Knights Of Spring Revolution - KOSR

Knights Of Spring Revolution - KOSR "Knights for the People, Light for the Revolution!"

KOSR မှ ကရင်နီမှ ကျောင်းတစ်ခုရှိ က‌လေးများအတွက် Bubble Tea 🧋 သွား‌ရောက်တိုက်ကျွေးဖြစ်တဲ့ အမှတ်တရမှတ်တမ်းလေးကို ပြန်လည်မျ...
28/03/2026

KOSR မှ ကရင်နီမှ ကျောင်းတစ်ခုရှိ က‌လေးများအတွက် Bubble Tea 🧋 သွား‌ရောက်တိုက်ကျွေးဖြစ်တဲ့ အမှတ်တရမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်💕

"Birthday Project" ကနေမှ တစ်ဆင့် ကလေးတွေအတွက် လာရောက်ကူညီပေးတဲ့ မွေးနေ့ရှင်အစ်ကိုလည်း ကျေးဇူးအများကြီးတင်ရသလို၊ မွေးနေ့မှစလို့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ကလေးများကိုယ်စား KOSR မှ ဆုတောင်းပေးလိုက်ပါတယ်နော် 🫶🏼💗


ကလေးတွေကို အအေးနဲ့ မုန့် သွားကျွေးဖြစ်တဲ့ အမှတ်တရမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်💕Birthday projectကနေမှ တစ်ဆင့် ...
12/02/2026

ကလေးတွေကို အအေးနဲ့ မုန့် သွားကျွေးဖြစ်တဲ့ အမှတ်တရမှတ်တမ်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်💕

Birthday projectကနေမှ တစ်ဆင့် ကလေးတွေအတွက် လာရောက်ကူညီပေးတဲ့ မွေးနေ့ရှင်ညီမလေးကိုလည်း ကျေးဇူးအများကြီးတင်ရသလို၊ မွေးနေ့မှစလို့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ကလေးများကိုယ်စား KOSR Admin teamမှ ဆုတောင်းပေးလိုက်ပါတယ်ရှင်🫶🏼💗


Hello Guys 👋နှစ်သစ်အစမှာ ကျွန်တော်တို့ Knights of Spring Revolution (KOSR) ရဲ့“Birthday Project” ကို မိတ်ဆက်ပေးပါရစေခင်ဗ...
02/01/2026

Hello Guys 👋

နှစ်သစ်အစမှာ ကျွန်တော်တို့ Knights of Spring Revolution (KOSR) ရဲ့“Birthday Project” ကို မိတ်ဆက်ပေးပါရစေခင်ဗျာ။

ဒီ Project လေးကတော့ တော်လှန်ရေးကာလအတွင်း တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များနှင့် အခက်အခဲများကြားထဲကပဲ ပညာသင်ကြားနေကြတဲ့ စစ်ရှောင်ကလေးများကိုထောက်ပံ့ကူညီနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Birthday Project ဆိုတဲ့အမည်အတိုင်း Donor များအနေနဲ့ ကိုယ့်ရဲ့ မွေးလ၊ မွေးနေ့ ကို အမှတ်တရဖြစ်အောင် ရဲဘော်များအတွက် ဖြစ်စေ၊ စစ်ရှောင်ကလေးများအတွက်ဖြစ်စေပုံပါအတိုင်း ကိုယ်ကျွေးစေချင်တဲ့ အစားအသောက်အမျိုးအစားနှင့် တန်ဖိုးအလိုက် ပါဝင်လှူဒါန်းနိုင်ပါတယ်။ ကိုယ်လှူဒါန်းနိုင်တဲ့ ပမာဏအပေါ်မူတည်ပြီး အာဟာရပြည့်ဝတဲ့ တနှပ်စာ ကို KOSR မှ ကိုယ်တိုင် သွားရောက်ကျွေးမွေးပေးသွားမှာ ဖြစ်ပါတယ်။

Project ကာလကတော့ KOSR ရဲ့ permanent project အဖြစ် deadline အကန့်အသတ်မရှိပါခင်ဗျာ။

ကိုယ့်ရဲ့မွေးနေ့မှာ ရဲဘော်များအတွက် အားဖြည့်အာဟာရထမင်းဟင်းတနှပ်စာ စစ်ရှောင်ကလေးများအတွက် မုန့်နှင့် အစားအသောက်များ KOSR တဆင့်လှူဒါန်းပြီး ပီတိနဲ့ပြည့်စုံတဲ့ မွေးနေ့တစ်နေ့ကို အတူတူ ဖြတ်သန်းကြရအောင်ဗျာ။

