင်ခဲ့သည်။ ကိုယ်စားလှယ်တော် အနေဖြင့် တော်လှန်ရေးတွင်ပါဝင်သော အစုအဖွဲ့များ၊ CDM များပါဝင်၍ ကျင်းပသောညီလာခံဖြစ်ကြောင်း ရှင်းပြပြောဆိုသော်လည်း ညီလာခံတက်ရောက်သော ကိုယ်စားလှယ်ထံနောက်သို့ ကျေးရွာ ပကဖများ၏ နောက်ယောင်ခံလိုက်မှုများ ကြုံတွေ့ခဲ့ရသည်။ ယခုအပြုအမူများသည် ကိုယ်စားလှယ်၏ ရပိုင်ခွင့်အခွင့်အရေးများ ကို ချိုးဖောက်ကန့်သတ်ရာရောက်သည်။ ထို့အပြင် နောက်ယောင်ခံလိုက်ရသော ကိုယ်စားလှယ်၏ လုံခြုံရေးသည် စိုးရိမ်ဖွယ်ရာ အခြေအနေတွင်ရှိသည်။ ကိုယ်စားလှယ်၏ လုံခြုံရေးသည် ခြိမ်းခြောက်ခံရမှု၊ ဘေးအန္တရာယ် ထိခိုက်မှုများ ရှိပါက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အပါအဝင် မြို့နယ်အုပ်ချုပ်ရေး၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနတို့ထံတွင် တာဝန်အပြည့်ရှိကြောင်း သတိပေးလိုက်သည်။

မကွေးဒေသပညာရေးညီလာခံကျင်းပခြင်းအပေါ် ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အပါအဝင်၊ ထီးလင်း၊ ဆော၊ မြိုင်၊ ပေါက်၊ ပခုက္ကူ၊ ရေစကြို၊ ဆိပ်ဖြူစသော မြို့နယ်ဘုတ် (၂၀) မှ ကန့်ကွက်စာထုတ်ထားသည်။ သို့ရာတွင် အဆိုပါကန့်ကွက်စာသည် မြို့နယ်အတွင်းရှိ CDM, Volunteer ဆရာ၊ ဆရာမများ၏ သိရှိမှုမပါဝင်သည့် အပြင် အဆိုပါ ဆရာ၊ ဆရာမများ ညီလာခံတက်ရောက်နိုင်ရန်ကိုလည်း တားမြစ်ပိတ်ပင်ထားသည်။ ယခု ခြိမ်းခြောက်မှု ဖြစ်ပွားရာ ဂန့်ဂေါမြို့နယ်အတွင်း မြို့နယ်ပညာရေးဘုတ်တာဝန်ခံကိုယ်တိုင် ပညာရေးညီလာခံအား မတက်ရောက်ရန် ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။

ပညာရေးညီလာခံတက်ရောက်ခွင့်သည် မကွေးဒေသအတွင်းရှိ ပညာရေးအကျိုးသက်ဆိုင်သူများ၏ ရပိုင်ခွင့် အခွင့်အရေးဖြစ်ပြီး ထိုသို့ မတက်ရောက်ရန် တားမြစ်နေမှုသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေး၏ စံနှုန်းများကို ချိုးဖောက်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီတို့ အနေဖြင့် ယခုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရမည်ဖြစ်ပြီး ဖြစ်စဉ်အတွင်း ကျူးလွန်ခံရသူအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုအပြည့်အဝပေးရန်နှင့် ဖြစ်စဉ်အတွင်း ပါဝင်ကျူးလွန်ခဲ့သူများအား ထိုက်သင့်သော အရေးယူဆောင်ရွက်မှုများဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်အပ်သည်။ သို့မဟုတ်ပါက ပညာရေးဆိုင်ရာ မူဝါဒ ချမှတ်မှု၊ စီမံခန့်ခွဲမှု အခန်းကဏ္ဍတို့တွင် တော်လှန်ရေးကာလတစ်လျှောက် ဆက်လက်မဆောင်ရွက်နေတော့ သင့်ကြောင်း သတိပေးအပ်ပါသည်။

19/06/2025

ကြေညာချက်

၁။ မကွေးဒေသပညာရေးညီလာခံ၏ လူမှုကွန်ယက်စာမျက်နှာအား စတင်ဖွင့်လှစ်ကြောင်း ကြေညာအပ်ပါသည်။

