မယ်စဲ့မြို့နယ် CDM ဆရာ/မများ

  • Home
  • Myanmar
  • Mèsè
  • မယ်စဲ့မြို့နယ် CDM ဆရာ/မများ

မယ်စဲ့မြို့နယ် CDM  ဆရာ/မများ CDMဝန်ထမ်းများအတွက်လိုအပ်သောဆန်၊ဆီ၊

👉👉👉👉👉စနစ်ဟောင်း(Grade -11)ဖြေဆိုလိုသောကျောင်းသား၊ကျောင်းသူများအတွက် မတ်လ(၁၁)ရက်နေ့မှဧပြီလ(၁၁)ရက်နေ့အထိ (Online)ဖြေဆိုရန်...
04/03/2026

👉👉👉👉👉စနစ်ဟောင်း(Grade -11)ဖြေဆိုလိုသောကျောင်းသား၊ကျောင်းသူများအတွက် မတ်လ(၁၁)ရက်နေ့မှဧပြီလ(၁၁)ရက်နေ့အထိ (Online)ဖြေဆိုရန်အတွက် သတ်မှတ်ထားသောအချက်နှင့်ကိုက်ညီသူများလျှောက်ထားဖြေဆိုနိုင်ပါကြောင်း ။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

(OldSystem)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၆/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပေါင်းလဆုတ် ၂ ရက်နေ့
(၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်)

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နှင့်စပ်လျဉ်း၍ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသို့ အသိပေးတင်ပြခြင်း"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

(OldSystem)

#မယ်စဲ့မြို့နယ်cdmဆရာနှင့်ဆရာမများ

04/03/2026
ကရင်နီပညာရေးဒီဂရီကောလိပ် ၂၀၂၆ခုနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း-ပညာရေးနယ်ပယ်ကို အနာဂတ်အောင်မြင်မှုနဲ့ ရင်ဆိုင်...
04/03/2026

ကရင်နီပညာရေးဒီဂရီကောလိပ် ၂၀၂၆ခုနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

-ပညာရေးနယ်ပယ်ကို အနာဂတ်အောင်မြင်မှုနဲ့ ရင်ဆိုင်လိုသူများအတွက်
ကရင်နီပညာရေးဒီဂရီကောလိပ် မှ ၂၀၂၆ခုနှစ်
Batch-3ဝင်ခွင့်လျှောက်လွှာများကို
စတင်ခေါ်ယူလိုက်ပြီဖြစ်ပါသည်။
-ကရင်နီပညာရေးဒီဂရီကောလိပ်တွင် ဆရာအတတ်ပညာ တစ်နှစ်သင်တန်း အမှတ်စဥ်(၃)ကို ၂၀၂၆ခုနှစ် မေလနောက်ဆုံးပတ်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
အရည်အသွေးရှိသော ဆရာ၊ဆရာမများ
မွေးထုတ်ထုတ်နိုင်ရန်၊
ဒေသအတွင်း ဆရာလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန်နှင့် အခြေခံပြီးဆုံးသွားသော ကျောင်းသား
လူငယ်များအတွက် အဆင့်မြင့်ပညာဆက်လက် လေ့လာသင်ယူခွင့်ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်မည့်သင်တန်းဖြစ်ပါသည်။ထို့အတွက် သင်တန်းသား ကျား(၁၀)ဦး၊မ(၃၀)ဦး စုစုပေါင်း ၄၀ဦးကို စီစစ်ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ပါသည်။
#မှတ်ချက်

ဝင်ခွင့်လျှောက်လွှာပုံစံများနှင့် အသေးစိတ်အချက်အလက်များကို
ကျောင်းpage တွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဖော်ပြပါပုံတွင်လည်း သင်တန်းဝင်ခွင့်လျှောက်လွှာအကြောင်းကို သေချာစွာဖတ်ရှူနိုင်ပါတယ်။

လျှောက်လွှာပိတ်သိမ်းမည့်ရက် - ၁၀.၄.၂၀၂၆ ညနေ(၅)နာရီ

သင်၏ အနာဂတ်ပညာရေးခရီးစဉ်နဲ့ကလေးပညာရေးအတွက် ကရင်နီပညာရေးဒီဂရီကောလိပ်နှင့်အတူ စတင်လိုက်ပါ။

