Jobs For Kayah

Jobs For Kayah စစ်အာဏာရှင် ကျဆုံးရေးနှင့် လူသားချင်းစာနာထောက်ထား ကူညီရေး အဖွဲ့။
(1)

(22.6.2026)မွေးနေ့ရှင် မခင်ချမ်းမြေ့သူရဲ့ (၂၈)နှစ်ပြည့်မွေးနေ့အမှတ်တရအလှူအနေနဲ့ စိန်ရောင်ခြည်စစ်ဘေးရှောင်ကျောင်းရှိ ကလေး...
22/06/2026

(22.6.2026)
မွေးနေ့ရှင် မခင်ချမ်းမြေ့သူရဲ့ (၂၈)နှစ်ပြည့်မွေးနေ့အမှတ်တရအလှူအနေနဲ့ စိန်ရောင်ခြည်စစ်ဘေးရှောင်ကျောင်းရှိ ကလေး(၁၇၂)ဦးတို့အတွက် အာဟာရ ဒါန နဲ့ ကလေးတွေလိုအပ်နေတဲ့ စာရေးကိရိယာများလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။

မွေးနေ့အလှူရှင် မခင်ချမ်းမြေ့သူအား ကျေးဇူးတင်ရှိရပါတယ်ခင်ဗျာ။

Phyo Wai Lin + Inn Jing  တို့နှစ်ဦးရဲ့(4) years  Anniversary အထိမ်းအမှတ်အာဟာရဒါနအလှူလေးပါခင်ဗျာ🥰
20/06/2026

Phyo Wai Lin + Inn Jing တို့နှစ်ဦးရဲ့
(4) years Anniversary အထိမ်းအမှတ်
အာဟာရဒါနအလှူလေးပါခင်ဗျာ🥰

(20.6.2026)ဒီညနေ စားနပ်ရိက္ခာအလှူလေးကိုတော့ လွိုင်ကော်က စစ်ဘေးရှောင်အများစု ရှိနေတဲ့ ဇိအုန် စစ်ရှောင်စခန်းရှိ အိမ်ထောင်စ...
20/06/2026

(20.6.2026)
ဒီညနေ စားနပ်ရိက္ခာအလှူလေးကိုတော့
လွိုင်ကော်က စစ်ဘေးရှောင်အများစု ရှိနေတဲ့ ဇိအုန် စစ်ရှောင်စခန်းရှိ
အိမ်ထောင်စု (၄၅)စု ၊လူဦးရေ (၁၆၇)ဦးတို့အတွက်
ဆန် (၁၈)အိတ် ၊ဆီ (၄၅)ဗူး တို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။

ဒီထောက်ပံ့မှုအတွက် Jobs For Kayah အဖွဲ့ထံ လစဉ်ကူပေးနေတဲ့ စင်္ကာပူနိုင်ငံက အလှူရှင်များရဲ့ ထည့်ဝင်လာတဲ့ အလှူငွေများနဲ့ဖြစ်ပါတယ်ခင်ဗျာ။

အလှူရှင်တစ်ဦးချင်းစီအား ကျေးဇူးတင်ရပါတယ်ခင်ဗျာ။

အမေစု (၈၁)နှစ်ပြည့် မွေးနေ့  အထိမ်းအမှတ်အတွက်Suzxy Mai and Family မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလှူဒါန်းလာခ...
20/06/2026

အမေစု (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အတွက်
Suzxy Mai and Family မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာလှူဒါန်းလာခဲ့ပါတယ်။

ဒီနေ့မှပဲ မြိုင်သာယာ စစ်ဘေးရှောင်စခန်းရှိ စစ်ရှောင်ပြည်သူတွေဆီကို ဆန်ဆီ ရိက္ခာ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။

အလှူရှင် Suzxy Mai and Family အား ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

(၁၉.၆.၂၀၂၆)စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း နိုင်ဖို့ရန် Jobs For Kayah အဖွဲ့ထံ အလှူရှင်များ ထည...
19/06/2026

(၁၉.၆.၂၀၂၆)
စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း နိုင်ဖို့ရန် Jobs For Kayah အဖွဲ့ထံ အလှူရှင်များ ထည့်ဝင်လာသော အလှူငွေများဖြင့်

သဲမြတ်ကျောက် စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။

အလှူရှင်တစ်ဦးချင်းစီအား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

အမေစု (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ်ရွှေနဒီ အလှကုန်နှင့် ရတနာလုပ်ငန်းမှ လှူဒါန်းတဲ့ အာဟာရ ဒါနအလှူလေးကိုဒီးမော့ဆ...
19/06/2026

အမေစု (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ်
ရွှေနဒီ အလှကုန်နှင့် ရတနာလုပ်ငန်းမှ
လှူဒါန်းတဲ့ အာဟာရ ဒါနအလှူလေးကို

ဒီးမော့ဆိုအနောက်ခြမ်း ၊ စစ်ဘေးရှောင် ‌စာသင်ကျောင်း (၃)ကျောင်းရှိ ကျောင်းသား/သူ
ဆရာ/မ (၄၅၀)ဦးကျော် တို့အတွက်
ကြက်သားဟင်း ၊ကုလားပဲဟင်းရည် ၊အစိမ်းကြော် ၊ခရမ်းချဉ်သီးထောင်း၊ အချိုရည်များနဲ့ လှူဒါန်းခဲ့ပါတယ်ခင်ဗျာ။

ဒီအလှူအတွက် အလှူရှင် ရွှေနဒီမိသားစုအား ကျေးဇူးတင်ရှိရသလို ဒီအာဟာရကုသိုလ် အဖို့ကြောင့် အမေစုလည်း သက်ရှည်ကျန်းမာပါစေကြောင်း Jobs For Kayah ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။

19/06/2026

ဓမ္မသံတွေ တိတ်ဆိတ်ပြီး
ငိုညည်းသံတွေဖုံးလွှားတဲ့ နေ့များ

ကျေးငှက်သံတွေအစား
ငှက်ဆိုး(လေယာဉ်)သံကို
နားစွင့်အိပ်စက်ရတဲ့ ညပေါင်းများစွာ...

