Jobs For Kayah

Jobs For Kayah စစ်အာဏာရှင် ကျဆုံးရေးနှင့် လူသားချင်းစာနာထောက်ထား ကူညီရေး အဖွဲ့။
(1)

(28.9.2026)စစ်ရှောင်ကလေးများအတွက် အာဟာရအလှူလေးပါခင်ဗျာ။
28/09/2026

(28.9.2026)
စစ်ရှောင်ကလေးများအတွက် အာဟာရအလှူလေးပါခင်ဗျာ။

28/09/2026

‼️‼️ဒီးမော့ဆိုအနောက်ခြမ်း
စကစ ကင်းထောက် တောက်လျှောက်ဝဲနေပါတယ်။
အထူးဂရုစိုက်ပေးကြပါ။

(27.9.2026)စစ်ဘေးရှောင် ရိက္ခာအလှူအိမ်ထောင်စု (၂၅)စု ၊လူဦးရေ (၁၀၇)ဦးရှိတဲ့ စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများအတွက် ဆန...
27/09/2026

(27.9.2026)
စစ်ဘေးရှောင် ရိက္ခာအလှူ
အိမ်ထောင်စု (၂၅)စု ၊လူဦးရေ (၁၀၇)ဦးရှိတဲ့ စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများအတွက်
ဆန် ၊ဆီ ၊ဆား များကို JFK အဖွဲ့မှ ထောက်ပံ့ခဲ့ပါတယ်ခင်ဗျာ။

ရန်ပုံငွေ အလှူရှင်များအား ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။

စားနပ်ရိက္ခာအလှူလေးပါခင်ဗျာ။(17.9.2026)Singapore နိုင်ငံရောက် အလှူရှင်များရဲ့ ရန်ပုံငွေများဖြင့် ဒီးမော့ဆိုအနောက်ခြမ်း ၊...
17/09/2026

စားနပ်ရိက္ခာအလှူလေးပါခင်ဗျာ။
(17.9.2026)
Singapore နိုင်ငံရောက် အလှူရှင်များရဲ့ ရန်ပုံငွေများဖြင့် ဒီးမော့ဆိုအနောက်ခြမ်း ၊စစ်ရှောင်ကန့် တစ်ကန့်ရှိ စစ်ရှောင်ပြည်သူ အိမ်ထောင်စု (၄၁)စု၊လူဦးရေ (၁၆၈)ဦး တို့အတွက် ဆန်၊ဆီ ၊ဆား ရိက္ခာများ ထောက်ပံ့ပေးခဲ့ပါတယ်ခင်ဗျာ။

အလှူရှင်များအား ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။

စစ်ဘေးရှောင်ကျောင်း တစ်ကျောင်းက ကလေးတွေအတွက် အာဟာရအလှူလေးပါဗျ။မွေးနေ့ အလှူရှင်အား ကျေးဇူးတင်ပါတယ်ဗျ။
17/09/2026

စစ်ဘေးရှောင်ကျောင်း တစ်ကျောင်းက ကလေးတွေအတွက် အာဟာရအလှူလေးပါဗျ။
မွေးနေ့ အလှူရှင်အား ကျေးဇူးတင်ပါတယ်ဗျ။

(16.9.2026)🥹 ကလေးငယ်တွေ ထိခဲ့တာဗျာ။ညနေပိုင်းမှာ စကစရဲ့ ကာမီကာဇေ ဒရုန်း(၂)စီးနဲ့ တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ...
16/09/2026

(16.9.2026)

🥹 ကလေးငယ်တွေ ထိခဲ့တာဗျာ။
ညနေပိုင်းမှာ စကစရဲ့ ကာမီကာဇေ ဒရုန်း(၂)စီးနဲ့ တိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းတနေရာ မိဘမဲ့ ကျောင်းမှာ ဆော့ကစားနေတဲ့ ကလေးတွေကို ထိမှန်ခဲ့ပါတယ်ဗျာ...