ကရင်နီပညာရေးဒီဂရီကောလိပ် ၂၀၂၆ခုနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း-ပညာရေးနယ်ပယ်ကို အနာဂတ်အောင်မြင်မှုနဲ့ ရင်ဆိုင်...
04/03/2026

ကရင်နီပညာရေးဒီဂရီကောလိပ် ၂၀၂၆ခုနှစ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

-ပညာရေးနယ်ပယ်ကို အနာဂတ်အောင်မြင်မှုနဲ့ ရင်ဆိုင်လိုသူများအတွက်
ကရင်နီပညာရေးဒီဂရီကောလိပ် မှ ၂၀၂၆ခုနှစ်
Batch-3ဝင်ခွင့်လျှောက်လွှာများကို
စတင်ခေါ်ယူလိုက်ပြီဖြစ်ပါသည်။
-ကရင်နီပညာရေးဒီဂရီကောလိပ်တွင် ဆရာအတတ်ပညာ တစ်နှစ်သင်တန်း အမှတ်စဥ်(၃)ကို ၂၀၂၆ခုနှစ် မေလနောက်ဆုံးပတ်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
အရည်အသွေးရှိသော ဆရာ၊ဆရာမများ
မွေးထုတ်ထုတ်နိုင်ရန်၊
ဒေသအတွင်း ဆရာလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးနိုင်ရန်နှင့် အခြေခံပြီးဆုံးသွားသော ကျောင်းသား
လူငယ်များအတွက် အဆင့်မြင့်ပညာဆက်လက် လေ့လာသင်ယူခွင့်ရရှိရန် ရည်ရွယ်၍ ဖွင့်လှစ်မည့်သင်တန်းဖြစ်ပါသည်။ထို့အတွက် သင်တန်းသား ကျား(၁၀)ဦး၊မ(၃၀)ဦး စုစုပေါင်း ၄၀ဦးကို စီစစ်ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ပါသည်။
#မှတ်ချက်

ဝင်ခွင့်လျှောက်လွှာပုံစံများနှင့် အသေးစိတ်အချက်အလက်များကို
ကျောင်းpage တွင် လာရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဖော်ပြပါပုံတွင်လည်း သင်တန်းဝင်ခွင့်လျှောက်လွှာအကြောင်းကို သေချာစွာဖတ်ရှူနိုင်ပါတယ်။

လျှောက်လွှာပိတ်သိမ်းမည့်ရက် - ၁၀.၄.၂၀၂၆ ညနေ(၅)နာရီ

သင်၏ အနာဂတ်ပညာရေးခရီးစဉ်နဲ့ကလေးပညာရေးအတွက် ကရင်နီပညာရေးဒီဂရီကောလိပ်နှင့်အတူ စတင်လိုက်ပါ ။

#မယ်စဲ့မြို့နယ်cdmဆရာနှင်ဆရာမများ

အားရဖွယ် သတင်းကောင်းလေး ။ထိုင်းပညာရေးဝန်ကြီးဌာန၊ ကြီးကြပ်မှုအောက်ရှိ ကျောင်းများအားလုံးတွင် နိုင်ငံခြားသားကလေးငယ် များ၊ ...
31/01/2026

အားရဖွယ် သတင်းကောင်းလေး ။

ထိုင်းပညာရေးဝန်ကြီးဌာန၊ ကြီးကြပ်မှုအောက်ရှိ ကျောင်းများအားလုံးတွင် နိုင်ငံခြားသားကလေးငယ် များ၊ အိမ်ထောင်စုစာရင်းမရှိသူများနှင့် ထိုင်းနိုင်ငံသားမဟုတ်သူများကို ၂၀၂၅ ခုနှစ်ပညာသင် နှစ်မှ စတင်ကာ လက်ခံရမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

ဇန်နဝါရီ ၃၀ ရက်က တော်ဝင်ပြန်တမ်းတွင် ဖော်ပြခဲ့သည့် ယင်းကြေညာချက်ကို ပညာရေးဝန်ကြီး နရူးမွန် ပင်ယိုဆင်ဝပ်က လက်မှတ်ရေးထိုးထားသည်။