💳 Payment Methods -
KPay / WavePay / NUG Pay / SDB Bank


A hospital should be a place of healing not a battlefield.‼️The Myanmar military dropped two 500-lb bombs on Mrauk-U Gen...
11/12/2025

A hospital should be a place of healing not a battlefield.‼️

The Myanmar military dropped two 500-lb bombs on Mrauk-U General Hospital, killing 33 civilians and injuring many more.

These were patients and ordinary people seeking medical care.

ကျွန်တော်တို့ KOSR ရဲ့ "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ" campaign ထဲမှရရှိငွေစုစုပေါင်း ကျပ်သိန်း ၂၀ တိတိအား KNDF B-27 သို့ ထော...
11/12/2025

ကျွန်တော်တို့ KOSR ရဲ့ "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ" campaign ထဲမှရရှိငွေစုစုပေါင်း ကျပ်သိန်း ၂၀ တိတိအား KNDF B-27 သို့ ထောက်ပံ့ကူညီပေးထားတဲ့မှတ်တမ်းတွေပါခင်ဗျာ။

ပါဝင်အားဖြည့်ပေးတဲ့ ပြည်သူတ‌ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ❤️

ကျွန်တော်တို့ KOSR မှ Nov 10 to Nov 25 အထိပြုလုပ်ခဲ့သော "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ  " project မှ ကျပ်သိန်း ၂၀ တိတိကို ရရှ...
02/12/2025

ကျွန်တော်တို့ KOSR မှ Nov 10 to Nov 25 အထိပြုလုပ်ခဲ့သော "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ " project မှ ကျပ်သိန်း ၂၀ တိတိကို ရရှိခဲ့ပါတယ်။

Project မှရရှိခဲ့သော အလှူငွေများကို ရဘော်များထံသို့ သွားရောက်ကူညီထားသော ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးမှာမို့ stay tunedပါဗျ။

ပါဝင်အားဖြည်ပေးခဲ့ကြတဲ့ မိဘပြည်သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ❤️

#ရိက္ခာကူပါဆန်အိတ်၅၀စာ

ကျနော်တို့ရဲ့ project ဖြစ်တဲ့ “ရိက္ခာကူပါ ဆန်အိတ် 50စာ” ဟာ အခုထိ သတ်မှတ်ထားတဲ့ target ရောက်ဖို့ အများကြီးလိုနေသေးလို့ လာ...
23/11/2025

ကျနော်တို့ရဲ့ project ဖြစ်တဲ့ “ရိက္ခာကူပါ ဆန်အိတ် 50စာ” ဟာ အခုထိ သတ်မှတ်ထားတဲ့ target ရောက်ဖို့ အများကြီးလိုနေသေးလို့ လာကူကြပါဦးဗျာ။

ကျွန်တော်တို့ KOSR ရဲ့ "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ" project လေးဟာ အခုဆို လေးရက်မြောက်နေ့ရောက်ရှိသွားပြီဆိုပေမယ့် ဆန် ၅ အိတ...
13/11/2025

ကျွန်တော်တို့ KOSR ရဲ့ "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ" project လေးဟာ အခုဆို လေးရက်မြောက်နေ့ရောက်ရှိသွားပြီဆိုပေမယ့် ဆန် ၅ အိတ်စာသာရရှိနေပါသေးတယ်။

ဆန်တစ်အိတ်ကို တစ်သိန်းနှုန်းနဲ့ ဆန်အိတ် ၅၀ စာ KNDF ရဲဘော်တွေအတွက် ကူရှာပေးမှာမလို့ ထပ်ပြီးပါဝင်အားဖြည့်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

#ရိက္ခာကူပါဆန်အိတ်၅၀စာ

ကျွန်တော်တို့ KOSR ရဲ့ "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ"  project လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ..အခုလက်ရှိကရင်နီမှာ စစ်ရေးလှုပ်ရှ...
10/11/2025

ကျွန်တော်တို့ KOSR ရဲ့ "ရိက္ခာကူပါ ဆန်အိတ် ၅၀ စာ" project လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ..