စာတစ်လုံး တတ်ဖို့
ကောင်းကင်ကြီးကို မျှော်ကြည့်ပြီး
ရင်တထိတ်ထိတ်နဲ့ ကျောင်းတက်နေရတဲ့
ကလေးငယ်များ...

ဝေဝါးသွားတယ်ဆိုသာထက်
အနာဂတ်ဆိုတာပါ မရှိတော့တဲ့...
လူငယ်များ...

စစ်ရေးလည်း ပူသလို
ဝမ်းရေးလည်း ခက်တဲ့
ပြည်သူ့ ဒုက္ခများ

အိမ်ပြန်လမ်းဆိုသာ ထက်
ရှင်သန်မယ့် လမ်းကို ရွေးနေရတယ်
အသက်ရှုရတာ ကျဉ်းကြပ်တယ်ဗျာ။

ဒီအရာ အားလုံး
တနေ့တော့...ဆိတ်သုန်းသွားမှာပါ ..ဆိုရင်..
ကျွန်တော်တို့ ရှင်သန်တဲ့
အခုဘဝမှာပဲ ...ဆိတ်သုန်းသွားပါရစေ...

အနာဂတ်မှာ ပွင့်လန်းလာမယ့်...
ကလေးတွေကို လက်ဆင့်မကမ်းချင်တဲ့
နေ့ရက်တွေမို့ပါ ....ဗျာ။

14/06/2026

အဟောင်းပေး အသစ်ယူ

စစ်ဘေးရှောင် စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေးကို အကြွေးယူရင်း လုပ်ဆောင်နေရတဲ့အခြေအနေပါခင်ဗျာ။

ရိက္ခာထောက်ပံ့မှုက ဝန်ကြီးပါတယ်။
‌ဥပမာ စစ်ရှောင် အိမ်ခြေ (၂၀)ဝန်းကျင် ၊လူဦးရေ(၁၀၀)ဝန်းကျင်ရှိတဲ့ကန့်ကို စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုရင် ရန်ပုံငွေ (၂၅-၃၀)သိန်းကြားရှိမှ ထောက်ပံ့နိုင်ပါတယ်။

လစဉ်အကူအညီတောင်းခံတဲ့ စစ်ရှောင်ကန့်တွေလည်းများလာ၊ ကျွန်တော်တို့ကလည်း အရမ်းကူချင် ၊ရန်ပုံငွေက မပြည့် ၊ ဒီတော့ ဆိုင်မှာ အကြွေးယူပြီး ကူလိုက်ရတဲ့အနေအထားဖြစ်လာတယ်။

အခုတော့ ရန်ပုံငွေပြည့်လာရင် အကြွေးဟောင်းဆပ် ၊အသစ်ထပ်ယူပြီး လိုအပ်တဲ့နေရာတွေကို ကူရင်းနဲ့ သံသရာလည်နေပါတော့တယ်။

အကူအညီတောင်းစာတွေ လာတင်ထားတာ လချီဖြစ်နေပေမဲ့ အခုထိ လာမကူနိုင်သေးတဲ့ စစ်ရှောင်ကန့်တွေလည်း နားလည်ပေးပြီး စိတ်ရှည်ရှည်လေး‌နဲ့စောင့်ပေးကြပါခင်ဗျာ။

နေ့လည်ခင်း အာဟာရအလှူလေးပါဗျ။ဝက်သားဟင်း ၊ကုလယးပဲဟင်းရည် ၊ဂျူးမြစ်ထောင်းတို့နဲ့ စစ်ရှောင်ကန့်တကန့်ရှိ ပြည်သူတွေကို လှူဒါန်...
13/06/2026

နေ့လည်ခင်း အာဟာရအလှူလေးပါဗျ။

ဝက်သားဟင်း ၊ကုလယးပဲဟင်းရည် ၊ဂျူးမြစ်ထောင်းတို့နဲ့ စစ်ရှောင်ကန့်တကန့်ရှိ ပြည်သူတွေကို လှူဒါန်းကျွေးမွေးပေးခဲ့ပါတယ်ခင်ဗျာ။

အာဟာရအလှူရှင် Ms.Khaing EiM ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

(10.6.2026)ရက်နေ့ ညနေပိုင်းSMT page မှ (၇)ရက်သားသမီးများရဲ့ အာဟာရဒါနအလှူလေးကို မြလေးကုန်းစစ်ရှောင်စခန်းရှိ ကလေး (၁၆၈)‌ဦး...
11/06/2026

(10.6.2026)ရက်နေ့ ညနေပိုင်း
SMT page မှ (၇)ရက်သားသမီးများရဲ့ အာဟာရဒါနအလှူလေးကို မြလေးကုန်းစစ်ရှောင်စခန်းရှိ ကလေး (၁၆၈)‌ဦးတို့အတွက် ကြက်ဥဟင်းလေးနဲ့ ကျွေးမွေး‌လှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ။

အာဟာဒါနအတွက် အလှူရှင်များကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when Jobs For Kayah posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share