ယင်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်စွဲပါ ယခင်စည်းမျဉ်းကို ပယ်ဖျက်၍ လက်ရှိအခြေ အနေ များနှင့် အစိုးရအဖွဲ့၏ ရေရှည်ဆုံးဖြတ်ချက်များကို ထင်ဟပ်နိုင်ရန် မူဝါဒကို ပြုပြင်ပြောင်းလဲခဲ့ခြင်းဖြစ် သည်။

#ထိုင်း
#ကျောင်းများတွင်
#နိုင်ငံမဲ့
#ရွှေ့ပြောင်းကလေးငယ်များ
#ကျောင်းအပ်နှံခွင့်ပြု
#မဇ္ဈိမသတင်းဌာန

--------------------------------------------
#မယ်စဲ့မြို့နယ်cdmဆရာနှင့်ဆရာမများ

28/01/2026
ကလေးများကို ချစ်ပြီး စာသင်ပေးရတာကို ပျော်တဲ့ ဆရာ၊ဆရာမလောင်းလေးများအတွက်၁။ ရှေ့ဦးကလေးသူငယ် (B.Ed)၂။မူလတန်း (B.Ed)၃။အလယ်တန...
28/01/2026

ကလေးများကို ချစ်ပြီး စာသင်ပေးရတာကို ပျော်တဲ့ ဆရာ၊ဆရာမလောင်းလေးများအတွက်

၁။ ရှေ့ဦးကလေးသူငယ် (B.Ed)
၂။မူလတန်း (B.Ed)
၃။အလယ်တန်း(B.Ed)
၄။အထက်တန်း(B.Ed)

လျှောက်နည်းအဆင့်ဆင့် လမ်းညွှန်
https://drive.google.com/file/d/1b73t7CwAf6n4BHL2ewH-LUj2IVfzJCey/view?usp=sharing

လျှောက်ရန်
https://mes.moeedu.org/login?fbclid=IwY2xjawKRf3tleHRuA2FlbQIxMQABHlfRxSSNlFWAciYTmY-EORYctsHLftXRMR1sSfMT6Jppcb0F2tMTJFrnw2uV_aem_0CfjGmOUBTf506l1U26_kg

#မြေပြင်မှ လုပ်အားပေး ဆရာ/မလေးတွေကို ဦး‌စားပေးပါတယ်




#မယ်စဲ့မြို့နယ်cdmဆရာနှင့်ဆရာမများ

28/01/2026
15/09/2025

အသက်(၆၀)ကျော် ပညာရေး CDM ဝန်ထမ်း ဆရာမကြီးတစ်ယောက် ၏ ရင်ဖွင့်စာ ... 💓

ရင်ဘတ်ချင်းတူ ညီအစ်ကို မောင်နှမများသို့ /


အာဏာသိမ်းတာကို အမိုးလုံးဝ လက်မခံနိုင်လို့ CDM ဝင်ခဲ့တာ။ အမိုးတို့ ငယ်ဘဝတစ် လျှောက်လုံးက အာဏာရှင်ရဲ့ ဆိုးယုတ်မှုအောက်မှာ ကြီးပြင်းခဲ့ရတယ်။ မနိုးထနိုင်တဲ့ အိပ်မက်ဆိုးလိုပဲ အတိဒုက္ခ ပေါင်းစုံ မြင်ခဲ့ရပြီးပြီ ။ အမိုးတို့ရွာလေးက တဲအိမ်တွေကို မီးရှို့ ရွာသားတွေကို ပစ်သတ် မျက်စိအောက်မှာပဲ သေတဲ့သူသေ၊ မီးလောင်တဲ့သူမီးလောင်နဲ့ အိုး...... ပြန်ပြောရင် ရင်ထဲမှာမကောင်းလို့ ပြန်တောင် မတွေးချင်ဘူး ။