၂။ မကွေးဒေသပညာရေးညီလာခံအား (၂၀၂၅) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၄) ရက်တာ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။ လတ်တလောဖြစ်ပေါ်နေသော ညီလာခံကျင်းပခြင်းနှင့် ပတ်သက်၍ ပဋိပက္ခအခြေအနေများအတွက် စုံစမ်းမေးမြန်းနိုင်ရန်၊ ညီလာခံ တက်ရောက်ရန်လိုအပ်သော သတင်းအချက်အလက်များမျှဝေနိုင်ရန် စသည်တို့ကို ရည်ရွယ်၍ လူမှုကွန်ယက် စာမျက်နှာအား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

၄။ ဆက်လက်၍ ပဋိပက္ခဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့်သော်လည်းကောင်း၊ အထက်ဖော်ပြပါ email မှတစ်ဆင့်သော်လည်းကောင်း မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို စုံစမ်းမေးမြန်းနိုင်ကြောင်း ကြေညာအပ်ပါသည်။

၅။ မကွေးဒေသအတွင်းရှိ ပညာရေးရပ်ဝန်းမှအပြင် ပညာရေးနှင့်အကျိုးသက်ဆိုင်သူအားလုံး အလွှာစုံတက်ရောက်၍ ညီလာခံကျင်းပအောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်နိုင်ပါရန် တိုက်တွန်းအပ်ပါသည်။

ဆေးတက္ကသိုလ် - မကွေး၊ ကျောင်းသားများသမဂ္ဂဝမ်းနည်းကြောင်းသဝဏ်လွှာ
24/03/2025

ဆေးတက္ကသိုလ် - မကွေး၊ ကျောင်းသားများသမဂ္ဂ
ဝမ်းနည်းကြောင်းသဝဏ်လွှာ

Address


Website

Alerts

Be the first to know and let us send you an email when University of Medicine Magway, Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to University of Medicine Magway, Students' Union:

  • Want your organization to be the top-listed Non Profit Organization?

Share

ကျောင်းသားများသမဂ္ဂပေါ်ပေါက်လာပုံ

ဆေးတက္ကသိုလ် - မကွေး၊ ကျောင်းသားများသမဂ္ဂကို ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ၁၆ ဦး ပါဝင်သော ဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းခြင်းဖြင့် စတင်ခဲ့ပါသည်။ ထိုဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်ကာ မေလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပထမနှစ်နှင့် ဒုတိယနှစ် အတန်းများတွင် သမဂ္ဂဖွဲ့စည်းပုံကို ရှင်းပြဖြန့်ဝေခဲ့ကြပါသည်။ ထို့နောက် မေလ ၃၀ နှင့် ၃၁ ရက်များတွင် ထိုအတန်းများ၌ ဖွဲ့စည်းပုံထောက်ခံမဲများ ကောက်ခံခဲ့ကြသည်။ ဂျွန်လ ၁၀ ရက်တွင် ကျန်ရှိသည့် တတိယနှစ်၊ နောက်ဆုံးနှစ် အပိုင်း (က) နှင့် အပိုင်း (ခ) အတန်းများတွင် ဖွဲ့စည်းပုံကို ရှင်းပြဖြန့်ဝေခဲ့ကြပါသည်။ ၁၄ ရက်နေ့တွင် ထိုအတန်းများ၌ ဆန္ဒမဲ ကောက်ခံခဲ့ကြပါသည်။ထို့နောက် ဂျွန်လ ၁၅ ရက်တွင် ကျောင်းသားထု တရပ်လုံး၏ ထောက်ခံမှု ၄၅.၄ % ဖြင့် သမဂ္ဂ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ပါသည်။ ထိုဖွဲ့စည်းပုံနှင့်အညီ ၁၆ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်ကို အတန်းအသီးသီးမှ ကျောင်းသား ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ထိုရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ကာ ဂျူလိုင်လ ၁၀ ရက်နေ့တွင် ကျောင်းသားဆီးနိတ်ကိုယ်စားလှယ်ရွေးကောက်ပွဲနှင့် ဂျူလိုင်လ ၁၇ ရက်နေ့တွင် သမဂ္ဂဥက္ကဋ္ဌ ရွေးကောက်ပွဲတို့ကို ကျင်းပပေးနိုင်ခဲ့ပါသည်။ ဂျူလိုင်လ ၂၆ ရက်နေ့တွင် ကျောင်းသားဆီးနိတ်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကျင်းပကာ ဆေးတက္ကသိုလ် - မကွေး၊ ကျောင်းသားများသမဂ္ဂ စတင်ပေါ်ပေါက်လာခဲ့ပါသည်။ယခုသက်တမ်းမှာ ပထမအကြိမ်ဖြစ်ပါသည်။