(၉)နှစ်အရွယ် ကလေးတစ်ဦးကတော့ သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အဲထဲမှာ (၂)ဦးက စိုးရိမ်ရတဲ့အခြေအနေတဲ့ဗျာ။

စကစကိုပြောချင်တာ အရပ်သားပြည်သူ ကလေးငယ်တွေကို -တ်ဖြတ်ပြနေတာက စစ်တိုက်တာမဟုတ်ဘူး။
မင်းတို့ ပြည်သူတွေကို -တ်ဖြတ်လာတာ မနည်းတော့ဘူးကွာ

Photo,Crdပါ။

16/09/2026

ဒီဖက်မှာ ပြည်သူတွေ ကလေးငယ်တွေ ထိခိုက်သေဆုံးမှု ရှိနေစဉ်မှာ အခုလို စကားလေးတွေ ပြောရမှာ အားတော့နာပါတယ်ဗျ။

ဒါပေမဲ့လည်း ဝေဖန်ထောက်ပြသူက ဒီပြည်နယ်မှာ စစ်ရှောင်ကူညီရေး ပရဟိတလုပ်နေတဲ့ အဖွဲ့အားလုံးကို ထောက်ပြပြောဆိုထားတာကြောင့် JFK အဖွဲ့ကလည်း ဒေသခံအဖွဲ့ဖြစ်တာကြောင့် ပြန်လည်ပြောပြရခြင်းဖြစ်ပါတယ်။

ကလေးငယ်တွေနဲ့ ဆက်စပ်ပြီး ကူညီရေးတွေက ပညာရေး ထောက်ပံ့ခြင်း ၊အာဟာရ လှူဒါန်းခြင်း ၊ ကလေးတွေအတွက် ပျော်ပွဲရွှင်များ ၊စွမ်းရည်မြှင့် ပြိုင်ပွဲများ ပြုလုပ်ခြင်း စတဲ့ ကဏ္ဍတွေမှာ ကလေးမျက်နှာပုံတွေကို Page မှာ တင်ပြရတာတွေရှိပါတယ်။

ဒီလိုတင်ပြခြင်းက Like ,Share ရလိုခြင်း မဟုတ်သလို ကလေးငယ်တွေရဲ့ အနာဂတ်ကို အရောင်ဆိုးလိုခြင်းလည်းမဟုတ်ခဲ့ပါခင်ဗျာ။

တတ်နိုင်သလောက်လေး ရုန်းရင်း နိုင်တဲ့ဝန်လေးတွေ ကူထမ်းခဲ့တာပါဗျ။

ကလေးတွေကို ဗန်းပြပြီး အလှူခံ နေတာမဟုတ်သလို
တကယ့်စိတ်စေတနာရင်းနဲ့ ကလေးတွေ ပျော်ရွှင်ဖို့ ၊စိုးရိမ်ကြောက်ရွံစိတ် လျော့ပါးစေဖို့ ၊အာဟာရ ပြည့်ဝစေဖို့ ၊ ကောင်းမွန်စွာ ပညာသင်ကြားစေနိုင်ဖို့ ဆိုတဲ့ ဆန္ဒတွေနဲ့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ချက်တွေမှာ ဒီအဖွဲ့ကြောင့် ပြည်နယ်က ကလေးငယ်တွေရဲ့ အခွင့်အရေး ချိုးဖောက်သလို ၊ သူတို့ရဲ့ အနာဂတ်ထိခိုက်မှုများ ဖြစ်ပွားစေခဲ့သလို ဖြစ်ခဲ့ရင် ကျွန်တော်တို့အဖွဲ့အနေနဲ့ ထောက်ပြပြောဆိုသူကို တောင်းပန်ပါတယ်ခင်ဗျာ။