အမိုးပညာရေးဌာနကို လစာ(၇၅)ကျပ် ကတည်းက အလုပ်စဝင်ခဲ့တာလေ။ နေပျော်စရာ လောကကို ပိုင်ဆိုင်ရပြီလို့ ထင်တဲ့အချိန်မှာ ဒီလိုအဖြစ်မျိုးနဲ့ ပြန်ကြုံရတယ်။ စစ်အာဏာရှင် စနစ်ရဲ့ ခက်ထန်ရက်စက်မှုကို သိလို့ ပြန်မရောက်ချင်လို့ CDMလုပ်ခဲ့တာ။ အမိုးကို တစ်ချို့က CDM မလုပ်စေချင်ဘူး ဝိုင်းတားကြတယ် ပင်စင်ယူဖို့က လပိုင်းပဲလိုတော့တယ်ဆိုပြီးပေါ့။ အမိုး ဘာကိုမှဂရု မစိုက်တော့ဘူး။ ကလေးတွေကို အမိုးတို့တုန်းကလို စစ်အာဏာရှင် လက်အောက်မှာ ခက်ခဲတဲ့ဘဝနဲ့ မကြီးပြင်းစေချင်တဲ့ ဆန္ဒပဲရှိတယ်။

အမိုး တို့ရဲ့ မြေးကလေးတွေကို ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ပြောနိုင် ၊ ဆိုနိုင် ၊ လုပ်နိုင် ၊ကိုင်နိုင်တဲ့ ကလေးတွေပဲ ဖြစ်စေချင်တာ လွတ်လွတ်လပ်လပ် ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းလာစေချင်တာလေ။

စစ်အာဏာရှင်တွေလေ ပြည်သူတွေကို လိုက်သတ်၊ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို လိုက်ဖျက်ဆီးနေတာ ဘာလို့များလဲနော် ပြည်သူတွေသေသွားရင် မြေကြီးကို အုပ်ချူပ်မလို့လား ဆိုပြီး မေးချင်တယ်။ လူတွေအမြင်ကျယ်လာတာကို စိုးရိမ်လာလို့ ရည်ရွယ်ချက်ရှိရှိနဲ့ အာဏာသိမ်းတာလို့ အမိုးထင်တယ်။ အမိုးကတော့ CDM လုပ်တဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူတယ်။ အနည်းဆုံးတော့ အမိုးတို့ ကလေးတွေရဲ့ အနာဂတ်မှာ ကောင်းမွန်တဲ့ ပြောင်းလဲမှုရလာဖို့အတွက် တစ်ထောင့်တစ်နေရာကနေ စွမ်းဆောင်နိုင်တယ်လို့အမြဲတွေးမိပြီး ကိုယ့်ကိုကိုယ် ကျေနပ်တယ်။ အနည်းဆုံးတော့ ပြည်သူတွေကို သတ်တဲ့ သူတွေနဲ့ တစ်ဘက်တည်း မနေတာကိုက လိပ်ပြာလုံခြင်းပဲလေ.................။

CDM အမိုး


#မယ်စဲ့မြို့နယ်cdmဆရာနှင့်ဆရာများ

..ကရင်နီပညာရေးဒီဂရီကောလိပ်မှ CDM ကျောင်းသူ/သားများကိုခေါ်ယူခြင်း..📢✨ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှဆရာ့အတတ်ပညာ 4နှစ်သင် ...
14/09/2025

..ကရင်နီပညာရေးဒီဂရီကောလိပ်မှ CDM ကျောင်းသူ/သားများကိုခေါ်ယူခြင်း..
📢✨ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ
ဆရာ့အတတ်ပညာ 4နှစ်သင် သင်တန်း
(Bachelor Course) တွင်
ပထမနှစ် ပထမနှစ်ဝက်သာ တက်ရောက်ပြီးစီး၍ ဒုတိယနှစ်ဝက်ကျန်နေသေးသော
CDM ကျောင်းသူကျောင်းသားများ အတွက်ပထမနှစ် ဒုတိယနှစ်ဝက်ကို
Education Degree College of Karenni (ကရင်နီပညာရေးဒီဂရီကောလိပ်)တွင် ဖွင့်လှစ် ပေးမည်ဖြစ်ပါသောကြောင့် CDM ကျောင်းသူ ကျောင်းသားများ အမြန်ဆုံး ဆက်သွယ် လျှောက်ထားနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ✨📢