အခုလက်ရှိကရင်နီမှာ စစ်ရေးလှုပ်ရှားနေတဲ့ KNDF တပ်ရင်းတစ်ခုအတွက် ဆန်အိတ်ရိက္ခာဖြည့်တင်းပေးဖို့ပဲဖြစ်ပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ရဲ‌ဘော်တွေအနေနဲ့ လက်နက်၊ အစားအစာ၊ ဆေးဝါး အပြင် ဒီအချိန်လို ချမ်းအေးတဲ့ညတာတွေကို ကျော်ဖြတ်ဖို့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။

အဲဒီလိုအပ်ချက်များစွာထဲမှာ ရဲဘော်တွေအတွက် ရိက္ခာကလည်း ရှေ့ဆက်ပြီးတော်လှန်နိုင်ဖို့အတွက် အရေးပါပါတယ်။

🎯 Target Amount: 5,000,000 MMK
🗓 Project Deadline: Nov 10 – Nov 25 အထိ
💳 Payment - NUG Pay, SDB Pay, K Pay, Wave Pay, Thai Bank

တစ်ဦးချင်းစီရဲ့ ထောက်ပံ့မှုအသေးစားတိုင်းက
ရှေ့တန်းရဲဘော်တွေအတွက် အားအင်ဖြစ်စေတာမလို့ “ရိက္ခာကူပါ” project မှာပါဝင်ပေးကြပါဦး။

#ရိက္ခာကူပါဆန်အိတ်၅၀စာ

Hello 👋 အားလုံးပဲမင်္ဂလာပါရှင်.. ကျွန်မတို့ KOSR မှ Oct 5 to Oct 15 အထိပြုလုပ်ခဲ့သော "ဆီမီးတခွက်၊ ဆုတောင်းတချက်" project...
20/10/2025

Hello 👋

အားလုံးပဲမင်္ဂလာပါရှင်..
ကျွန်မတို့ KOSR မှ Oct 5 to Oct 15 အထိပြုလုပ်ခဲ့သော "ဆီမီးတခွက်၊ ဆုတောင်းတချက်" project မှ 450,000ကျပ် တိတိကို ရရှိခဲ့ပါတယ်။

Projectမှရရှိခဲ့သော အလှူငွေများကို စစ်ရှောင်ကလေးငယ်များထံသို့ သွားရောက်ကူညီထားသော ပုံရိပ်များကိုလည်း ပြန်လည်မျှဝေပေးမှာမို့ stay tunedပါရှင့်။

ပါဝင်အားဖြည်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်💗

Project လေးပြီးဖို့ နှစ်ရက်ပဲလိုတော့တာမလို့ အခုပဲ KOSR ကနေတဆင့် Postcard လေးတွေပို့ရင်း အလွမ်းဖြည်ကြရအောင်နော် ❤️https:/...
13/10/2025

Project လေးပြီးဖို့ နှစ်ရက်ပဲလိုတော့တာမလို့ အခုပဲ KOSR ကနေတဆင့် Postcard လေးတွေပို့ရင်း အလွမ်းဖြည်ကြရအောင်နော် ❤️

https://www.facebook.com/share/p/1AWntsqdh6/

"အခုကြုံနေရတဲ့ အဖြစ်ဆိုး ဒုက္ခဆိုးတွေ၊ ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ စတဲ့ ဝမ်းနည်းခြင်းများစွာဟာ ဒီတစ်ခါနောက်ဆုံးဖြစ်ပြ...
12/10/2025

"အခုကြုံနေရတဲ့ အဖြစ်ဆိုး ဒုက္ခဆိုးတွေ၊ ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ စတဲ့ ဝမ်းနည်းခြင်းများစွာဟာ ဒီတစ်ခါနောက်ဆုံးဖြစ်ပြီး နောက်ထပ်မည်သူမျှလဲ ချစ်ရသူတွေနဲ့ခွဲရတာမျိုးတွေမကြုံရတော့ပဲ အားလုံးချစ်ရသူတွေနဲ့အဆင်ပြေပြေ ပျော်ရွင်စွာ ကုန်ဆုံးနိုင်ပါစေ" သီတင်းကျွတ် အမှာစကား ပေးပို့ထားပါတယ်ခင်ဗျာ 💌

Address

Loikaw

Alerts

Be the first to know and let us send you an email when Knights Of Spring Revolution - KOSR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share