အဖွဲ့ရဲ့ လုပ်ဆောင်ချက် အမှားများရှိခဲ့ရင်လည်း အားမနားတမ်း လာရောက်ထောက်ပြ ပြောပြပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

ဒီနေ့ရဲ့ အာဟာရအလှူလေးပါ။အလှူရှင် -ရွှေနဒီအလှကုန် လုပ်ငန်းက လှူဒါန်းပေးတဲ့ အာဟာရအလှူလေးကို စစ်ဘေးရှောင်စခန်း တစ်နေရာရှိ က...
16/09/2026

ဒီနေ့ရဲ့ အာဟာရအလှူလေးပါ။

အလှူရှင် -ရွှေနဒီအလှကုန် လုပ်ငန်းက လှူဒါန်းပေးတဲ့ အာဟာရအလှူလေးကို စစ်ဘေးရှောင်စခန်း တစ်နေရာရှိ ကလေးတွေအတွက် ကြက်သားဟင်း ၊အစိမ်းကြော် ၊ဟင်းရည် ၊မုန့်များနဲ့ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

အလှူရှင် ရွှေနဒီအလှကုန်လုပ်ငန်း အားကျေးဇူးတင်ရှိပါတယ်ဗျ။

‼️‼️ သတိပေးပါရစေ...စကစဖက်က ဒီးမော့ဆိုအနောက်ခြမ်းကို လေယာဉ်နဲ့ရော လက်နက်ကြီးရော ၊အသေခံဒရုန်းရော ဆက်တိုက် ပစ်ခတ်တိုက်ခိုက်...
16/09/2026

‼️‼️ သတိပေးပါရစေ...
စကစဖက်က ဒီးမော့ဆိုအနောက်ခြမ်းကို လေယာဉ်နဲ့ရော လက်နက်ကြီးရော ၊အသေခံဒရုန်းရော ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ထိခိုက် သေဆုံးမှုတွေ ရှိနေပါတယ်။

ဒီရက်ည‌နေမှာလည်း ဒီးမော့ဆိုအနောက်ခြမ်းဖက်က ကျေးရွာတစ်ရွာကို စကစဖက်က ကာမီကာ‌ဇေဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၃)ယောက်ထိခိုက်ပြီး (၁)ဦးသေဆုံးခဲ့ရပါတယ်။

ဒါကြောင့် ဒီးမော့ဆိုအနောက်ခြမ်း ဒရုန်း ရောက်နိုင်ပြီး လူအများ/စစ်ရှောင်အများစု ရှိတဲ့နေရာ /ကျေးရွာက ပြည်သူတွေ ဂရုစိုက်ကြဖို့ သတိပေးလိုပါတယ်။
(နေရာ/ကျေးရွာတွေ ရေးလို့မကောင်းလို့ပါ)

လေယာဉ်နဲ့ ဒရုန်း တိုက်ခိုက်သွားတဲ့ အနီးဝန်းကျင်က စစ်ရှောင်စာသင်ကျောင်းတွေ ယာယီပိတ်ထားဖို့ အကြံပြုလို့ပါ။
(မဖြစ်ခဲ့ရင် မဖြစ်ပေမဲ့၊ ဖြစ်ခဲ့ရင် ကလေးအများစုရှိ‌တဲ့ နေရာမို့ ထိခိုက်မှုတွေ များစေနိုင်ပါတယ်)
(16.9.2026)

15/09/2026

‼️‼️(ကရင်နီ) ကယား
ဒီးမော့ဆို
လေယာဉ် ထပ်လာကြဲနေပြန်ပြီ။
အထူးဂရုစိုက်ကြပါ။
စစ်ရှောင်ကျောင်းများ ပိတ်ထားပေးကြဖို့လိုပါတယ်ဗျ။

စစ်ရှောင်ပြည်သူများ ဗုံးခိုကျင်းအကာအကွယ်နေထိုင်ကြပါခင်ဗျာ။
(15.9.2026)
9:55 AM

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when Jobs For Kayah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share