#မှတ်ချက်

✅ CDM ကျောင်းသူ ကျောင်းသားအမှန်တစ်ကယ်ဖြစ်ကြောင်း ထောက်ခံချက်လိုပါမည်။
✅ မြေပြင် အခြေအနေအရ ကျား၁၀ဦး၊ မ၁၀ဦးသာ ခေါ်ယူနိုင်မည်ဖြစ်ပါသောကြောင့်
ဦးစွာပထမစာရင်းပေးသော CDM ကျောင်းသူ ကျောင်းသားများကို ဦးစားပေးမည် ဖြစ်ပါသည်။
✅ Onground တွင်ဖွင့်လှစ်မည့်သင်တန်းဖြစ်သဖြင့် ၄လတာ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရမည်။
✅ ကျောင်းတွင်းချမှတ်ထားသော စည်းမျဥ်း၊စည်းကမ်းများကိုလိုက်နာနိုင်သူဖြစ်ရမည်။
✅ ကျောင်းဝင်ကြေးနှင့်ငွေကြေးကောက်ခံမှုကုန်ကျစားရိတ်အတွက်အနည်းငယ်ပေးသွင်းရမည်။
🎀 #ပထမနှစ်ဒုတိယနှစ်ဝက်သင်တန်း
🎀 ျောင်းသား
🎀
#မယ်စဲ့မြို့နယ်cdmဆရာနှင့်ဆရာများ

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား သြဂုတ် ၂၈၊ ၂၀၂၅၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျော...
28/08/2025

အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

သြဂုတ် ၂၈၊ ၂၀၂၅

၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။

ပေါ်တာဆွဲခံရတဲ့နေ့က ည ၉နာရီလောက်မှာ သူ့ကို သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ယောက်က လက်ထိပ်ခတ်ပြီး ကားပေါ်တင်ခေါ်သွားတာပါ။ သူ့ကို အဲ့လိုခေါ်သွားတဲ့နေရာမှာ ၂၁ရက်ကြာခဲ့တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရချိန်မှာလည်း စစ်တပ်ထဲ မဝင်ချင်ကြောင်း ငြင်းဆန်တဲ့အခါ ရိုက်နှက်ခံရတဲ့အတွက် နောက်ဆုံးမှာ မောင်ဇင်ကိုကိုတစ်ယောက် စစ်မှုထမ်းဖို့ ခေါင်းညိမ့်ခဲ့ရပါတယ်။

“သူတို့က ကျောင်းသားမှန်းဘာမှန်းမသိဘူး။ ပြောလည်းမပြောခိုင်းဘူး။ ဖြေလည်းမဖြေခိုင်းဘူး။ ကျနော်က မဝင်ချင်ဘူး ငြင်းခဲ့ပါတယ်။ ငြင်းတော့ ကျနော့်ကိုရိုက်ခဲ့ပါတယ်။ လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ရိုက် တော့ သူတို့ နောက်တစ်ရက်ကျတော့ ထပ်မေးခဲ့ပါတယ်။ ဝင်မှာလား ၊ မဝင်ဘူးလား ထပ်မေးခဲ့ပါတယ်။ မဝင် ဘူးဆို သူတို့ ကျနော်တို့ ထပ်နှိပ်စက်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကျနော်မဝင်ချင်ဘဲနဲ့ အဲဒီတပ်ထဲကို ဝင်ခဲ့ပါ တယ်”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ မောင်ဇင်ကိုကိုက ပြောပါတယ်။

မောင်ဇင်ကိုကိုဟာ စစ်မှုမထမ်းဘဲ ထွက်ပြေးဖို့ကလည်း အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို အန္တရာယ်ပေးမှာ စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။

မောင်ဇင်ကိုကိုဟာ တပ်သားစုဆောင်းရေးနေရာမှာ ရက် ၂၀ နီးပါးကြာ နေခဲ့ရပြီးနောက် သင်တန်းသား ၁၈၂ ယောက်ရှိတဲ့ သင်တန်းကျောင်းမှာ ၂ရက်သွားရောက်နေထိုင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဇွန်လ ၂၇ ရက်နေ့မှာ စစ်သင်တန်းကျောင်း ဆင်းခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်သင်တန်းဆင်းပြီးတဲ့နောက်ပိုင်း ရန်ကုန်စစ်ကြောရေးရောက်ရှိခဲ့သလို ၅ ထပ်သင်္ဘောနဲ့လည်း ခေါ်‌ဆောင်သွားခြင်း ခံခဲ့ရကြောင်း မောင်ဇင်ကိုကိုက ပြောခဲ့ပါတယ်။

“အဲဒီထဲမှာ ပစရော၊ အရင်တပ်သားဟောင်းတွေရော အယောက် ၈၀၀ ကျော် ပါပါတယ်။ အဲ့ထဲမှာ တပ်မ ၂၂ က အယောက် ၅၀၀ ကျော်လောက်ရှိပါတယ်။ ကျန်တာကတော့ ဟိုနည်းနည်း ဒီနည်းနည်းပါ။ သင်္ဘောပေါ်မှာပဲ ၂ည အိပ်ခဲ့ရတယ်”

အဲ့လိုကနေ မောင်ဇင်ကိုကိုတစ်ယောက် ခမရ ၄၀၅ ကို ရောက်ရှိသွားပြီး ရောက်ရာက်ချင်း သင်တန်း ၁ပတ် တက်ခဲ့ရပါတယ်။ ၁ ပတ်ပြည့်ပြီးတဲ့နောက်မှာ စစ်ရေးလှုပ်ရှားမှု စလုပ်ရတယ်လို့ ပြောပါတယ်။ ဥတ္တူကျေးရွာကနေ စော်ဖျားကျေးရွာ၊ မိုးရွှေကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်ကြောင်းနဲ့အတူ လိုက်ပါရင်း နေအိမ်တွေကို မီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်း လုယက်တာတွေ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့လိုနဲ့ မောင်ဇင်ကိုကိုဟာ အိမ်သာတက်မယ်ဆိုပြီး စစ်ကြောင်းကနေ ထွက်ပြေးလာခဲ့ကာ ထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းထံ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

“သင်တန်းကျောင်းမှာလည်း အမျိုးမျိုးပြောတယ်။ PDF ထဲဝင်ရင် နင်တို့ အသတ်ခံရမယ်၊ အဖြတ်ခံရမယ်၊ လည်လှီးခံရမယ်၊ သေနတ်နဲ့ အပစ်ခံရမယ်လို့ ကျနော်တို့ကို ခဏခဏ ပြောခဲ့ဖူးတယ်၊ အစပိုင်းကတော့ ကျနော်တို့ ဒီအတိုင်းပဲ ယုံခဲ့တာပါ။ ထွက်ပြေးလာတဲ့အခါ အဲ့အတိုင်း မဟုတ်ဘူးဆိုတာ အခုမှ သိခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကော်မရှင်တပ်ထဲမှာ ရာထူးကြီးသူတွေက နိုင်ထက်စီးနင်း လုပ်တာတွေ ရှိသလို တပ်ကြပ်ကြီးတွေက အနိုင်ကျင့်တာ၊ ဆေးသုံးပြီး ပါးရိုက်တာ၊ မူးပြီး နှိပ်စက်တာတွေကို မခံနိုင်လို့ ထွက်ပြေးတာလို့လည်း မောင်ဇင်ကိုကိုက ပြောခဲ့ပါတယ်။

အခုတော့ မောင်ဇင်ကိုကိုဟာ ၆ တန်းကျောင်းသားအရွယ်နဲ့ ဘယ်လိုမှ မလိုက်ဖက်တဲ့ အိပ်မက်ဆိုးတွေကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီ

#မောင်း


#မယ်စဲ့မြို့နယ်cdmဆရာနှင့်ဆရာများ

Address

25 Th DAMASA Street
Mèsè

Website

Alerts

Be the first to know and let us send you an email when မယ်စဲ့မြို့နယ် CDM ဆရာ/မများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share